The interview I like it. by myself
1ဒီနှစ်စ ရင် စကတည်းက ဖြေလိုက်ရတဲ့ အင်တာဗျုးနဲ့ ကိုယ်ပြောလိုက်ရတဲ့ စကားတွေ အများအပြားဖြစ်ခဲ့တယ်။ ဒါပေမယ့် တစ်ခု တည်းကိုသာရည်ရွယ်ခဲ့တာ ဖြစ်ပါတယ်။ ဒါကတော့ ကျွန်တော်တို့အနေနဲ့ အားလုံးကို တိုးတက်စေချင်ရင် ကိုယ်တိုင်လဲ တိုးတက် အောင် အသေအခြာ ကြိုးစားရမှာဖြစ်ပါတယ်။
1.
ကိုဇော်ဇော်မျိုးလွင် အနေနဲ့ အိုင်တီလောကကို
ဘယ်အချိန်ကတည်းက စတင်ဝင်ရောက်ခဲ့ပါလည်း။
ကျွန်တော် ၂၀၀၅ လောက်ကစပြီး ဒီဘက်ပိုင်းကို
ဝင်ရောက်လုပ်ကိုင်လာတာဖြစ်ပါတယ်။
2.ဘလော်ဂါတစ်ယောက်အနေနဲ့
ဘာတွေများရေးသားဖော်ပြီး ဘယ်လိုဘလော့အမျိုးအစားမျိုးရေးသားပါသလဲ။
ဘလောက်ဂါ တစ်ယောက်အနေနဲ့တော့
ကိုယ်ပိုင်ဖန်တီးတဲ့ အနုပညာတွေ အကြောင်း၊ ဂျစ်ကားအကြောင်းနဲ့ ကိုယ့်
ပါစင်နယ်အမြင်တွေကို ရေးသားခဲ့ပါတယ်။ ကာတွန်းလို သင်္ကြန်လို စုပေါင်းပြီး ရေးသား
တဲ့ ဘလောက်တွေလဲ စတင်ခဲ့ပါတယ်။ နောက်ပိုင်းတော့ ကိုယ့်တကိုယ်ရေ အတွေ့အကြုံတွေကို
အဓိက ထားတဲ့ ပါစင်နယ် ဘလောက်ကို ရေးသားခဲ့ပါတယ်။
အဲဒီမှာ အတွေ့အကြုံတွေ
ခရီးသွားဆောင်းပါး နည်းပညာ ကဗျာနဲ့ သတင်းတွေ ရုပ်ရှင်တွေ အကြောင်း စသဖြင့်
ကိုယ့်စိတ်ထဲမှာ ရေးချင်တာပြောချင်တာတွေကို ရေးခဲ့ပါတယ်။
3.မြန်မာဘလော့ဂါဆိုဆိုက်တီ (MBS) မှာစတင်တည်ထောင်တဲ့သူတွေထဲမှာ ပါဝင်တယ် ဆိုတော့ MBS
လှုပ်ရှားမှုတွေနဲ့
သမိုင်းကြောင်းလေးကို
ပြောပြပေးပါခင်ဗျာ။
MBS အနေနဲ့က စကတည်းကိုက
နည်းပညာပိုမိုဖွံ့ဖြိုးရေးနဲ့ အသိပညာမြင့်မားရေးတွေကို ဆောင် ရွက် ခဲ့ပါတယ်။
အထူးသဖြင့် စီမင်နာတွေ ၀ပ်ရှော့တွေလို လှုပ်ရှားမှုတွေကို လုပ်ပါတယ်။ အခမဲ့ နည်းပညာ
သင်တန်းပို့ချတာတွေ ကို ၂၀၁၀ လောက်အထိ လုပ်ကြပါတယ်။ တခြားသော လူမှုရေး လှူဒါန်းကူညီ
မှုတွေကိုလဲ တတ်အားသဖြင့်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၂၀၁၀ နောက်ပိုင်းမှာတော့ MBS
ပါဝင် သူ အများစုက သီးခြား အသင်းအဖွဲ့တွေအနေနဲ့ သူတို့သန်ရာသန်ရာ
လူမှုရေးလုပ်ငန်းတွေ ကို တက်တက်ကြွကြွ ဆောင်ရွက်နေပြီဖြစ်တာကြောင့် MBS က
ဘလောက်ဒေးလို သီးခြား ဟောပြောပွဲ လို အဖြစ်အနေနဲ့သာ စုစည်းဖြစ်ကြပါတယ်။
ဒါကလတ်တလောပါ။ မကြာခင်မှာတော့ နည်းပညာ ဆိုင်ရာ လူငယ်တွေ အတွက်
အလုပ်အကိုင်အခွင့်အလမ်းတွေကို ပိုမိုရရှိစေဖို့ လေ့လာဆည်းပူးစရာတွေနဲ့ တီထွင်
ဖန်တီးမှုဆိုင်ရာတွေ တိုးတက်လာဖို့ လုပ်ကိုင်သွားမယ့် အနေအထားတစ်ရပ်လဲရှိပါတယ်။
MBS အနေနဲ့ ဒေသတွင်းနဲ့ နိုင်ကာတကာမှာ
ကျင်းပတဲ့ နည်းပညာဆိုင်ရာ၊ ဘလောက်ဂါတွေနဲ့သက် ဆိုင်ရာ အစည်းအဝေးတွေ၊
ကွန်ဖရန့်တွေကိုလဲ တက်ရောက်ခဲ့ပြီး အဲဒီက အတွေ့အကြုံတွေကို ဒီမှာ လျော်ညီတဲ့
ပုံစံနဲ့ဖြန့်ဝေပါတယ်။ နိုင်ငံတစ်ကာပွဲဖြစ်တဲ့ Barcamp လိုအရာတွေ သယ်လာတယ်။ နောက်
blogfast.asia လိုပွဲတွေလဲလုပ်ဖြစ်ပါမယ်။ MBS မှာပါဝင်ခဲ့တဲ့ ဘလောက်ဂါ တွေအနေနဲ့
အခုအခါမှာလဲ နိုင် ငံတကာအဆင့် သင်တန်းတွေ ကွန်ဖရန့်တွေ ဆက်လက်ပြီး
တက်ရောက်လေ့လာနေကြ သူတွေလဲရှိပါတယ်။
4.မြန်မာနိုင်ငံမှာ ဘားကမ့် (Barcamp) တွေရဲ့သမိုင်းကြောင်းနဲ့ အစ်ကိုပါဝင်ဖြစ်ခဲ့ပုံ
ဘယ်လိုတာဝန်တွေ ယူခဲ့လည်းဆိုတာလေး ပြောပြပေးပါ။
အဲဒီအကြောင်းလေးကို ကျွန်တော့် ဘလောက်
www.zawzaw.com/2011/01/25/သမိုင်းထဲကဘားကမ့်၊ဘားက/
မှာလဲရေးသားခဲ့ဖူးပါတယ်။ အကျယ် တ၀င့်တော့
မပြောတော့ပါဘူး။ ကျွန်တော်တို့က နေရာတစ်ခုအတွက် လုပ်ခဲ့တာ လုပ်နေတာမဟုတ်ပါဘူး။
ကိုယ့်တိုင်းပြည်က လူငယ်ကဏ္ဍ ဖွံ့ဖြိုး ဖို့အတွက် လုပ်သင့်တဲ့ အရာတစ်ခုကို
ကျွန်တော်တို့ လုပ်နေကြတယ်လို့ခံယူထားပါတယ်။ ကျွန်တော်တို့၂၀၁၀ မှာဒါကို
စတင်ခဲ့ပါတယ်။ တကယ်လုပ်ကိုင်နိုင်မှုတွေ အတွက် ပူးပေါင်းဆောင်ရွက်ရတဲ့ သူတွေ
အဖွဲ့အစည်းတွေ လဲရှိပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ စတင်ချိန်မှာ မတ်ကတ်တင်းအဖြစ်
ပွဲဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေပေးတာတွေကိုလုပ်ပါတယ်။ နောက်ပိုင်းမှာတော့
သတင်းနဲ့ပြန်ကြားရေးဘက်ကို ပြောင်းပြီး ကူညီပေးခဲ့ပါတယ်။ ဒီနှစ်တော့
ဘာတာဝန်ယူဖြစ်မယ်လို့မသိသေး ပါဘူး။ အခုဆို မြန်မာပြည် ကမြို့ပေါင်း ၁၀ ခု လောက်က
ဘားကမ့်တွေ သူတို့ကိုယ်တိုင်ကျင်းပ လာတာဖြစ်လို့ awareness ဖြစ်တာ အခုလို
လုပ်ကိုင် နေတာ တွေကို အရမ်းဝမ်းသာပါတယ်။
5.အစ်ကို လက်ရှိလုပ်ကိုင်နေတဲ့ လူမှုရေး
နည်းပညာဖွံ့ဖြိုးရေးတွေ လုပ်ကိုင်ဖြစ်တာလေးတွေလည်း ပြောပြပေးပါ။
ကျွန်တော် တခါတလေမှာ MBS အနေနဲ့
လုပ်ကိုင်ပါတယ်။ တခါတလေမှာ ကျွန်တော့်ပါစင်နယ်အနေနဲ့ freelance foundation Myanmar
ဆိုတာလေးကို တည်ထောင်ထားပြီး လုပ်ကိုင်ပါတယ်။ ဒါပေမယ့် အများစုကို MBS အနေနဲ့
သာလုပ်ပါတယ်။ ဟောပြောပွဲတွေ နဲ့အလုပ်ရုံဆွေးနွေးပွဲတွေကို မိုဘိုင်းဆော့ဝဲလ် ကဏ္ဍ၊
apply application software ကဏ္ဍ စသဖြင့် သူ့အပိုင်းနဲ့သူ စိတ်ဝင်စားသူတွေ လူငယ်တွေ
ပိုမိုဆုံတွေ့နိုင်အောင်စီစဉ်ပါတယ်။ နည်းပညာဖွံ့ဖြိုးဖို့ဆိုတာ စိန်ခေါ်မှုတွေ
အများကြီးရှိပါတယ်။ ဒါတွေတိုးတက်ဖို့က တယောက်ကောင်းနဲ့မရပါဘူး။ ဒီ industry
တိုးတက်ဖို့က market လိုပါတယ်။ ဘောလုံးကန်တဲ့ဘောလုံးသမားတစ်ဦးအတွက်
လေ့ကျင့်ဖို့ဘဲဖြစ်ဖြစ် ယှဉ်ပြိုင်ဖို့ဘဲဖြစ်ဖြစ် ဘောလုံးကွင်းလိုပါတယ်။ နောက်ပြီး
သူတို့အတွက်အခွင့်အလမ်းတွေဖန်တီးပေးဖို့လိုပါတယ်။ ဒီလိုဘဲ ဒီက developer တွေ
လုပ်ငန်းငယ်တွေအတွက် တိုးတက်လာဖို့ အမှန်တကယ် နဲ့အလျှင်မြန်ဆုံး ထောက်
ပံ့ကူညီနိုင်ဖို့လိုပါတယ်။ ဒါကြောင့် ဒီလို အလေ့အထတွေပေါ်ထွက်လာဖို့ကျွန်တော်
တတ်အားသလောက်ကြိုးစား ပါတယ်။ ကျွန်တော့်အနေနဲ့ နည်းပညာပြပွဲလို
လှုပ်ရှားမှုတွေကိုလဲ ကြိုးစားလုပ်ခဲ့ပါတယ်။ ကျွန်တော်က အမြဲပြော လေ့ရှိတဲ့ Lobby
သက်သက်ဖြစ်ပါတယ်။ ကြိုးစားဆောင်ရွက်ရမယ့် အပိုင်းတွေလဲ အများကြီးကျန်ပါသေးတယ်။
6. အင်တာနက် ဂျာနယ်ထဲမှာ အစ်ကို E Government အကြောင်းလေးတွေ ဖတ်ရတယ် ကျွန်တော်နိုင်ငံတော် အစိုးရက E Government ကိုသွားနေတာ ဖြစ်တော့ ဘယ်လိုအခြေအနေတွေ ရောက်ပြီး ဘယ်လို အခက်အခဲတွေ ရှိနေပါသလဲ။
သွားတာကတော့ သွားရမှာပါ။
အားနည်းချက်တွေကို သိဖို့လိုပါတယ်။ ဘာကြောင့်မအောင်မြင်သေးတာလဲ ဆိုတာ ဒီ
ကဏ္ဍကြီးကိုမောင်းနှင်သူတွေသိပါတယ်။ ဒါကြောင့် ဒီအမှားတွေကို ထပ်ခါထပ်ခါ
မဖြစ်စေဖို့ဆင်ခြင်သင့်ပါတယ်။ ကိုယ့် တိုင်းပြည်ကို တကယ်စေတနာထားရင် ရှဥ့်လဲလျောက်သာပျားလဲဆွဲသာလောက်တော့
လုပ်ကြဖို့ တိုက်တွန်း ပါတယ်။ ကျွန်တော်တို့ကအစိုးရကို တိုက်တွန်းနေတာပါ။
မသိသေးတာတွေကို သိအောင် တင်ပြတာပါ။ ဆရာလုပ် တာလဲမဟုတ်ပါဘူး။
အခွင့်အရေးရှာတာလဲမဟုတ်ပါဘူး။ ဒီတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေနဲ့ မှန်ကန်တဲ့
လုပ်ငန် စဉ်တွေ လုပ်နိုင်ဖို့ တတ်သိပညာရှင်တွေနဲ့အစိုးရကြားမှာ
ပွင့်လင်းမြင်သာမှုရှိတဲ့ ဆက်ဆံရေးလိုအပ်ပါတယ်။ e-gov ကိုဖော်ဆောင်ရာမှာ အဓိက
ကျတာကတော့ နည်းပညာတစ်ခုထဲမဟုတ်ပါဘူး အသိပညာနဲ့စိတ်ဓါတ်အခြေခံကောင်း တွေလဲ
ကြိုးစားပြုပြင်ဖို့လိုအပ်ပါတယ်။ အခုအနေအထားက လျှင်မြန်တဲ့နှုန်းနဲ့ ဒီကဏ္ဍ ကြီးကိုပြောင်းလဲဖို့
လုပ် ဆောင်နေတာတွေ တွေ့ရပါတယ်။ ဌာနဆိုင်ရာတွေကလဲ
လိုက်မှီဖို့လိုသလိုပြည်သူလူထုကလဲပူးပေါင်းပါဝင်နိုင်ဖို့ လိုအပ်ပါတယ်။ ပြင်ကက
လုပ်ထုံးလုပ်နည်းတွေကို digitize လုပ်တဲ့အခါ မှာ ကြန့်ကြာမှုတွေကို အများကြီး လျော့
ချပေးနိုင်ဖို့လိုပါတယ်။ အပြင်က ဖောင်ဖြည့်တာလောက်ကို
အင်တာနက်ကတဆင့်ဖြည့်ခိုင်းတာဘဲရှိပြီး ကျန်တာ တွေကို အပြင်မှာ လိုက်လုပ်နေရရင် ဒါ
မစားသာပါဘူး။ အချိန်ကုန်တာဘဲရှိပါတယ်။ တချို့လုပ်နည်းလုပ်ဟန် တွေကို
ပြောင်းလဲသင့်ပါတယ်။
7။ တယ်လီဖုန်းတွေ ဈေးကျလာတာရော
အင်တာနက်အရင်းအမြစ်တွေ
ကြွယ်ဝလာတာကြောင့်
လောလောဆယ် ပြည်သူတချိုတစ်ဝက်က အရင်ကထက်စာရင် အင်တာနက် သုံးစွဲ လာနိုင်ကြပါပြီ သူတို့
အင်တာနက်သုံးစွဲမှုကြောင့် လူမှုရေး
စီးပွားရေး
ပညာရေးဆိုင်ရာ အကျိုးဖြစ်ထွန်းမှုတွေ ပိုမိုများပြားလာပါသလား။
လုံးဝသေချာပါတယ်။ တစုံတရာသောပြောင်းလဲမှုအတွက်
ဒါကတွန်းအားတစ်ရပ်ဖြစ်လာမှာပါ။ မိုဘိုင်းဖုံးသုံးတဲ့ သူ ဘယ်လောက်ဘဲများများ၊
ဝန်ဆောင်မှုတွေကောင်းကောင်းမပေးနိုင်ရင် အလကားဘဲ၊ ပညာရေးတွေ e-gov တွေ ဆိုတာ
အပြောဘဲဖြစ်သွားမှာ။ တယ်လီဖုန်းဈေးကျတာ တစ်ခုထဲက အဖြေမဟုတ်သေးပါဘူး။ အင်တာနက်ရရှိ
မှုတစ်ခုထည်းကလဲအဖြေမဟုတ်ပါဘူး။ ဒီပစ္စည်းတွေကို အသုံးချနိုင်တဲ့ အသုံးပြုနိုင်တဲ့
ဝင်ငွေနဲ့ အသိပညာ တွေ လဲရှိဖို့လိုအပ်ပါတယ်။ သိပ်မျှော်လင့်ထားစရာ မဟုတ်ပေမယ့်
ဖြစ်တော့ဖြစ်လာဦးမယ့် အပြောင်းအလဲ တစ်ရပ် နဲ့ စိန်ခေါ်မှုဖြစ်လာမှာပါ။ ဈေးပေါတဲ့
စမတ်ဖုံးတွေကလဲ အင်တာနက်ကို သုံးနိုင်ပါတယ်။ ဒါပေမယ့် အင်တာနက်ရဲ့ အကျိုးရှိမှုကို လက်တွေ့
နယ်ပယ်မှာ ဘယ်လိုသုံးမလဲဆိုတာအတွက် အစိုးရရဲ့ e-gov ဖွံ့ဖြိုးတိုးတက်မှုကလဲ
အများကြီးပါဝင်နေပါတယ်။
ကျွန်တော်တို့တွေ နောက် ၃
နှစ်အတွင်းတော့ မိုဘိုင်းဖုန်းကနေ စာသင်တာတွေ ဘာတွေ တကယ်မလုပ်နိုင်
သေးဘူးလို့ကျွန်တော်ထင်ပါတယ်။ အခြေခံအဆောက်အဦးနဲ့လူသားအခြေခံအရင်းအမြစ်တွေအားနည်း
လွန်း နေပါတယ်။ ဆိုလိုတာက ကျွန်တော်တို့ လူသားအခြေခံအဆောက်အဦးရဲ့အသိပညာတွေကို
တိုးတက်စေမယ့် နည်းလမ်းအချို့ကိုရှာကြံဖြတ်သန်းရဦးမှာပါ။ နောက်တချက်က
ဘာနည်းပြာနဲ့သုံးထားတဲ့ ဖုံးဘဲဖြစ်ဖြစ် ကိုယ့် မြန်မာစာ ကိုပေါ်လွင်အောင်
တင်ပြနိုင်စွမ်းမရှိသေးရင် လဲ အားနည်းချက်ဖြစ်နေမှာပါ။ စံချိန်စံညွှန်းတစ်ခု လိုနေ
ပါတယ်။ ဥပမာ SMS တစ်ခုသုံးတာကို ဘယ်ဖုံးအမျိုးအစား ဘယ်လိုနည်းပညာသုံးထားသုံးထား
တစ်ညီတစ်ညွတ် ထဲ မြင်ရမယ့် စာသားတွေဖြစ်လာဖို့လိုကိုလိုအပ်နေပါတယ်။
8. အိုင်တီနယ်ပါယ်မှာကော
အစိုးရ၀င်ရောက်စွက်ဖက်မှု ဒါမှမဟုတ် နောက်ကွယ်က ကြိုးကိုင်မှုတွေ ထိန်းချုပ်မှုတွေ
ရှိနေဆဲလားခင်ဗျာ
ဒါကအချို့အတွက်တော့ဟုတ်တယ်
အချို့အတွက်တော့မဟုတ်ဘူး ဆိုရမယ်။ ဥပမာ- နိုင်ငံရပ်ခြား နဲ့ချိတ်ဆက် လုပ်ကိုင်မယ့်
လုပ်ငန်းငယ်တစ်ခုအတွက် ပြည်တွင်းက အိုင်စီတီ အသင်းအဖွဲ့တွေရဲ့အသိအမှတ်ပြုမှု
လိုအပ်နေတဲ့ ကိစ္စရပ်တွေ အတွက် ကိုင်တွယ်မှုတွေ မှာအားနည်းချက်တွေရှိနေတာတွေက
အတားအဆည်းတစ်ခုလို ဖြစ်နေတတ် တာမျိုးတွေ။ ဒါကလဲ လုပ်ငန်းရှင်နဲ့အသင်းအဖွဲ့တွေကြားက
ပွင့်လင်းမြင်သာတဲ့ ဆက်ဆံရေးတွေ မရှိတဲ့ အားနည်း ချက်၊ အများစုက ဒီလိုအသင်းအဖွဲ့တွေနဲ့မဆက်ဆံလိုတဲ့
အားနည်းချက်တွေကြောင့်ဖြစ်တာတွေရှိပါတယ်။ ဒီလို အသင်းအဖွဲ့တွေကိုလဲ
ဥပဒေအရဖွဲ့စည်းထားတာကြောင့် အစိုးရပိုင်းရဲ့ လွှမ်းမိုးမှုတွေ ရှိနေသေးတာတွေ ကလဲ
ထိန်းချုပ်မှုကို ရှိနေစေပါတယ်။ အဲဒီအသင်းအဖွဲ့တွေရဲ့ အမှန်တကယ် လုပ်နိုင်စွမ်းကို
ကျဆင်းစေတယ် အရှိန် လျော့စေပါတယ်။ နည်းပညာဆိုင်ရာ အသင်းအဖွဲ့ကြီးတွေမှာ တကယ်ကို
စေတနာနဲ့ပြုပြင်ပြောင်းလဲ လိုသူ တွေရှိ နေတာကို ကျွန်တော်ယုံကြည်ပါတယ်။
ကျွန်တော့်အလိုကတော့ ဒီက
နည်းပညာဆိုင်ရာအသင်းအဖွဲ့တွေကို လွတ်လပ်တဲ့အဖွဲ့အစည်းတွေအဖြစ်လုပ်ကိုင်
ခွင့်ပြုလိုက်ရင် Industry တိုးတက်ဖို့အတွက်ပိုမြန်သွားမယ်လို့ထင်ပါတယ်။
ဝန်ကြီးဌာနက တိုက်ရိုက်ချုပ်ကိုင် တာမဟုတ်ပေမယ့် အထိန်းအကွက်အောက်မှာ ရှိနေပါတယ်။
ဆက်သွယ်ရေးဥပဒေပေါ်ပေါက်ပြီးနောက် မှာ နည်းပညာပိုင်းလုပ်ကိုင်ဆောင်ရွက်ရမယ့်
လုပ်ငန်းတွေအတွက် ပိုမိုအခွင့်အရေးရှိလာပေမယ့် အချို့အရာတွေ အတွက်
အစိုးရပိုင်းလွှမ်းမိုးမှုတွေ ရှိနေတယ်လို့ အများစုက သံသယ ဖြစ်နေဆဲပါ။ ဥပမာ
အားလုံးသော အင်တာနက် ဆိုင်ရာ တွေကို တနေရာထဲက ဖြတ်သန်းသွားရမယ်ဆိုတာမျိုးတွေပါ။
ဥပဒေ နည်းဥပဒေတွေ ငြိမ်တဲ့အထိ စောင့် ကြည့်ဖို့လိုပါသေးတယ်။ လတ်တလောမှာတော့
အများကြီးလွတ်လပ်နေတာပေါ့။ ကြားကာလ ဖြစ်နေတာဆိုတော့ တရားဝင်တယ်မ၀င်တယ် အသေအချာ မသိရပေမယ့်
ပြည်တွင်းမှာ အင်တာနက်ဖုံးခေါ်ဆိုပေးတဲ့ဝန်ဆောင်မှုတွေ အင်တာနက်ပေါ်က
ဖြတ်သန်းတဲ့ငွေကြေးဆိုင်ရာဆောင်ရွက်မှုတွေ ဒါတွေရှိနေတာဘဲ။ ဘယ်သူကမှ
အရေးတစ်ယူလုပ်တာမျိုးမရှိ သေးပါဘူး။ နောက်တခုက PAC လိုင်စင်လိုအရာတွေ မှာ ခုထက်
လျော့ပေးရမယ့် အရာ တွေ ရှိတယ်။ မဟုတ်ရင် စည်ပင်လိုင်စင်အနေနဲ့ဘဲထားပြီး
ဖြတ်သိမ်းပစ်သင့်တယ်။
9.အင်တာနက်လွတ်လပ်ခွင့်အပေါ်မှာ ပြည်သူလူထုက
ဘယ်လိုအကြောင်းအရာ အချက်အလက်မျိုးတွေမှာ အများဆုံးသုံးစွဲပါသလဲ
အင်တာနက်လွတ်လပ်ခွင့်ဆိုတာကို
မရှင်းကြတာပါ။ ခေါ်သမျှ website တိုင်းပွင့်နေရင် ဒါက လွတ်လပ်နေပြီလို့ ယူဆနေတာ
မှားနေပါတယ်။ အင်တာနက်လွတ်လပ်ခွင့်က အသုံးပြုသူနဲ့ဝန်ဆောင်မှုပေးသူ တွေကို ဥပဒေအရ
အကာ အကွယ်ပေးမှုတွေ တောင့်တင်းတာမျိုးပါ။ လူတစ်ဦးခြင်းရဲ့
လွတ်လပ်ခွင့်နဲ့ရာဇ၀တ်မှုတွေကြားက ချိန်ခွင်လျှာ ကိုထိန်းညှိတဲ့အရာမှာ မှန်ကန်တယ်
အားကောင်းတယ်ဆိုတာမျိုးတွေကိုပြောတာ။ ရင်တထိတ်ထိတ်နဲ့သုံးစွဲနေရ တာကိုက
လွတ်လပ်ခွင့်မရှိပါဘူး။ ဥပမာ ခင်ဗျား ဂျီမေး ကိုအသုံးပြုနေတာတွေ၊ လက်ကိုင်ဖုန်းက
အချက်အလက်တွေ ကို တခြားလက်ကိုင်ဖုန်းကို ကြိုးမဲ့စနစ်တစ်ခုခုသုံးပြီး
လွှဲပြောင်းပေးတာ ရယူတာတွေ၊ နိုင်ငံရပ်ခြားက ၀န်ဆောင်ပေးတဲ့ VOIP စနစ်တစ်ခုခုကို
သုံးစွဲနေတာတွေက လက်ရှိ ပြဌာန်းချက်တွေနဲ့ ကိုက်ညီရဲ့လား ဆိုတာ
ပြန်ကြည့်ရတော့မှာပါ။ အင်တာနက်ကို ရယူသုံးစွဲရာမှာ ဈေးကြီးနေတာတွေ ကောင်းမွန်တဲ့
ဝန်ဆောင်မှုကို ထိုက်တန်စွာ မရရှိတာတွေကလဲ ဒီမှာ အကျုံးဝင်ပါတယ်။ အထူးသဖြင့်
ခေတ်နဲ့လျှော်ညီမှုမရှိတဲ့ ဥပဒေတွေ ကို ပြင်ဆင် ဖြတ်သိမ်းခြင်းမရှိဘဲနဲ့ ဒါကို
လွတ်လပ်လာပါပြီလို့ ဘယ်လိုမှ ဆိုလို့မရပါဘူး။ နောက်တစ်ချက်က အွန် လိုင်း မှာ
ရေးချင်ရာရေး ဘာတာဝန်မှမယူ၊ ဒါတွေကို ထိန်းသိမ်းဆောင်ရွက်ရာမှာ အားနည်းနေတာကလဲ
လွတ်လပ် ခွင့်တွေကို ထိပါးနေတာနဲ့တူပါတယ်။ လွတ်လပ်တယ်ဆိုတာ တာဝန်ယူမှု တာဝန်ခံမှု
ဆိုတဲ့ အပိုင်း ကျင့်ဝတ် အပိုင်း တွေနဲ့ ဥပဒေကိုလေးစားလိုက်နာနာ ဥပဒေက မှန်ကန်စွာ
ဆုံးဖြတ်ပေးနိုင်တာတွေလဲ ပါဝင်ပါတယ်။ ပြီးတော့ နည်းပညာ ပိုင်းမှာဆို
ဆိုက်ဘာတိုက်ခိုက်မှုလို အရာတွေ၊ တစ်ဦးခြင်းကိုဘဲဖြစ်ဖြစ် အစိုးရကိုဖြစ်ဖြစ်
လုပ်ငန်း တွေကို ဖြစ်ဖြစ် ထိခိုက်နစ်နာလာတာတွေရှိလာရင် တန်ပြန် ထိန်းချုပ်
အရေးယူပေးနိုင်မယ့် ဥပဒေ နဲ့နည်းပညာရှင်တွေ ပိုပြီး
အားကောင်းမောင်းသန်ဖြစ်လာဖို့လိုပါတယ်။ စိုးရွံ့စရာ ရှိနေသမျှ ကာလပတ်လုံး
လွတ်လပ်တယ်လို့ပြောလို့မရ ပါဘူး။ အများစုက တော့ လွတ်လပ်မှုကို မှားယွင်းစွာ
ဖွင့်ဆိုသုံးစွဲနေတာ အန္တရာယ်ဖြစ်စေပါတယ်။ တကယ်တော့ လွတ် လပ်စွာရေးသားဖော်ပြ
ပုံနှိပ်နိုင်တယ်ဆိုတဲ့ အခြေခံလူ့အခွင့်အရေး ကိုလဲ ထိပါးခံတာ မဖြစ်စေဘဲ တာဝန်ယူ
မှုတာဝန်ခံမှု အပိုင်းတွေကို အခုထက် ပညာပေးမှုတွေ လုပ်သင့်ပါသေးတယ်။
10. နောက်ဆုံးမေးခွန်းပါ ...
အစ်ကို့အနေနဲ့ကော အိုင်တီနယ်ပယ်ကို စီမံခန့်ခွဲခွင့်ရရင် ဘယ်လို
စီမံခန့်ခွဲဖို့အကြံဥာဏ်တွေရှိပါလည်းခင်ဗျာ
ကျွန်တော်တို့အနေနဲ့ အထက်မှာပြောသလို
ဥပဒေရေးရာတွေနဲ့ နည်းပညာ အားကောင်းလာဖို့ ပြင်ပ ပညာရှင် တွေ လူငယ်တွေကို
များများထိတွေ့ များများပံ့ပိုးချင်ပါတယ်။ ပညာရေးကဏ္ဍ မှာ smart school လို
ရိုးရှင်းလွယ်ကူတဲ့ ပုံစုံ တွေနဲ့ အခြေခံပညာရော နည်းပညာတွေကိုပါ
ပိုင်ပိုင်နိုင်နိုင်ဖြစ်လာအောင် အမြန်ဆုံး ပြပြုချင်ပါတယ်။ မျှတပြီး လွတ် လပ်တဲ့
ယှဉ်ပြိုင်နိုင်စရာဈေးကွက်ဖြစ်စေဖို့ လုပ်ငန်းငယ်တွေအတွက် ချေးငွေနဲ့အရင်းအနှီးတွေ
ရအောင် နိုင်ငံ တစ် ကာနဲ့ ၊ သက်ဆိုင်ရာဝန်ကြီးဌာန တွေ ပြင်ပ အဖွဲ့အစည်းတွေနဲ့
ပွင့်လင်းမြင်သာမှုရှိရှိ ပူးတွဲလုပ်ဆောင်သွားချင်တယ်။ သုတေသန နဲ့ဖွံ့ဖြိုးရေး
အတွက် အလေ့အထ ဖြစ်လာအောင် R&D center တွေ တိုး တက်တည်ထောင်ပါမယ်။ developer
တွေ စုဝေးနိုင်တဲ့ နေရာတွေ အလုပ်အကိုင်ဖန်တီးနိုင်မယ့် တီထွင် ဖန် တီးမှု
ကိုအားပေးမယ့် ရပ်ဝန်းတွေကို မြို့ကြီးတိုင်းမှာ ရှိလာအောင် စိတ်ဝင်စားတဲ့
လုပ်ကိုင်လိုသူတွေကို ပံ့ပိုးချင်ပါတယ်။ ဒေသဆိုင်ရာ အစိုးရတွေ ကို ဒီလို
နေရာတွေပေါ်ထွက်လာစေဖို့ တိုက်တွန်းမယ်။ e-gov ဖွံ့ဖြိုးလာဖို့အတွက် စံချိန်စံညွှန်းတစ်ခုကြားမှာ
ဝန်ကြီးဌာန တိုင်းကို အပြန်အလှန်ယှဉ်ပြိုင်မှုဖြစ်စေမယ့် ပုံစံနဲ့ လူထုကို
အကောင်းဆုံးဝန်ဆောင်နိုင်စေဖို့ အစိုးရန္ဒယား တစ်ခုလုံး လျှင်မြန်စွာလည်ပတ်စေဖို့ စီစဉ်ချင်ပါတယ်။
ဒါတွေ အားလုံးက အဖွဲ့အစည်းအားကောင်းဖို့လိုပါတယ်။ အဖွဲ့အစည်းအားကောင်းတယ်ဆိုတာ
အဖွဲ့တွေ များနေ တာကိုပြောတာမဟုတ်ဘဲ ကျစ်လစ်ပြီး တ ကယ်လုပ်နိုင်ကိုင်နိုင်တဲ့
အဖွဲ့အစည်းတွေကို ဆိုတာပါ။
ပြီးတဲ့အခါ နည်း ပညာ စစ်စစ် တွေကို
ပြသတဲ့ ပြပွဲတွေ ပြိုင်ပွဲတွေ ကို ကျင်းပချင်ပါတယ်။ နိုင်ငံတကာက တက္ကသိုလ် တွေ
ကုမ္ပဏီတွေ ကိုဖိတ်ကြားပြီး ဒီမှာ ပြချင်ပါတယ်။ ကျွန်တော်တို နိုင်ငံက
ကျောင်းသားတွေ လူငယ်တွေကို တီထွင်ဖန်တီးနိုင်တဲ့ စိတ်ကူးတွေ ဖြစ်လာစေဖို့ ဒီလို
ပြပွဲတွေ ယှဉ်ပြိုင်မှုတွေ လိုအပ်ပါတယ်။
ခင်ဗျားမှာ ကွန်ပျုတာ
တစ်လုံးဝယ်ချင်တယ်။ ငွေလဲရှိတယ်။ အချိန်လဲရတယ်။ ဒါဆို တကယ်သွားဝယ်ဖို့ဘဲ လိုပါတယ်။
ဒါပေမယ့် အိမ်သုံးကွန်ပျုတာတစ်လုံးလိုအပ်တာကို ဆာဗာကွန်ပျုတာ ကြီးတော့
ဝယ်လိုက်ဖို့ စိတ် မကူးမိဖို့ဘဲအရေးကြီးပါတယ်။
11. အစ်ကို့အနေနဲ့ ဖြည့်စွက်ပြောဆိုချင်တာတွေ
ရှိခဲ့ရင် ...။
2010 နောက်ပိုင်းမှာ ကဏ္ဍ အသီးသီးက
ဖွံ့ဖြိုးလာတယ်လို့ ပြောမရတောင် ပြောင်းလဲမှုတွေ အများအပြားရှိလာ ပါတယ်။ ဒါပေမယ့် နည်းပညာရပ်ဝန်းမှာ
ထင်သလောက်မဖြစ်ပါဘူး။ ပြောင်းလဲသွားတာဆိုလို့ အရင် ရှိရင်းစွဲ လုပ် ငန်းကြီးတွေ ပိုကြီးသွားပါတယ်။
လုပ်ငန်းငယ်တွေတော့ တခြားဟာတွေ ပြောင်းလုပ်ကြတာကို တွေ့ရပါတယ်။ mobile တိုးတက်လာမှုကို
မျှော်ပြီး ပြင်ဆင်နေတဲ့ လူငယ်အရင်းအမြစ်တွေတော့ ဆက်ထွက်ပေါ်လာပါတယ်။ ဒါ ပေမယ့် တကယ့်ကို
တိုးတက်ဖို့အတွက် အခြေခံအဆောက်အဦး တွေ အများကြီးလိုနေပါသေးတယ်။ Industry တိုး တက်ဖို့ဆိုရင်
ဈေးကွက် တစ်ခုဖြစ်လာအောင် တတ်သိနားလည်သူတွေက ဦးဆောင်ပြီး ဖန်တီးပေးရပါဦးမယ်။ ဒီအတွက်
အမှန်တကယ် စွန့်ဦးတွေ လိုပါတယ်။
နည်းပညာ တက္ကသိုလ် ကို သွားတက်မှ
နည်းပညာရှင်ဖြစ်လာမှာ မဟုတ်ပါဘူး။ ၀ါသနာပါရင် ဖြစ်ကိုဖြစ်ရပါမယ်။ အဲဒီအတွက်
သင်ကြား သင်ယူလိုစိတ် နဲ့သင်ယူနိုင်တဲ့ဝန်းကျင်တွေ ကို တည်ဆောက်ရမှာပါ။ နည်းပညာက
၂၁ ရာစုမှာ လူသားတွေ အတွက် ဘ၀အစိတ်အပိုင်းတစ်ခုဖြစ်လာတာကြောင့် ဒါက
တစ်စုတဖွဲ့ထဲနဲ့ဆိုင်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ စဉ်း စားတတ်တဲ့ လူသားတိုင်းမှာ
အကောင်းဆုံးဖန်တီးနိုင်တဲ့ အတွေးအခေါ်ကောင်းတွေ အမြဲရှိနေတယ်ဆိုတာ ယုံကြည်ပါတယ်။
သူတို့အိမ်မက်ကို တကယ်ဖန်တီးခွင့်ပြုနိုင်ဖို့ပါဘဲ။
Comments