Author Archive

Onda tablet

မနေ့က သားလေးဆော့ဖို့အတွက် tablet လေးတလုံးဝယ်ဖြစ်တယ်။ လွန်ခဲ့တဲ့ အပတ်ထည်းက T-land ဆိုင်မှာတွေ့ခဲ့တာ။ အဲဒီမှာတော့ အဲဒီပစ္စည်းလေးကို ၁၈၀၀၀၀ နဲ့ရောင်းတယ်။ ipad ၀ယ်ပေးဖို့ကျတော့လဲ မတတ်နိုင်ဘူး။ ဒီဘက်ခေတ်ကလေးတွေအဖို့တော့ကံကောင်းတယ်ဆိုရမှာဘဲ သူတို့မှာ အသိဥာဏ်တိုးတက်ဖို့အတွက် အထောက်အကူပစ္စည်းတွေက တမျိုးပြီးတမျိုးထွက်လာတယ်။ ဒါနဲ့ဘဲ Onda အမှတ်တံဆိပ် tablet လေးကို ကျွန်တော်ရှာဝယ်ခဲ့တယ်။ ဈေးကတော့ အပြင်မှာရောင်းတဲ့ ဈေးထက် သက် သာသွားတယ်။ မိတ်ဆွေတယောက်အဆက်အသွယ်နဲ့ပါ။ အပြင်ကထက် ၃ သောင်းလောက်သက်သာပါတယ်။ ဘူးအခွံအပြင်အဆင်ကလဲ သပ်ရပ်တယ်။ အပိုပစ္စည်းတွေအနေနဲ့ battery charger, USB cable 2 port , ear phone တို့ပါဝင်ပါတယ်။ China made ဖြစ်တာကြောင့် user manual မှတော့ တရုတ်လိုဘဲရေးထားပါတယ်။ [...]

အကြိုက်ဆုံးအင်တာဗျုးတခု

မြန်မာ ဘလောဂါ အသိုက်အ၀န်း၌ နာမည် ကျော်ကြားသူတစ်ဦးဖြစ်ခဲ့ပြီး ၂၀၀၈ခုနှစ်တွင် ပထမဆုံးထိမ်းသိမ်းခံခဲ့ရသည့် ဘလောဂါတစ်ဦး ဖြစ်ခဲ့သူ၊ အကျဉ်းကျနေစဉ်ကာလ ၂၀၀၈ခုနှစ်မှာပင် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့မှ ပေးအပ်သောဆုကို လူရွှင်တော် ဇာဂနာနှင့်အတူ ရရှိခဲ့ဖူးသူ၊ ၂၀၁၀ပြည့်နှစ်တွင် PEN American မှပေးသော ရွှေကလောင်ဆုနှင့် တိုင်းမ်မဂ္ဂဇင်းမှ ရွေးချယ်သည့် Hero 100 စာရင်းတွင် ပါဝင်ခဲ့သူ၊ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူ ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခဲ့ခြင်းအား ဖော်ပြအပ်ပါသည်။ ‘လွှတ်တော်ပြင်ပနိုင်ငံရေးဆိုတာ လမ်းပေါ်ထွက်တာကို ပြောတာမဟုတ်ပါဘူး’ ဘလောဂါ နေဘုန်းလတ်နှင့် တွေ့ဆုံခြင်း မေး – ၂၀၀၅ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာတဲ့ ဘလောဂါ [...]

Free NPL

Today is the big day! My friend Nay Phone Latt was release from prison now. He is the one famous Myanmar blogger, arrested since early 2008. And also many famous political prisoners were release today. Included 88 generation student leader Ko Min Ko Naing and former General Khin Nyunt. I was so happy. So thank [...]

လျှပ်စစ်ကား (၄)

လျှပ်စစ်နှင့်လောင်စာအားပြိုင်မှု Tesla Roadster ပြိုင်ကားများရဲ့ ကားဘီးကို ပလပ်ထိုးအသုံးပြုခြင်းသည် 280 W-h/mi ဖြစ်ပါတယ်။ မြောက် Californina ၏မြို့တွင်းရှိ PG8G လျှပ်စစ်ကုမ္ပဏီက လျှပ်စစ်ကားများကို ပြည်လည်လောင်စာ ဖြည့်ခြင်းနှင့် ၀ယ်ယူသုံးစွဲသူများက E9 နှုန်းသည် . . . ဖြစ်တယ်လို့ဆိုပါတယ်။ ၄င်းအချက်၂ ချက်ကိုပေါင်းစည်းခြင်းဖြင့် Tesla Roadstar ၏တစ်ရက်အတွက်မိုင်၄၀ ကို လျှပ်စစ်အား 11.2 kwh ဖြည့်တင်းရမှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ အားဖြည့်အကြိမ်ပေါ်မူတည်ပြီး US$0.56 မှ US$3.18 အတွင်းဖြစ်ပါတယ်။ အတွင်းပိုင်းလောင်ကျွမ်းယာဉ်များကို နှိုင်းယှဉ် ကြည့်ရာ ၄၀မိုင်အတွက် တွက်ချက်ရာမှာ 1US ဂါလံကို ၂၅ မိုင် စုစုပေါင်း US$4.80ကုန်ကျမည်ဖြစ်ပါတယ်။ Tesla Roadster လျှပ်စစ်ကားက 100km [...]

ယဉ်နဲ့လမ်း စည်းနဲ့ကမ်း

၁။ တနေ့က ဇ၀နစီးတီးမတ်ကနေ အိမ်ပြန်တော့ဆိုက်ကားငှားစီးလာတယ်။ လမ်းပြင်နေတော့လမ်းကြပ်နေတဲ့အခါ ဒီအစီအစဉ်က အမြန်ဆုံးအိမ်ရောက်တယ်။ လမ်းကောင်းသွားရင်တော့ ဇွတ်သရမ်းမောင်းနေတဲ့ ဘတ်စ်ကားတွေကြောင့်စီးရဲမှာမဟုတ်ဘူး။ ဒါနဲ့ နံပတ်ပြားမတပ်ထားတဲ့ မတ်တူးကားသစ်တစီးက လမ်းပြောင်းပြန်မောင်းလာပြီး ဆိုက်ကားနဲ့မျက်နှာခြင်းဆိုင် တော့ ဖယ်မပေးရကောင်းလားနဲ့ လမ်းကြပ်ကြပ်ကြီးထဲမှာကို ဆိုက်ကားသမားကို ဘုကြည့်ကြည့်သွားတယ်။ ဘယ်သူမှန်တာလဲ။ နံပတ်ပြားမတပ်ဘဲ ဒီယဉ်တွေဟာ အများသူငှာသွားလာတဲ့လမ်းတွေမှာ မောင်းနှင်ခွင့်ရှိနေသလား။ မတော်တဆ ယဉ်တိုက်မှုဖြစ်တဲ့အခါ ဘယ်လိုမှတ်သားအရေးယူနိုင်မလဲ။ ၂။ လျှပ်စစ်စက်ဘီးလိုလို ဆိုက်ကယ်လိုလိုဟာတွေ အများအပြားစီးနင်းလာကြတော့ အမှန်တကယ်မော်တော်ဆိုက်ကယ်တွေကလဲ ရောင်တော်ပြန်နဲ့ရောလွှတ်နေကြလို့ ညညဆို ဆိုက်ကယ် သံတွေနားမခံနိုင်ရတဲ့ကြား မနေ့ကဘဲ အဲဒီဆိုက်ကယ်နဲ့လျှပ်စစ်မျိုးမစစ်စက်ဘီးတစီး တိုက်မိကြရော၊ ဦးထုတ်တွေလဲမဆောင်းထားတော့ ထိပ်ပေါက်ခေါင်းကွဲနဲ့ မသေကုန် တာကံကောင်းတယ်။ ဘယ်သူကမှားတာလဲ။ လျှပ်စစ်စက်ဘီးဆိုက်ကယ်တွေက တရားဝင်စီးနင်းခွင့်ရှိသလား၊ သူလဲလူတွေကိုတိုက်မိတဲ့အခါ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေနိုင်ပါတယ်။ အဆိုးဆုံးကတော့ မောင်းနှင်ခွင့်မပြုထားတဲ့ ဆိုက်ကယ်တွေ မဆင်မချင် [...]

How we perform e-Government privacy?

We must think about many kinds of ICT Management standards and, their practically performance and thinking are come from studying the developing countries. So it is better as for our country. We can success the studying by going on the way “using from learning and learning from using “. Especially, a IT security system is [...]

လျှပ်စစ်ကား(၃)

ဈေးနှုန်းဟာ အဟန့်အတားဖြစ်စေသလား အတွင်းပိုင်းအင်ဂျင်လောင်ကျွမ်းယာဉ်များနှင့်ယှဉ်ခြင်း လျှပ်စစ်ယာဉ်များ၏အဓိက ပန်းတိုင်ကတော့ ၄င်းတို့၏ ကုန်ကျစရိတ်၊ ထုတ်လုပ်မှု၊ လုပ်ငန်းဆောင်ရွက်နိုင်မှု တို့ကိုအတွင်းပိုင်းလောင်ကျွမ်းကားများ၏ ယုံကြည်စိတ်ချရမှုနှင့် နှိုင်းယှဉ်ရာတွင် သာလွန်ကောင်းမွန်ရန်ဖြစ်ပါတယ်။ လျှပ်စစ်ကားများဟာ ယေဘူယျအားဖြင့် ဓါတ်ဆီကားများထက် ဈေးနှုန်းပိုမြင့်ပါတယ်။ အဓိကမူလ အကြောင်း ပြချက်မှာ မြင့်မားသော ကားဘတ္ထရီဈေးနှုန်းကြောင်းဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိသျှမှဝယ်ယူသူ များဟာ လျှပ်စစ်ကားများကို ဈေးနှုန်းပိုပေးချင်ပုံမရပါဘူး။ ၄င်းကတော့ ဓါတ်ဆီကားများမှာ လျှပ်စစ်ကားများသို့ပြောင်းလဲခြင်းကို တားမြစ်ရပ်တန့်စေခဲ့ပါတယ်။ Nielsen ၏ ငွေကြေးသတင်းစာမှာတော့ အမေရိကန်နိုင်ငံသား ၆၅%နှင့် ဗြိတိသျှနိုင်ငံသား ၇၆% တို့က ဓါတ်ဆီကားထက် လျှပ်စစ်ကားကို ဈေးနှုန်းပိုပေး၍၀ယ်ရန် ဆန္ဒမရှိကြောင်းဖော်ပြခဲ့ပါတယ်။ J.D Power and Associates ကလည်း ယာဉ်သုံးစွဲမှုဟာ ပတ်ဝန်းကျင်ထိန်းသိမ်းမှုနှင့် ဆက်နွယ်နေသော်လည်း အမေရိကန်ပြည်ထောင်စု အတွင်း ကားဝယ်သူဦးရေ၏ ၅၀ရာခိုင်နှုန်းဟာ [...]

Subject of E-government

Management is a work necessary for any organization. A family has domestic management and a person must also have management. But this management was a talent, exact and clear management laws and subjects were used according to the organizations after the Second World War. With knowing that we can be able to get more perfect [...]

လျှပ်စစ်ကား(၂)

၁၈၉၀ မှ ၁၉၀၀ – အစောပိုင်းကာလ အတွင်းပိုင်း လောင်ကျွမ်းအင်ဂျင် ထင်ပေါ်ကျော်ကြားမှုမရှိခင်ကတည်းက လျှပ်စစ်ကားများရဲ့ အမြန်နှုန်းနှင့် အကွာအဝေးကိုလည်း မှတ်သားထားခဲ့ကြပါတယ်။ မှတ်သားထားတဲ့ မြန်နှုန်းမှာ 100 km/h (62 mph) ဖြစ်ပြီး ၁၈၉၉ မှာ Camille Jenatzy ၏ Jamais Contente လို့ခေါ်တဲ့ ဒုံးကျည်သဏ္ဍန်ယာဉ်ဟာ အမြန်နှုန်းမြင့်မားသော 105.88 km/h (65.79 mph) အထိရှိခဲ့ပါတယ်။ ၁၉၂၀ မတိုင်ခင်မှာလည်း အရည်အသွေး ပြည့်ကားများ သုံးစွဲခြင်းတွင် လျှပ်စစ်မော်တော်ကားများက ရေနံဆီကားများနှင့် ယှဉ်ပြိုင်နေခဲ့ကြပါတယ်။ ၁၈၉၆ မှာ စွမ်းအင် ပြန်လည်ဖြည့်တင်းရာတွင် အခက်အခဲများကျော်လွှားနိုင်ရန် Hartford Electric Company က လျှပ်စစ်ကုန်တင်ကားများအတွက် ဘတ္ထရီလဲလှယ် အသုံးပြုနိုင်မည့် ၀န်ဆောင်မှုကို [...]

လျှပ်စစ်ကား(၁)

လျှပ်စစ်ကားဆိုတာ လျှပ်စစ်ကားတွေဟာ လျှပ်စစ်ယာဉ် electric vehicle(EV) တစ်မျိုးပဲဖြစ်ပါတယ်။ လျှပ်စစ်မော်တာကို အသုံးပြု၍ သွားလာနေသော မည်သည့်ယာဉ်ကိုမဆို လျှပ်စစ်ယာဉ်လို့ခေါ်ပါတယ်။ လျှပ်စစ်ကားကိုတော့ ယေဘူယျအားဖြင့် လျှပ်စစ် စွမ်းအင်ကို အသုံးပြု၍ လမ်းပေါ်မှာသွားလာနေတဲ့ မော်တော်ကားလို့ဆိုပါတယ်။ လျှပ်စစ်ကားများရဲ့ စွမ်းအင် အရင်းအမြစ် ဟာ အခကြေးငွေပေးဆောင်ရမည့် ဘတ္ထရီလို့မဖော်ပြထားပါဘူး။ အခြားသောစွမ်းအင်များကို အသုံးပြု၍ စွမ်းအင်ဖြည့်တင်းထားသော မော်တာများတပ်ဆင်ထားသည့် လျှပ်စစ်ကားများလည်း ရှိနေပါသေးတယ်။ ဥပမာအားဖြင့် နေရောင်ခြည်ဖြင့်စွမ်းအင်ဖြည့်နိုင်သော နေရောင်ခြည်သုံးကား ( solar car )၊ ဓါတ်ဆီသုံးမီးစက်များဖြင့် အားဖြည့်တင်းပေးနိုင်သော လျှပ်စစ်ကားများ ဖြစ်ပါတယ်။ အခေကြေးငွေပေးပြီး ဘတ္ထရီကားဖြည့်ကာ အသုံးပြုရသော လျှပ်စစ်ကားဆိုသည့် အသုံးအနှုန်းများ ရိုးစင်းပြီးရှင်းလင်းသော ဘတ္ထရီသုံး လျှပ်စစ်ကားလို့ ရည်ညွှန်းပါတယ်။ နောက်တနည်းပြောရရင် လျှပ်စစ်ကားဆိုတာ ဘတ္ထရီကို ပလပ်ထိုးကာအားဖြည့်ပြီး အသုံးပြုရတဲ့ [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice