Posts Tagged ‘knowing’

သိနေတယ်

ဒီနှစ်ပိုင်းတွေထဲမှာတော့ ကမ္ဘာ ပျက်တဲ့အကြောင်းက အတော်လေး ရေပန်းစားနေတာကိုး။ သင်္ကြန်ပြီးခါစကကြည့်ပြီးသားဖြစ်ပေမယ့် ဒီဘလောက်ပေါ် မတင်ဖြစ်သေးတဲ့ နောက်ဇာတ်လမ်းတခုကတော့ Kmowing ပါ။ Nicolas Cage ပါဝင်ပြီး အဓိက သရုပ်ဆောင်ထားတဲ့ ဒီကားလေးလဲ ကြည့်လို့ကောင်းပါတယ်။ တကမ္ဘာလုံး ပျက်စီးခဲ့ပေမယ့် လက်ရွေးစင် လူငယ်တွေကို တခြား ကမ္ဘာတခုက သီးသန့် လာရောက်ခေါ်ဆောင်သွားတာနဲ့အဆုံးသတ်ထားပါတယ်။ ကမ္ဘာပေါ်မှာ ဖြစ်ပေါ်လာမည့် အဖြစ်အပျက်တွေကို ကြိုတင်သိရှိနေတဲ့ ကလေးမလေးတဦးကနေ ဇာတ်လမ်းစထားပါတယ်။ မကြည့်ရသေးရင် တော့ ကြည့်လိုက်ဖို့တိုက်တွန်းပါတယ်။ ကြည့်ပြီးသားသူတွေကတော့ 2012 ကိုဘဲ အာရုံစိုက်မယ်ထင်ပါတယ်။ ဒါရိုက်တာ Alex Proyas ရိုက်ကူးထားပြီး ၂၀၀၉ ခုနှစ် မတ်လ မှာ ရုံတင်ပြသခဲ့ပါတယ်။ ဒီဇာတ်လမ်းရဲ့မူရင်း ဆိုက်ကတော့ http://knowing-themovie.com/ ဖြစ်ပါတယ်။

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice