ကိုယ်ပြောတော့ ကိုယ့်စကားပေါ့



ဒီ Industry ထဲမှာ ကိုယ့်ရဲ့ရပ်တည်ချက်က ရှင်းပါတယ်။ စကတည်းက education and knowledge sharing, ICT developing တွေလုပ်တယ်။ နောက်ပိုင်းမှာ promotion, event and branding ဖြစ်စေမယ့်အရာတွေလုပ်တယ်။ ဘယ်တုန်းက မှ အရေးတစ်ယူ မလုပ်ခဲ့ကြတဲ့  Startup and entrepreneur ဆိုတဲ့ဟာတွေကို ၂၀၀၈ လောက်ကတည်း သုံးလာပြီး တွန်းအားပေးလာခဲ့တာကြာပြီ။ ဒီနှစ်ပိုင်းမှာမှ ဒီအသံတွေက ကျယ်ကျယ်လောင်လောင်ဖြစ်လာခဲ့တာ။ ဒါကကောင်းတဲ့ လက္ခဏာပါ။ ကိုယ်ပါဝင်ခွင့်မရရင်တောင် လက်ခုတ်တီးပေးနိုင်ခဲ့တယ်။ 


စုပေါင်းဆောင်ရွက်မှုနဲ့ဈေးကွက်တိုးတက်ဖို့ကအရေးပါတာမို့ဒါကို အာရုံစိုက်ထားတယ်။ ဘယ်သူတွေ ဘယ်လိုပူးပေါင်း ရင် ပိုကောင်းမယ်ဆိုတာသိတာနဲ့အကြံပြုတယ်။ ကိုယ်က innovation သမားမဟုတ်သေးတော့ ကိုယ့် idea တွေရှိလဲ သူများကို ချပေးလိုက်တယ်။ ကိုယ့် idea နဲ့လုပ်သွားလို့ မနာလိုတဲ့အထဲ မပါဘူး ဒါပေမယ့် မေ့နေကြတဲ့ သူတွေ ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် ပြန်မေးကြည့်နိုင်ကြဖို့ပါ။ အောင်မြင်တာ ဖြစ်ထွန်းတာ အဆင်ပြေတာ မပြေတာတွေ၊ ဘယ်သူတွေ ဘာတွေ ထုတ် တယ်ထွင်တယ်ဆိုတာ စိတ်မ၀င်စားဘူး။ စိတ်ဝင်စားတာက ဈေးကွက်ထဲဝင်လာတဲ့ ကိုယ့်ပြည်တွင်းက ထုတ်ကုန်တွေကို ပိုပြီး အောင်မြင်စေချင်တယ်၊ အားပေးတယ်။ ကိုယ်မလုပ်နိုင် မဖန်တီးနိုင်တာတွေကို ဖန်တီးလုပ်ကိုင် သွားကြလို့ အရမ်းဂုဏ်ယူတယ်၊ ဒီလိုဂုဏ်ယူပေမယ့် အားနည်းချက်တွေရှိရင်လဲ ဝေဖန်တယ်၊ ပိုကောင်းလာစေဖို့ပါ။ ကိုယ်သိတဲ့ အတွေ့အကြုံနဲ့ ကိုယ်ဖြစ်ချင်တဲ့ အကြံပြုချက်တွေကို မေးလာ တဲ့သူရှိရင်ပြောတယ်၊ အခါအားလျော်စွာ ဝေမျှပေးတယ်။ ကိုယ့် ရည်ရွယ်ချက်နဲ့စိတ်ကူးအတိုင်း ယုံကြည်ထားတဲ့ အတိုင်း လှုပ်ရှားမှုတွေ၊ ဟောပြောပွဲတွေ ပြပွဲတွေလုပ်တယ်။ အနှောက်အယှက်တွေ ကြားထဲမှာ အမြဲတမ်းအောင်မြင်တာမဟုတ်ပေမယ့် ကိုယ့်ကြောင့် အဆင်ပြေ သွားတဲ့ သူတွေ အများအပြားတွေ့ရတော့ ၀မ်းသာတယ်။


အရင်းအနှီးမရှိရင်၊ နည်းပညာနည်းပါးရင်၊ ထောက်ပံ့မှုတွေကောင်းကောင်းမရရင်၊ ဈေးကွက်မဖြစ်ဘူးဆိုရင် ကွယ်ပျောက် သွားတတ်တဲ့ မြန်မာပြည်က နည်းပညာရှင်လူငယ်တွေရဲ့ထုတ်ကုန်တွေကို နှမြောလို့ အချိန်တွေ တီထွင်ကြံဆမှုတွေကို တန်ဖိုးထားလို့သူတို့တွေနဲ့အတူ ဒီဈေးကွက်ကို ဘယ်လိုတိုးတက်အောင်လုပ်မလဲစဉ်းစားတယ်။ ဘယ်သူနဲ့မဆို ဘယ်အဖွဲ့အစည်းနဲ့မဆို ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ကြိုးစားတယ်။ ဒါပေမယ့် နေရာတစ်ခုလောက်အတွက် ကြိုးပမ်းနေကြတဲ့ သူတွေနဲ့တွေ့တွေ့လာရတော့ ကိုယ့်အနေနဲ့ စိတ်အချဉ်ပေါက်ပေါက်လာတာတော့ အမှန်ဘဲ။ SME ထဲမှာ ICT တွေ ပါဝင်ခံစားနိုင်ဖို့၊ ချေးငွေရရှိဖို့၊ လုပ်ငန်းနေရာတွေ အခက်အခဲမဖြစ်အောင်လို့ ကြုံတိုင်း သင့်တော်တာဝန်ရှိသူတွေကို ရှေ့ဆုံးက တိုက်တွန်းပေးခဲ့တယ်။ ဒါပေမယ့် သူကြီးဘုရား ရွာသားကောင်းမှုဘဲ။ 


ပြောစရာရှိတဲ့စကားကို ပွင့်ပွင့်လင်းလင်းပြောတယ်၊ ဝေဖန်တယ်၊ တောင်းဆိုသင့်တာတောင်းဆိုပေးတယ် ကိုယ့်အတွက် မပါပေမယ့် ပြောသင့်ပြောထိုက်တာကို ပြောတယ်။ မှန်တဲ့အခါလဲ မှန်တယ် မှားတဲ့အခါလဲ ကိုယ်မှားတာတွေရှိမယ်။ ကိုယ့်အမှားရှိရင် ၀န်ခံဖို့၊ တာဝန်သိဖို့၊ ပြင်ဆင်ဖို့ ၀န်လေးနေတဲ့ အထဲမပါဘူး။ ဒါပေမယ့် ကောင်းတဲ့အကြောင်းရော မကောင်းတဲ့အကြောင်းပါ ရှေ့တင်လဲပြော ကွယ်ရာလဲ ပြောတတ်တယ်။ တစ်စုံတစ်ခုသော အကျိုးကိုမျှော်ပြီးတော့ မျှောမနေဘူး။ သယ်သူ့အကြိုက်မှ လိုက်မပြောဘူး၊ ကိုယ်ယုံကြည်တာကိုဘဲ ကိုယ်တင်းတင်း ရင်းရင်း ပြောတယ်။ ဘယ်အသင်းအဖွဲ့ကိုမှလဲဝင်ထားတာ မရှိသလို ဘာအခွင့် အရေးမှလဲ ယူသုံးတာမရှိဘူး၊ ဆရာမမွေးဘူး တပည့်လည်းမမွေးဘူး၊ လုပ်ဖော်ကိုင်ဖက်ဆိုတာဘဲရှိတယ်။ ဒီတော့ ကိုယ့် ကို မနှစ်သက်ကြတာလဲ အဆန်း တော့မဟုတ်လောက်ဘူး။


အထူးသဖြင့် ကိုယ်နဲ့ကြုံတွေ့ခဲ့ရတဲ့ freelance တွေ small business တွေ ကို အဆက်အသွယ်ကောင်းတွေ၊ လုပ်ငန်းကောင်းတွေ ရရှိအောင် အမြဲကူညီပေးခဲ့တယ်။ ၀န်ကြီးသားက entrepreneur ခရိုနီက SME ဖြစ်နေတဲ့ခေတ်မှာ ကိုယ့်ပြည်တွင်းက လူငယ်တွေကို တတ်စွမ်းသမျှ တွန်းတင်ပေးချင်တယ်။ ကိုယ်တိုင်လဲတွန်းတက်နေရတာ အဆင်မပြေသေးဖြစ်တဲ့ အတွက် ကိုယ်ချင်းစာတယ်။ ဒီကိုယ်ချင်းစာစိတ်နဲ့ ဒီအလုပ်တွေကို စိတ်အား ထက်သန်စွာလုပ်နေတာဖြစ်တယ်။ 


ကိုယ်က ခြောက်ပစ်ကင်းသဲလဲစင် သူတော်စင်မဟုတ်ပေမယ့် အလုပ်ကိစ္စတွေမှာ compromise လောက်တော့သွားတယ်။ စိတ်ဝင်စားလို့ကူညီပေးချင်လို့ အခမဲ့ဝန်ဆောင်မှုပေးလိုက်တာကလွဲပြီး professional ဆန်ဆန်ဘဲ ကျန်တာဘာမှ အကျိုးမျှော်ပြီး အလကား မလုပ်ပေးဘူး။ ကိုယ်က business လုပ်နေတယ်ဆိုတာ မေ့ထားလို့မရဘူး။
အောင်မြင်ကြတာတွေကို မုဒိတာ ပွားနေတတ်ပေမယ့် တခါတရံမှာ ကိုယ့်ကို ဆက်ဆံကြတဲ့ အပြုအမှုတွေ၊ မရိုးသားတာ တွေ၊ သစ္စာမဲ့တာတွေကို မကြာခဏကြုံလာရတော့ စိတ်ပျက်နေတတ်ပြီ။ အဓိကကျတာကတော့ ကိုယ့်လုပ်ရပ်ဘဲပေါ့၊ ဒါက ကိုယ်ရေးမယ့်သမိုင်းအတွက် အစွန်းအထင်းတော့အဖြစ်မခံနိုင်ဘူး။ ကိုယ့်အစွမ်းနဲ့ကိုယ်တောက်ပြောင်နိုင်တဲ့ အစွမ်းသတ္တိကိုယ့်မှာ ရှိတယ်ဆိုတာ ကိုယုံကြည်ပါတယ်။


1 comments:

The Writer said...

ဆက်လက် ရှင်သန်နေတဲ့ Blogger ဘ၀ တစ်ခု ကို တွေ့ရှိရတဲ့ အတွက် ၀မ်းပန်းတသာဖြစ်မိပါတယ်။ ကို ဂေါက်။