Archive for the ‘ခံစားမိသမျှ’ Category

စိတ်ပျက်စရာ

ပို့စ်မော်ဒန်ကဖေးနဲ့ကလဲလွဲနေသေးတယ် အကြောင်းအရာအချက်အလက်တွေကို စုန်ဆန်တွေးကြည့်တော့ ပစုပ္ပုန်အကြောင်းဘဲမေးမယ် ကဗျာတပုဒ်တောင် လက်ညှိုးထိုးအန်ထုတ်ရတာ ဘ၀အမူးလွန်လို့တော့မဟုတ်ဘူး အီလည်လည်ခေါင်းထဲက လူမှုရေးအရှုပ်အထွေးတွေနဲ့ ဟန်ဆောင်မှုသမားတွေရောယှက် ဗျဿနတရားတွေထွန်းကားနေတဲ့ ကာလ၀ိပတ္တိထဲက လူအဖြစ်ရဲ့အရှုံးအမြတ်အတွက်။

အားကြီးလွန်းတယ်

ရည်ရွယ်ချက်ရှိရှိနဲ့တော့မဟုတ်ဘူး ချည်နှောင်ထားတဲ့ အရာက မြင်နိုင်မှုလဲမရှိတဲ့အတွက် ထင်တာထက် လဲအားကြီးလွန်းတယ်။ အရှုံးတွေချည်းဘဲ ထပ်ခါထပ်ခါ ရင်အနာဖြေဖျောက် ချက်အတွက် အရက်တခွက်မလိုပါဘူး ခံနိုင်ရည်လဲအားကြီးလွန်းတယ်။ တိတ်တိတ်ကြိတ်ငိုမှ လွမ်းတတ်လွန်းသူအတွက်တော့ အမှန်တရားဆိုတာ သိပ်နောက်ကျလွန်းအားကြီးတယ်။

အားမနာတတ်တာတွေ

တကယ်ကိုခက်ပါတယ်။ သူငယ်ချင်းတယောက်ပါ။ သူနဲ့ကျွန်တော်က မွေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း ပါဘဲ၊ အကြောင်းအရင်းလေးကတော့၊ ကျွန်တော်က အိမ်မှာအခွေကြည့်တာ ငယ်ငယ်ကလေးကတည်းက ၀ါသနာ ပါတဲ့သူပါ။ ဟိုးအရင်တုန်းကတော့ ခွေငှားကြည့်လေ့ရှိတာပေါ့။ နောက်ပိုင်း VCD ပေါ်လာတဲ့အခါမှာ ကျွန်တော် က များသောအားဖြင့် ကျွန်တော်ကြိုက်တဲ့ ကားတွေကို ၀ယ်ကြည့်လေ့ရှိပါတယ်။ ကျွန်တော့်မှာ အိမ်ထောင်မကျ ခင်က VCD ချပ်ရေ ၁၀၀ ကျော်နဲ့ CD ချပ်ရေ ၈၀ လောက်ကို စုမိပါတယ်။ နောက်ပိုင်း အိမ်ထောင်ကျပြီးတော့ DVD တွေ ခေတ်စားလာတဲ့အခါလဲ ထိုနည်းတူစွာ ဘဲဝယ်ကြည့်တာများပါတယ်။ ကျွန်တော်က မြန်မာကားကြည့်တာ နည်းပါ တယ်။ မြန်မာကားဆို ဟာသတွေလောက်ဘဲ ငှားကြည့်ပါတယ်။ သီချင်းခွေတွေဆိုဝယ်ကို မကြည့်တာ။ ခိုးကူး တွေ ခေတ်စား [...]

အနီနဲ့အနက်

အနီတဖက်အနက်တဖက်အဲဒီဖိနပ် စီးခဲ့ဘူးတယ်။ အနီတခွက်အနက်တခွက်အဲဒီအရက် သောက်ခဲ့ဘူးတယ်။ အနီတခါအနက်တခါအဲဒီ အတွေး ၀င်ခဲ့ဘူးတယ်။ အနီတ၀က်အနက်တ၀က်အဲဒီ အ၀တ် ဆင်ခဲ့ဘူးတယ်။ အနီတခြမ်းအနက်တခြမ်းအဲဒီအလှ ခံစားဘူးတယ်။ အနီတခါအနက်တခါအဲဒီအချစ် ရင်ခုန်ဘူးတယ်။ အနီအတွေးအနက်နဲ့ရေးကဗျာလေးလဲ ရေးခဲ့ဘူးတယ်။ ချစ်လေး နဲ့ဆို အတွေးပိုရင်ခုန်အိပ်မက်မက်ခဲ့ဦးမယ်။ ။

ကပြာကရာကဗျာ

ဂျော်နီလမ်းလျောက် အနီတတောင့် စာလောက် ရစ်မူး ရေခဲတုံးလိုအဖြစ်အပျက်တွေကို ရောမွှေပြီး မျောချ ငါတို့ညတွေ ဆက်လက်ပြီး ရှည်လျားနေဆဲ။ မရေရာခြင်းများနဲ့ မသေချာခြင်းများကို ရည်မှန်းဦးခိုက် ခွက်တိုက်ပြီး ဆုတောင်း အဟောင်းတွေကို အမြည်းလုပ်စား အသုတ်စုံ များဖြစ်သွားလေမလား မြေပဲစေ့က ပန်းကန်ထဲမှာ ပိုးလိုးပက်လက်။ နေရောင်ကင်းတဲ့အချိန် ကြယ်ရောင်လင်းဖို့ အတွက်ဆို တိမ်တွေကင်းတောင် မဲမဲမှောင်နေတတ်ဖို့လို မဲတဲ့ထဲမှာ မိုက်နေမှ အကြည့်လေးပါးနဲ့ တွေဝေမှုန်ဝါး အိပ်ပျော်တုန်းမှာ မနားတဲ့စိတ်။ Work, Wife, Whiskey အဲဒါကိုဘဲ www ခေါ်တယ်ထင်တာ အင်တာနက်နဲ့နှစ်ပါးသွား မြင်မြင်သမျှ တော့မှတ်မထားပါဘူး မြင်နေသ၍တော့ မှတ်သားမိတယ် ဆင်ခြေများတဲ့ ဘ၀မဟုတ်ဘူးလား။ ကဗျာရေးချင်လို့ ကပျက်ကချော်လုပ်တာမဟုတ်ဘူး ကပြောင်းကပြန်ဖြစ်နေတတ်တဲ့ ကပြစ်ကညစ်အတွေးတွေကို ကခုန်မြူးကြွ ကမ္လာတခု

ဖန်တီးမထားသောဖန် တီးမှု

Love is the one of wild flowers, can be a life everywhere. Than my love of the flower,want to be a only blossom in your heart.

စိတ်ရဲ့ ကိုယ်ပွား

လေပြေညှင်းလေး တိုက်ခတ်နေသည်။ ကျွန်တော့်ရင်မှာ တစ်ခုခု ကိုမျှော်လင့်မိသလိုလို၊ အချိန်တစ် ခုကို ရောက်ခဲ့လေတိုင်း မှန်မှန်လာနေတတ်တဲ့ဝေဒနာတစ်ခု အပေါ် သာယာနေတတ်သည့် ဘာမှ သံသယဖြစ်စရာ မရှိသည့်အဖြေ တစ်ခု ကျွန်တော့မှာ ရှိနေသည်။ ဘာကြောင့် ဘယ်လို တွေးတော နိုင် စွမ်း ကျွန်တော်မရှိချင်၊ မစဉ်းစား ချင်လျက်နဲ့ ရောက်ရောက်လာတတ် တဲ့ဆင်ခြင် ခြင်း သဘောတရားတွေ ပုံသေနည်း ထဲကဖယ်ထုတ်ပြီး မွခြေချင် စိတ်ပေါက်လာအောင် မောဟတရား လွှမ်းမိုးမှု အောက်မှာ နေ့ စဉ်လူးလိမ့်ရခြင်း အားလဲ ကျွန်တော် ငြီးငွေ့နေပြီ။ သူ့အပေါ် ကျွန်တော့်မရိုး သားမှုများ လစ်လျှူ ရှု ပြီး အတ္တဘောင်ခတ် ကြည့်ရင်သူဟာ အဖြူရောင်သတ်တန့် တမျိုးအဖြစ် ကျွန်တော့်ရင်ဘတ်ထဲမှာ လှပနေဆဲဘဲ။ ကိုယ်တိုင်တိုးဝင်ထားတဲ့ ပိုက်ကွန်တစ်ခုထဲက [...]

အ၀ါရင့်ရင့် ကျွန်တော့်သစ်ပင်

ကျွန်တော်သူ့ ကို စတွေ့ တော့ သူကို ကျွန်တော် အ၀ါရင့်ရင့် လို့ အမည်ပေး ပစ်လိုက်တယ်။ အဲဒီ အထိတော့ ကျွန်တော် လွတ်လပ်နေ သေးတယ် လို့ ခံစားလို့ ရသေးတယ်။ ဘာလို့ အ၀ါရင့်ရင့်လဲ မမေးနဲ့ နော် ၊ ကျွန်တော် ကာလာတွေနဲ့ အချေအတင် စကား မပြော ချင်ဘူး။ သူကသစ်ပင်၊ ကျွန်တော် က ကျွန်တော် ၊ သူကလဲ ကျွန်တော် ဖြစ်ဖို့ မကြိုးစားသလို ကျွန်တော်လဲ သူဖြစ်အောင်ကြိုးစားခဲ့ တယ်လို့ မထင်ခဲ့ဘူး။ ထားပါလေ ဘာ ဘဲ ဖြစ်ဖြစ် သူ့ အနား ကို ရောက်တိုင်း ကျွန်တော် ဘာမှန်း မသိခံစားရတယ်။ ဒါကြောင့် ထင်တယ်သူနဲ့ [...]

နောက်ဆုံးမျက်ရည် မိုးစက်တွေလား

လွန်ခဲ့တဲ့သံုးနှစ်လောက် ကဖြစ်မယ်။ ဂျုလိုင်လရဲ့ တစ်ခုသောမနက်ခင်းမှာ သူနဲ့ ကျွန်တော် ဆုံဖြစ်ခဲ့တယ်။ သူ့မျက်နှာလေးကို နောက်ဆုံးအကြိမ် တွေ့ လိုက်ခြင်းလဲဖြစ်ခဲ့တယ်။ သူနဲ့ပတ်သက်သမျှ အားလုံး အဆုံး သက်ခဲ့တဲ့ မနက်လဲဖြစ် ခဲ့တယ်သူ့ကို ထားခဲ့တဲ့သံယောဇဉ်တွေ အားလုံးပြစ်ချ ခဲ့ရတဲ့နေ့လဲဖြစ်သလို မေ့လို့ရမရတော့ ဒီစာတွေကသက်သေ ခံနေဦးမှာပါလေ။ အဲဒီနေ့ဟာ ကျွန်တော့် ဘ၀ကိုအားလုံးပြင် ဆင်ပေးလိုက် တဲ့နေ့လဲဖြစ်ခဲ့တယ်။ ဒီလောက်အမှတ်ရစကောင်း တဲ့နေ့ကို ကျွန်တော်ဘယ်လိုမေ့လို့ ရခဲ့မှာလဲ။ အဲဒီနေ့မနက် က သူ့ကိုတွေ့ဖို့ မနက်စောစော ထပြီးအိမ်ကထွက်လာခဲ့တယ်။ ကောင်းကင်ကလဲ အုံ့မှိုင်းမှိုင်းနဲ့ ရာသီဥတု ကခပ်အေး အေးလေး ၊ အလင်းနုနေရောင်တောင် တိုးမပေါက်ဘဲပတ်ဝန်းကျင် က အေးစက်စက်နိုင်လှတယ်။ လေနုအေးတွေ ပါးပါး တိုက်နေတဲ့ကြားမှာ ကျွန်တော်တယောက်ထဲ၊ ကားဂိတ်မှာ သူအလာ ကို မျှော်နေမိတယ်။ [...]

သတ်ပုံမှားတဲ့ည

ပြန်လာမယ်ဆိုတဲ့အတွေးတွေနဲ့ပါဟောဒိသန်းခေါင်ယံ ည ကလဲအမှောင်ကိုတွယ်ကတ်နေသေးတယ်တရက်ပြီး တရက်မြန်မြန်ထွက်သွားကြစမ်းပါအပြင်းပြေ CD ခွေတွေတောင်တွားသွားသက်ပြင်းတွေကတော့ဖြင့်သားနားနေပေါ့။ ကဗျာခဏခဏစပ်တာတောင်သန်းခေါင်မလွှဲနိုင်တဲ့ ညတချိန်လုံး (မျက်လုံး) မှိတ်ထားပေမယ့်နာရီတရွေ့မှအိပ်မရခြင်းတွေနဲ့အတူ၉၉ ခါမက စိတ်လေခဲ့ရတဲ့ ည နာရီတွေနဲ့ငါ ဘယ်သူက သစ္စာမဲ့နေတာလဲဟောဒီခေါက်ရိုးကျိုး အတွေးတွေနဲ့အတူအမှောင်ထုနဲ့ အခါခါရိုက်ပုတ်တဲ့ ညဲ့အဲဒါမင်းကိုလွမ်းတဲ့ ည ပေါ့  ” “။ ။ ။

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice