National Costume Compitition 2017

မနေ့က Miss Universe Myanmar ကကျင်းပတဲ့ National Costume Competition 2017 ပွဲကို ရောက် ခဲ့တယ်။ Gandamar Ball Room မှာပြုလုပ်တဲ့ ဒီပွဲမှာ ပွဲစချိန် နဲနဲနေက်ကျသွားတယ်။ ဒါပေမယ့် မနေ့က ကြည့်ဖြစ်တဲ့ ဒီဇိုင်းတွေက တော်တော်လေး အားထုတ်ပြင်ဆင်ထားတာတွေ့တော့သဘောကျသွားတယ်။

အထူးသဖြင့် ဦးပိန်တံတားကို ပြင်ဆင်ထားတဲ့ ချုပ်လုပ်မှုမှာ ရွှေခြည်ထိုးတဲ့ ပညာရပ်ကို တော်တော်လေး အသုံးကျအောင် ထည့်သုံးလိုက်တာ၊ ခေါင်းပေါ်မှာလဲ တံတားထိုးပြီး အခုလို ဖြန့်ချလိုက်ချိန်မှာ ၀တ်စုံ ၀တ် ထားတဲ့သူနဲ့ တော်တော်လေး လိုက်ဖက်တဲ့ အပြင်အဆင်လေးတစ်ခုဖြစ်သွားတယ်


ရန်ကုန်ကိုယ်စားပြုတဲ့ ကရ၀ိတ်နတ်သမီးဒီဇိုင်းနဲ့


အခန်းအနားတင်ဆက်သူ အေးချမ်းမိုးလဲတော်တော်လေး မောသွားလောက်တယ်။

ဒေသဆိုင်ရာ အနုပညာထွက်ကုန် တွေကို အဓိကထားပြီး သရုပ်ဖော်ထားတဲ့ အဆင်အပြင်တွေက ဆန်းပြားပီး ပုသိမ်ထီး ဒီဇိုင်း (နံပတ် ၁၄) ကလဲ ဆွဲဆောင်မှု ရှိတယ်။  လမ်းလျောက်ရတာတော့ တောင့် တာပေါ့။ ဒီလိုဘဲ အလှမယ်တွေရဲ့ အမှတ်တရ လက်မှုပစ္စည်းတွေကို လေလံပစ်ခဲ့ပြီး ဒီကရရှိငွေတွေကို လှုတန်းသွားမှာဖြစ်တယ်လို့သိရတယ်။ ကိုလဲ ဗိုက်ဆာနေတော့ ပွဲပြီးတဲအထိမနေဖြစ်ခဲ့ဘူး။
နောက်ခံပုသိမ်ထီးနဲ့ လှနေတဲ့ နံပတ် ၁၄

 

ပလောင်- ထုဆစ်ထားတဲ့လက်ယာသေသပ်တယ်

ရှမ်း မဟာဒေ၀ီတို့ရဲ့ လက်ဝတ်ရတနာ သေတ္တာ

ပုံပြင်လေးကို ပုံဖော်ထားချက်က မိုက်တယ်။






0 comments: