Ready to Note 4?




Android 4.4(kitkat) နဲ့ထွက်ရှိလာမည့် Samsung ရဲ့ နာမည်ကျော် Note series တွေထဲက နောက်ဆုံးထုတ် Note 4 ကို လုံးဝကို ကွဲပြားတဲ့ ဒီဇိုင်းနဲ့မကြာခင်မှာ မြန်မာပြည်က Samsung ပရိတ်သတ်ကြီးတွေမြင်တွေ့ရပါဦးမယ်။
ကျော့ရှင်းသပ်ရပ်ပေမယ့် ခပ်မာမာဒီဇိုင်းက Note ကိုအမြဲအားပေးနေသူတွေအတွက် ဆက်လက်ဆွဲဆောင် ထားနိုင်ပြီး အသစ်အသစ်တွေကို နှစ်သက်တဲ့ သူတွေ အတွက်တော့ မျက်စိ ကနေမခွာနိုင်အောင် ဖြစ်နေဦးမှာပါ။ နောင်တော် Note တွေအားလုံးရဲ့အကောင်းမွန်ဆုံးဒီဇိုင်းတွေနဲ့ ပေါင်းစပ်ထားပြီး စွမ်းဆောင်ရည် တွေကို လုံးဝကွာခြားသွားအောင် ပြုလုပ်ဖန်တီးထားတာဖြစ်ပါတယ်။


5.7’’ Quad HD Super AMOLED မျက်နှာပြင် က 2560x1440 မီဂါပင်ဇယ်ထောက်ပံ့ထားတာကြောင့် လင်းလက်တောက်ပပြီး ဓါတ်ပုံရိုက်တဲ့အခါမှာအဆ ၆၀ ပိုတဲ့ အလင်းအားကိုပေးစွမ်းနိုင်ပါတယ်။ 3.7MP front-facing camera နဲ့ 16MP Smart OIS back camera ပါဝင်ပါတယ်။ ပြင်ဆင်ထားတဲ့ feature အသစ်အနေနဲ့ selfie ရိုက်တဲ့အခါ လွယ်ကူသွားအောင် ကျောဘက်က ခလုပ်နှိပ်လို့ရမယ်၊ wide selfie အတွက် 120* လှည့်ပြီးရိုက်ကူးနိုင်တာကြောင့် ဒါက ထူးခြားလှပတဲ့ ပုံရိပ် တွေကို မှတ်တမ်းတင်နိုင်တော့မှာပါ။ 32Gb storage နဲ့ micro SD ကို 64Gb အထိထောက်ပံ့ထားတာကြောင့်လည်းကောင်း၊ 3Gb RAM ကြောင့်လည်းကောင်း ဒါက ပြည့်စုံတဲ့ သင့်တင့်တဲ့ သိမ်းဆည်းမှုအထောက်အပံ့ဖြစ်နေပါတယ်။
နောက်ထပ် feature တစ်ခုက Photo Note ပါ။ Photo Note ရဲ့လုပ်ဆောင်မှုက စာသားပါတဲ့ ဥပမာ whiteboard, flip chart လိုရေးထားတဲ့ မှတ်တမ်းမှတ်ရာတွေကို ဓါတ်ပုံရိုက်ကူးပြီး စာသား သီးသန့် ပြန်လည်သိမ်းဆည်းနိုင်ဖို့ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။ အစည်းအဝေးအများအပြားနဲ့ အလုပ်ရှုပ်နေသူတွေ အတွက် ဒီနည်းပညာက ကောင်းကောင်း အဆင်ပြေမှာပါ။ IR remote control, Wi-Fi 802, Bluetooth 4.1, USB2.0, MHL 3.0 စတဲ့ ချိတ်ဆက်မှုတွေ ပါဝင်ပါတယ်။ Note 4 ရဲ့တခြား အသုံးပြုစရာ feature သစ်တွေအကြောင်းပြောရရင် အများကြီး ရှိနေပါတယ်။
ဒါပေမယ့် ဒီလိုစွမ်းအင်သုံးစွဲမှုကြောင့် battery life အတွက်လဲ စိုးရိမ်စရာ မရှိပါဘူး။ Samsung အနေနဲ့ဒီအား နည်းချက်တွေကိုအထူးပြင်ဆင်ထားပါတယ်။ 3220mAh ရှိတဲ့ battery မှာ fast charging ရရှိအောင်ဖန်တီး ပြုလုပ်ထားတာကြောင့် အချိန် မိနစ် ၃၀ ခန့်အားသွင်းယုံနဲ့ လုံလောက်တဲ့ ပါဝါကို ပြန်လည် ဖြည့်တင်း နိုင်စေမှာပါ။
Note 4 မှာ ပိုမိုမြန်ဆန်တဲ့ 2.7 GHz Quad Core Processer, ဒါမှမဟုတ် 1.9GHz Octa Core(1.9GHz Quad Core) ပုံစံမျိုးနဲ့တပ်ဆင်ထုတ်လုပ်မှာဖြစ်ပြီး တင်သွင်းတဲ့ နိုင်ငံနဲ့ သူ့ရဲ့ Band carrier တွေကြောင့် မတူကွဲပြားနိုင်ပါတယ်။ ဒါပေမယ့် စွမ်းဆောင်ရည်ကတော့ ကွဲပြားခြားနားမှုမရှိဘဲ အရည်အသွေးတန်းတူဖြစ်မှာ ဖြစ်ပါတယ်။
Network ချိတ်ဆက်မှုကို 2.5G ကနေ 3G/ 4G LTE အထိ ချိတ်ဆက်လို့ရတဲ့အတွက် မြန်မာပြည်က တယ်လီကွန် အော်ပရေ တာတွေထုတ်တဲ့ဖုန်းကဒ် တွေနဲ့လိုက်လျောညီထွေ ရှိပါလိမ့်မယ်။ ပြီးတဲ့အခါမှာ တော့ ခေတ်ရှေ့ပြေးနေတဲ့ 4G LTE ကိုအဆင်သင့်ဖြစ်နေမှာပါ။
ထူးခြားတဲ့ အာရုံခံ Sensor တွေပါဝင်လာတဲ့ Note 4 မှာ Galaxy S5 လိုမျိုး finger scanner, RGB ambient light, UV, HRM, Barometer စတဲ့ အသစ်တွေ အပြင် ယခင် Note တွေမှာပါဝင်တဲ့ အတိုင်း စုံလင်စွာပါဝင်လာပါတယ်။
အသံစနစ်တွေပိုမိုတိုးတက်ကောင်းမွန်လာပြီး အသံဖမ်းယူရာမှာ Mic 3 ခုပါဝင်တာကြောင့် ပတ်ဝန်းကျင်က အသံတွေကို channel အလိုက်ခွဲထားနိုင်တဲ့အတွက် ကြည်လင်တဲ့အသံအရည်အသွေးကို ဖမ်းယူရရှိနိုင်ပြီး ဆူညံသံတွေ မလိုအပ်တဲ့ အသံတွေကို လျော့ချဖြတ်တောက်နိုင်ပါလိမ့်မယ်။ ဒါကြောင့် အရေးကြီးအစည်းအဝေးတွေမှာ မှတ်တမ်းယူဖို့၊ သတင်း သမားတွေ အနေနဲ့အသံမှတ်တမ်းယူဖို့ အထူးသင့်လျော်တဲ့ ပံ့ပိုးမှုဖြစ်ပါလိမ့်မယ်။

Note တွေရဲ့ပါဝင်နေကြ S Pen အပြင် အလှအပနဲ့ဖက်ရှင်ကျကျ အသုံးပြုလိုသူတွေအတွက် Montblance e-StarWalker, Montblance Pix တို့လို အဆင့်မြင့် အဆင်တန်ဆာတွေ နဲ့တွဲဆက်အသုံးပြုနိုင်ပါမယ်။ ဒါ့အပြင် Note 4 မှာ ထူးခြားလာတာက Accessories တွေပိုများလာတာပါ။ ဥပမာ Gear VR လို အသစ်အဆန်း entertainment supporting, smart cover မျိုးစုံ Montblance တံဆိပ် သားရေ cover တွေပါ ရရှိနိုင်ပါတယ်။ ဒါကြောင့် တကယ့်ကို ခန့်ညားလှပ အဆင့်အတန်းမြင့်တဲ့ ဖက်ရှင်ကျကျ ခံစားမှု ကို ပေးစွမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒါကြောင့် Note 4 ရဲ့ဆန်းသစ်မှုတွေကို ခံစားထိတွေ့ချင်တယ်ဆိုရင် ၂၆ ရက်နေ့ အောက်တိုဘာမှာ ရန်ကုန်မှာရော မန္တလေး မှာပါ တစ်ပြိုင်နဲ့စမ်းသပ်ကြည့်ရှု ၀ယ်ယူအားပေးနိုင်ပါတော့မယ်။ ရန်ကုန်မှာ UMFCCI ခန်းမ၊ မန်းမှာတော့ Diamond plaza မှာလို့သိရပါတယ်။ ဈေးနှုန်းအတိအကျမသိရသေးပေမယ့် Samsung ရဲ့ထုံးစံအတိုင်း အထူးဈေးနှုန်း နဲ့လက်ဆောင်တွေ ပါရရှိနိုင်တာမို့ လက်မလွတ်တမ်းသွားရောက်ကြည့်ရှုဖို့တော့လိုပါလိမ့်မယ်။
လက်တွေ့သုံးစွဲပြီးတဲ့အခါမှာ ထူးခြားတဲ့ အသုံးတည့်မယ့် feature တွေအကြောင်းဆက်လက် တင်ပြသွားပါမယ်။

0 comments: