သောက်လေသောက်လေ ငတ်မပြေတာမနေ့ကမှစခဲ့တာမဟုတ်ဘူး မိုးခါးရေတွေတောင် မိုးခေါင်ရေရှားလို့ အငွေ့ပျံတော့မယ် သူလိုကိုယ်လိုကြားထဲက ပုဆိုးခြုံထဲ လက်သီးမပြချင်တော့။ နံငယ်ပိုင်းနဲ့ လန်ချားဆွဲ သီးစုံကုလားဟင်းရောင်းတဲ့ ပုဏ္ဍားဘကွန်း စီးပွားရေးမှာ ရေခဲရေသည်တောင် risk ရှိတယ်တဲ့ အောင်မြင်မှုအပေါင်းသရဖူဆောင်းဖို့ အပြုံးတုတွေဆင်မြန်းတတ်ရတယ်၊ ဟုတ်လဲဟုတ် မဟုတ်လဲဟုတ် ဟုတ်ကဲ့နဲ့ ကျေးဇူးတင်ပါတယ် ဖောဖောသီသီသုံး ထမင်းတလုပ်ကို ၅ထောင်တန်နဲ့မြောက်စား ပိုက်ဆံထုတ်တွေ တသီကြီးရောက်သွားမယ်တဲ့။ သက်ကြီးစကားသက်ငယ် မကြားနိုင်ဘူး လှိုင်းလွန်ကြိမ်နှုန်းတွေနဲ့ထုတ်လွှတ်တဲ့ ဒီခေတ်မှာ ဖန်ခွက်တခွက်ကို အသံတိတ်ခွဲပြနိုင်ခဲ့။ အက်ဒီဆင်ရဲ့ရှာဖွေတွေ့ရှိမှုအတွက် ကိုလံဘတ်ရဲ့ရှာဖွေတွေ့ရှိမှုအတွက် အလတ်ဇန်းနားဖလန်းမင်းရဲ့ရှာဖွေတွေ့ရှိမှုအတွက် ဘုရားသခင်မှာ မူပိုင်ခွင့်ရှိသလား။ IP knowledge အတွက် ရှေ့နေကောင်းကောင်း ငှားထားဖို့ဘဲလိုတဲ့ခေတ် စာရွက်တွေပေါ်မှာ မင်တချက်စွန်းမသွားတာတောင် ဒေါ်လာသန်းချီပြီး အရှုံးအမြတ် ထွက်သွားမယ့်ခေတ် Ddos တိုက်ခံရဖို့ ဘာမှ ကာကွယ်ထားနိုင်စွမ်းမရှိအောင် ဟာလာဟင်းလင်းနဲ့ခေတ် anonymous power [...]
Archive for the ‘ကဗျာ’ Category
သူလိုကိုယ်လိုည
တကယ်က သူလိုကိုယ်လိုညပါဘဲ နှုတ်ခမ်းတွေနဲ့အထိမ်းအမှတ်လုပ်ခဲ့တယ် အချစ်မပါတဲ့ မေတ္တာသတ်သတ် နဲ့ ဆွေးဆွေးလေးနဲ့ရီဝေေ၀ မျက်ဝန်းတစုံကိုစွဲလမ်း မှောင်နေတဲ့ အထဲမှာမိုက် သူရယ်ကိုယ်ရယ်စီးခြားတဲ့ ညမှာတော့ ငါ့လှေလဲငါမထိုးဖြစ်ခဲ့ ငါ့မြင်းလဲငါမစိုင်းဖြစ်ခဲ့တော့ ဒါပေမယ့် အဲဒီနှုတ်ခမ်းပါးပါးပေါ်ကိုလွင့်ပျံ့ ခိုးကြည့်နေ့တွေနဲ့ယဉ်ပါး တကယ်က သူလိုကိုယ်လိုညထဲမှာဘဲ။
ယာယီနတ်ဆိုးများ
ခဏတဖြုတ်နဲ့ တဖြုတ်ထဲ ခဏခဏ၊ ပျက်သွားတာတွေရော၊ ဖြစ်သွားတာတွေအတွက်ပါ စိတ်ဝင်စားကြည့်တော့ ကိုယ့်ကိုကိုယ် စုန်ဆန် တွေးကြည့်ဖို့အညမည ရဲ့ဝိရောဓိဖြစ်စဉ် မှာအစာစားလို့ မကြေ ညက်တဲ့ ခံစားမှုတ၀က်။ မျှော်လင့်ခြင်းနဲ့ရည်မှန်းချက် အတွက် ဆန္ဒတွေကို ရှင်းရှင်းလင်းလင်းသိဖို့ရာ ငါ့အတွက် filter ခံထားတဲ့ စုတ်ခွက်ထဲက ဘက်တီးရီးယား တွေလို သေလွယ်ကာ ပျောက်လွယ်ကာ။ ရိုင်းစိုင်းလွန်းတဲ့ စိတ်နဲ့သည်းခံလိုတဲ့ ဖြစ်အင်မှာ လွန်ဆွဲလဲ မိုးမရွာမယ့်အတူတူ ငါ့ပျိုးခင်းက ပေါင်းသင်မြေနှုတ် လုပ်စရာ မလိုတော့။ မတရားမှုကို တိုင်းတာဖို့ တရားသဖြင့် တွေကို အမြဲပြောလေ့ရှိတဲ့ ဓမ္မကထိကလဲ လိုမယ်၊ အလုပ်နဲ့ အပြောက တထပ်ထဲကျဖို့ ပါးကိုဘယ်ပြန်ညာပြန်ရိုက်မယ့် နီပွန်မာစတာကြီးလဲလိုမယ်။ ငကန်းသေမှ ငဆွေလာတာမဟုတ်ပါဘူး၊ ငဆွေတွေအတွက် ငကန်းကသေပေးရတာလဲ ဖြစ်မှာပေါ့။ ခြောက်ပြစ်ကင်းသဲလဲ စင်ဖို့ အတွက် [...]
ကြွေးဆုံးတဲ့ကောင်
ဆုံးပြီအဖေ၊ အခုတော့ အဖေဆုံးပြီ။ ကျွန်တော့်ဆပ်ရမယ့် အကြွေးတွေကို အဆုံးသတ်သွားတယ်။ အဖေ့ကိုကျွန်တော် ဘယ်တော့မှအကြွေးဆပ်လို့မရတော့ဘူး၊ သားမိုက်တယောက်အတွက် အဖေ့နောက်ဆုံးဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာ ခွင့်မလွှတ်ချင်လဲ ခွင့်လွှတ် ခွင့်လွှတ်ရင် ကျွန်တော်ကတော့ ခွင့်မလွှတ်ချင်ဘူး။ ကျွန်တော့် မျက်နှာက အပြုံးတချက် ကိုစောင့်ရင်းအဖေ အသက်ထွက်သွားတယ်၊ တွေ့ချင်နေပါတယ်ဆိုတဲ့ message တွေ အခါခါရလျက်နဲ့ ကျွန်တော့် အကြွေးသစ်တွေချနေရင်း အဖေ့ဆီကို မရောက်လာခဲ့ဘူး။ ကြားပါတယ်အဖေ၊ အဖေမျှော်နေတယ်ဆိုတာ၊ မနေရတော့မှန်းသိနေတာတောင် ကျွန်တော်ကမိုက်မဲစွာ အဖေ့လမ်းစဉ်လိုက် နေ့တိုင်းမိုက်နေတာဘဲ။ အဖေ့ကို သူတို့နိုင်သွားပြီ၊ နောက်ဆုံးခရီးအတွက် အရက်တလုံး၊ အဖေကြိုက်တဲ့ Denim spry၊ အခုတော့ ဝေးပြီးရင်းဝေးပြီ။ အရက်သောက်လို့ အသဲတွေတဖြုတ်ဖြုတ်မကြွေခင်ကတည်းက မိသားစုကြောင့် အဖေ့ ကြွေလွင့်နေမှုတွေကို ကျွန်တော် ခံစားမိပါတယ်။ တာဝန်မဲ့တဲ့ ဖခင်တယောက်လို့ ဘယ်တုန်းကမှ ကျွန်တော်မမြင်ပါဘူးအဖေ၊ [...]
စဉ်းစားမရတဲ့သစ်ပင်
အဲဒီကောင်းကင်ထဲမှာဘဲ အရောင်တွေကွဲနေခဲ့တာ၊အဖြူကဖြူ အပြာကပြာနဲ့၊ အပြောင်းအလဲများတဲ့ ကောင်းကင်တခုဘဲ။ ဒါပေမယ့် နေ့နဲ့ညက တော့ ပုံသေသတ်မှတ်၊ အလွမ်းနဲ့ ဘဲ ဇာတ်သိမ်းတတ်တဲ့ကောင်ပါ။ ချက်ချ မထားတဲ့ တံခါးတချပ်အတွက် တွန်းဖွင့်မဖြစ်ခဲ့တဲ့ လက်တစုံမှာ မာယာတွေတော့ မပါဘူး၊ အဖြူရောင်တခုကြောင့် ငါ့ကာလာတွေ စွန်းထင်းခဲ့ရပြီ။ ကွေ့ကောက်တတ်တဲ့ သစ်တပင်အတွက် ထန်းတောတွေရဲ့ သမိုင်းကို မေ့ လျော့ထားပေးခဲ့တယ်၊ မင်းဟာ မြစ်တစင်း မဟုတ်ဘူး၊ မင်းဟာ နွယ်ပင်မဟုတ်ဘူး— ဒါနဲ့ဘဲ အစစအရာရာဟာ မင်း ပြောတဲ့စကားနဲ့ အရာထင်ခဲ့တာ။ လူပြောများတဲ့ သီချင်းတပုဒ်အတွက် မယ်လိုဒီကောင်း ကောင်း မလိုဘူး၊ မိုက်ကယ်အိန်ဂျလို ရေးတဲ့ ပန်းချီကားမဟုတ်တဲ့ မင်းရဲ့ ခန်းနားမှုအတွက် ငါ့မှာ ပေးစရာ မျက်နှာကျက် နေရာများများစားစား မချန်ထားခဲ့မိဘူး။ ဒါပေမယ့် ပြတိုက်ထဲမှာ [...]
လပြည့်ကျော်ည
လွမ်းလို့သေတဲ့ သစ်ပင်မရှိပါဘူးကွာ မင်းမရှိလို့ မသင်းပျံနိုင်တဲ့ ပန်းတပွင့်အတွက် ငါ့ရဲ့မိုးရာသီဟာ နောက်ကျနေခဲ့ပါပြီ။ သက်ပြင်းတွေခဏခဏ ချတာတောင် အာရုံမတတ်နိုင်တဲ့ ညအတွက်တော့ ခေါက်ရိုးကြိုးအတွေးနဲ့ ဆင်ခြေတွေဘဲရရလာတယ် လပြည့်ကျော်တဲ့ ည အတွက် အချစ်ကခါး အရက်ကတော့ ချို နေတုန်းဘဲ။ ။
sunday nightmare
Sunday ရဲ့ နေလုံးပြောက်ချိန်မှာ စွန်းထင်းသွားတဲ့ ၀ိုင်နီနီအစက်အပျောက်တွေ ကိုသိတယ်၊ မော့ချလိုက်တဲ့ ဗျစ်ရည်တွေရဲ့စွမ်းပကားကိုသိတယ်၊ ကောင်မလေးတယောက်ကို သိတယ်။ လက်ကိုင်အိတ်မဲမဲ၊ ဘယာကြော်တထုတ် ၊ ၀မ်းနည်းမှုအချို့နဲ့၊ စကားလုံးရိုးရိုးများ၊ ဖြတ်သန်းစီးမြောသွားတဲ့ ထုံဝေေ၀ လှုပ်ခတ်မှုများ။ ပြီးတော့ ရွက်ဝါတွေကြွေကျသွားတယ်၊ ပဉ္စသိင်္ခ လက်ထဲက နတ်စောင်း ကြိုးတချောင်းပြတ်သွားတယ်၊ ဆူညံမှုတွေဖရိုဖရဲကြားမှာ တိတ်တိတ်ဆိတ်ဆိတ် just one minute , သေချာပါတယ်၊ လန့်မနိုးခင်အထိတော့ အိပ်မက် ……..။ ။
ညည်းတွားခြင်း
ကဗျာရေးလို့မရတဲ့အတွေးအခေါ်တွေနဲ့ ပြည့်ကြပ်ညက်နေတဲ့ လမ်းတခုပေါ်မှာ လျောက် အဟမ်း – အခုတော့ငါ မြောက်မရောက်တောင်မရောက်နဲ့။ သံယောဇဉ်က လူနာတင်ကားသြဥဆွဲသလို ညည်းငြူ ပြုံးပြ နှုတ်ဆက်တဲ့ ယဉ်ကျေးမှုတွေကိုတော့ လစ်လျှုရှုပစ်လို့မရပြန် အင်းလေ တယ်ခက်တဲ့ သဘာဝပေကိုး။ သီချင်းသံတချို့က စီးဆင်းတယ် ရေလိုဘဲ လေလိုဘဲ တွေတဲ့အပေါက်က ဆင်းတယ် စီးတယ် သံထည်တွေ ကျောက်တုံးတွေ နောက်တမျိုးနဲ့ အလိုက်အထိုက်မိုက် အား – – ဟစ်ဟော့တော့ငါမကြိုက်ပါဘူး။ ကော်နက်ရှင်ကိုပစ်ပေါက် ခွဲခြေနင်းခြွေ ငါ့ဘလောက်နဲ့ငါကတော့ တလူလူလွင့်တယ် အတွေးအခေါ်တွေကို ဘောင်ပိတ်ခတ်ကြည့်ချင်တယ် ဒါမှမဟုတ် ချောင်ပိတ်ရိုက်ခဲ့ချင်တယ် တခါးဆိုတာ ဖွင့်ထားတိုင်းကောင်းတာမဟုတ်ဘူး တူရင်လောက်ထရပ်က ပြောတယ် မကောင်းဘူးကောင်းတယ်ဆိုတာ ရှုမြင်သူပေါ်မှာသာ မူတည်တာတဲ့- – -။
ငါ့ဖိနပ်
ငါ့မှာ အောက်ခံပါးနေတဲ့ဖိနပ်တရံရှိတယ်၊ အဲဒီဖိနပ်နဲ့ ဖိတ်ဖိတ်တောက်ကော်ဇောတွေပေါ်နင်းဖြတ်ဖူးတယ်၊ အဲဒီဖိနပ်နဲ့ ပေရေညစ်ပတ်နေတဲ့ ရေအိမ်ထဲလဲ နင်းဖြတ်ဖူးတယ်။ အဲဒီဖိနပ်နဲ့ သာယာတဲ့နေ့တွေထဲ နင်းဖြတ်ဖူးတယ်။ နေပူပူထဲလဲ ဖြတ်လျောက်သွားဖူးတယ်။ အဲဒီဖိနပ်နဲ့ မိုးထဲရေထဲ အေးစက်စိုစို နင်းဖြတ်ဖူးတယ်။ ဘွတ်အိုင်တွေကြားလဲ နင်းဖြတ်သွားဖူးတယ်။ အဲဒီဖိနပ်နဲ့ ခြေတလှမ်းကို တစ်ပဲ နှုန်းလောက်တန်အောင် လျောက်သွားခဲ့တယ်။ အဲဒီဖိနပ်ကိုစီးပြီး စီးပွားရေးလုပ်တယ်၊ ဘာသာရေးလုပ်တယ်၊ လူမှုရေးလုပ်တယ်၊ ငါ့အကျိုးအတွက် ငါလုပ်တယ်၊ ဒီဖိနပ်ကတော့ ဒီဖိနပ်ပါဘဲ ခုထိတော့မပြောင်းလဲသေးဘူး။ ။
Don’t think
The Doctor’s note will be pretty? The city bus is so cool ! Acl 75% volume solution on whiskey, get the lucky draw ! Thank to you, plz buy for use it. Will be see the ash of mosquito killer coil ( Don’t wind don’t swim) Give that man the beer, The fresh water is [...]


Posted in
Tags: 







