Gear-S




Samsung ကမကြာခင်မြန်မာပြည်မှာ ဖြန့်ချီတော့မယ် နောက်ဆုံးပေါ် wearable ထုတ်ကုန်ဖြစ်တဲ့ Gear S အကြောင်း မိတ်ဆက်ပေးချင်ပါတယ်။
တကယ်တော့ Gear S က အရင် မျိုးဆက် Gear တွေနဲ့ကွဲပြားခြားနားတဲ့ ပုံစံသစ်နဲ့စွမ်းဆောင်ရည်မြင့်မားစွာ ထွက် ပေါ် လာတာဖြစ်ပါတယ်။ ထူးခြားလှပတဲ့ မျက်နှာပြင်အကွေး ကို ၂ လက်မ အကျယ်အ၀န်းပါရှိတဲ့ Super AMOLED နဲ့ တွဲဖက်ထားပြီး 360x480 resolution ပါဝင် ပါတယ်။ Chipset Dual core 1.0GHz, RAM 512Mb နဲ့အတူ Sim card ထည့် သွင်းအသုံးပြုနိုင်တာ ကတကယ့် smart phone သဖွယ်အသုံးပြုလို့ရပြီး လက်ကိုင်ဖုန်းတွေကို လုံးဝ မကိုင်ဘဲနဲ့ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို လွတ်လပ် ပေါ့ပါးစွာနဲ့လှုပ်ရှားနိုင်တဲ့အတွက် သက်တောင့်သက်တာ ဖြစ်နေမှာပါ။


မျက်နှာပြင်က သိပ်ပြီး ကြီးနေတယ်လို့ထင်ရပေမယ့် တကယ်တမ်းဝတ်ဆင်ကြည့်တဲ့အခါမှာတော့ ပေါ့ပါးပြီး စတိုင်ကျ လှပမှုကို တွေ့ မြင်ရမှာဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ clock style များကိုလဲ အများအပြားပြောင်းလဲ အသုံးပြုနိုင်တာကလဲ တကယ့်ကို ခေတ်မှီနာရီတစ်လုံးလိုဖြစ်နေပါတယ်။
Tizen OS အသုံးပြုထားတဲ့ အသွင်အပြင်ကတော့ ယခင် Gear 2 နဲ့ Gear Neo တို့လိုဖြစ်ပါတယ်။ ဒါပေမယ့် မျက်နှာ ပြင်ကို တို့ထိစေခိုင်းမှုတွေမှာတော့ ကွဲပြားမှုရှိပါလိမ့်မယ်။ IP67 ဖြစ်တဲ့အတွက်တော့ ရေစိုခံမှာဖြစ်ပြီး ရေကူးရင်း တော့ အသုံးပြုနိုင်မှာမဟုတ်ပါဘူး။
တွဲဆက်ထားတဲ့ ကြာရှည်ခံ 300mAh battery က အနည်းဆုံး ၂ ရက်လောက်ကိုတောက်လျောက် အသုံးပြုနေ နိုင် မှာ ဖြစ်ပါတယ်။ ဒါကြောင့် Bluetooth တင်မက Wi-Fi ကိုချိတ်ဆက်အသုံးပြုနေနိုင်ပြီး GPS ကလဲ သင့်ရဲ့သွားလာလှုပ်ရှား မှုတွေကို မှတ်သားထားနိုင်ပါတယ်။ UV and barometric sensors တွေကြောင့် လေဖိအားတိုင်း တာခြင်း နဲ နေရောင်ခြည်ကလာတဲ့ အန္တရာယ်ရှိ ခရမ်းလွန်ရောင်ခြည်ကျရောက်မှုကိုတိုင်းတာနိုင်တဲ့ အတွက် အသားအရေကို ဂရုစိုက်တဲ့ သူတွေအတွက် အကောင်းဆုံး အဖော်မွန်ဖြစ်လာပါလိမ့်မယ်။
USB 2.0 ဖြစ်ပြီး 4GB storage ဖြစ်တဲ့အတွက် ဓါတ်ပုံနဲ့သီချင်းတွေ အများအပြားကိုလည်းကောင်း၊ Apps တွေကိုလည်းကောင်း သိမ်း ဆည်းရာမှာ ပိုမိုဝင်ဆန့်တဲ့ပမာဏ ဖြစ်လာပါတယ်။
ကင်မရာမပါဝင်လာပေမယ့် heart rate monitor, S-health support တွေကြောင့် ကျန်းမာရေးလိုက်စားသူနဲ့အားကစား သမားတွေ အတွက်လည်းသင့်တော်ပါလိမ့်မယ်။ 2G/3G ရော Wi-Fi ပါ ချိတ်ဆက်အသုံးပြုနိုင်နေတာကတော့ Gear S ရဲ့ အားသာတဲ့ အချက်ဖြစ်ပြီး QWERTY keyboard အပြင် မြန်မာစာ ကိုပါ support လုပ်ထားတဲ့ အတွက် အင်တာနက် သုံးရာမှာ ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။

အသံဖြင့်စေခိုင်းမှုတွေ၊ navigation မှတ်သားမှု၊ လမ်းကြောင်းပြမှတ်သားမှုတွေ S-health အပါအ၀င် Personal fitness monitor, Samsung ကထောက်ပံ့ထားတဲ့ apps ပေါင်း တစ်ထောင်ကျော်ကို ထည့်သွင်းအသုံးပြုနိုင်တာတွေ ၂၄ နာရီပတ်လုံး The Financial Timie ရဲ့ News service provide ရရှိနေမှု၊ လက်ပတ်ကြိုး အမျိုးမျိုးပြောင်းလဲ တပ်ဆင် နိုင်မှု စတဲ့ ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်း ဆောင်တာများအတွက် အထောက်အကူအများအပြားရရှိနေမယ့် ဒီသေးငယ်ပြီး စွမ်းဆောင်ရည်မြင်တဲ့ Gear S ကို မကြာခင်မှာဘဲ မြန်မာပြည်မှာ ၀ယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။

Gear S က သူ့တစ်မျိုးထဲနဲ့တင် လုံလောက်အောင်ကောင်းမွန်နေပြီး Samsung ထုတ်လက်ကိုင်ဖုန်း အတော်များများနဲ့ ချိတ်ဆက်အသုံးပြုနိုင်တာကြောင့် ဒီတစ်ခါမှာလဲ Samsung ချစ်သူတွေအနေနဲ့လက်မလွတ်တမ်း ၀ယ်ယူ အားပေးကြ ဦးမယ်လို့မျှော်လင့်ထားပါတယ်။
ကွဲပြားခြားနားတဲ့ နည်းပညာသစ်တွေ လှပကျော့ရှင်းမှုတွေက Samsung ရဲ့ ခေတ် အမှီဆုံး အဆန်းသစ်ဆုံး တွေ့ကြုံခံစားမှုအသစ်တွေ ပေးစွမ်းနိုင်ဦးမှာဖြစ်ပါတယ်။ ဒါပေမယ့် ရောင်းချမယ့်ရက်ကိုတော့ မသိရသေးပါဘူး။

Note series တွေရဲ့ နောက်ဆုံးပေါ် Note 4 ကိုတော့လာမည့် ၂၆ ရက်နေ့ရန်ကုန် UMFCCI နဲ့ မန္တလေး Diamond plaza တို့မှာ Samsung ကတရားဝင် ရောင်းချပေးတော့မှာဖြစ်ပြီး အထူးသတ်မှတ်ထားတဲ့ လျော့ဈေးနှုန်း၊ MAB ကပေးအပ်မယ့် Visa card အပါအ၀င် လက်ဆောင်များ ခံစားခွင့်များနှင့်အတူ နံနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း အားပေးဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်။
 Samsung ချစ်ပရိတ်သတ်ကြီးအနေနဲ့ Note 4 ရဲ့စွမ်းဆောင်ရည်နဲ့ ထူးခြားမှုတွေကို အကြိုခံစား နိုင်ဖို့ ဆက်လက်တင်ဆက်ပေး သွားမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာ အသုံးပြုသူတွေရဲ့အတွေ့အကြုံနဲ့ ထိရောက်စွာအသုံး ချနိုင်ဖို့အတွက် နေ့စဉ်သုံးစွဲရာမှာတွေ့ကြုံရ မယ့် feature များ အကြောင်းကိုဆက်လက်ရေးသားသွားမှာဖြစ်ပါတယ်။

0 comments: