ဒီနေ့ 28 March 2014 မှာ Samsung ရဲ့ Galaxy S5 နဲ့ သူ့ရဲ့ဖွားဖက်တော်တွေဖြစ်တဲ့ မျိုးဆက်သစ် Galaxy Gear 2 နဲ့ Gear fit တို့ကို စတင်မိတ်ဆက်ပေးမယ့် ပွဲကို တက်ဖြစ်ခဲ့တယ်။ ပွဲကိုတခုတ်တရ ဖိတ်တဲ့ Samsung Myanmar ကိုသီဟလုလင်၊ Marketing Manager ကိုကျော်စွာ နဲ့ Samsung မိသားစုများကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်နဲ့အတူ ကိုဥာဏ်မင်း၊ နေလင်းထွန်း၊ ကိုဖိုးသူတော်တို့လဲပါတယ်။ ကိုယ်တိုင်လဲ Samsung ပရိတ်သတ်ဖြစ် သလို နည်းပညာ အသစ်တွေ ပေါင်းစပ်ထားတဲ့ Galaxy S5 ကိုကိုယ်တိုင် စမ်းသပ်ကြည့်ချင်တာလဲပါတယ်။ အထူးသဖြင့် Gear 2 ကိုပေါ့။
 


Samsung က သူ့ထုတ်ကုန်တွေကို ဆန်းသစ်နိုင်ဖို့ကြိုးစားသလို သူ့ကုန်ပစ္စည်းတွေကို မိတ်ဆက်တဲ့နေရာမှာလဲ ထူးခြား တယ်လို့တကမ္ဘာလုံးမှာ ပြောလေ့ရှိပါတယ်။ အခုလဲ ထူးခြားတဲ့ ထုတ်ကုန်အသစ်တွက် ထူးခြားတဲ့နေရာလေးမှာ မိတ်ဆက် ပေးဖို့ဖြစ်လာတယ်။ ပန်းလှိုင်ဂေါက်ကွင်း( Pan Hlaing Golf Resort ) မှာပါ။ ပန်းလှိုင်ဂေါက်ကွင်းက လှိုင်သာယာမြို့နယ်ထဲမှာ ရှိပြီး လှပတဲ့ landscape တွေရှိတဲ့ အိမ်ယာတွေနဲ့ စိမ်းလန်းတဲ့ ဂေါက်ကွင်းကို ပေါင်းစပ်ထားတဲ့ နေချင့်စဖွယ် သာသာယာယာနေရာ လေးပါ။ မနက် ၈ နာရီ စုရပ်ကို အောင်ဆန်းကွင်းရှေ့မှာ သတ် မှတ် ထားပြီး အဲဒီကနေ မီဒီယာတွေနဲ့ ဧည့်သည်တွေကို ကြိုမယ့်ကားက စောင့်နေမှာဖြစ်ပါတယ်။ ဒါနဲ့ Check in လုပ်ရအောင် စောစောလေးထွက်လာခဲ့တယ်။ ဘယ်သူမှ မတွေ့တာနဲ့ Mango က မမေမွန်သူ နဲ့ဖုံးပြောဖြစ်တော့ ကိုယ်က ဧည့်သည်စာရင်းထဲမှာလဲဖြစ်၊ ရောက်နေတဲ့ နေရာက တဖက်စီ ဒါနဲ့ ထွေထွေထူးထူးလုပ်စရာ မရှိဘဲကိုယ့်အစီ အစဉ်နဲ့ကိုယ် ပန်းလှိုင်ဘက်ကို ထွက်လာခဲ့ပါတယ်။ 



လေဆိပ်လမ်းမှာ ကိုဖိုးသူတော်ကို ၀င်ခေါ်ရင်း လမ်းတွေကြပ်နေမှာဆိုးလို့ အင်းစိန်ဘက် အောင်ဇေယျတံတား ပေါ်ကနေဖြတ်လာလိုက်တယ်။ အဲဒီဘက်က လာလိုက်တော့ ပန်းလှိုင်ကို လမ်းမမှား သွားအောင် အတော် ဂရုစိုက်လိုက်ရပါတယ်။ ဟိုရောက်တော့ ကိုယ်တွေကစောနေသေးတယ်လေ။ ဒါနဲ့အမှတ်တရ ဓါတ်ပုံလေးတွေရိုက် လို့ပေါ့။ ၀င်လာလာခြင်း LED တွေပေါ်က S5 ရဲ့အသွင်အပြင်နဲ့တင် တော်တော်လေး နှစ်သက်စရာ ကောင်းတဲ့ ဒီဇိုင်းပုံကို မြင် နေရတယ်။



လူတွေစုံလာတဲ့အခါမှာ မလှမ်းမကမ်းက Oasis spa ဘက်က ရေကူးကန်နားမှာ တချက်စုကြရင်း အစီအစဉ်တွေ စတင် ကြတယ်။ ပထမဆုံးကတော့ Samsung Myanmar Facebook page ကို like လုပ်ရင်း ကိုယ့်ရဲ့အကောင်းဆုံးပုံတွေကို တင်ပြီး Like and Share ဘယ်သူကများလဲဆိုတာ ပြိုင်ဆိုင်ကြပါတယ်။ ရောက်လာကြတဲ့ မီဒီယာနဲ့ဧည့်သည်တွေ လဲ လှုပ်လှုပ်ရှားရှားနဲ့ ပြိုင်ပွဲဝင်ကြတော့တယ်။ ဆုကတော့ အသစ်ဖြစ်သော Galaxy Gear fit ပါ။ Gear Fit က ဆန်းပြားတဲ့ ကိုယ်ထည် ဒီဇိုင်းနဲ့ လက်ပတ်ကြိုးတွေ လဲလှည်လို့ရအောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ စိတ်ကြိုက် အရောင်ရွေးချယ် နိုင်ဖို့ ကာလာတော်တော်လေးစုံအောင်ရှိပါလိမ့်မယ်။ ထူးခြားတာက ကွေးညွှတ်နေတဲ့ မျက်နှာပြင်ကို Samsung အနေနဲ့ ပထမဆုံးပွဲထုတ်လာတာလဲဖြစ်ပါတယ်။ Gear fit က အားကစားသမားတွေ ကျန်းမာရေးလိုက်စားတဲ့ လူငယ်လူကြီးတွေ အတွက်တော့ အတော်လေးသင့်လျော်တဲ့ ပစ္စည်းပါ။ သူ့မှာ  နှလုံးခုန်နှုန်းကို စမ်းသပ်နိုင်တဲ့ အချက်ပါဝင်သလို ရေစိုခံ နိုင်တဲ့ ထူးခြားချက်ကလဲ တော်တော်လေးစိတ်ဝင်စားဖို့ကောင်းသွားပါတယ်။ ဒါ့အပြင် သေးသွယ်ပေါ့ပါးပြီး ကော်ဖီမစ် ထုတ် သာသာအလေးချိန်နဲ့အတူ အကြမ်းခံနိုင်တဲ့ ပုံစံဒီဇိုင်းပေမယ့် ပျော့ပြောင်းနူးညံ့တဲ့ အသွင်အပြင်လဲရှိတာ ကြောင့် တွေ့တာနဲ့ လိုချင်စဖွယ်ဖမ်းစားထားနိုင်ပါတယ်။



ဒီလို ဆန်းပြားတဲ့ ၂၁ ရာစုထုတ်ကုန်သစ်ကို ဘယ်သူက မလိုချင်ဘဲရှိပါ့မလဲ။ ကိုယ့်ပုံတွေကို Like and share များများ ရဖို့ ကြိုးစားကြရတာလဲ စိတ်လှုပ်ရှားစရာ အစီအစဉ်လေးတစ်ခုပါ။ ပြီးတဲ့အခါမှာ ရေကန်အနီးက ကျန်းမာရေး လေ့ကျင့် ခန်းပြုလုပ်ပြနေတဲ့ သရုပ်ပြအစီအစဉ်လေးတစ်ခု တင်ဆက်ထားပြီး လာရောက်တဲ့ ဧည့်သည်တွေနဲ့မီဒီယာသမားတွေကို လက်တွေကသရုပ်ပြတင်ဆက်ပေးပါသေးတယ်။ ဒါက Gear fit ကိုပိုမိုပေါ်လွင်စေမယ့် လှုပ်ရှားမှုတစ်ခုဖြစ်ပါလိမ့်မယ်။ နောက်တော့ မော်ဒယ်လှလှလေး သုံးယောက်ရှိထားတဲ့ ဒီပွဲမှာ အမှတ်တရ ဓါတ်ပုံတွေ အလုအယက် ရိုက်ကြတာလဲ နေပူ ပူထဲမှာ နောက်တစ်မျိုး ရင်ခုန်ချင်စရာလေးဘဲ။




ဆက်ပြီးရှေ့ဆက်လိုက်တဲ့အခါမှာတော့ lobby ထဲမှာ ခင်းကျင်းထားတဲ့ S5 and Gears များရဲ့ မိတ်ဆက်ပွဲကို စတင် လိုက်ပြီဖြစ်ပါတယ်။ Samsung Myanmar က ဒါရိုက်တာနဲ့ Marketing ကတာဝန်ရှိသူတွေက ထုတ်ကုန်သစ်ရဲ့ ဆန်းပြားတဲ့ အသုံးဝင်ပုံတွေကို ရှင်းလင်းပြောကြားပေးကြပါတယ်။ Samsung Galaxy S5 ကိုပြုလုပ်ထားမှုက ထွက်ရှိ ထားသမျှ S series တွေအားလုံးမှာ ဒီဇိုင်းပုံစံကအစ အနည်းငယ်ပြောင်းလဲထုတ်လုပ်ထားပြီး စွမ်းရည်တွေထူးခြားမြင့်မားမှု ရှိပါတယ်။ Style, Fun, Fit, Speed, Life ဆိုတဲ့ Samsung ရဲ့ customer များအတွက် ကြိုးစားတင်ဆက်ထားတဲ့ နောက်ဆုံးပေါ်နည်းပညာတွေမှာ ဒီအချက် တွေကို ဂရုတစိုက် ထားရှိတယ်ဆိုတာ ပေါ်လွင်ခဲ့ပါတယ်။





ကျော့ရှင်းလှပတဲ့အသွင်အပြင်နဲ့နူးညံ့မှုရှိတဲ့ကိုယ်ထည်က အသုံးပြုသူအတွက် style ကျလှပစေပြီး၊ အဆင့်မြင့် 16mp ကင်မရာနဲ့ သူ့မှာပါဝင်တဲ့ HDR mode ကပိုမိုတောက်ပတဲ့ အရောင်အသွေးကိုပေးစွမ်းနိုင်လို့ လျှင်မြန်တဲ့ ရိုက်ချက် အဖြစ် shutter speed 0.3 minutes နဲ့ကိုယ့်ရဲ့အမှတ်တရတွေနဲ့ပျော်ရွှင်ဖွယ်ရာ အခိုက်အတန့်တွေကို မလွတ်တမ်း သိမ်း ဆည်း ထား နိုင်မှာပါ။ Gear fit , Gear 2နဲ့လဲတွက်ဖက်ပြီးသုံးနိုင်သလို နောက်ဆုံးပေါ်နည်းပညာအသုံးပြုထားတဲ့ wi-fi စနစ်က ပုံမှန်ထက် ၂ဆပိုမြန်ဆန်စွာသုံးနိုင်ပြီး MIMO antenna support ဖြစ်လို့ 4G အသုံးပြုနေစဉ်အတွင်း Wi-Fi ကတဆင့် download ပြုလုပ်နေလို့လဲရပါတယ် ဆိုတဲ့အချက်တွေက speed ကို ကိုယ်စားပြုတဲ့အချက်တွေပါ။ နေ့စဉ်ဘ၀ ရဲ့စိတ်ချလုံခြုံမှုအတွက် finger print sensor နဲ့ထိမ်းချုပ်ထားတဲ့ phone screen ဖြစ်တာကြောင့်ရော kid mode ပါဝင်တာကြောင့်ပါ လုံခြုံရေးအရ သင့်လျော်တဲ့ အနေအထားရှိပါတယ်။ ဒါ့အပြင် ကျောဘက်မှာပါဝင်တဲ့ sensor ကြောင့် ၃ စက္ကန့်လောက်သင့်လက်ချောင်းလေးကို ထိတို့ထားယုံနဲ့ ကိုယ့်ရင်ခုန်နှုန်းတွေကို ပြသပေးနိုင်တဲ့ အပြင် မှတ်တမ်းအဖြစ်သိမ်းဆည်းပေးထားနိုင်ပါသေးတယ်။ life အတွက်နောက် benefit ကတော့ S5 နဲ့တွဲဖက်သုံးလို့ရတဲ့ health app ပေါင်းများစွာကို Samsung App မှာရယူနိုင်ပါသေးတယ်။ ကျန်းမာရေးကို ဂရုစိုက်ဖို့အတွက် ထူးထူးခြား ခြား သုံးစရာမလိုလောက်အောင်ပြည့်စုံသွားမှာပါ။





S5 ရဲ့တခြားထူးခြားမှုတွေထဲက ဒီရာသီပွဲတော် သင်္ကြန်အတွက်ရော မကြာခင်ရောက်လာတော့မယ့် မုတ်သုန်ရာသီအတွက်ပါ မြန်မာလူထုအတွက် စွဲမက်ဖွယ် ရေစိုခံရေစိမ်ခံတဲ့ အချက်ဖြစ်ပါတယ်။ S5 တင်ဘဲလားဆိုတော့ မဟုတ်ပါဘူး။ အခု ထွက်ရှိလာတဲ့ S5 အပြင် Gear 2 and fit တွေပါရေစိုခံကြပါတယ်။ S5 ကိုရေအနက် ၃ ပေမှာ ၁ နာရီကျော်အထိ စိမ် ထားနိုင်ပါတယ်။ ဒါ့ကြောင့် တနေကုန်ရေစိုနေတာမျိုးတော့ ကောင်းကောင်း ခံနိုင်မှာပါ။ ရေထဲမှာပါ ဖုံးခေါ်နိုင်တဲ့ အချက် ကို အခုလို ပြသထားပါသေးတယ်။ တကယ်တော့ S5 နဲ့အသင့်လျော်ဆုံးက fit လို့ထင်ပါတယ်။

Samsung ရဲ့နောက်ဆုံးပေါ်ထုတ်ကုန်တွေရဲ့အကြောင်းကို မိတ်ဆက်ရှင်းလင်းပြီးတဲ့အခါ ကျွန်တော်တို့နေ့လည်စာ စားရင်း မနက်က အလှဆုံးဓါတ်ပုံတွေထဲက like and share အများဆုံးရတဲ့သူကို ရွေးချယ်ကြပါတယ်။ တက်ရောက် လာတဲ ဧည့်သည်တွေထဲက Like 350 လောက်ရခဲ့တဲ့ လူငယ်တစ်ယောက်က gear fit ကို ပွဲဦးထွက်ရရှိသွားပါတယ်။ သူ့အမည်ကို မမှတ်မိပေမယ့် သူက American president လာတုန်းက Graffiti design  တွေရေးခဲ့တဲ့ သူဆိုတာ သိရပါတယ်။ 

Gear fit က ပါးလွှာတဲ့ဒီဇိုင်းနဲ့ကျစ်လစ်မှုရှိပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ Gear 2 ကိုပိုသဘောကျပါတယ်။ Gear 2 မှာ Gear one ထက်အားသာတဲ့အချက်အများအပြားပါဝင်ပါတယ်။ Home button ကို အောက်ခြေမှာထည့်သွင်းထားပြီး ကင်မရာကိုလဲ body မှာတဆက်တည်းတပ်ဆင်ထားတာကြောင့် နာရီကြိုးကို သူနဲ့သင့်တော်ရာကြိုးတွေနဲ့ လဲလှည် တပ်ဆင် ပေးနိုင်ပါတယ်။ IP67 နည်းပညာကြောင့် ရေစိုခံ ရေစိမ်ခံသွားတာကလဲ လုံးဝကို ကွာခြားသွားတဲ့အချက်ပါ။ နောက်တစ်ခုက UI မှာလဲပြောင်းလဲမှုတွေလုပ်ထားတာကြောင့် ကျွန်တော့်အကြိုက်နဲ့တော့ တစ်ထပ်တည်းပါဘဲ။ ဒီရာသီမှာ တော့ အလိုချင်ဆုံးက Gear 2 ဖြစ်သွားပါပြီ။
S5,Gear 2 and Gear fit တွေကို လက်ရှိမှာ ဈေးကွက်ထဲတင်ရောင်းချခြင်းမရှိသေးပါဘူး။ Pre order လက်ခံတော့ မှာဖြစ်ပြီး S5 ရဲ့ဈေးနှုန်းက ကျပ် ခြောက်သိန်းလေးသောင်းခန့်နဲ့ Gear 2 ကတော့ ၂သိန်း၎ သောင်းခန့်ကျသင့် မှာဖြစ်ပါတယ်။ ဒါက နောက်ဆုံးပေါ်နည်းပညာတွေအတွက်တော့ သင့်လျော်တဲ့ဈေးတစ်ခုဖြစ်ပါတယ်။ Pre order ဖြစ်တာကြောင့် မှာယူထားတဲ့ သူတွေကို ဦးစားပေးရောင်းချမှာဖြစ်လို့ သူများထက်ဦးအောင် သုံးချင်တဲ့ သူတွေ အတွက် အခွင့်အရေးပါဘဲ။ နောက်တခုက pre order မှာသူတွေအတွက် view cover တစ်ခုလက်ဆောင်ပါဝင်မှာဖြစ်ပြီး Gear 2 and Gear fit တွေဆက်လက်ဝယ်ယူနိုင်ဖို့ discount coupon ကျပ် ၁ သောင်းတန်  လက်မှတ်တစ်ခုလဲရရှိမှာဖြစ် ပါတယ်။ တဆက်တည်း Samsung ကပြုလုပ်မယ့် Music Concert အတွက် လက်မှတ် ၂ စောင်လဲရဦးမှာမို့ အတော် လေး စိတ်ဝင်စားစရာကောင်းတဲ့ Pre Order ပါဘဲ။ 


ဒါတွေကို ၂၀၁၄ ခုနှစ် ဧပြီလဆန်းမှာ စတင်မှာဖြစ်လို့လက်မလွှတ်သင့်တဲ့ အခွင့်အရေးပါ။ ကိုယ်နဲ့နီးစပ်တဲ့ Samsung Brand shop တွေမှာ သတ်မှတ်ချိန်တွေအတွင်း Pre Order ပေးထားဖို့မမေ့နဲ့ဦး။ ဘာလို့လဲဆိုတော့ Open ရောင်းချ နိုင်ဖို့အတွက် စောင့်ရဦးမှာမို့ သင်္ကြန်တွင်းမှာ သူများနဲ့မတူအောင် အသုံးပြုလိုတယ်ဆိုရင်တော့ မှာထားတာ စိတ်အချ ရဆုံးပါဘဲ။ ရေစိုခံတဲ့ S5 နဲ့ အတူ နှစ်သစ်ကူး ရေသဘင်ပွဲမှာ အကောင်းဆုံးအလှပဆုံး အမှတ်တရအဖြစ်ဆုံးတွေကို ကိုယ်နဲ့အတူသိမ်းဆည်းလိုက်နိုင်မှာပါ။ သင်္ကြန်မှာတွေ့တဲ့ ရင်ခုန်စရာလေးတွေအတွက်လဲ တခါထည်းရင်ခုန်သံ ကိုတိုင်းလို့ရတယ်ဆိုတာလဲမမေ့ပါနဲ့:D
ဒီလိုဒီလို S5 ရဲ့ထူးခြားချက်တွေ၊ ပေါ်လွင်လှပတဲ့ ဒီဇိုင်းတွေ၊ လျှင်မြန်တဲ့စွမ်းဆောင်ချက်တွေနဲ့အတူ Gear fit ရဲ့သွယ်လျ မှု Gear 2 ရဲ့ဖမ်းစားမှုတွေကို ခံစားရင်း ဒီနေ့ရဲ့နေ့လည်ခင်းကိုကျော်ဖြတ်ခဲ့ပါတယ်။ ၁၂ နာရီသာသာလောက်မှာတော့ မိတ်ဆက်ပွဲအခန်းအနားပြီးဆုံးခဲ့ပြီး ပြန်လာခဲ့ပါတယ်။ အပြန်လမ်းမှာတော့ လမ်းကကြပ်၊ လှုပ်လီလှုပ်လဲ့ ဘုရင့်နောင်တံတားကြီးကို ရင်ခုန်စွာ ဖြတ်သန်းရင်း လက်ထဲက Gear ကိုကြည့်မိတော့ ၁ နာရီကျော်နေပါပြီ။ တကယ်လို့ကျွန်တော်သာ Gear 2 ကိုပတ်ထားမိရင်တော့ အဲဒီအချိန် ရင်တွေဘယ်လောက်တုန်နေတယ်ဆိုတာ သိရမှာပေါ့….။
The ICT4M was in 18 March held in MICT park conference hall. Very first time and this time, the every topic is very interesting and hard to choose for listen. Leader of ICT industry are attend and discuss with transparency I think. Banking, business and other sectors CEO and leading roll attend too.
But I’m wonderful of hearing the industries real voice and feeling, hoping and vision. Cheer!

The software park, e-government, market developing, law issue, etc...What is first? What happened next?

Social network penal
Banking issue ( The sharing of MD of AGD bank )
The Banking and tech issue



Finally we get the third prize of hackathon Myanmar. That was a great of us. First I haven’t to idea and I don’t know how could do when I right to entrance.  After the NGOs presentation, I get the idea and organized to team. The team is awesome. Our team is very smart and understands to each other who like to do. That was team work. Our team "Mild Product" running with Yangonese, Nay Linn Htun, Mg Kha, Thomas and me even Ko Nyan Min who the latest member :)


Mild Product team

Mi Pause of the apps for birth control knowledge and reminder. Web base and can use online even offline for reminder and searching knowledge about that. Also can be access to online for forum, online reminder who doesn’t want to install app on the phone.  Offline user whom without phone? Ya, we can do to care via health worker and NGO to them with NFC card.

Health workers and NGO, doctors can be read about information with NFC and keep the data offline, update when online to web server. That kind of any complicate but we should be solved.

So I get the prize even without touch to PC :D Whatever we can show who we are. I don't care whom what to say.


Accepting the third prize cash from Ooredoo COO Chris Bannister

Thank to our team members, the victory can’t have without yours. Also thank to Code for change Myanmar and Ooredoo, World Bank, Internews they whom sponsored and judges.
Final presentation of Mi Pause
 
Third prize winning on Hackathon very first on Myanmar


The Hackathon, that is the new word of Myanmar youth. But the event is become true. Code for change Myanmar present to the Hackathon very first in Myanmar. Ooredoo Myanmar supported and world bank, internews also participated. 

The Hackathon event start 14 March to 16 March held at Ooredoo Myanmar new building where MICTDC(Myanmar ICT Park). I am also participated and I will try to pass the challenge I hope. 

Just like competition, but we can do it with the power of corporation each other.

Now I am scope the problem of women birth spacing for PSI Myanmar. We will be win?
Keep look it next days.