Archive for the ‘ခံစားမိသမျှ’ Category

တခါတရံ

တခါတရံကျရင် ဖြစ်တတ်တဲ့သဘောရှိတယ်လေ။ အမြဲတမ်းအတွက်တော့ မဟုတ်ဘူး။ ဒါပေမယ့် တခါတရံတွေ အမြဲဆက်လာတဲ့အခါ ဘယ်လိုပြောကြမလဲ။ တကယ်ပါ။  တခါတလေ ဆိုလဲ ဖြစ်နိုင်ပါ တယ်။ တခါတည်းနဲ့ လေထွက်သွားတာ။ တခါတရံ ကျတော့ စဉ်းစားမိတယ်။ ကိုယ့် အကြောင်း ကိုပြန်တူးဆွကြည့်တဲ့အခါ မှာ မြင်ယောင်လာတတ်တယ်။ ဘာအတွက် ဘယ်ကြောင့် ဆိုတဲ့ သံယောဇဉ် တွေကြားက ဆင်ခြေခပ်ပြင်းပြင်းနဲ့ မျှော်လင့်မှုတွေ ထားပြီး လုပ်ကိုင်နေတဲ့ ကိုယ့် အလုပ်တွေ၊ တခါတရံကျတော့လဲ တွေးတောကြည့်တယ်၊ ရှာဖွေတာတွေက တရက်နဲ့တရက် အလျှင်မှီအောင် ပြည့်ဝ ဖို့ကလွဲပြီး ဘာမှ ထူးထူးထွေထွေ ပြောင်းလဲမလာတော့ဘူးလားလို့။ စိတ်ချမ်းသာမှုဆိုတာ စိတ်ကို အေးချမ်းအောင် ထားနိုင်ရင် ဖြစ်မယ်ထင်ပါတယ်။ ပူလောင်မှုတွေနဲ့ လောင်မြိုက်နေတဲ့ ဒီသောက ဝေ နေတဲ့ အားအင်တွေကို [...]

that why!

I don’t know why I’m  doing this activity! We already knew it, the earth is our nature mother.The world is our home, the world is our future. The world created many things for anything we need. But the world is not enough. Human-been make the effected thing on the earth, the world is sick now. [...]

ကြည့်လုပ်

ပြောပေါင်းလဲများပါပြီ။ ဒီတခါတော့ ဘယ်လိုမှ ကိုးကားပြောမနေချင်ပါဘူး။ သူများပုံတွေယူသုံးတဲ့ကိစ္စ ၊ သူများ ဖန်တီးထားတာကို ဖြတ်ကနဲဖြတ်ကနဲ ယူသုံးတာ ဘာနဲ့တူလဲဆိုတော့ လက်ဆော့ တဲ့ ကလေးတွေလိုဘဲ။ ကိုညီလင်းဆက်တယောက် ဘဲ ဒီလိုယူသုံးတဲ့ အကြောင်း မကောင်းပြောနေတာ မဟုတ်သေးဘူး။ ကျွန်တော်တို့လဲသေချာ ပြောကြသင့်တယ်။ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ သူတွေ ယူသုံးရင် သိပ်အကျည်းတန်တယ်။ ကျင့်ဝတ်တွေအကြောင်းတော့မပြောဘူး။ လူလိုနားလည်ရင် သူများဟာ ဒီလို လက်လွတ်ဆံပယ် မပြောဖို့မလုပ်ဖို့လိုတယ်။ တခါမက တွေ့ခဲ့ကြတာတွေ များတော့ ဘယ်လိုဘာလိမ့်လို့တောင်ထင်မိတယ်။ ကြုံဖူးပါတယ်။ သူများဟာလဲ ယူသုံးတယ်ပြောတော့လဲမကြိုက်ဘူး။ အဲလိုလူမျိုးသာဆိုးတယ်။ ပြတ်ပြတ်ပြောရရင် တပါးသူဖန်တီးထားတာကို စီးပွားရေးအရ အသုံးချဖို့ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဘယ်လိုရည်ရွယ်ချက်များကိုနဲ့မဆို မပြောဘဲယူသုံးရင် ခိုးတယ်လို့သတ်မှတ်တယ်။ အင်တာနက်ခေတ်မှာ ပြောဖို့မေ့သွားလို့ပါတို့၊ နောက်မှပြောမလို့ ဆိုတာ အလကားဆင်ခြေဖြစ်တယ်။ တခါတည်းပြောလို့ရတယ်။ [...]

ကြွေးဆုံးတဲ့ကောင်

ဆုံးပြီအဖေ၊ အခုတော့ အဖေဆုံးပြီ။
ကျွန်တော့်ဆပ်ရမယ့် အကြွေးတွေကို အဆုံးသတ်သွားတယ်။
အဖေ့ကိုကျွန်တော် ဘယ်တော့မှအကြွေးဆပ်လို့မရတော့ဘူး၊
သားမိုက်တယောက်အတွက် အဖေ့နောက်ဆုံးဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ
ခွင့်မလွှတ်ချင်လဲ ခွင့်လွှတ်
ခွင့်လွှတ်ရင် ကျွန်တော်ကတော့ ခွင့်မလွှတ်ချင်ဘူး။
ကျွန်တော့် မျက်နှာက အပြုံးတချက် ကိုစောင့်ရင်းအဖေ အသက်ထွက်သွားတယ်၊
တွေ့ချင်နေပါတယ်ဆိုတဲ့ message တွေ အခါခါရလျက်နဲ့
ကျွန်တော့် အကြွေးသစ်တွေချနေရင်း အဖေ့ဆီကို မရောက်လာခဲ့ဘူး။
ကြားပါတယ်အဖေ၊ အဖေမျှော်နေတယ်ဆိုတာ၊
မနေရတော့မှန်းသိနေတာတောင် ကျွန်တော်ကမိုက်မဲစွာ အဖေ့လမ်းစဉ်လိုက်
နေ့တိုင်းမိုက်နေတာဘဲ။
အဖေ့ကို သူတို့နိုင်သွားပြီ၊
နောက်ဆုံးခရီးအတွက် အရက်တလုံး၊ အဖေကြိုက်တဲ့ Denim spry၊ အခုတော့
ဝေးပြီးရင်းဝေးပြီ။
အရက်သောက်လို့ အသဲတွေတဖြုတ်ဖြုတ်မကြွေခင်ကတည်းက
မိသားစုကြောင့် အဖေ့ ကြွေလွင့်နေမှုတွေကို ကျွန်တော် ခံစားမိပါတယ်။
တာဝန်မဲ့တဲ့ ဖခင်တယောက်လို့ ဘယ်တုန်းကမှ ကျွန်တော်မမြင်ပါဘူးအဖေ၊
ခုတော့ ကျွန်တော့်မျှော်လင့်ချက်ကို တ၀က်တိတိ အဖေဖြတ်ချသွားခဲ့ပြီ။
ကျန်သေးတဲ့ အကြွေးတချို့ အမေ့ကို ဆပ်နိုင်အောင်ကျွန်တော် ကြိုးစားပါ မယ်အဖေ။
အဖေ မှာထားတဲ့အတိုင်း ပညာရေးတက္ကသိုလ်မအောင် တဲ့ သားမိုက်
ဘ၀တက္ကသိုလ်မှာ တော့ အောင်မြင်အောင်ကြိုးစားနေပါတယ်။
အဖေထားခဲ့တဲ့ အဖေပေးခဲ့တဲ့ အမွေက ကျွန်တော့် [...]

စဉ်းစားမရတဲ့သစ်ပင်

အဲဒီကောင်းကင်ထဲမှာဘဲ အရောင်တွေကွဲနေခဲ့တာ၊အဖြူကဖြူ အပြာကပြာနဲ့၊  အပြောင်းအလဲများတဲ့ ကောင်းကင်တခုဘဲ။
ဒါပေမယ့် နေ့နဲ့ညက တော့ ပုံသေသတ်မှတ်၊ အလွမ်းနဲ့ ဘဲ ဇာတ်သိမ်းတတ်တဲ့ကောင်ပါ။
ချက်ချ မထားတဲ့ တံခါးတချပ်အတွက် တွန်းဖွင့်မဖြစ်ခဲ့တဲ့ လက်တစုံမှာ မာယာတွေတော့ မပါဘူး၊ အဖြူရောင်တခုကြောင့် ငါ့ကာလာတွေ စွန်းထင်းခဲ့ရပြီ။
ကွေ့ကောက်တတ်တဲ့ သစ်တပင်အတွက် ထန်းတောတွေရဲ့ သမိုင်းကို မေ့ လျော့ထားပေးခဲ့တယ်၊ မင်းဟာ မြစ်တစင်း မဟုတ်ဘူး၊ မင်းဟာ နွယ်ပင်မဟုတ်ဘူး— ဒါနဲ့ဘဲ အစစအရာရာဟာ မင်း ပြောတဲ့စကားနဲ့ အရာထင်ခဲ့တာ။
လူပြောများတဲ့ သီချင်းတပုဒ်အတွက် မယ်လိုဒီကောင်း ကောင်း မလိုဘူး၊ မိုက်ကယ်အိန်ဂျလို ရေးတဲ့ ပန်းချီကားမဟုတ်တဲ့ မင်းရဲ့ ခန်းနားမှုအတွက် ငါ့မှာ ပေးစရာ မျက်နှာကျက် နေရာများများစားစား မချန်ထားခဲ့မိဘူး။
ဒါပေမယ့် ပြတိုက်ထဲမှာ အလှပြသိမ်းထား ဖို့အတွက် မူးစုပဲစု စုထားတဲ့မေတ္တာ တခုအတွက် [...]

လပြည့်ကျော်ည

လွမ်းလို့သေတဲ့ သစ်ပင်မရှိပါဘူးကွာ
မင်းမရှိလို့ မသင်းပျံနိုင်တဲ့ ပန်းတပွင့်အတွက်
ငါ့ရဲ့မိုးရာသီဟာ နောက်ကျနေခဲ့ပါပြီ။
သက်ပြင်းတွေခဏခဏ ချတာတောင်
အာရုံမတတ်နိုင်တဲ့ ညအတွက်တော့
ခေါက်ရိုးကြိုးအတွေးနဲ့
ဆင်ခြေတွေဘဲရရလာတယ်
လပြည့်ကျော်တဲ့ ည အတွက်
အချစ်ကခါး အရက်ကတော့ ချို နေတုန်းဘဲ။ ။

ငါ့ဖိနပ်

ငါ့မှာ အောက်ခံပါးနေတဲ့ဖိနပ်တရံရှိတယ်၊
အဲဒီဖိနပ်နဲ့
ဖိတ်ဖိတ်တောက်ကော်ဇောတွေပေါ်နင်းဖြတ်ဖူးတယ်၊
အဲဒီဖိနပ်နဲ့
ပေရေညစ်ပတ်နေတဲ့ ရေအိမ်ထဲလဲ နင်းဖြတ်ဖူးတယ်။
အဲဒီဖိနပ်နဲ့
သာယာတဲ့နေ့တွေထဲ နင်းဖြတ်ဖူးတယ်။
နေပူပူထဲလဲ ဖြတ်လျောက်သွားဖူးတယ်။
အဲဒီဖိနပ်နဲ့
မိုးထဲရေထဲ အေးစက်စိုစို နင်းဖြတ်ဖူးတယ်။
ဘွတ်အိုင်တွေကြားလဲ နင်းဖြတ်သွားဖူးတယ်။
အဲဒီဖိနပ်နဲ့
ခြေတလှမ်းကို တစ်ပဲ နှုန်းလောက်တန်အောင် လျောက်သွားခဲ့တယ်။
အဲဒီဖိနပ်ကိုစီးပြီး
စီးပွားရေးလုပ်တယ်၊ ဘာသာရေးလုပ်တယ်၊ လူမှုရေးလုပ်တယ်၊ ငါ့အကျိုးအတွက် ငါလုပ်တယ်၊
ဒီဖိနပ်ကတော့ ဒီဖိနပ်ပါဘဲ
ခုထိတော့မပြောင်းလဲသေးဘူး။ ။

စိတ်ပျက်စရာ

ပို့စ်မော်ဒန်ကဖေးနဲ့ကလဲလွဲနေသေးတယ်
အကြောင်းအရာအချက်အလက်တွေကို
စုန်ဆန်တွေးကြည့်တော့
ပစုပ္ပုန်အကြောင်းဘဲမေးမယ်
ကဗျာတပုဒ်တောင် လက်ညှိုးထိုးအန်ထုတ်ရတာ
ဘ၀အမူးလွန်လို့တော့မဟုတ်ဘူး
အီလည်လည်ခေါင်းထဲက
လူမှုရေးအရှုပ်အထွေးတွေနဲ့
ဟန်ဆောင်မှုသမားတွေရောယှက်
ဗျဿနတရားတွေထွန်းကားနေတဲ့
ကာလ၀ိပတ္တိထဲက
လူအဖြစ်ရဲ့အရှုံးအမြတ်အတွက်။

အားကြီးလွန်းတယ်

ရည်ရွယ်ချက်ရှိရှိနဲ့တော့မဟုတ်ဘူး
ချည်နှောင်ထားတဲ့ အရာက
မြင်နိုင်မှုလဲမရှိတဲ့အတွက်
ထင်တာထက် လဲအားကြီးလွန်းတယ်။
အရှုံးတွေချည်းဘဲ ထပ်ခါထပ်ခါ
ရင်အနာဖြေဖျောက် ချက်အတွက်
အရက်တခွက်မလိုပါဘူး
ခံနိုင်ရည်လဲအားကြီးလွန်းတယ်။
တိတ်တိတ်ကြိတ်ငိုမှ
လွမ်းတတ်လွန်းသူအတွက်တော့
အမှန်တရားဆိုတာ
သိပ်နောက်ကျလွန်းအားကြီးတယ်။

အားမနာတတ်တာတွေ

တကယ်ကိုခက်ပါတယ်။ သူငယ်ချင်းတယောက်ပါ။ သူနဲ့ကျွန်တော်က မွေးကတည်းက ပေါင်းလာတဲ့ သူငယ်ချင်း ပါဘဲ၊ အကြောင်းအရင်းလေးကတော့၊ ကျွန်တော်က အိမ်မှာအခွေကြည့်တာ ငယ်ငယ်ကလေးကတည်းက ၀ါသနာ ပါတဲ့သူပါ။ ဟိုးအရင်တုန်းကတော့ ခွေငှားကြည့်လေ့ရှိတာပေါ့။ နောက်ပိုင်း VCD ပေါ်လာတဲ့အခါမှာ ကျွန်တော် က များသောအားဖြင့် ကျွန်တော်ကြိုက်တဲ့ ကားတွေကို ၀ယ်ကြည့်လေ့ရှိပါတယ်။ ကျွန်တော့်မှာ အိမ်ထောင်မကျ ခင်က VCD ချပ်ရေ ၁၀၀ ကျော်နဲ့ CD ချပ်ရေ ၈၀ လောက်ကို စုမိပါတယ်။ နောက်ပိုင်း အိမ်ထောင်ကျပြီးတော့ DVD တွေ ခေတ်စားလာတဲ့အခါလဲ ထိုနည်းတူစွာ ဘဲဝယ်ကြည့်တာများပါတယ်။ ကျွန်တော်က မြန်မာကားကြည့်တာ နည်းပါ တယ်။ မြန်မာကားဆို ဟာသတွေလောက်ဘဲ ငှားကြည့်ပါတယ်။ သီချင်းခွေတွေဆိုဝယ်ကို မကြည့်တာ။ ခိုးကူး တွေ [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice