မနေ့က မြန်မာအိုင်စီတီပတ်ထဲမှာ ပြပွဲလုပ်နေတဲ့ မြန်မာကိုရီးယား အိုင်စီတီရှိုး ( Myanmar-Korea ICT Show) ကိုသွားတယ်။ ကိုရီးယား ပြခန်းတခုဘဲ တွေ့တယ်။ ကွန်ဖန့်ဟောမှာ တော့ဘာ တွေလုပ်တယ်မပြောတတ်ဘူး။ မအားတဲ့ကြားထဲက လာလိုက်တာဆိုတော့ မရောက်လိုက်တော့ဘူး။ ကျန်တဲ့ပြခန်းတွေကတော့ မြန်မာပြည်က ပြခန်းတွေဘဲ၊ သုံးရက်လုပ်မှာတဲ့ လာတဲ့လူကတော့ ခြောက်တီးခြောက်ကပ်ဘဲ။ သတင်းစာထဲမှာ ရေးထားတာတွေ့ တော့ Korea company တွေကလာပြတဲ့ နောက်ဆုံးပေါ်နည်းပညာတွေဆိုလို့လေ။
ဒီလိုဘဲ ဟိုနိုင်ငံက ပြပွဲ ဒီနိုင်ငံက ပြပွဲဆိုတာင်း ပြည်တွင်းလုပ်ငန်းတွေကလိုက်ပြရ၊ နောက်တော့ဘာမှလဲမဟုတ်၊ ဈေးရောင်းပွဲတွေကလဲ စိတ်စိတ်ကလေးနဲ့ ဒိတ်ဒိတ်ကျဲ ရောင်းချနေလိုက်တာ လိုက်ကို မမှီတော့ဘူး။ ပြည်တွင်းလုပ်ငန်းရှင်တွေလဲ ဖတ်ဖတ်မော၊ ကျွန်တော်တို့လို အိုင်စီတီ တိုးတက်ပြန့်ပွားရေးဟောပြောပွဲလေးတွေ လှုပ်ရှားမှုလေးတွေက ဒီပွဲတွေစိတ်နေတာနဲ့ လုပ်ငန်းရှင်တွေက ဘတ်ဂျက် တွေကြပ်နေတာနဲ့ ထောက်ပံ့မှုမပေးနိုင်။ [...]
Posts Tagged ‘ပွဲ’
Nobody, Nobody
အကုစတစ်နဲ့စက္ကုအညစ်
မနေ့က သုဝဏ္ဍအားကစားရုံ (၁) မှာ ဟစ်ဟော့အကော့စတစ် ပွဲကို သွားကြည့်တယ်။ ကျွန်တော်ရယ် ၀က်လေးမင်းယွန်းရယ်၊ ရောင်းသူနဲ့ နီညန်းရယ်။ ဟစ်ဟော့ကို ဝေဖန်တာတော့မဟုတ်ပေမယ့် ပွဲနဲ့ပတ်သတ်တာကိုဝေဖန်ချင်တာ။ အကော့စတစ်(ငယ်ငယ်ကတည်းကခေါ်နေတာ ဒီအသံထွက်ဘဲ) acoustic (အခုတော့ အကုစတစ်ဆိုလား) ပွဲလက်မှတ်က ၅၀၀၀တန်းနဲ့၇၀၀၀ တန်းရှိတယ်။ ပွဲအ၀င်လဲကျရော ၅၅၀၀ ဖြစ်သွားတယ်။ ထားလိုက်တော့ပေါ့။ ဒါနဲ့ နန်းညီက ရေတဘူးဝယ်လိုက်တယ်။ ခြေလှမ်းငါးလှမ်းလောက်လဲရောက်ရော အဲဒီ ရေဘူးကို ယူမရဘူးဆိုပြီး ၀င်ပေါက်မှာပြောတယ်။ ဒါဆို အစကတည်းက အိတ်နဲ့ထည့်ပေးဖို့ ပြောထားသင့်တာ။ ဒါနဲ့ အိတ်အပေါက်ထဲ ရေထည့်မရတာနဲ့ မကုန် ကုန်အောင် လေးယောက်သား ဇွတ် သောက်ပစ်လိုက်ရော။ ရုံထဲဝင်မယ်လဲဆိုတော့ ၀င်ပေါက်မှာ ၅၀၀၀ တန်းက ဒီဘက် ၇၀၀၀ တန်းက ဒီဘက်ဝင် ဆိုပြီးပြောပြန်ရော။ [...]
ပွဲဈေး
မီးခိုးနံ့ကတမျိုး၊ အကြော်ညော် နံ့က တမျိုးနဲ့ ရနံ့မျိုးစုံသင်းနေတဲ့ ဈေးတန်းထဲ လမ်းလျောက်လာခဲ့သည်။ ” ဒါကုန်ရင် ပြန်မှာ ဒါကုန်ရင်ပြန်မှာ လာထားနော် လာထား ကြိုက်တာ ကိုရွေးလိုက် ရွေးလိုက် ” အထည်သည်တဦးက သူ့အထည်ပုံ ကြီးကို လက်ညှိုးထိုးရင်း အော်ရောင်းနေသည်။ ဒီအထည်ပုံကြီးသည် တော်တော်နှင့် ကုန်မည်မထင် ဒါကြောင့် ဒါကုန် ရင် ပြန်မယ်ပြောသော ထိုဈေးသည်သည် တော်တော်နှင့် အိမ်မရောက်တော့ဟု တွေးရင်း ပြုံးမိသည်။ တနေရာရောက်တော့ တရှဲရှဲနှင့် လက်ကိုင် ဒယ်အိုးပြားကို မချီ တလှည့် လှည့်ချီ တခါ ဖြင့် ရေမုန့် လုပ်နေသည့်နားသို့ ရောက်လာသည်။ သူကတော့ တရှဲရှဲနှင့် တခုပြီးတခု လုပ်နေသည်။ ၀ယ်သူကားမတွေ့၊ သူ့ရှေ့တွင် ရှိသော ရေမုန့်များမှာ ကြွပ်ရွလွန်းအားကြီး၍ [...]
Jawaharlal Nehru
ဒီနေ့ India festival ရုပ်ရှင် ပွဲတော် ရန်ကုန်မှာ ရှိတယ်။ နေပြည်တော်ရုံမှာ ညနေ ၆ နာရီခွဲပွဲမှာ အန္ဒိယ ခေါင်းဆောင်ကြီး Jawaharlal Nehru ရဲ့ အကြောင်းကို ပြန်လည်ရိုက်ကူးထားတ Pandit Nehru ဆိုတဲ့ကား ပြလိမ့်မယ်။ အပြင်မှာလဲ ၀ယ်ရတာ မရသလို တရက်ထဲ ပြမယ့် အဲဒီကားကို ညနေသွားကြည့်ကြမယ် စိတ်ကူးတယ်။ စေတန်တို့ စည်သူတို့၊ တေဇာ၊ အီမိုတို့ ကိုတော့ချိန်းထားတယ်။ မသိ သေးတဲ့သူတွေရှိရင် အချိန်မှီကြည့်လို့ရအောင် သတင်းပေးလိုက်တာပါ။
ဂျဝါဟလာနေရူးဟာ အန္ဒိယနိုင်ငံရဲ့ ပထမဆုံးသော ၀န်ကြီးချုပ်ဖြစ်ခဲ့ပြီး အကြမ်းမဖက် ၀ါဒ လမ်းပြရှေ့ဆောင် မဟတ္တမ ဂန္ဒီ ကြီး ကို အင်မတန်လေးစားအားကျခဲ့တဲ့ သူဖြစ်ပါတယ်။ ကွယ်လွန်သွားတဲ့ ရာဂျစ် ဂန္ဒီရဲ့ ဖခင်ဖြစ်ပြီး [...]
ကျိုက္ကဆံ ဘုရားပွဲ
ဒီနေ့တော့ စတင်နေပြီ ဖြစ်တဲ့ ကျိက္ကဆံဘုရားပွဲကိုရောက်ဖြစ်တယ်။ နောက်ရက်တော့ မကြည့်တာကြာပြီဖြစ်တဲ့ မြန်မာ့ ဇာတ်သဘင် တခု ကိုအားပေးမယ် စိတ်ကူးထားတယ်။ လောလောဆည်တော့ ပုံလေးတွေ ကြည့်ရအောင် ရိုက်လာခဲ့တယ်။
ဘုရားက ထီးတော်ပြန်တင်မှာ ဖြစ်ပါတယ်။ နာဂစ် ဒဏ်ကြောင့် ထီးတော်ကြီး တိမ်းညွှတ်သွားခဲ့ပါတယ်။ အဲဒီအကြောင်း သပ် သပ် ထပ်ရေးပါဦးမယ်။
ကဲ ပျော်ပျော်ပါးပါးပေါ့နော်။ နောက်ရက်တွေ ဆက်တင်ပေးဦးမယ်။ ခုတော့မိုးချုပ်နေလို့ ပြန်တော့မယ်ဗျို့


Posted in
Tags:








