Myanmar Telcos' competition reduce price should be work?



၂၀၁၂ နောက်ပိုင်း မြန်မာနိုင်ငံမှာ ဆက်သွယ်ရေးကဏ္ဍအပြောင်းအလဲတွေကြောင့် မြန်မာ့ဆက်သွယ်ရေးရဲ့ MPT အပြင် Ooredoo နဲ့ Tenenor တို့က ဈေးကွက်ထဲကိုရောက်ရှိလာပါတယ်။ အသစ်ထဲမှာ ပထမဦးဆုံးဖြစ်တဲ့ Ooredoo က services အသစ်တွေနဲ့ပွဲထွက်လာခဲ့ပေမယ့် ရေရှည်ပြိုင်ပွဲမှာ နောက်မှတက်လာတဲ့ Telenor ကို မကျော်လွန်နိုင်ဖြစ်ခဲ့ ရပါတယ်။ ဈေးကွက်ဝေစုကိုခွဲဝေပေးလိုက်ရတဲ့ MPT အနေနဲ့လည်း ဂျပန်နဲ့လက်တွဲပြီး MPT- KSGM အဖြစ် ပူးပေါင်းကာ သွက်သွက်လက်လက် ထိုးဖောက်လာပါတယ်။ ( KSGM ဆိုတာ KDDI နဲ့ Sumitomo ပါတနာဆောင်ရွက်တာဖြစ်ပါတယ်
Telecom ပြိုင်ပွဲက ကြည့်ကောင်းလာပြီး စားသုံးသူတွေအတွက် ရွေးချယ်စရာအသစ်တွေ တနေ့ထက် တနေ့တိုးပွားနေပါတယ်။

လက်ရှိမှာတော့ MPT က ဆွေသဟာ အစီအစဉ်နဲ့ဦးဆောင်ထားပြီးသုံးစွဲသူပေါင်း ၁၆ သန်းနီးပါးနဲ့ဦးဆောင်ထားကာ Telenor ကတော့ သုံးစွဲသူ ၁၀ သန်းနဲ့ဒုတိယနေရာမှာရှိနေကာ Ooredoo ကတော့ သုံးစွဲသူ ၆ သန်းနဲ့တတိယနေရာ ကဖြစ်နေတယ်လို့ စစ်တန်းတစ်ချို့ကဖော်ပြနေကြပါတယ်။



ဝန်ဆောင်မှုတွေကိုပြိုင်ဆိုင်ရာမှာ ဆန်းပြားတဲ့ အသစ်အသစ်သောဝန်ဆောင်မှုအစီအစဉ်တွေနဲ့ဝင်ရောက်ပြိုင်ဆိုင်နေ တာကြောင့် အချို့ရှုပ်ထွေးမှုတွေနဲ့အငြင်းပွားစရာတွေဖြစ်နေပေမယ့် သိသိသာသာကို ရောင်းအာတက်နေပါတယ်။ သို့ပေမယ့် အခြေခံအဆောက်အဦးတွေ တည်ဆောက်ရာမှာတော့ အသစ်ဖြစ်တဲ့ အော်ပရေတာတွေ အတွက် အခက်အခဲ တွေရှိနေဆဲပါ။ ဒီအခက်အခဲတွေကို MPT အနေနဲ့လည်းဆက်လက်ကြုံတွေ့စရာရှိနေပါတယ်။

MPT က သူ့ရဲ့ဆွေသဟာပရိတ်သက်အတွက် MPT အောက်ကမည်သည့်ဖုံးကိုမဆိုခေါ်ဆိုမှုအတွက် တစ်နာရီမှာငါးမိနစ် စာသာကျသင့်တဲ့ အစီအစဉ်ကိုနောက်ဆုံးတင်ဆက်ထားပြီး တစ်မိနစ်ကို ၂၃ ကျပ်၊ ဒေတာအတွက် ၁ မီဂါဗိုက်ကို ၆ ကျပ် ကိုဆက်လက်မိတ်ဆက်ခဲ့တာကြောင့် အင်တာနက်အသုံးပြုသူတွေအတွက် စွဲဆောင်စရာဖြစ်လာပါတယ်။

ဒီအတောအတွင်းမှာ Ooredoo က ငွေဖြည့်ခြင်းအတွက် ဘယ်လောက်ဖြည့်ဖြည့် ၅၀% ထပ်ပေါင်းထည့်ပေးမယ့် အစီအစဉ် ကိုကြေငြာလိုက်ပါတယ်။ ဒါကြောင့် ပြိုင်ဆိုင်မှုက ဆက်လက်ပြင်းထန်လာပါတယ်။ Ooredoo က RED အစီအစဉ်၊ Pay as you go စတဲ့ ၀န်ဆောင်မှုတွေကို မိတ်ဆက်ထားပြီး တစ်မိနစ်ကို ၂၀ ကျပ် ဖြစ်ပြီး ဖလန်းဖလန်း အင်တာနက် အတွက် ၁ မီဂါဗိုက်အတွက် ၆ ကျပ်ဖြစ်ပါတယ်။

Telenor ကတော့ နောက်ဆုံးအနေနဲ့စူပါပွားအစီအစဉ်နဲ့ အချင်းချင်း ၁၈ ကျပ်သက်မှတ်ထားပြီး ဒေတာသုံးစွဲမှု အတွက် အနဲဆုံး ၃.၈ ကျပ်ကနေပြီး smart internet အတွက် ၆ ကျပ်ဖြစ်ပါတယ်။ လက်ရှိမှာ အချင်းချင်းဖုံးခေါ်ဆိုမှုအတွက် တစ်နာရီကို ၉၀၀ ကျပ်ဆက်လက်မိတ်ဆက်ထားပါတယ်။

ဒေတာ Package တွေ အတွက် တယ်လီကွန်တွေက အမျိုးမျိုးအဖုံဖုံသက်မှတ်ချက်တွေရှိနေပါတယ်။ မြန်မာပြည်မှာ ဖုံးထက် အင်တာနက်ကိုသုံးစွဲနေတာပိုများနေတယ်လို့ အော်ပရေတာတစ်ခုက သုံးသပ်ပြပါတယ်။ ဒါက အင်တာနက်ကို ပိုမိုအသုံးပြုလိုသူတွေအတွက် စွဲဆောင်မှုတွေဖြစ်ပေမယ့် အခုထက်သက်သာတဲ့နှုန်းထားတဲ့ ၀န်ဆောင်မှုအသစ်တွေကို ဆက်လက်မျှော်လင့်နေတယ်လို့ သုံးစွဲသူတွေကလည်းပြောဆိုနေကြတာပါ။

ယှဉ်ပြိုင်ရတဲ့ဈေးကွက်ကတကယ်ကောင်းပါတယ်။ ဒါပေမယ့် မျှတတဲ့ယှဉ်ပြိုင်မှုဟာ ထိုက်သင့်တဲ့ဈေးနှုန်းတစ်ရပ်အပေါ် မှာရှိနေမှသာ ရေရှည်ရပ်တည်ဖို့အတွက်ရော အကောင်းဆုံးဝန်ဆောင်ပေးနိုင်မှုအတွက်ပါ အဓိကကျနေပါတယ်။ မသင့် လျော်တဲ့ဈေးနှုန်းတွေက ၀န်ဆောင်မှုကို ကျဆင်းစေနိုင်ပါတယ်။ အခြေခံအဆောက်အဦးမပြည့်စုံမှုကလည်း ရင်းနှီးမြှုပ် နှံသူတွေကို ဆက်လက်ပြီးဝန်ထုတ်ဝန်ပိုးဖြစ်နေပါတယ်။ တာဝါတိုင်တည်ဆောက်ရေးအတွက် အရှုပ်အထွေးတွေ ရှိနေ ဆဲပါ။ မြေယာဈေးကြီးမြင့်မှု၊ လုပ်ထုံးလုပ်နည်းကြန့်ကြာမှု၊ တာဝါတိုင်တည်ဆောက်တဲ့ လုပ်ငန်းတွေ များပြားနေပြီး ငွေကြေးပြသနာ အရှုပ်အရှင်းတွေက ရှေ့ဆက်မယ့်လုပ်ငန်းအတွက် အဟန့်အတားတစ်ခုဖြစ်လာစရာရှိပါတယ်။ ပြီးတဲ့အခါ စားသုံးသူအစစ်အမှန်ရရှိနိုင်ဖို့ကလည်း ယုံကြည်ရတဲ့ဈေးကွက်အခိုင်အမာဖြစ်လာဖို့ စည်းပွားရေးဖွံ့ဖြိုး မှုနဲ့ ဆင်းရဲမွဲတေမှုလျော့ကျလာဖို့က အတိုင်းအတာအထိသက်ရောက်နေမှာပါ။ ရန်ကုန်မှာ လူတစ်ယောက်က အနည်းဆုံး sim card ၂ ခါပြန်ဝယ်ဖူးကြပြီး တစ်ချို့က ဆက်လက်သုံးစွဲနေသလို အချို့ကသုံးစွဲမှုရပ်တန့်လိုက်တာလည်းရှိပါတယ်။ တချို့က အင်တာနက်အတွက် တစ်ခု ဆက်သွယ်ဖို့တစ်ခု စသဖြင့် သုံးစွဲနေပါတယ်။ သုံးစွဲမှုရပ်တန့်လိုက်တာ တွေက နေ့စဉ်ဝင်ငွေနဲ့တယ်လီဖုံးဘေလ် နှစ်ခုကြားမှာဝန်ထုတ်ဝန်ပိုးဖြစ်နေသလို ကောင်းမွန်လှပတဲ့ ဟန်းဆက်တစ်လုံး ပိုင်ဆိုင်လိုမှုကလည်း အိမ်မက်တစ်ခုသဖွယ်ဖြစ်နေကြပါတယ်။

ဘယ်လိုအကြောင်းကြောင့်ဘဲဖြစ်ဖြစ် နေ့စဉ်သုံးစွဲသူတိုးပွားနေတာက ဈေးကွက်အပေါ် အာရုံစိုက်မှုဖြစ်စေသလို မျှော်လင့်ချက်လည်းဖြစ်ပါတယ်။ ကြော်ငြာငွေကြေးတွေ သန်းနဲ့ချီ အပြိုင်သုံးစွဲနေပြီး ယှဉ်ပြိုင်လျော့ချနေတဲ့ နှုန်းထားတွေက တကယ့်အစစ်အမှန်ဝန်ဆောင်မှုကို ရေရှည်ပေးထားနိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရ မှာဖြစ်ပါတယ်။ မကြာခင်မှာ နောက်ထပ် အော်ပရေတာ တစ်ခုကို ကြေငြာသွားဦးမယ်လို့သတင်းတွေက ဖော်ပြနေပါတယ်။ ဒါက ပြိုင်ဆိုင်မှုဟာ ဆက်လက်ပြင်းထန်လာ နိုင်ပြီး ရေရှည်တိုက်ပွဲမှာ ဘယ်သူက ဆက်လက်ရပ်တည်နေနိုင်မလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်စရာဖြစ်လာပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာဓက တွေအရ အော်ပရေတာကြီးတွေက ပြည်တွင်းလုပ်ငန်းရှင်တွေကို ပြန်ရောင်းသွားခဲ့ရတာ ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်ရတာတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဆိုရင်တော့ ရှိရင်းစွဲ ပြိုင်ဆိုင်မှုတွေက ကျားကန်ဖို့လား အသက်ရှင်ရပ်တည်ရေးအတွက်လား ဒါမှမဟုတ် အပြီးသတ်အနိုင်ယူကြဖို့လား ဆိုတာကတော့ သူတို့အစီအစဉ်နဲ့ဝန်ဆောင်မှုတွေ အလုပ်ဖြစ်မဖြစ် ဆိုတဲ့အဖြေကသာ အဆုံးအဖြတ်ပေးသွားမှာဖြစ်ပါတယ်။

0 comments: