မနေ့က Miss Universe Myanmar ကကျင်းပတဲ့ National Costume Competition 2017 ပွဲကို ရောက် ခဲ့တယ်။ Gandamar Ball Room မှာပြုလုပ်တဲ့ ဒီပွဲမှာ ပွဲစချိန် နဲနဲနေက်ကျသွားတယ်။ ဒါပေမယ့် မနေ့က ကြည့်ဖြစ်တဲ့ ဒီဇိုင်းတွေက တော်တော်လေး အားထုတ်ပြင်ဆင်ထားတာတွေ့တော့သဘောကျသွားတယ်။

အထူးသဖြင့် ဦးပိန်တံတားကို ပြင်ဆင်ထားတဲ့ ချုပ်လုပ်မှုမှာ ရွှေခြည်ထိုးတဲ့ ပညာရပ်ကို တော်တော်လေး အသုံးကျအောင် ထည့်သုံးလိုက်တာ၊ ခေါင်းပေါ်မှာလဲ တံတားထိုးပြီး အခုလို ဖြန့်ချလိုက်ချိန်မှာ ၀တ်စုံ ၀တ် ထားတဲ့သူနဲ့ တော်တော်လေး လိုက်ဖက်တဲ့ အပြင်အဆင်လေးတစ်ခုဖြစ်သွားတယ်


ရန်ကုန်ကိုယ်စားပြုတဲ့ ကရ၀ိတ်နတ်သမီးဒီဇိုင်းနဲ့


အခန်းအနားတင်ဆက်သူ အေးချမ်းမိုးလဲတော်တော်လေး မောသွားလောက်တယ်။

ဒေသဆိုင်ရာ အနုပညာထွက်ကုန် တွေကို အဓိကထားပြီး သရုပ်ဖော်ထားတဲ့ အဆင်အပြင်တွေက ဆန်းပြားပီး ပုသိမ်ထီး ဒီဇိုင်း (နံပတ် ၁၄) ကလဲ ဆွဲဆောင်မှု ရှိတယ်။  လမ်းလျောက်ရတာတော့ တောင့် တာပေါ့။ ဒီလိုဘဲ အလှမယ်တွေရဲ့ အမှတ်တရ လက်မှုပစ္စည်းတွေကို လေလံပစ်ခဲ့ပြီး ဒီကရရှိငွေတွေကို လှုတန်းသွားမှာဖြစ်တယ်လို့သိရတယ်။ ကိုလဲ ဗိုက်ဆာနေတော့ ပွဲပြီးတဲအထိမနေဖြစ်ခဲ့ဘူး။
နောက်ခံပုသိမ်ထီးနဲ့ လှနေတဲ့ နံပတ် ၁၄

 

ပလောင်- ထုဆစ်ထားတဲ့လက်ယာသေသပ်တယ်

ရှမ်း မဟာဒေ၀ီတို့ရဲ့ လက်ဝတ်ရတနာ သေတ္တာ

ပုံပြင်လေးကို ပုံဖော်ထားချက်က မိုက်တယ်။






မနေ့က ၉ ရက်နေ့ စက်တင်ဘာ ၂၀၁၆ မှာ MPT ကနေပြီး သူ့ရဲ့ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ လက်ကိုင်ဖုံးတွေ ထုတ်လုပ် တဲ့အကြောင်း မိတ်ဆက်ခဲ့တယ်။ M40 နဲ့ M50 မော်ဒယ်နှစ်မျိုးနဲ့ထွက်ရှိလာတဲ့ စမတ်ဖုံးတွေ ဖြစ်ပြီး ကျွန်တော့်ကို စမ်း သပ်သုံးစွဲဖို့အတွက် M50 တစ်လုံးလက်ဆောင်ပေးလာတယ်။ တကယ်က တယ်လီကွန်းအော်ပရေတာ တွေအနေနဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ ဟန်းဆက်ထုတ်တာတွေ ဒါမှမဟုတ် နာမည်ရှိပြီးသား ဟန်းဆက်တစ်ခုခုရဲ့ မော်ဒယ်တစ်ခုခု မှာ သူ့အမှတ်တံဆိပ်နဲ့သီးသန့်ထုတ်လုပ်ရောင်းချတာတွေကို လုပ်လေ့လုပ်ထ ရှိပါတယ်။ မြန်မာပြည်မှာတော့ ဒီကိစ္စက နဲနဲလေးစိန်ခေါ်ချက်တွေ ရှိနေပါသေးတယ်။ အထူးသဖြင့် အကဲဆတ်တဲ့ပုရိတ်သတ်အတွက် အကြိုက်တွေ့စေမယ့် ပစ္စည်း တစ်ခုကို တီထွင်ဖန်တီးဖို့က အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒီတော့ ကျွန်တော်စမ်းသုံးကြည့်မိတဲ့ M50 လေး အကြောင်းကို မိတ်ဆက်ပေးချင်ပါတယ်။ ကိုယ်တိုင်သုံးစွဲကြည့်ပြီးမှ ပြောတာ ဒါက စမတ်ဖုံးသုံးစွဲမှုမှာ တိုးတက်မှုအမြန်ဆုံးဖြစ်လာတဲ့ မြန်မာတွေအတွက် အကြိုက်တွေ့စေမလားဆိုတာ ကြည့်ရအောင်ပါ။ 



၁။ ဒီဇိုင်း၊ ထုတ်ပိုးမှု နှင့် မျက်နှာပြင်အရည်အသွေး

ဒီဇိုင်းအနေအထားကတော့ နောက်ပိုင်း တယ်လီဖုန်းထုတ်လုပ်သူတော်တော်များများက ဆင်တူလေးတွေ လိုက်ထုတ်လာ ပြီး လူတွေလဲ သဘောကျနှစ်သက်တဲ့ Apple ရဲ့ iphone ဒီဇိုင်းကိုအခြေခံထားတာတွေ့ရပါတယ်။ သူ့ရဲ့မျက်နှာပြင်က ၅ လက်မရှိပြီး သေသပ်လှပတဲ့ အနေအထားတစ်ခုကိုပေးနိုင်တာတော့အသေအချာပါဘဲ။ curved ဒီဇိုင်းမျက်နှာပြင်ကွေး ကွေးလေးကို အနားသပ်ထားတဲ့အတွက် ထူးခြားတဲ့ အရည်အသွေးမြင့် ရုပ်ထွက်ကိုပြသပေးနိုင်တာတွေ့ပါတယ်။

ထုတ်ပိုးမှုပိုင်းသပ်ရပ်ကောင်းမွန်ပြီး မြင်တာနဲ့သဘောကျလောက်တဲ့ ထုတ်ပိုးမှုအဆင့်မှာရှိတယ်လို့ပြောနိုင်ပါတယ်။ မြန်မာ-အင်္ဂလိပ် နှစ်ဘာသာနဲ့အသုံးပြုနည်း လမ်းညွှန်စာအုပ်ပါလာတာကလဲ သုံးစွဲသူတွေကို လွယ်လင့်တစ်ကူ ဖြစ်အောင် အထောက်အကူပြုပါတယ်။ ပုံမှန်အတိုင်းဘဲ နားကြပ်၊ အားသွင်းကြိုးနဲ့ ချာဂျာတွေ အစုံအလင်ပါသလို ထူးခြားတာကတော့ စီလီကွန် ကာဗာတစ်ခု ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ ရှေ့ရော နောက်မှာပါ မှန်ကာဗာ အတွက် screen protector ကပ်ပြီးသားဖြစ်ပါတယ်။ နောက်ကျောဘက်ကို plastic glass နဲ့ဖန်တီးထားတဲ့အတွက် ကာဗာ ကပ်ထားတာ၊ စီလီကွန်အဖုံးတပ်ထားတာတွေက ဖုန်းရဲ့သစ်လွင်တောက်ပမှုကို ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။ သတ္ထု ကိုယ်ထည်ဘောင်တွေကြောင့် ကိုင်ရတာ သက်တောင့်သက်သာရှိသလို အလေးချိန်ကလည်း စီးစီးပိုင်ပိုင်ရှိလို့ မဆိုး ဘူးလို့ထင်ပါတယ်။ 

မျက်နာပြင်အရည်အသွေးပိုင်းကတော့ အတော်လေးကြည်လင်တောက်ပတဲ့အဆင့်မှာရှိပါတယ်။ နည်းပညာအရ အသေးစိတ်မပြောတော့ပေမယ့် ဈေးနှုန်းနဲ့အရည်အသွေးက အတော်လေးထိုက်တန်တဲ့ အဆင့်ရှိပါတယ်လို့ပြောချင်ပါတယ်။


၂။ စွမ်းဆောင်ရည်နှင့် ဘက္ထရီသက်တမ်း

Dual sim နဲ့ စွမ်းဆောင်ရည်ပိုင်းကတော့ Quad Core processor ထည့်သွင်းထားပြီး memory 1G, internal storage 8GB ရှိတာ ကြောင့်စွမ်းဆောင်ရည်ပိုင်းမှာ အသင့်အတင့်ကောင်းမွန်စွာသုံးနိုင်တာတွေ့ရပါတယ်။ ဒါပေမယ့် browsing လုပ်တဲ့အခါ မှာ တစ်ချက်တစ်ချက် ထောက်သွားတာတွေရှိတတ်ပါတယ်။ ဘက္ထရီသက်တမ်းအနေနဲ့ အင်တာနက်တောက်လျောက် ဖွင့်သုံးနေရင် ၈ နာရီလောက်သုံးလို့ရတာတွေ့ရပါတယ်။ နောက်ဆုံးအချက်က တောက်လျောက်အင်တာနက်သုံးနေပေ မယ့် အပူချိန်က ထင်သလောက်မြင့်တက်လာခြင်းမျိုးမရှိတာက သဘောကျစရာကောင်းပါတယ်။

၃။ user interface နှင့် ဘာသာစကား

မြန်မာဘာသာနဲ့အဆင်ပြေပြေသုံးစွဲနိုင်တယ်ဆိုပေမယ့် ဇော်ဂျီကိုအဓိက အခြေခံထားတာပါ။ User interface ကတော့ မြင်နေကြ ပုံစံမျိုးနဲ့ဖြစ်ပြီး အခုမှသုံးတဲ့ အသုံးပြုသူတွေအတွက် ဘာမှခက်ခဲစရာမရှိသလို Zapya, Facebook, MPT apps and playstore တို့လည်း တပါတည်း ထည့်သွင်းပေးထားတာကြောင့် လက်တင်သုံးလို့အဆင်ပြေသွားမှာပါ။ 

၎။ ကင်မရာနှင့်ရုပ်ထွက်အရည်အသွေး

ကင်မရာကို ရှေ့ 5Mpx, နောက် 8Mpx ဖြစ်လို့အရည်အသွေးကောင်းတဲ့ ပုံတွေရိုက်ကူးနိုင်မှာပါ။ flash လဲပါဝင်ပြီး ဖြစ်တဲ့ အတွက် မှောင်နေချိန်လဲ ရိုက်နိုင်ပါတယ်။ အလင်းရောင်ရှိတဲ့အချိန် ရိုက်တဲ့အခါ သိသိသာသာ ရုပ်ထွက် ပိုကောင်းတာတွေ့ပါတယ်။ တစ်ခုရှိတာက ဖုန်းကင်မရာဖြစ်တာကြေင့် zoom တွေ အများကြီးဆွဲရိုက်ရင် တော့ အရည်အသွေးကျ ဆင်းနိုင်တာမို့သတိထားသင့်ပါတယ်။ Video ကိုလည်း အမြင့်ဆုံး 1080 အထိရိုက်ကူးနိုင်ပါတယ်။ ဓါတ်ပုံရိုက်တဲ့အခါမှာလည်း အရည်အသွေးကို စိတ်ကြိုက်ရွေးရိုက်နိုင်သလို filter တွေ ပါဝင် တာကြောင့် ကိုယ်တိုင်စိတ်ကြိုက်ပြင်ဆင်ရိုက်ကူးနိုင်ပါလိမ့်မယ်။ စမ်းသပ်ရိုက်ကူးမှုအရတော့ color tone တွေ နဲနဲ များတာတွေ့ရပေမယ့် တန်းတူ အမျိုးအစား ဖုန်းကင်မရာများကို ယှဉ်နိုင်တဲ့အနေအထားရှိပါတယ်။


၅။ ထပ်ဆောင်းအပိုလက်ဆောင်များပါဝင်မှု

“M40 စမတ်ဖုန်းကို အသက်သာဆုံးဈေးနှုန်း ၃၂,၀၀၀ ကျပ်ဖြင့် လူတိုင်းဝယ်ယူအသုံးပြုနိုင်မည် ဖြစ်ပြီး M40 Handset ၀ယ်ယူသူများအတွက် MPT ဆင်းမ်ကတ်တစ်ကတ်နှင့် ဖုန်းဘီလ် အနည်းဆုံး ၁၀၀၀ ကျပ် ဖြည့်သွင်းရုံဖြင့် လစဉ်သုံးဒေတာအပိုဆု 777 MB ကို ၆ လစာ ရရှိနိုင်မည့် အစီအစဉ်များဖြင့်  လက်ဆောင်ပေးသွားမည်ဖြစ်သည်။ ပေါ့ပေါ့ပါးပါးဖြင့် မည်သူမဆိုအသုံးပြုနိုင်မည့် M40 မော်ဒယ် စမတ်ဖုန်းမှာ ဈေးနှုန်းအထူးသက်သာပြီး မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကိုလည်း လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ M40 သည် 4.0 WVGA touchscreen မျက်နှာပြင်နှင့် Quad Core 512 MB RAM ပါရှိသည့် စမတ်ဖုန်းအမျိုးအစားဖြစ်သည်။

M50 စမတ်ဖုန်းကို ၉၉,၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး MPT ဆင်းမ်ကတ်တစ်ကတ် (နံပါတ်အလှ) နှင့် ဖုန်းဘီလ်အနည်းဆုံး ၃၀၀၀ ကျပ် ဖြည့်သွင်းရုံဖြင့် လစဉ်သုံးဒေတာအပိုဆု 2.5GB ကို ၆ လစာ ရရှိမည်ဖြစ်သဖြင့် အင်တာနက်အသုံးပြုသူများအတွက် အဆင်ပြေစေမည့်အစီအစဉ်ကောင်းတစ်ခုလည်း ဖြစ်သည်။ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းအမျိုးအစားများကို ရှာဖွေနေသူများအတွက် အကောင်းဆုံးရွေးချယ်မှုမှာ M50 မော်ဒယ်ပင် ဖြစ်ပါလိမ့်မည်။ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းများနှင့် အွန်လိုင်းအသုံးပြုမှု များကိုလျင်မြန်စွာ ဆောင်ရွက်ပေးနိုင်သည့် အတွက် စီးပွားရေးလုပ်ငန်းစွမ်းဆောင်ရှင်များ၊ လူမှုကွန်ရက်မီဒီယာ အသုံးများသူများ အတွက် ပြီးပြည့်စုံသော ရွေးချယ်မှုဟုလည်းဆိုနိုင်ပါသည်။ M50 သည် ခန့်ငြားသေသပ်သော  ကိုယ်ထည်ဒီဇိုင်းကို ပိုင်ဆိုင်ထားသည့် ဖုန်းအမျိုးအစားဖြစ်သည်။ ဖုန်းမျက်နှာပြင်မှာ ၅ လက်မအကျယ်ရှိပြီး 2.5D Curved glass HD touchscreen display အမျိုးအစားဖြစ်သည်။”
လို့ MPT ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီ  ဖုန်းတွေကို MPT ဖုံးဆိုင်တွေနဲ့ Bestone ဖုန်းဆိုင်တွေမှာ ၀ယ်ယူ ရရှိနိုင်တော့မှာဖြစ်ပါတယ်။


၆။ အာမခံပါဝင်မှု နှင့် ၀န်ဆောင်မှု

စမတ်ဖုန်းနှစ်မျိုးလုံးအတွက် အာမခံ ၁ နှစ်ပါဝင်ပြီး ချို့ယွင်းပျက်ဆီးသွားသောဖုန်းများအတွက် ပြုပြင်ပေးနိုင်သော Service Center (၁၈) ခု နှင့် Service Centers များသို့ တာဝန်ယူပို့ဆောင်ပေးနိုင်သော Collection Points (၁၀၄) ခုတို့ကို နိုင်ငံအနှံ့ဖွင့်လှစ်ပေးထားပါတယ်။

၇။ သတိပြုရမယ့်အချက်များ

3G အင်တာနက်ကိုအသုံးပြုနိုင်ရန်အတွက် MPT ဆင်းကဒ်ကို SIM Slot1 နေရာ တွင်ထည့်သွင်းအသုံးပြုရပါမယ်။ slot one နေရာမှာ Micro Sim ကိုသုံးနိုင်ပြီး Slot two မှာတော့ Nano Sim ကိုထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။ ဒေတာအပိုဆုအတွက် MPT ၏ ဆွေသဟာအစီအစဉ်ကို ရယူထားရန်လည်း လိုအပ်ပါတယ်။ Slot one က အတွင်းဘက်ခြမ်း က မှာထည့်ရမယ်ဆိုတာလေးလဲ သတိထားပါ။ User guide မှာလည်း ပြထားပါတယ်။ Sim slot တွေကိုတော့ Iphone လိုဘဲ pin type key နဲ့ထုတ်သွင်းပြုလုပ်ရမှာဖြစ်လို့ pin key လေးတစ်ခုလည်း ဘူထဲမှာ ပါဝင်ပါတယ်။ ဒါလေး မပျောက်သွားဖို့သတိထားပါ။

ကဲ---ဒီလောက်ဆို ကျွန်တော်မိတ်ဆက်ပေးချင်တာလေး အတော်အတန်ပြည့်စုံမယ်လို့ထင်ပါတယ်။ ဒါပေမယ့် တစ်ချို့ လိုအပ်ချက်တွေလည်းရှိကောင်းရှိနိုင်ပါတယ်။ ဘယ်လိုဖြစ်ဖြစ်လို့ ကောင်းကြောင်းတွေချည်းဘဲပြောနေတယ်လို့ မေးရင် တော့ တစ်ခုပြောချင်ပါတယ်။ ဈေးနှုန်းနဲ့အရည်အသွေးကို ချိန်ညှိပြီးပြောတာပါ။

တကယ်တော့ နည်းပညာခေတ်မှာ digital ပစ္စည်းယဉ်ပါးမှုကလဲ အရမ်းအရေးကြီးပါတယ်။ ဒီပစ္စည်းတွေကို လွယ်လင့်တစ်ကူ လက်ထဲရောက်လာဖို့လိုအပ်ပါတယ်။ ဒါမှသာ digital ခေတ်ထဲစီးမြောဖို့အတွက် အနေအထားတစ်ရပ် ကိုဖန်တီးနိုင်ပါလိမ့်မယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍတွေက ဒီဆက်သွယ်ရေး တိုးတက်မှုအပေါ် မှီခိုလာပြီး သတင်အချက်အလက်ရရှိမှု နဲ့အင်တာနက်ကို သက်သက်သာသာသုံးစွဲနိုင်မှုတွေက နေ့စဉ်လူနေမှုဘ၀အပေါ် အများကြီး ရိုက်ခတ်လာနေ ပါပြီ။ မြန်မာလူထုအနေနဲ့ စွမ်းဆောင်ရည်ကောင်းမွန်ပြီးဈေးနှုန်းသင့်တင့်တဲ့ Digital ထုတ်ကုန် တွေကိုရွေးချယ်သုံးစွဲလာနိုင်တဲ့ အသိပညာလည်းမြင့်မားနေပါပြီ။ ဘယ်ဟာက ကောင်းတယ် မကောင်းဘူးဆိုတာ ကို အသိဆုံးက စားသုံးသူတွေဖြစ်ပါတယ်။ ဒါကြောင့် အခုထွက်ရှိလာတဲ့ MPT ရဲ့ ပထမဆုံးလည်း ဖြစ်တဲ့ ထုတ်ကုန်တွေက ဈေးကွက်ကိုအကြီးမားဆုံးပိုင်ဆိုင်ထားတဲ့ သူ့ရဲ့ စားသုံးသူတွေအတွက် အကောင်းဆုံးကြိုးစား ပေးထားတယ်လို့ထင် ပါတယ်။ ဒါကအရေးပါတဲ့ ခြေလှမ်းဖြစ်တာကြောင့် ဘယ်လိုဖြစ်ဖြစ် မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာဖို့အတွက် ဈေးနှုန်း သင့်တင့်သက်သာပြီး အရည်အသွေးကောင်းတဲ့ ပစ္စည်းကိုသုံးချင်တယ်ဆိုရင် MPT ရဲ့ M40 နဲ့ M50 Smartphone တွေကို ရွေးချယ်ဖို့အတွက် စဉ်းစားနိုင်အောင် သတင်းပေးလိုက်ပါတယ်။



 MPT’s M40 and M50 now available with special data quota promotion on offer for customers

MPT announce and introduce about their new products smartphone M40 and M50 today, held at Novotal Yangon September 9th 2016.

 

MPT, Myanmar’s leading telecommunications services provider, has launched two new affordable smartphones, the entry-level M40 and the premium-build M50, which will be available for purchase at MPT branded stores, Bestone outlets and other participating mobile shops with a special data quota promotion.

 

With every purchase of the M40 at a super low price of Ks. 32,000 - users will each receive an MPT SIM card and 777 MB of monthly bonus data for six months from their purchase. They just need to recharge Ks. 1,000 as their main balance to enjoy the bonus. For those searching for smartphone with affordable and convenient one, the M40 will be the choice. Almost anyone can enjoy access to mobile apps and connectivity with the entry-level quad core 512 MB RAM Android device featuring a 4.0 WVGA touchscreen display. 



The M50, available for Ks. 99,000, is perfect for heavy data users as it comes with a good number MPT SIM card and 2.5 GB of monthly bonus data for six months from the purchase. The minimum recharge for the M50 is Ks. 3,000 as the main balance for customers to receive the monthly data.
If it is a premium smartphone experience customers are after, the Android M50 is an excellent choice featuring an attractive multi touch 5-inch HD on-cell 2.5D curved glass touchscreen display. Running powerful quad core 1GB RAM processor, the stylish M50 is perfect for high-end business users or social media enthusiasts who want to speedily access their apps and online content. 



Both the devices each come with a one-year warranty and for the after sale service, there are 18 service centers and 104 collection points across the country. The silicon cover, screen protector and ear phone are included for extra benefit. The included bonus data is only provided for users on MPT’s Swe Thahar plan. To get better 3G data experience, MPT SIM must be inserted in SIM slot1.


Mr. Koichi Kawase, Chief Commercial Officer of MPT-KSGM Joint Operation said: “With our aim to drive mobile connectivity amongst Myanmar people, we have launched two affordable devices that suit different customer segments - the entry-level M40 smartphone and the M50 smartphone which delivers high performance for those wanting more. Owning a mobile device should be far more accessible for more people and we are pleased to be introducing these smartphones, which are available with a special data bonus promotion so customers can stay connected with their friends and family, and experience more on MPT’s nationwide data network.” 

Source by MPT facebook and PR team.