စားတိုင်းသောက်တိုင်းတော့ တော်တော်များများပုံတွေရိုက်ဖြစ်တယ်။ မတင်ဖြစ်တာလဲ အများကြီးပါဘဲ။ အခု တလောလဲစားသောက်တာများနေတော့ ပုံတွေ များနေပြီ။ ဒီတော့ ရွေးထုတ်ပြီး တင်လိုက် တာပါ။ ဗိုက်ဆာတဲ့အခါ ကြည့်ရတာပေါ့။ အချို့စားစရာတွေက စားသာစားလိုက်တယ် နာမည်ဘယ်လိုခေါ်မှန်းလဲမသိဘူး။ ဒါကြောင့်စားပြီးနားမလည်လို့ ဒီပိုစ်ကို အမည်တပ်လိုက်တယ်။
အာလူးထောင်း ကအကြိုက်ဆုံး အစားအစာတွေထဲမှာပါတယ်။ အဲဒီကိုရောက်တိုင်းအမြဲစားဖြစ်တဲ့ အစားအသောက်တခုပေါ့။
အဲဒီရေခဲမုန့်တော့ တော်တော်လေးသဘောကျတယ်။ ဈေးကလဲ တန်တယ် စားလို့လဲကောင်းတယ်။ စားနေရင်းသတိရတာနဲ့ လက်တဖက်နဲ့အမြန်ရိုက်ထားလိုက်တာ
ဒီငါးအသားလွှာကို မုန့်နှစ်ပါးပါးနဲ့ အကြွတ်ကြော်ထားပြီး ငရုတ်သီးဆီသတ်လှိမ့်ထားတာလဲ တော်တော်လေးအရသာရှိတယ်။ အဲဒါမျိုးကို ဖိလစ်ပိုင်မှာတုန်းကလဲ စားဖူးတယ်။ ဒါပေမယ့် ဒါကပို စပ်တယ်လို့ ထင်ရတယ်။
အကြွတ်ကြော်စားတဲ့အထဲမှာ ကြက်သားဘဲဖြစ်ဖြစ် ၀က်သားဘဲဖြစ်ဖြစ် စားလို့မရဘူး၊ သွားကြားညပ်လို့လေ၊ အပေါ်က ဟင်းလဲ သိပ်တော့မစားဖြစ်ဘူး ။
အခုကြက်ကြော်တွေက ထိုင်းမှာတော့ စားရအဆင်ပြေတဲ့ [...]
Archive for the ‘စားစရာ’ Category
စားပြီးနားမလည်
စားကြဦးမလား ကိုရီးယား
ဗိုက်ဆာဆာနဲ့ဘဲ တင်လိုက်ပါတယ်။ သုံးဆောင်ကြပါဦး
ချိုချိုက အီတယ်လား :)
Ang Pilipinas pagkain nito very sweet at mas mag-atas na kung bakit hindi ko kumain ng anymore: (
ဂျပွန်ပြည်က စားဖွယ်ရာ
ဒါက တော့ကြက်ကင်ဒါကတော့တပွဲစာအစုံငါးနဲ့ ချိစ်ပြား ခပ်ဆိမ့်ဆိမ့်လေးထမင်းဆုပ်ပါ- စားလို့ကောင်းတယ် ၂ လုံးဆို ၀ရောဆူရှီလုပ်တဲ့ ငါးကိုကင်ထားတာထမင်းကြော်နဲ့ငါးကင်
ဘာညာကပြောတယ်။ ဘာစားစား သူ့ ကိုပြောပါတဲ့။ အခုတလောက ဘိုင်ပြတ်နေလို့ အစားကောင်းကောင်းမစားနိုင်ဘူး။ အရင်စားထားတာတွေကို မစားရ၀ခမန်းပြောလိုက်တာပါ။ ကဲ ဂျပန်စာဘဲဗျို့။
ချက်ပြီးတင်ကြည့်မယ်ဆို
ဘယ်သူပို့ထားမှန်းတော့မသိဘူး၊ မေးထဲကို အင်ဗိုက်ရောက်နေတာနဲ့ အဲဒီကိုသွားဝင်ဖြစ်လိုက်တာ။ ချက်တာ ပြုတ်တာ ၀ါသနာ ပါရင်တော့ အဲဒီမှာ မွှေကြည့်ရင်တခုခု တော့ရမှာ သေချာတယ်။ ကျွန်တော်လဲ အားရင် ၀င်မွှေ ဦးမယ်။ ကိုချက်တာတွေလဲ တင်ကြည့်ဦးမယ်။ အခုတော့ Family Oven မှာ အကောင့်လုပ်ပြီးပြီ။ ၀ါသနာ တူရင် join ကြရအောင်။
ကြက်ဥ ထမင်းကြော်
ဒီနေ့တော့ ကိုရဲ စင်္ကာပူကနေ ပို့လိုက်တဲ့ မေးထဲ ကစားချင်စရာ လေးကို မျှဝေလိုက်ပါတယ်။ ပျော်ရွှင်စွာ သုံးဆောင်ပါဗျို့။
အားလုံးအတွက်…ကိုရဲ..ကြော်သော…ကြက်ဥထမင်းကျော်…..ဒီနေ့တော့..SG မှာ..အလုပ်ရှာရင်…သတိထားရမယ့်…Talkie လေးတွေကိုရေးမယ်စဉ်းစားနေတုန်း…ဗိုက်ဆာတာနဲ့….ဲပြီးတော့….ဟင်းချက်တဲ့ကြွက်ရုပ်ရှင်ကြည့်ပြီးအားကျနေတာနဲ့.. .. ၁) ထမင်းတည်၂) ထမင်းကျက်ခါနီး၊ ဆား၊ဆီ၊ကြက်ဥ (၃)လုံး(ညနေအတွက်နဲနဲပိုထားတာ) အသင့်ပြင်ထား၃) ထမင်းအအေးခံပြီး ဒယ်ဒယ်နဲ့ဆီသတ်၎) ဆားကလေးကိုသင့်အောင်ဖြူးပြီး၊သမအောင်မွေပြီး…ကြော်တဲ့နေရာမှာ..နဲနဲလေးဂျိုးရအောင်လဲအပူနဲနဲပိုပြီးလုပ်….၅) မှတ်တမ်းဓာတ်ပုံလေးလဲရိုက်…(သူများတွေကိုအခုလိုကြွားလို့ရတာပေါ့….)၆) အငြော်ငွေ့တွေကို…Exaust Fan နဲ့မှုတ်ထုတ်အပြီး၊ ပူပူနွေးနွေး..ကြက်ဥထမင်းကျော်လေးကို…ပန်ကန်ထဲကိုသေသေသပ်သပ်ထည့်လိုက်တဲ့အခါ…
ကြွက်ရုပ်ရှင်ထဲက…ကြွက်လေးကို..ငါလဲမင်းချက်သလောက်တော့…ရပါတယ်ကွာ.. ဆိုတဲ့အပြုံးတွေနဲ့ပြုံးပြလို့ရပြီပေါ့……Anybody Can Cook !!!!


Posted in
Tags:








