မလေးရှားနိုင်ငံမှာကျင်းပပြုလုပ်ခဲ့တဲ့ ASEAN media blogger hunt 2015 အတွေ့အကြုံတွေကို မျှဝေချင်ပါတယ်။ တကယ်တော့ ဒီအတွေ့အကြုံတွေက ဒေသတွင်းနိုင်ငံတွေက content creator တွေအနေနဲ့ ဘယ်လောက် တိုးတက် နေပြီဆိုတာနဲ့ စီးပွားရေးလုပ်ငန်းတွေ၊ အရောင်းမြှင့်တင်ရေးနဲ့ဖောက်သည်အသစ်တွေရှာဖွေခြင်း၊ ပေးလိုတဲ့ သတင်းစ ကားတွေကို ထိထိရောက်ရောက် ပေးပို့နိုင်ဖို့Platform  စတဲ့နေရာတွေမှာ ဒီလို content creator တွေကို စိတ်ဝင် စားမှုမြင့်တက်နေတယ်ဆိုတဲ့ အကြောင်းနဲ့ စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ပြိုင်ပွဲတွေနဲ့ခရီးသွားအတွေ့အကြုံတွေကို ကျွန်တော်တို့ရဲ့မျိုးဆက်သစ်တွေကို လက်ဆင့်ကမ်းချင်တဲ့ ဆန္ဒကြောင့်ဖြစ်ပါတယ်။


တကယ်တော့ Content creator ဆိုတာနဲ့ Commercial အတွက်ဆိုရင် blogger တွေကတော့ ဒေသတွင်း နဲ့နိုင်ငံတစ်ကာမှာ အဓိကထားတဲ့ပစ် မှတ်တစ်ခုဖြစ်ပါတယ်။ သို့ပေမယ့် မီဒီယာသမားတွေ အပါအ၀င် တခြားသော platform တွေကတဆင့် လူထုကို သတင်း စကားတွေပေးနေတဲ့ သူတွေလည်း အကျုံးဝင်နေပါတယ်။ ဒါကြောင့် သင်လည်း content creator တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ 

Welcome Dinner 


အခုကျင်းပတဲ့ ပွဲမှာ မြန်မာပြည်ကိုယ်စားပြု ၄ ယောက်တက်ရောက်ခဲ့ကြပြီး တက်ရောက်သူ အားလုံးက သူ့နည်းသူ့ ဟန်နဲ့ content တွေကို ပြုလုပ်ဖန်တီးနေကြသူတွေဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။ ကျွန်တော်ကတော့ Myanmar Blogger Society ကိုယ်စား Blogger တစ်ယောက်အနေနဲ့တက်ရောက်ခဲ့ပြီး၊ Yangon Media မှ MD ဖြစ်သူ ကိုဇော်ဝင်းခိုင်၊ အားလုံးသိကြတဲ့ ရိုးရာလေး ၀က်ဆိုဒ်က ကိုကျော်လင်းနိုင်နဲ့ စွယ်စုံမီဒီယာက Chic Magazine ရဲ့ Chief Editor ဖြစ်သူ ဒေါက်တာနုမြတ်သိဂီဦးတို့ အတူတစ်ကွသွားရောက်ခဲ့တာဖြစ်ပါတယ်။

Myanmar Team with one of  their car for the road trip

ဒီအစီအစဉ်ကို မလေးရှားခရီးသွားလာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနက စီစဉ်တာဖြစ်ပြီး ကျွန်တော်တို့ခရီးစဉ်အတွက် အာဆီယံ ၁၀ နိုင်ငံမှ မီဒီယာသမားနဲ့ဘလောက်ဂါ ၄ ဦးကျစီ စုစုပေါင်း အယောက် ၄၀ ပါဝင်ကြပါတယ်။ အခုကျင်း ပတဲ့ အစီအစဉ်က Malaysia Mega Fun အစီအစဉ်ရဲ့အစိတ်အပိုင်းဖြစ်ပြီး တစ်နှစ်ပတ်လုံးကျင်းပပြုလုပ်နေတဲ့ လှုပ်ရှားမှုနဲ့ ပွဲတော်တွေထဲက တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အစီစအဉ်မှာ Sinawartra စီနာဝါထရာ ဆိုတဲ့ ခရီးသွားမြှင့်တင်ရေး ဖွင့်ပွဲတစ်ခုပါဝင်ပြီး ဒီလရဲ့အစီအစဉ်က နိုင်ငံပေါင်း ၁၈ နိုင်ငံက ကိုယ်စားလှည်ပေါင်း ၁၈၅ ယောက် ကို မတူညီတဲ့ ခရီးစဉ် ၁၄ ခုနဲ့ သွားရောက်လေ့လာစေတာဖြစ်ပါတယ်။ တခြားသော အစီအစဉ်တွေထဲမှာလည်း မြန်မာ ကိုယ်စားလှည်တွေပါဝင်တယ်လို့တော့သိရပေမယ့် ကျွန်တော်တို့မဆုံဖြစ်ခဲ့ပါဘူး။


Day one
ကျွန်တော်တို့ရန်ကုန်ကနေ ၁၆ ရက်နေ့အောက်တိုဘာ ၂၀၁၅ ခုနှစ် နံနက် ၈ နာရီ ၃၀ မှာထွက်တဲ့ အဲအေးရှားလေ ကြောင်းနဲ့ မလေးရှားနိုင်ငံ ကွာလာလန်ပူကို တိုက်ရိုက်ထွက်ခွာခဲ့ပါတယ်။ ရန်ကုန်လေဆိပ်မှာ တော့ ကျွန်တော်တို့ လူတွေ စုံအောင်စောင့်နေကြရလို့ လေယဉ်ချိန်မမှီမှာစိုးရိမ်မိခဲ့သလို ကျွန်တော်တို့ ၄ ယောက်ကလည်း အပြင်မှာ အကျွမ်းတ၀င်ရှိကြသူတွေ မဟုတ်ကြတဲ့အခါကျတော့ တစ်ယောက်ကိုတစ်ယောက်အားတုန့်အားနာနဲ့ဖြစ်နေကြ တာပေါ့။ နောက် မကြာခင်နာရီပိုင်းတွေမှာဘဲ ကျွန်တော်တို့အားလုံးဟာ One team, One rule, One unite ဖြစ်သွားကြတဲ့ အခါ မြန်မာစိတ်ရင်းဟာ အရေးကြီးတဲ့အခါသွေးနီးနေကြ လို့မှတ်ယူမိလိုက်ပါတယ်။ ခရီးစဉ်တစ်လျောက်လုံးမှာလည်း ကျွန်တော်တို့တတွေဟာ ညီအကိုမောင်နှမ စိတ်ဓါတ်နဲ့ တစ်ယောက်ကိုတစ်ယောက်ဖေးမပြီး တခြားအာဆီယံ နိုင်ငံတွေ နဲ့ ကောင်းကောင်းယဉ်ပြိုင်နိုင်ခဲ့တယ်ဆိုတာ တွေ့ရခဲ့ပါတယ်။


ဒါနဲ့ ကျွန်တော်တို့တွေ မလေးရှားနိုင်ငံ ကွာလာလန်ပူက KLIA 1 ကို ဒေသစံတော်ချိန် ၁၀ နာရီခွဲလောက်မှာ ရောက်သွား ခဲ့ပါတယ်။ လေယဉ်ပေါ်က နေဆင်းဆင်းချင်း ကျွန်တော်စမ်းကြည့်တာ ကျွန်တော့်မိုဘိုင်းဖုံးပါ။ ကျွန်တော့်ရဲ့ မိုဘိုင်းက MPT ကို အဒီကထားသုံးပါတယ်။ လေဆိပ်မှာ MPT roaming ကအဆင်သင့်ပွင့်နေပြီးပါပြီ။  

(Roaming service အသုံးပြုနိုင်ဖို့အတွက် လက်ရှိရောင်းနေတဲ့ MPT sim card တွေမှာ ဖွင့်ပေးထားပါတယ်။ pospaid အသုံးပြုတဲ့သူတွေ အနေနဲ့ လိုအပ်ပါက ထပ်မံလျောက် ထားဖို့လိုပါတယ်။ အခုအချိန်မှာ MPT အနေနဲ့ Prepaid ရော Pospaid ကိုပါ အသုံးပြုခွင့်ရှိနေပါတယ်။ ဒါကြောင့် Pospaid အသုံးပြုသူတွေအနေနဲ့MPT အရောင်းဆိုင်တွေကနေတဆင့် Roaming အသုံးပြုဖို့ဘယ်လိုလျောက် ထားရမယ်ဆိုတာ စုံစမ်းနိုင်ပါတယ်။ အသုံးပြုခတွေအနေနဲ့ အာဆီယံဒေသတွင်းနိုင်ငံတွေ အတွက် ကိုယ်ကနေ မြန်မာပြည်ကို ပြန်ခေါ်ရင် တစ်မိနစ် ၃၀၀၀ ကျပ်၊ မြန်မာပြည်က တစ်ယောက်ယောက်က ကိုယ့်ကို ခေါ်တာကို လက်ခံ နားထောင်ရင် တစ်မိနစ် ၁၂၀၀ ကျပ် ကျသင့်ပြီး၊ ကိုယ်ရောက်နေတဲ့ နိုင်ငံအတွင်းက သူကို ကိုယ်က ခေါ်မယ်ဆို တစ်မိနစ် ၁၂၀၀ ကျပ် နဲ့ တစ်ခြား အာဆီယံနိုင်ငံတွေကို ခေါ်မယ်ဆို တစ်မိနစ် ၄၀၀၀ ကျပ်ကျသင့်မှာဖြစ်ပါတယ်။ SMS နှုန်းထားကတော့ တစ်စောင် ၄၀၀ ကျပ်အဖြစ် မည်သည့် အာဆီယံ နိုင်ငံကိုမဆို သက်မှတ် ထားပါတယ်။ သက်ဆိုင်ရာ ချုပ်ဆိုထားတဲ့ အော်ပရေတာတွေ နဲ့သတ်မှတ်ထားတဲ့ နှုန်းထားများကြောင့် MPT အပါအ၀င် မြန်မာပြည်က တယ်လီကွန်း တွေရဲ့ oversea roaming fee တွေက အနိမ့်အမြင့်ကွာခြားချက်တွေ ရှိနိုင်ပါတယ်။ တချို့ဒေသတွေ အတွက် ဈေးများနေသလို တစ်ချို့နေရာတွေအတွက် ဈေးနှုန်းနည်းတကိုလည်း တွေ့နိုင်ပါတယ်။ MPT အနေနဲ့ ဘယ် အော်ပရေတာ တွေနဲ့ချိတ်ဆက်ထားတယ်ဆိုတာနဲ့ အသုံးပြုခ အချက်အလက်တွေကို http://www.mpt.com.mm/en/international-roaming/ မှာအသေးစိတ်ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် သယ်ဆောင်ရတာ အဆင်ပြေပြေဖြစ်နိုင်ဖို့မြန်မာပြည်ရဲ့အကြီးဆုံး ကွန်ယက်ဖြစ်တဲ့ MPT ကိုဘဲ ယုံယုံကြည်ကြည်နဲ့ ကျွန်တော်အသုံးပြုဖို့ရွေးချယ်လိုက်ပါတယ်။) 

 ဒါနဲ့ဘဲ ကျွန်တော် ပထမဦးဆုံးအကြိမ် ကျွန်တော့်အိမ်ကိုဖုံးလှမ်း ဆက်ကြည့်ပါတယ်။ ဒီကို ချောချောမောမောရောက်ပြီဆိုတဲ့အကြောင်းပေါ့။ ကြည်ကြည်လင်လင် ပြတ်ပြတ်သားသားနဲ့ ကျွန်တော်အသုံးပြုနိုင်ခဲ့ပါတယ်။ အိမ်ကသူတွေအတွက် အချိန်မရွေးအဆက်အသွယ်ရနေတယ်ဆိုတာ ကိုသိရတော့ အရင်လို စိတ်မပူတော့ဘူးပေါ့။ ဆက်သွယ်ရေးဆိုတာ ဒီနေ့ခေတ်မှာ အရမ်းအရေးကြီးတဲ့ မရှိမဖြစ်လိုအပ်တဲ့ အရာ ဖြစ်သလို ကျွန်တော်တို့လို အလုပ်တစ်ဖက်နဲ့ခရီးသွားနေသူတွေအတွက် ခရီးစဉ်အတွင်း အချိန်နှင့်အမျှ အရေးတစ်ကြီး ဆက်သွယ် နိုင်ဖို့က မိုဘိုင်းဖုံးတွေရဲ့ ၀န်ဆောင်မှုတွေနဲ့စွမ်းဆောင်မှုတွေက အထူးလိုအပ်ပါတယ်။ မြန်မာပြည်ရဲ့ ရှိထားသမျှ အော်ပရေတာတွေအကုန်ကို ကျွန်တော်သုံးပါတယ်။ ဒါပေမယ့် အလုပ်အတွက် ရော  ပါစင်နယ် အတွက်ပါ အဓိက ထားသုံးတာက MPT ဖြစ်လို့ ရန်ကုန် မှာရော နိုင်ငံခြားရောက်သွားတဲ့အခါမှာပါ ဒီနံပတ်ကိုဘဲ လူတွေက အဆက်အသွယ်များမယ်ဆိုတာကျွန်တော် သိပါတယ်။ ဒါကြောင့် ကျွန်တော် နိုင်ငံရပ်ခြားသွားတိုင်း MPT ဖုံးကိုသယ်ဆောင် အသုံးပြုလေ့ရှိပါတယ်။ တစ်ချိန်တုန်းကတော့ ဈေးနှုန်းကြီးမြင့်မှု့တွေကြောင့် ရတယ်မရဘူး ဆိုတဲ့ အခြားအခက်အခဲတွေကြောင့် နိုင်ငံခြားရောက်တိုင်း ကျွန်တော့်ရဲ့ sim card ကြီးကိုဖြုတ်၊ ဒေသဆိုင်ရာ sim တစ်ခုကို ပြောင်းထည့်နဲ့ Mocro sim, nano sim စတာတွေကြောင့် အလုပ်ရှုပ်သလို ကျွန်တော်ခရီးသွားနေစဉ်အတွင်း အင်တာနက်တစ်ခုတည်းကသာ ကျွန်တော့်ရဲ့ ဆက်သွယ်ရေးဆိုင်ရာ အားထားရတဲ့ channel ဖြစ်ခဲ့ပါတယ်။ အခုတော့ ဒီလိုလုပ်စရာမလိုတော့ဘူး။ ကျွန်တော့် နံပတ်က ဘယ်သွားသွား ကျွန်တော့်ရဲ့ဆက်သွယ်ရာ အဖြစ် အမြဲရှိနေနိုင်ခဲ့တယ်။ ဒါက စိတ်ကျေနပ်စရာ တစ်ခုလို့ဘဲကျွန်တော် ယူဆပါတယ်။ MPT ရဲ့ ၀န်ဆောင်မှုတွေ တိုးတက်လာတယ်ဆိုတာ ငြင်းလို့မရတော့တဲ့ အချက်တစ်ခုဖြစ်သလို ၀န်ဆောင်မှု ကောင်းလာတယ်ဆိုတာက သုံးစွဲသူတွေ အတွက်ကျေနပ်နှစ်သက်မှုဖြစ်စေမယ်လို့ထင်ပါတယ်။ တစ်ခု ရှိတာကတော့ မသွားခင်မှာ ဖုံးငွေများများဖြည့်သွားဖို့တော့ လိုအပ်မှာပါ။ ကျွန်တော်တော့ Oversea မှာ ငွေမဖြည့်ခဲ့ ပါဘူး။ သက်ဆိုင်ရာချိတ်ဆက်ထားတဲ့ operator ရဲ့ top up တွေနဲ့ဖြည့်သုံးလို့ရမရဆိုတာ ကျွန်တော်မသိပါဘူး။
ဖုံးဆက်ပြီးတဲ့နောက်အိတ်တွေရွေး၊ လ၀က ၀င်ပြီးတဲ့နောက် အထွက်မှာ ကျွန်တော်တို့ကို လာကြိုတဲ့သူနဲ့တွေ့ပါတယ်။ သူ့ကိုမေးပြီး အင်တာနက်သုံးဖို့အတွက် ဒေသဆိုင်ရာ မိုဘိုင်းအော်ပရေတာတစ်ခုကိုရွေးချယ်ဖို့ဖြစ်လာပါတယ်။ Digi အရောင်းဆိုင်မှာ သူက ကျွန်တော်တို့ကို ၀ယ်ယူအသုံးပြုနိုင်ဖို့လိုက်ပို့ပါတယ်။ ကျွန်တော့်ရဲ့နောက်ထပ် ဖုံးတစ်လုံး က S6egde+ ဖြစ်နေတော့ နာနိုဖြစ်အောင် သူတို့ဖြတ်ရပါသေးတယ်။ တခါတည်း မိုက်ခရို၊ တစ်ခါတည်းနာနို အဆင်သင့် မရှိပါဘူး။ digi card ကိုထည့်ပြီး အင်တာနက်အဓိကသုံးချင်တာကြောင့်နဲ့ MPT ကို data roaming သုံးလို့ရပေမယ့် မလိုအပ်ဘဲ ကုန်ကျမှုများသွားမှာဆိုးတာကြောင့် Digi ရဲ့ ဒေတာပလန် ဖြစ်တဲ့ ၂၆ရင်းဂစ်တန်တဲ့ ၁.၆ ဂစ်ကို တစ်ပတ်တစာ အသုံးပြုခွင့်ကိုဝယ်သုံးလိုက်ပါတယ်။ တကယ်တော့ Digi ဆိုတာ မြန်မာပြည်မှာတော့ Telenor ဖြစ်ပါတယ်။
ကျွန်တော်တို့ ဆက်သွယ်ရေးဆိုင်ရာလိုအပ်ချက်တွေ ဖြည့်တင်းပြီးနောက်မှာ ထိုင်းကလာတဲ့တစ်ဖွဲ့ကို စောင့်ပြီး လေဆိပ် ကနေ KL ကို ဆက်လက်ထွက်ခွာလာခဲ့ပါတယ်။ ထိုင်းကအဖွဲ့ထဲက ၂ ယောက်ကအရင်ရောက်လာတာဖြစ်ပြီး လမ်းသွားနေရင်းမှာဘဲ မိတ်ဆက်ကြ စကားပြောကြနဲ့ ကျွန်တော်တို့ရင်းနှီးသွားခဲ့ပါတယ်။ သတိထားမိတာက ထိုင်းက အာဆီယံထဲမှာ ကျွန်တော်တို့နဲ့ဘယ်သွားသွား အမြန်ဆုံးနီးစပ်ကြတဲ့ မိတ်ဆွေတွေဖြစ်ခဲ့တယ်ဆိုတာပါဘဲ။ မိနစ် ၄၀ လောက်အကြာမှာတော့ KL မြို့လည်ကိုရောက်လာခဲ့ပြီး မျှော်စင်ညီနောင်နဲ့ ကိုက် ၅၀၀ လောက်ဝေးတဲ့ Corus Hotel မှာ ကျွန်တော်တို့တည်းခိုဖို့လိုက်ပို့ပေးခဲ့ပါတယ်။ ဒီဟိုတယ် မှာဘဲ အာဆီယံ ၁၀ နိုင်ငံလုံးက တက်ရောက်သူတွေကို စုစည်းပေးထားပြီး နှစ်ညတာ တည်းခိုရမှာ ဖြစ်ပါတယ်။ ဒီကနေတဆင့် ပူထရာဂျာကို ဆက်လက်ထွက်ခွာကြမှဖြစ်ပါတယ်။
ရောက်တာနဲ့နေ့လည်စာစားချိန်ရောက်ပြီဖြစ်လို့ ကြိုဆိုဧည့်ခံရေးကပေးတဲ့ လက်ဆောင်တွေ ယူပြီး ကမန်းကတန်း နေ့လည်စာစား။ ကိုယ်ထင်တာက ရောက်တာနဲ့ ကားမောင်း၊ တစ်မြို့ပြီးတစ်မြိ့သွား၊ သူတို့ပြောထားတဲ့ Trusher hunt ၀င်ပြိုင်ကြမယ်ထင်ထားတော့ ဘောင်းဘီတိုတွေ တီရှပ်တွေဘဲ အများဆုံးပါတာကလား။ စပြောတုန်းက စီမင်နာတွေ တက်ဖို့ ညစာစားပွဲတွေတက်ဖို့ အတွက် Smart casual ware တွေ မပါလာတော့  ရှေ့နားက ကုန်တိုက်ကို ၁ နာရီခွဲလောက်အချိန်ရတာနဲ့ဝင်ပြီး လိုတာလေးတွေ လျောက်ဝယ်၊ ခဏနားပြီးတဲ့အခါညနေ မှာကျွန်တော်တို့ကို Lobby မှာစုစည်းပြီး Reception dinner အဖြစ် သွားရမယ့် D’saji KL ကိုသွားရောက်ဖို့ ဟိုတယ်မှာကားလာကြိုပါတယ်။ စထွက်တာ ညနေ ၆ နာရီဖြစ်ပေမယ့် ကားလမ်းတွေက ဆိုးဆိုးရွားရွား ပိတ်နေတာကြောင့် ၇ နာရီစမယ့် အစီအစဉ်က ၈ နာရီကျော်လောက်မှ စဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့လိုဘဲ မလေးရှား ခရီးသွားဝန်ကြီးဌာနက ညွန်ကြားရေးမှုလည်း နောက်ကျမှ ရှေ့ဆင့်နောက်ဆင့် ရောက်လာခဲ့ပါတယ်။

ခရီးသွားလာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှုးနဲ့ Barlli Barli တေးဂီတအဖွဲ့

ကျွန်တော်တို့ကို ညစာတည်ခင်းတဲ့ ဆိုင်ရဲ့အပြင်အဆင်က တကယ်ဘဲထူးခြားပါတယ်။ ကားရပ်နားဖို့ကားပါကင် ကျယ်ကျယ်ဝန်းဝန်းရှိပါတယ်။ ဒီလိုဘဲ KL မြို့ထဲမှာ ကားရပ်ဖို့နေရာတွေ တော်တော်များများ ဖန်တီးထားတတွေ့သလို မြို့ထဲမှာပါ ပန်းခြံတွေ သစ်ပင်ပန်းမံတွေနဲ့အုံ့ဆိုင်းနေအောင် လုပ်ထားတာတွေ့ရပါတယ်။ ပတ်ဝန်းကျင်က အနည်းငယ်မှောင်နေပေမယ့် ပီထရိုနတ်မျှော်စင်ကို ထင်ထင်ရှားရှား ကြည့်လို့မြင်နေရပါတယ်။ လွန်ခဲ့တဲ့နှစ်များထက် အခု ပိုပြီး စိမ်းလန်းလှပလာတာတွေ့ရပါတယ်။ အခုဆိုင်ရဲ့အပြင်အဆင်ကလည်း ရေကန်ပုံစံထဲမှာ အဆောက်အဦးတွေ ဆောက် ထားပြီး အလယ်မှာ ပြဇာတ်ခုံတစ်ခုကို ဟာလာဟင်းလင်း ဖြစ်အောင် တည်ဆောက်ထားတာကြောင့် ဘယ်နေရာကနေကြည့်ကြည့် ပြဇာတ်တွေ ကပြတင်ဆက်နေတာတွေကိုမြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့က သီးသန့် တစ်ဆောင်ဖြစ်ပြီး အထဲမှာလည်း စတိတ်ခုံတစ်ခုနဲ့ သီချင်းတွေ တင်ဆက်ဖျော်ဖြေနေတာပါ။ မှန်တွေကာထားတာ ကြောင့် အပြင်က အသုံတွေကို မကြားရဘဲ ကိုယ့်အဆောင်ထဲမှာသီးသန့်လိုဖြစ်နေပါတယ်။
ဒီမှာတင်ဆက်တဲ့ တေးသံရှင်အဖွဲ့က BaliBali လို့ခေါ်တဲ့ ဒေသတွင်းက ရှေးရိုးနာမည်ကြီး ဂီတအဖွဲ့ဖြစ်ပါတယ်။ သူတို့ ရဲ့ တင်ဆက်မှု့က စိတ်ဝင်စားစရာကောင်းပြီး ပျော်စရာလည်းကောင်းပါတယ်။ အထူးသဖြင့် ချုသံတွေကို တောင်ဝှေးလို တီထွင်ထားပြီး တီးခပ်ပြတဲ့ သူက တစ်ဖွဲ့လုံးမှာဆွဲဆောင်မှုဖြစ်နေပါတော့တယ်။
ညစာကတော့ ဒေသအစားအစာတွေ အဓိကထားပြီးတည်ခင်းပါတယ်။ ညစာစားပွဲအပြီးမှာတော့ ကျွန်တော်တို့တွေ တည်းခိုရာဟိုတယ်ကို ပြန်လည်ရောက်ရှိခဲ့ပြီး နောက်တစ်နေ့အစီအစဉ်တွေအတွက် ပြဆင်ရပါတော့တယ်။ နံနက် စောစော ထရမှာဖြစ်ပေမယ့် ညည့်လည်းအတော်နက်နေပါပြီ။ နောက်တစ်နေ့အစီအစဉ်တွေက မနားတန်း ရှိနေပြီး စိတ်လှုပ်ရှားစရာတွေကို သယ်ဆောင်လာမယ်ဆိုတာ ကျွန်တော်တို့မှန်းဆကြည့်လို့ရနေပါပြီ။
ဆက်ရန်……


I was attend to the Samsung Android mobile application training’s workshop section in 9 Oct 2015 at UCSY(University of Computer Studies, Yangon)campus. 

Samsung Myanmar always invited to me for share about our experience to next generation. That was an excellence programs to engagement with industry I guess.

At the workshop, my title is “What is your expectation”. I was focus to business thinking and recommend learn more about current situation of market, also trend. 

I am expected to their success story soon.

Photo credit by fb.com/tzarni




Yesterday, my comment applied in local favorite Myanmar Times journal. I was focus impact to advantage and disadvantage of social media using with election issue. Our country is growth mobile user a month by month. 

We have 25 million of mobile user; this is 47% of population, the 13.6 million are internet using with mobile, 25% of population, the facebook users 5.8 million/11% and 8.2 million users of Viber 15% of population also, said some research result. The verify user will be less than those account we believed. Our public is get online and they touched to tech and net with 3G without experience before. Majority are absolute believing to online news like god spell.

 Solve and verify must be knowledge foundation needed isn't it? Actually the don’t know about internet power of learning.  We need to do more.

So we might be careful to conflict and hate speech propagandas online also to care about responsible. Proximity rule of law and law enforcement concern should be this time. We have an experience of online shock, look back to 2012 Rakhine issue. 

I do not clear to believe this situation. Sensitive felling now I guess. I am worry about it.   









Ecommerce is on the rise in Myanmar. As the number of mobile users are increasing, so are the number of internet subscribers. This is because of the availability of 3G and LTE on smartphones, which is giving access to blazing fast internet to masses. This means that masses have access to internet, which companies can use to their advantage by promoting online shopping as well as getting direct feedback. This explains the rise of online marketplaces and the increased use of social media channels for customer engagement purposes.
Among the most frequently bought items online, mobile phones are leading the pack. This is the reason why many websites list mobile phones for sale. The trend of purchasing mobile online is increasing but there are many things you should take into consideration before purchasing. Here below are the 6 things to know before you shop mobile online in Myanmar:




Use Familiar and Authentic Websites
Whenever purchasing a mobile, it is important that you buy from a trustworthy marketplace which offers satisfactory customer support and prompt delivery of the product. Websites like myanmarblogshop, omyanmar, Kaymu and yangonbay have been around for a few years and have established a good reputation for online shopping for mobiles.
Take the seller’s reputation into account
Online marketplaces have a number of different sellers who sell the products at different prices. As a general rule, always opt for a seller who has strong repute and is well reviewed by hundreds of customers. This will ensure that your online shopping experience is enjoyable and safe.
Learn about the payment methods
A lot of websites offer services like Cash On Delivery for the ease of customers. There are many others who don’t. Before buying online, always look at the payment methods and see if they are convenient or not. Credit card payments are a good option if the seller is trusted.
Don’t disclose all information
No shopping website will ask for your personal details like mother’s name, identification number etc. Always be wary of such websites. Authentic websites only require your name, mobile number, and shipping address. Therefore, don’t disclose personal information which is not relevant in online shopping.
Keep an eye out for the delivery time
As the ecommerce industry is growing, the overall shopping experience is also getting better. In the earlier stages of the industry, the delivery time used to be really long. And by the time the product arrived at your doorstep, the price in the market for the phone had reduced. But nowadays, this is not the case. Delivery is swift and fast and takes up to 48 or 72 hours. While majority of websites offer quick delivery, there are many those who take weeks for the product to arrive. In this regards, always keep an eye out for the delivery time, which should be short.
Warranties and Guarantees
Mobiles come with company warranties. Therefore, take into consideration whether the website is offering you these services before purchasing.
These were some of the online shopping tips for mobile phones.