Archive for the ‘ကဗျာ’ Category

မထင်ရတဲ့

ဆရာဝန်တွေ လက်ရေးလှလာပြီလား၊ ဘက်စ်ကားကြီးတွေ air-con အေးနေပြီ ၀ီစကီ ကို Acl volume 75% သတ်မှတ်ချင်လို့တဲ့။ ကံစမ်းမဲကို အရယူပါ ကျေးဇူးတင်ပါတယ်။ ၀ယ်သုံးကြည့်လိုက်ပါဦး ခြင်ဆေးခွေပြာတွေတွေ့ရမယ်( လေမတိုက်ရင်ပုံစံမပျက်စေရ)။ ဘီယာတခွက်ပေးလိုက်ပါကွာ ရေသန့်တလုံးက ၄၀၀ ဖြစ်နေပြီ၊ ညဘက်ရောက်မှ လင်းတဲ့ မီးတိုင်က မနက်ထိတောင်မထွန်းညှိနိုင်ခဲ့။ လောလောဆည်တော့ အဲဒီလောက်ပါဘဲ။ ။ ။

nano မိန်းကလေး

ငါ့မှာ ပေါက်မသွားရင် ကြာကြာခံမယ့် ပူပေါင်းတလုံးရှိတယ်။ ငါ့ရဲ့ chaos တွေတခုနဲ့တခုကြား ပွတ်တိုက်မှုတွေများခဲ့ရင် atom တွေခုန်က electro တွေပုံကျ။ ငါ့မှာ ပျောက်မသွားရင် ကြာကြာခံမယ့် အသိအမှတ်ပြုမှုတခုရှိတယ်။ ငါ့ရဲ့ ဆင်ချင်မှုတွေကြား ကွန်ပျုတာနဲ့မြောက်စားခဲ့ရင် data တွေဖုန်ထ frequencies တွေသုညဘဲ။ ငါ့မှာ ထွက်မသွားရင် ကြာကြာခံမယ့် ကောင်မလေးတယောက်ရှိတယ်။ ငါ့ရဲ့ ထင်မြင်မှုတွေကြား ရင်ခွင်တကာနဲ့တောက်ကြွားခဲ့ရင် meter ကိုပုံချ million တွေစုံကျ၊ တကယ်တမ်းက မင်းကငါ့ရဲ့ nano မ။

မိုင်တိုင်များနှင့်

ညကသတ်ပုံမှားနေတာမဟုတ်ဘူး နေ့ဆိုကတည်းကစာလုံးမပေါင်းတတ်ခဲ့တာ။ ကိုယ့်ကိုယ်ကိုယ်ပြန်ကြည့်တော့ ဘောင်ဘင်ခေတ်သံဘဲထွက်လာတယ်၊ အနည်တွေထလို့ ဘာမှလဲသုံးမရပါဘူး။ ငှက်မသိလို့သာဇရက်ကိုချိုးထင်နေခဲ့တာ နွားခြေရာခွက်ကိုရှာနေတဲ့ ဖားတကောင်ရဲ့အဖြစ်နဲ့ ရှင်သန်ချိန်အတွက်တော့ အတွေ့အကြုံရှာနေခဲ့။ ရင်ထဲမှာခံစားကြည့်တော့ ရင်နှင့်အမျှတဲ့ ခေါင်းထဲမှာ ခံစားကြည့်လိုက်တော့ အတ္တ၊ဒေါသနဲ့၊မာနတွေဘဲ ခေါင်းကိုက်သွားမယ် သွေးတိုးသွားမယ် အခန့်မသင့်ရင် လေပါဖြတ်သွားမယ်၊ ကျွန်တော့်ရဲ့ ကဗျည်းမတတ်တဲ့ မိုင်တိုင်များရယ် လက်ညှိုးထိုး လွဲအောင်တော့ ခပ်လှမ်းလှမ်းမှာ ထားခဲ့ပေးပါဦး။   ။

မဟုတ်ဘူး

ဗရမ်းဗတာဖြစ်မှုတွေအတွက် စနစ်ကျမှုတခုလိုတယ်။ တိကျသေခြာဖို့အတွက် မရေရာတာတွေကို စုစည်းတတ်ရတယ်။ ဆန့်ကျင်ဘက်တရားကို ခြားနားကြည့်တော့ အဖြေတခုထွက်လာတယ်။ ဒါက ကိုလိုချင်တာတော့မဟုတ်ဘူး။

စိတ်ပျက်စရာ

ပို့စ်မော်ဒန်ကဖေးနဲ့ကလဲလွဲနေသေးတယ် အကြောင်းအရာအချက်အလက်တွေကို စုန်ဆန်တွေးကြည့်တော့ ပစုပ္ပုန်အကြောင်းဘဲမေးမယ် ကဗျာတပုဒ်တောင် လက်ညှိုးထိုးအန်ထုတ်ရတာ ဘ၀အမူးလွန်လို့တော့မဟုတ်ဘူး အီလည်လည်ခေါင်းထဲက လူမှုရေးအရှုပ်အထွေးတွေနဲ့ ဟန်ဆောင်မှုသမားတွေရောယှက် ဗျဿနတရားတွေထွန်းကားနေတဲ့ ကာလ၀ိပတ္တိထဲက လူအဖြစ်ရဲ့အရှုံးအမြတ်အတွက်။

အားကြီးလွန်းတယ်

ရည်ရွယ်ချက်ရှိရှိနဲ့တော့မဟုတ်ဘူး ချည်နှောင်ထားတဲ့ အရာက မြင်နိုင်မှုလဲမရှိတဲ့အတွက် ထင်တာထက် လဲအားကြီးလွန်းတယ်။ အရှုံးတွေချည်းဘဲ ထပ်ခါထပ်ခါ ရင်အနာဖြေဖျောက် ချက်အတွက် အရက်တခွက်မလိုပါဘူး ခံနိုင်ရည်လဲအားကြီးလွန်းတယ်။ တိတ်တိတ်ကြိတ်ငိုမှ လွမ်းတတ်လွန်းသူအတွက်တော့ အမှန်တရားဆိုတာ သိပ်နောက်ကျလွန်းအားကြီးတယ်။

end

what do you think my friend, life is so what? love, die and sex. we follow the walth we follow the sex everybody elese that too. fine the end we have the regret and dead.

နေရာ…လွင့်

ကဗျာတွေနဲ့ လဲလျောင်းနေချင်ခဲ့တယ် သီချင်းလေးတွေနဲ့မွေ့လျော်နေခဲ့ချင်တယ် ခံစားချက်တချို့နဲ့ အိပ်စက်ချင်ခဲ့တယ် အပြုံးတခုရဲ့ငံ့လင့်မှုကို အလိုရှိခဲ့တယ် အကြင်နာနဲ့ ထွေးပွေ့မှုကိုတမ်းတခဲ့တယ် သာသာယာယာနဲ့ နွေးထွေးချင်ခဲ့တယ် အလိုရှိချင်းတွေနဲ့ ပြည့်စုံလိုခဲ့တယ် ၀ူး – —- မှုတ်ထုတ်လိုက်တဲ့ သက်ပြင်းတွေကြားမှာ တမ်းတမှုတွေ ပဲ့ပဲ့ကျသွားတယ် အသံလေးတောင်မကြားလိုက်ရဘူး လွင့်ကနဲလွင့်ကနဲ  လွင့်သွားလိုက်ကြတာ ပြာကျနေတဲ့ ဆန္ဒနဲ့ ခေါက်ရိုးကြိုး စကားသံတွေကဘဲ အသက်ဆက်မှုကို နေရာ ယူပစ်ကြတယ်……။

အနီနဲ့အနက်

အနီတဖက်အနက်တဖက်အဲဒီဖိနပ် စီးခဲ့ဘူးတယ်။ အနီတခွက်အနက်တခွက်အဲဒီအရက် သောက်ခဲ့ဘူးတယ်။ အနီတခါအနက်တခါအဲဒီ အတွေး ၀င်ခဲ့ဘူးတယ်။ အနီတ၀က်အနက်တ၀က်အဲဒီ အ၀တ် ဆင်ခဲ့ဘူးတယ်။ အနီတခြမ်းအနက်တခြမ်းအဲဒီအလှ ခံစားဘူးတယ်။ အနီတခါအနက်တခါအဲဒီအချစ် ရင်ခုန်ဘူးတယ်။ အနီအတွေးအနက်နဲ့ရေးကဗျာလေးလဲ ရေးခဲ့ဘူးတယ်။ ချစ်လေး နဲ့ဆို အတွေးပိုရင်ခုန်အိပ်မက်မက်ခဲ့ဦးမယ်။ ။

ကပြာကရာကဗျာ

ဂျော်နီလမ်းလျောက် အနီတတောင့် စာလောက် ရစ်မူး ရေခဲတုံးလိုအဖြစ်အပျက်တွေကို ရောမွှေပြီး မျောချ ငါတို့ညတွေ ဆက်လက်ပြီး ရှည်လျားနေဆဲ။ မရေရာခြင်းများနဲ့ မသေချာခြင်းများကို ရည်မှန်းဦးခိုက် ခွက်တိုက်ပြီး ဆုတောင်း အဟောင်းတွေကို အမြည်းလုပ်စား အသုတ်စုံ များဖြစ်သွားလေမလား မြေပဲစေ့က ပန်းကန်ထဲမှာ ပိုးလိုးပက်လက်။ နေရောင်ကင်းတဲ့အချိန် ကြယ်ရောင်လင်းဖို့ အတွက်ဆို တိမ်တွေကင်းတောင် မဲမဲမှောင်နေတတ်ဖို့လို မဲတဲ့ထဲမှာ မိုက်နေမှ အကြည့်လေးပါးနဲ့ တွေဝေမှုန်ဝါး အိပ်ပျော်တုန်းမှာ မနားတဲ့စိတ်။ Work, Wife, Whiskey အဲဒါကိုဘဲ www ခေါ်တယ်ထင်တာ အင်တာနက်နဲ့နှစ်ပါးသွား မြင်မြင်သမျှ တော့မှတ်မထားပါဘူး မြင်နေသ၍တော့ မှတ်သားမိတယ် ဆင်ခြေများတဲ့ ဘ၀မဟုတ်ဘူးလား။ ကဗျာရေးချင်လို့ ကပျက်ကချော်လုပ်တာမဟုတ်ဘူး ကပြောင်းကပြန်ဖြစ်နေတတ်တဲ့ ကပြစ်ကညစ်အတွေးတွေကို ကခုန်မြူးကြွ ကမ္လာတခု

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice