ချစ်တယ် ဆိုတဲ စကားလေးတကတော့ တခွန်းပါငါခံစားလိုက်ရတာတော့နေ့နဲ့ညပိုင်ဆိုင်ရမှာလား ခွဲသွားရမလားငါမတွေး ရဲပါဘူး ကလေးရယ်တနေ့တော့ ငါတို့ တူတူနေရမှာပါ၊မင်းလဲ ယုံကြည်ထားနော်။ ဒုတိယဆိုတာ ပထမရှိခဲ့လို့ပါအသိအမှတ်ပြုခြင်းဟာရင်ထဲက ဆုတခုပေါ့တကယ်ဆို မင်းက ပထမနဲ့ နောက်ဆုံးချစ်သူကံကောင်းခြင်း ဆုတခုကိုမင်းနဲ့ငါ ယူသင့်တယ်။ အပြုံးတွေကို သာစွဲလမ်းရကြေးဆို မင်းအနမ်းကို ငါဘယ်မှာထားရမလဲကုန်သွယ်မှုမဟုတ်တဲ့တို့နှစ်ယောက်ချစ်ခြင်းမှာအပြစ်တွေမကင်းခဲ့ကြတော့ငါကိုယ်တိုင် ခွင့်မလွှတ် နိုင်ခဲ့ရင်တွင်းမှာ မင်းသာ ပိုင်ခဲ့တာ တကယ်ပါ။ အိပ်မက်တွေကို နိုးထချစ်ခြင်းကိုလမ်းပြ မင်းလေးက ကိုယ့်ကို လွမ်းရအောင်တော့ မလုပ်ပါနဲ့နော်။
Archive for the ‘ကဗျာ’ Category
ပန်း
မသေချာတဲ့ ကဗျာတပုဒ်မက ရှိတယ်၊မသေချာတဲ့ သီချင်း တပုဒ်မက ရှိတယ်၊မရေရာတဲ့ ဘ၀များစွာရှိတယ်၊မရေရာတဲ့ အလှများစွာရှိတယ်၊ ကော်ဖီတခွက်ကို ရေရောသောက်ဖို့ လိုလိမ့်မယ်၊ဘ၀ ဆိုတာ ခါးတဲ့ အရသာရှိဖို့တော့မလိုဘူး။ အားလုံးဗလာဖြစ်နေလဲခွက်ဆိုတာခွက်ပါဘဲ နမ်နဲ့ရုပ်က တွဲပြီးသားပါ။ ကွဲကြေ ၊ ကြေမွပေပွနေပေမယ့်နှလုံးသား ဆိုတာ ရွှံ့ထဲက ပွင့်တဲ့ ကြာပန်းလိုဘဲအညစ်အကြေးတွေ ရောထွေးမနေစေနဲ့။ နေရှိမှလန်းတယ်၊ လရောင်မှာ ပွင့်တယ်ကွဲကွဲပြားပြား သဘာဝခြားမယ်၊ပန်းဆိုတာက တော့ပန်းပါဘဲ၊ရနံ့မထုံလဲငါ့ပန်း တစုံကတော့နေ့မှာလဲပွင့်မယ်ညမှာလဲလန်းမယ်။ ။
အသံ
ကဗျာမရေးရတာကြာပြီ၊ ကိုတာယာပြောတဲ့ မိုးခေါင်လို့တီးတဲ့ဗုံသံ၊ မိုးသဲနေရင်ရောတီးတဲ့ သံစဉ်တခု ကျွန်တော်ရှာဖွေနေတာဘဲ ထွက်တော့ထွက်လာတယ် အသံတခုဘဲ ဒါပေမယ့် ညင်ညင်သာသာလေးပါ မြည်သံစွဲကြည့်လိုက်မယ်နော် သူ့ရဲ့ဖွင့်ဆိုချက်လဲပါလိမ့်မယ် သက်ပြင်းချသံလေ ” – – – ” မှတ်ချက်သက်ပြင်းချသံအား မိမိနှင့်လိုက်ဖက်သော အသံထည့်သွင်းနိုင်သည်။ ပုံသေမရှိပါ။ ဥပမာ – ၀ူး – ဟင်း – အင်း စသဖြင့် ကြိုက်နှစ်သက်ရာ အ သုံး ပြုပါ။
နတ်ဆိုးများ၏ ကောင်းကင်ဘုံ
နတ်ဆိုးများ၏ ကောင်းကင်ဘုံ တူရိယာ နတ်စောင်း တွေ ဘင်တီးသံလို ဒိန်းဒိန်းညံ အနက်ရောင်ကောင်းကင်ပြာ အောက်က အထိန်းသိမ်းခံထားရတဲ့ နေတစင်းရှိနေတယ် အရာရာကတော့ သူ့ ကိုမေ့လျော့နေဆဲ။ ရင်ခုန်မှုမပါတဲ့ ရယ်သံတွေကို သောက်စားမူးရစ် ရီဝေေ၀အကြည့် အချက်တောင် မိုးကြိုးသွား လိုတောက်ပတတ်တယ် ဆူညံစွာ ငြိမ်သက်နေတဲ့ ရပ်ဝန်းတခုလဲ ပိုင်ဆိုင်ဖို့ ကြိုးစား ခဲ့ကြတယ်။ ငြင်းကြခုန်ကြတေးသွားနဲ့ အလိုက်သင့် ကခုန် အချိန်တွေထွီကနဲ ထွေးထုတ်ကြ သင်ယူလိုမှုတွေ၊ နာခံလိုမှုတွေ ချစ်ခြင်းမေတ္တာတွေ၊ သာယာကြည်နူးမှုတွေ လောင်မြိုက်မြိုက် နဲ့ မီးပုံ ပွဲကိုကျင်းပနေ့ရယ် ညရယ်မရှိပါဘူး။ မြတ်နိုးခြင်း၊ တွယ်တာခြင်း၊ သံယောဇဉ်တွေ တံဆိပ်ကပ် အမုန်းတွေ ၊ နာကြည်းမှုတွေ ၊ ရန်လိုခြင်းတွေ သာ ခပ်စိတ်စိတ် ပစ်ချ မာယာနဲ့ သံသယ [...]
တပ်မရတဲ့ ခေါင်းစဉ်
ရီဝေမှိုင်း ပျနေတဲ့ အတွေးတွေ ကြားက လူးလွန့်ညင်သာမှု ကင်းတဲ့ အပြုံးတုတွေနဲ့ မွေ့လျှော်လေးသည် တော်တဦးရဲ့ ပစ်ချက် ချော်တွေပစ်မှတ်နဲ့ လဲ ချော်နေဆဲဘဲ။ ။ မော်ဒန် ကဗျာလို့ စိတ်ထင်တဲ့စိတ်အချဉ် ခပ်ပေါက်ပေါက်တွေ ကိုရေးချညည အိမ်မရတဲ့ နာရီတွေကိုစားသုံးလို့ ကောင်းနေဆဲဘဲ။ ။ လဖက်ရည်ဆိုင် ထိုင်မှခေတ်မှီသွားတဲ့ သတင်းတပုဒ်ကြောင့်အလုပ်တွေ များများ သွားတတ်တဲ့ခံစားမှုမဲ့ အရှုပ်တွေ များနေဆဲဘဲ။ ။ ကျင်တင်ထုံအစေတဲ့ ညနေခင်းတွေကိုအေးစက်စက် ဖန်ခွက်ထဲ ထည့်မြိုလမ်းပေါ်က ကောင်မလေးတွေနဲ့နေညိုညို ညနေများလဲ သွားနေဆဲဘဲ။ ။ အာရုံမရတဲ့ စူးစိုက်မှုနဲ့အားထုတ် ချေဖြတ်ထားတဲ့မျှော်လင့်ချက် တခုပြီးတခု ထုတ်ကြည့်ပြန်သိမ်း လိုက်တဲ့ခေါက်ရိုးတွေလဲ ကြေမွနေဆဲဘဲ။ ။ – – – – -x x x – [...]
လုပ်ချလိုက်တိုင်း
ချောင်းမြောင်းပစ်ခတ်တဲ့ညတွေကများပြားအသဲတွေ စားစားသွားတယ်တခွက်လောက် မော့ချလိုက်တိုင်း – – - ဟောင်းဟောင်းသွားတဲ့မနက်တွေများပြားအချက်ရေ တအားများသွားတယ်မျက်နှာတချက်သစ် ချလိုက်တိုင်း – – - ရောင်းကောင်းသွားတဲ့အလုပ်တွေများပြားအသက်တွေ ထွားထွားသွားတယ်သက်ပြင်းတွေ တအား ချလိုက်တိုင်း- – – ရမ်းမောင်းသွားတဲ့ကားအစင်းရေများပြားတွက်ချေတွေ တအားစားတယ်လမ်းတွေ ပေါ် ခြေ ချလိုက်တိုင်း – – - အစမ်းပေးသွားတဲ့အတွေ့အကြုံတွေ များပြားလက်ရည်တွေတက်တက်လာတယ်ရမ်းသမ်းပြီး လုပ်ချလိုက်တိုင်း- – – အမြဲဝေးသွားတဲ့ချစ်သူတွေ များပြားမျက်ရည်တွေ ထွက်သွားတတ်တယ်ဇရက် အသေ တွေကိုရင်ခုန် ချလိုက်တိုင်း- – – ဆက်မနေခြင်တဲ့ရက်တွေများပြားအချိန်တွေ ကုန်အောင်တိုက်စားပစ်တယ်အရက်တွေ တအားချလိုက်တိုင်း- – – ——-တဲ့———–များပြား——————–တယ်—————–ချလိုက်တိုင်း- – -
ဆက်ရမယ့် နေ့
တဆောင်းကတော့ သစ်ပြန်ပြီအဟောင်းတွေ ဘဲ ဖြစ်ဖြစ်နေတဲ့စိတ်ကူးတ၀က်နဲ့ငါနှစ်သစ်ကို ကူးရဦးမယ်။ ။ နေ့တွေ နေ့တွေ တွားသွားညတွေ ညတွေ တအားများနေလဲဘ၀ တွေ အလှ တွေ ကြားမှာ မောငါမြောမြော လာတာ အတော်ကြာပေါ့။ ။ မနက်ကတည်းက ညကို သွားညတည်းက မနက်ကို စောင့်စားပါးပါးလေး ခြားတဲ့ စည်းများက အလွှာခြားအဟာရတပါး နဲ့ပျော်ပါး စားသုံးမှုကတော်တော်များတယ်။ ။ အဟောင်းလဲ မဟုတ်အသစ်လဲ မဖြစ်တဲ့ဒီတနေရာကို ဖြတ်လာခဲ့တာ၂၇ ကြိမ်ရှိပါပေါ့သိပ်လဲ မထူးခြားပါဘူး။ ။ ပျော်တဲ့လူကပျော်အော်တဲ့သူကအော်ညစ်တဲ့ သူကညစ်ချစ်တဲ့ သူကချစ်နဲ့ထူးမခြားနား ပတ်ပျိုးမှာခုန်ကဒစ်စကိုည တေးသွားတခုကို မျိုချစိတ်မပါ့တပါအော်ကြတဲ့နယူးရီးယား ည။ လုပ်ချင်ရာတွေ လုပ်မလုပ်ချင်တာလဲ လုပ်ဟုတ်ချင်လဲ ဟုတ်မဟုတ်ချင်လဲ ဟုတ်ကိုယ့်ကိုကိုယ် မြူဆွယ်မှုမှာ မှုးရစ်ဆူးဖြစ်နေတဲ့ အတ္တက နှလုံးသားမှာ စိုက်ရူးရူး မိုက်မိုက် [...]
solid of my soul
စိတ်ဓါတ်တွေ ထွက်ပေါက်မရှိ ဘူးဆိုဘယ်နေရာက ၀င်လာခဲ့လဲ။ဖွင့်ဟ ဖို့တခါးတချပ် ကိုလိုက်ရှာ၊လိုက်ကာ ပါးပါးအောက်မှာ နံရံဘဲတွေ့တယ်။ခြောက်ဘက် ခြောက်တန် အခန်းထဲမှာ။ အစိုင် အခဲလိုက် ပစ်ပေါက်၊လုံးလုံး ကြေမွမသွားတောင်၊ငါ့ဝိညာဉ် ပေါ်ခါချခဲ့တဲ့ သဲမှုန်တွေ၊ကုဋ္ဌေ နဲ့ချီ။ ရင်ထဲက စီးထွက်ငါ့လက်နဲ့ငါရေးစိတ်ထဲရှိ သမျှဖြေချဟော — ဒီမှာ ကျောက်ပြားတစ်ချပ်ထွက် ကျလာခဲ့ပြီ။ Type the rest of your post here.
မလိုချင်ဘူး
မပျော်ဘူး ကလေးရယ်မင်းနဲ့ မတွေ့ရ ငါ့ည တွေမှာတိတ်ဆိတ် တမ်းတလွမ်းရမယ့် အဖြစ်တွေလဲမလိုချင်ဘူး။ မယုံချင်ဘူး ကလေးရယ်လူတွေပြော သမျှမင်းနဲ့ ငါ့အကြောင်းအဟောင်းတွေ မကောင်းတွေဒါတွေအားလုံးမလိုချင်ဘူး။ မဆိုချင်ဘူး ကလေးရယ်လွမ်းရ တမ်းတ ဆွေးရ စေတဲ့ကဗျာ သီချင်း လွမ်းတေးဆိုညည်း ကြေကွဲမှုတွေမလိုချင်ဘူး။ မငိုချင်ဘူး ကလေးရယ်ငါ့အားဝေးထားမင်းလေးသွားမယ့်နေ့မှာရင်ခုန်လွမ်းရ တမ်းတဆွေးပူမျက်ရည်စက်လက်လွမ်းမယ့် ရက်ကိုမလိုချင်ဘူး။ မမျှော်ချင်ဘူး ကလေးရယ်တရက် တရက်မင်းဖုန်းဆက်မျှော်ပြက္ခဒိန်တွေ ကျော်ကျော်သွားမယ့်နေ့ည တွေကို စိုးရိမ်စောင့်စားပြီး အိပ်မရခြင်းတွေမလိုချင်ဘူး။ ။ ။
ရခဲ့ရင်ပေါ့လေ
မေ့မနေနဲ့ချစ်သူရယ်မင်းနဲ့ငါကြားကျောချင်းကပ်လို့အနီးဆုံးအဝေးတွေမလှမ်းချင်ဘူး။ရင်ကြားစေ့ဖို့ဒို့နှစ်ယောက်မှာနားလည်မှုတွေလိုတယ်။ ဆုံးရှုံးမှုတွေပြန်စဒို့အကြောင်းတွေပြန်မဟပါရစေနဲ့၊မင်းအတွက်လဲဆုံးရှုံးမှုတိုင်းအားသစ်တွေဖြစ်ပါစေ။ အထပ်ထပ်ရစ်ပတ်နှောင်ခြည်ထွေးလုံးသံယောဇဉ်ကြိုးတွေလဲထုန်းနေခဲ့ပြီလေ။ ဘုရားသခင်ဘဲမေ့လို့လားလူတွေကိုဖန်ဆင်းပတ်ဝန်းကျင်မှာ မျှဝေခံစားတတ်သူတွေရှားရှားလာနေ၊ဒို့နှစ်ယောက်ပြဇတ်သူတို့ကြောင့်တခန်းရပ်ရတော့မလား။ လူကြိုက်များတဲ့ သရုပ်ဆောင်မပါဇတ်ပို့မ၀ိုင်းဒို့စိတ်ကူးတွေရိုင်းချင်ရိုင်းနေလိမ့်မယ်၊မင်းနဲ့ချစ်ရတာ ကံကောင်းပါ့မလား။ပြန်ပြန်ကာမေး ငါ့အတွေးနဲ့ငါလွင့်လွင့်နေတယ်။ ဘာတွေပြောပြောဘာတွေလုပ်လုပ်မင်းသာ ငါ့အနားရှိနေအရာအားလုံးမှားယွင်းတိုက်ပွဲလဲခင်းချင်ခင်းလိုက်ငါခပ်မိုက်မိုက် နဲ့ဝင်တိုက်လိုက်ချင်တယ်။ မင်းသာခွင့်လွတ်ရင်တစ်ကသာပြန်စလိုက်ချင်တယ် ကွာတကယ် ပါ။ ။


Posted in








