Posts Tagged ‘ကဗျာ’

စဉ်းစားမရတဲ့သစ်ပင်

အဲဒီကောင်းကင်ထဲမှာဘဲ အရောင်တွေကွဲနေခဲ့တာ၊အဖြူကဖြူ အပြာကပြာနဲ့၊  အပြောင်းအလဲများတဲ့ ကောင်းကင်တခုဘဲ။
ဒါပေမယ့် နေ့နဲ့ညက တော့ ပုံသေသတ်မှတ်၊ အလွမ်းနဲ့ ဘဲ ဇာတ်သိမ်းတတ်တဲ့ကောင်ပါ။
ချက်ချ မထားတဲ့ တံခါးတချပ်အတွက် တွန်းဖွင့်မဖြစ်ခဲ့တဲ့ လက်တစုံမှာ မာယာတွေတော့ မပါဘူး၊ အဖြူရောင်တခုကြောင့် ငါ့ကာလာတွေ စွန်းထင်းခဲ့ရပြီ။
ကွေ့ကောက်တတ်တဲ့ သစ်တပင်အတွက် ထန်းတောတွေရဲ့ သမိုင်းကို မေ့ လျော့ထားပေးခဲ့တယ်၊ မင်းဟာ မြစ်တစင်း မဟုတ်ဘူး၊ မင်းဟာ နွယ်ပင်မဟုတ်ဘူး— ဒါနဲ့ဘဲ အစစအရာရာဟာ မင်း ပြောတဲ့စကားနဲ့ အရာထင်ခဲ့တာ။
လူပြောများတဲ့ သီချင်းတပုဒ်အတွက် မယ်လိုဒီကောင်း ကောင်း မလိုဘူး၊ မိုက်ကယ်အိန်ဂျလို ရေးတဲ့ ပန်းချီကားမဟုတ်တဲ့ မင်းရဲ့ ခန်းနားမှုအတွက် ငါ့မှာ ပေးစရာ မျက်နှာကျက် နေရာများများစားစား မချန်ထားခဲ့မိဘူး။
ဒါပေမယ့် ပြတိုက်ထဲမှာ အလှပြသိမ်းထား ဖို့အတွက် မူးစုပဲစု စုထားတဲ့မေတ္တာ တခုအတွက် [...]

sunday nightmare

Sunday ရဲ့ နေလုံးပြောက်ချိန်မှာ
စွန်းထင်းသွားတဲ့ ၀ိုင်နီနီအစက်အပျောက်တွေ ကိုသိတယ်၊
မော့ချလိုက်တဲ့ ဗျစ်ရည်တွေရဲ့စွမ်းပကားကိုသိတယ်၊
ကောင်မလေးတယောက်ကို သိတယ်။
လက်ကိုင်အိတ်မဲမဲ၊ ဘယာကြော်တထုတ် ၊
ဝမ်းနည်းမှုအချို့နဲ့၊ စကားလုံးရိုးရိုးများ၊
ဖြတ်သန်းစီးမြောသွားတဲ့ ထုံဝေေ၀ လှုပ်ခတ်မှုများ။
ပြီးတော့
ရွက်ဝါတွေကြွေကျသွားတယ်၊
ပဉ္စသိင်္ခ လက်ထဲက နတ်စောင်း
ကြိုးတချောင်းပြတ်သွားတယ်၊
ဆူညံမှုတွေဖရိုဖရဲကြားမှာ တိတ်တိတ်ဆိတ်ဆိတ်
just one minute ,
သေချာပါတယ်၊
လန့်မနိုးခင်အထိတော့ အိပ်မက် ……..။ ။

ခရီး

တလှေတည်းစီး တခရီးထဲသွား
ငါတို့တူတူခတ်လှော်
ဟိုးအဝေးကို လှမ်းမျှော်ကြည့်တယ်။
တက်ကျိုးရင် လက်ထိုးလှော်မယ်
လှေခွက်ချည်းကျန် အလံမလဲတဲ့
တင်းထားလိုက် ဒို့စိတ်တွေ။
တက်မပါ လက်ဗလာနဲ့
တွေ့ကြုံ တဲ့အခါ
အရိုးတွေနဲ့ထူစိုက်
ငါတို့အရေနဲ့ လွှင့်လိုက်မယ်ရွက်တွေ
လှိုင်းထန်လေ မှိုင်းဝေပြန်တဲ့ ညမှာ။ ။
(စီပွားရေးနဲ့နည်းပညာ ပေါင်းစပ်မရတဲ့ အချိန်တွေ အတွက် အမှတ်တရ)

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice