sunday nightmare
Sunday ရဲ့ နေလုံးပြောက်ချိန်မှာ
စွန်းထင်းသွားတဲ့ ၀ိုင်နီနီအစက်အပျောက်တွေ ကိုသိတယ်၊
မော့ချလိုက်တဲ့ ဗျစ်ရည်တွေရဲ့စွမ်းပကားကိုသိတယ်၊
ကောင်မလေးတယောက်ကို သိတယ်။
လက်ကိုင်အိတ်မဲမဲ၊ ဘယာကြော်တထုတ် ၊
ဝမ်းနည်းမှုအချို့နဲ့၊ စကားလုံးရိုးရိုးများ၊
ဖြတ်သန်းစီးမြောသွားတဲ့ ထုံဝေေ၀ လှုပ်ခတ်မှုများ။
ပြီးတော့
ရွက်ဝါတွေကြွေကျသွားတယ်၊
ပဉ္စသိင်္ခ လက်ထဲက နတ်စောင်း
ကြိုးတချောင်းပြတ်သွားတယ်၊
ဆူညံမှုတွေဖရိုဖရဲကြားမှာ တိတ်တိတ်ဆိတ်ဆိတ်
just one minute ,
သေချာပါတယ်၊
လန့်မနိုးခင်အထိတော့ အိပ်မက် ……..။ ။

Comments