Posts Tagged ‘Birthday’

မဟာဝန်ရှင်တော်မင်းကြီးနှင့်ကျွနုပ်

ဧပြီ ၈ ရက်နေ့က ကျွန်တော့်မွေးနေ့လေ။ မွေးနေ့ပွဲတွေကို အမြဲမှန်မှန်တော့မလုပ်နိုင်ပေမယ့် ဒီနှစ်တော့ လုပ်ဖြစ်ခဲ့တယ်။ မနှစ်ကတော့မလုပ်ဖြစ်ဘူး။ အမေ့ကို မနှစ်က သွားကတော့ခဲ့ပေမယ့် ဒီနှစ် မသွား ဖြစ်ဘူး။ တကယ်က မွေးနေ့ဆိုတာ အမေက သေမင်းနဲ့စစ်ခင်းပြီး ကျွန်တော့်ကိုလူ့လောကထဲ ချောမွေ့စွာရောက်ရှိလာဖို့ တိုက်ပွဲဝင်တဲ့နေ့ဖြစ်တယ်။ တကယ်ဆို မွေးနေ့တွေဆိုတာ အမေ့ကို မှတ်မှတ်ရရ ဂုဏ်ပြုထိုက်တဲ့ နေ့ပါဘဲ။
သူငယ်ချင်းတွေကို ဧပြီဖွားတွေဖြစ်တဲ့ ကျွန်တော်၊ အူးဖိနဲ့ ကိုကိုရဲတို့သုံးယောက်ပေါင်းပြီး ပွဲလေးကျင်းပပေးခဲ့ချင်ပေမယ့် ကိုကိုရဲကလဲမန်စီကပြန်မလာ၊ အူးဖိကလဲတောင်ကြီးသွားမှာမို့ တကိုယ်တော် ကျဲရမယ့်အနေအထားကိုရောက်သွားတယ်။ ပိုက်ဆံလဲမရှိတာနဲ့ လက်စွတ်ကလေးပေါင်ပြီး အခုပွဲလေးကို ကျင်းပလိုက်တယ်။
အာရကေမလန်းတော့ သင်္ကြန်နားနီး အရက်တွေဈေးတက်နေချိန်ဆိုတော့ အားလုံး၀၀လင်လင်သောက်ရအောင် မဟာဝန်ရှင်တော်မင်းကြီး ၂ လီတာကို ၀ယ်ခဲ့တယ်။ ဖိတ်စာထဲကအတိုင်း ဘိုဝ ကိုတော့ ဘီယာဘဲတိုက်လိုက်တယ်။ ကိုညင်းဆက်က [...]

happy birthday Toli

ကျွန်တော်တို့ကတော့ ၀က်ကောင်လေး၊ တိုလီ၊ စူပါဝက်ကောင် အဲဒီလိုခေါ်ပြီး ခင်မင်ရတဲ့ ညီလေးတယောက်လို ခင်တဲ့ မင်းယွန်းသစ်၊ ကဗျာတွေလဲရေးတယ်၊ စာတွေလဲရေးတယ်၊ ဘလောက်ရေး တဲ့ နေရာမှာလဲ အဆင်ပြေချောမွေ့အောင်တင်ဆက်နိုင်တယ်။ တခါတလေ စိတ်အခန့်မသင့်ရင် ပြောဆိုတာတွေကိုလဲ သည်းညည်းခံတတ်တယ်။ သူ့မှာ ကောင်းတဲ့အချက်တွေရောမကောင်းတဲ့ အချက် တွေရော ရောထွေးနေပေမယ့် ကျွန်တော်တို့နဲကအမြဲပူးပေါင်း ဆောင်ရွက်တတ်တယ်။ ဒီလို အင်္ဂါရပ်တွေနဲ့ ဘုန်းမြင့်ခိုင်ဆို တဲ့ တိုလီမုတ်စကောင်လေးတယောက် ဒီကနေ့မှာ လူ့လောကထဲ ရောက်လာ တာအချိန်တွေ ကြာခဲ့ပြီး ဆယ်စုနှစ် ၂ ခုကို အောင်မြင်စွာကျော်ဖြတ်လို့ ၄ နှစ်တောင်စွန်းသွားခဲ့ပြီ။ နောက်နှစ်တွေမှာလဲ ဒီလိုဘဲ သူခင်မင်တွယ်တာတဲ့ အနုပညာနဲ့ လူမှုရေးလုပ်ငန်းတွေကို ကျွန်တော် တို့ နဲ့ အမြဲလုပ်နိုင်ပြီး အောင်မြင်တဲ့ ဘ၀တခုကို ပျော်ရွှင်တဲ့မိသားစုနဲ့ ဖြတ်သန်းသွားနိုင်ပါစေ။
Little [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice