လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်အတွင်း Itizen journal မှာဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။ ခုလဲ အသုံးဝင်ဦးမယ်ထင်လို့ပြန်တင် လိုက်ပါတယ်။ ကိုယ်က နည်းပညာကို တဖက် ကမ်းခတ် တက်တာမဟုတ်တော့ ကိုယ်လေ့လာသိရှိထားတာကို အများနားလည်အောင်ပြောထားတာပါ။ လိုအပ်ချက်များရှိရင် ကျွန်တော်အားနည်းချက်ဖြစ်ပါလိမ့်မယ်။
မကြာခင်မှာ ကျွန်တော်တို့ နိုင်ငံအနေနဲ့ ဘဏ်လုပ်ငန်းတွေ ဒီထက်ပိုတိုးတက်လာတော့မှာ ဖြစ်တဲ့အတွက် အွန်လိုင်း ပေါ်ကနေငွေပေးချေ စနစ်တွေ၊ ငွေလွှဲလုပ်ငန်းနဲ့ ငွေသွင်းငွေထုတ် လုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ကြတော့မှာ ဖြစ်ပါ တယ်။ ဈေးဝယ်ဈေးရောင်းနဲ့ ကုန်ပစ္စည်း၊ သယ်ယူပို့ဆောင်ရေးနဲ့ အခြားသော ခရီးသွား လုပ်ငန်းတွေ အနေနဲ့ ဒီ စနစ် ကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြတော့မယ်ဆိုရင် သတိထားရမယ့် အ ချက်ကဒီစနစ်တွေ အနေနဲ့ ဘယ်လောက် လုံခြုံစိတ်ချရမှုရှိတယ်ဆိုတာဘဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ကျွန်တော်တို့ဆီမှာ ပျောက်ကွယ်သွားခဲ့တဲ့ ဘဏ်ကဒ်စနစ်တွေ ပြန်လည်ပေါ်ထွန်းလာမှာဖြစ်တဲ့အတွက်သုံး စွဲသူ တွေအနေနဲ့ တချက်လောက် အဆက်အသွယ်ပျက်တောက်သွားခဲ့တာကြောင့် ဒီစနစ်တွေထွန်းကားလာဖို့ အတွက် အချိန်အနည်းငယ်ပြန်လည်ယူဖို့လဲ လိုပါတယ်။ သုံးစွဲသူတဦးတယောက်ရဲ့ ချွတ်ယွင်းချက်ကြောင့် လုံခြုံရေး စနစ်ပေါက်သွားတာကစပြီး လုပ်ငန်းတွေ ရပ်တန့်ကုန်တဲ့အထိ သုံးစွဲသူတွေရဲ့စိုးရိမ်ထိန့်လန့်မှုကို လျော့ချစေဖို့ ဘဏ်တွေနဲ့ အင်တာနက်အသုံးပြု ငွေချေစနစ်ကို လုပ်ဆောင်မယ့်သူအားလုံးက လုံခြုံရေးစနစ်အကြောင်းကို ကောင်းကောင်း ပြင်ဆင်ထားဖို့လိုပါတယ်။ နည်းပညာပိုမိုမြင့်မားလာတဲ့ဒီအချိန်မှာ အခုမှစတင်ပြီး ပြုလုပ်မယ့် ကွန်ယက် တွေအတွက် စိန်ခေါ်မှုတွေအများကြီးရှိနေပါတယ်။ ထို့အတူသုံးစွဲသူတဦးခြင်းလုံခြုံမှုကလဲ အရေးပါတဲ့ နေရာမှာရှိနေတာကိုတွေ့ရပါတယ်။
လုပ်မှာတော့ဖြင့် အကောင်းဆုံးကြိုးစားကြမယ်ဆိုတာကတော့မလွဲနိုင်ပါဘူး။ နိုင်ငံခြားရုပ်ရှင်တွေထဲမှာ မသမာ သူတွေက ဘဏ်စနစ်ကိုဖောက်ဝင်ပြီးငွေတွေလွှဲထုတ်သွားတာမျိုး၊ ခြေရာခံမရဘဲ ငွေတွေပျောက်ဆုံးသွားတာမျိုး၊ ဘဏ်ကဒ် တခုကနေ အခြားအကောင့်တွေကိုမွှေနှောက်ပြီး ငွေထုတ်သွားတာမျိုးမဖြစ်ရလေအောင် လုံခြုံရေးပိုင်း ဆိုင်ရာ နည်းပညာတွေနဲ့သုံးစွဲတဲ့ အပိုင်းတွေကို တစိတ်တဒေသလောက်ဖြင့် အသုံးပြုသူတွေအနေနဲ့လေ့လာထား သင့်တယ်လို့ထင်ပါတယ်။ ဒီလို သိထားခြင်းဖြင့် မိမိအသုံးပြုမယ့် ဘဏ်၊ ဒါမှမဟုတ် မိမိအသုံးပြုငွေချေမယ့် ဈေးရောင်း ငွေချေစနစ်ရှိတဲ့ ၀က်ဆိုဒ်တွေရဲ့ အနေအထား၊ ယုံကြည်စိတ်ချရမှု အသုံးပြုထားတဲ့ စနစ်တွေကို လေ့လာ နိုင်ပြီး ရွေးချယ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါတယ်။
အဓိကကျတဲ့အခြေခံအချက်အနေနဲ့ သုံးစွဲသူတဦးအနေနဲ့မိမိ ငွေလွှဲလုပ်လိုက်တိုင်း၊ငွေသွင်းလိုက်တိုင်း၊ မိမိရဲ့အချက် အလက်တွေက ကွန်ုယက်အတွင်း စီးဆင်းသွားတယ်ဆိုတာ သိထားဖို့လိုပါတယ်။ ဒါကြောင့် ဒီကွန်ယက်ကို လုံခြုံမှုရှိ စေဖို့က ငွေသွင်းထုတ် စာရင်းအပြောင်းလုပ်တာတွေကို အဓိကကိုင်တွယ်ထားတဲ့ ဘဏ်တွေပေါ်မှာ တာဝန်အရှိဆုံး ဖြစ်တယ်ဆိုတာလဲ သိထားသင့်ပါတယ်။ လုပ်ငန်းရှင်တွေဘက်က ဘယ်လောက်လုံခြုံအောင်လုပ်ထားပေမယ့် သုံးစွဲ သူရဲ့အားနည်းချက်ကြောင့် အချက်အလက်ပေါက်ကြားမှုတွေရှိနိုင်တယ်ဆိုတာလဲ မေ့မထားသင့်ပါဘူး။
ဘဏ်တွေအနေနဲ့ သုံးစွဲသူရဲ့ စာရင်းနဲ့ ငွေသွင်းငွေထုတ်ငွေလွှဲလုပ်ဆောင်ချက်တွေအတွက် စာရင်းအချက်အလက် တွေကို ဆာဗာမှာ သိမ်းဆည်းပေးထားပြီး အသုံးပြုတဲ့စက်တွေနဲ့ချိတ်ဆက်ပေးထားတာဖြစ်တဲ့အတွက် အတော်အတန်တော့ အန္ဒရာယ်ရှိတဲ့ စနစ်တခုဖြစ်တယ်လို့ယူဆလို့ရပါတယ်။ အဲဒီအတွက် ဖောက်ထွင်းလိုသူဟာ ကွန်ယက်ကိုကြားဖြတ် ခိုးဝင်ပြီးအချက်အလက်တွေရယူသွားနိုင်ပါတယ်။
အခြေခံအားဖြင့် အွန်လိုင်းမှချိတ်ဆက်လုပ်ဆောင်တာဘဲ ဖြစ်ဖြစ် အွန်လိုင်းမဟုတ်ဘဲ သုံးစွဲမှုတွေအတွက်ဘဲဖြစ်ဖြစ် ဘဏ်စနစ်တွေမှာရော ငွေကြေးပိုင်းနဲ့ဆောင်ရွက်တဲ့ဝက်ဆိုဒ်တွေအနေနဲ့ကွန်ယက်ပေါ်က နေဖြတ်သန်းလာမယ့် သုံးစွဲသူရဲ့အချက်အလက်တွေကို အပြည့်အ၀ကာကွယ်နိုင်ဖို့ အောက်ပါ နည်းလမ်း ၃ ခုကို အခြေခံပြီး အကာအကွယ်ပြုလုပ်ထားလေ့ရှိပါတယ်။
Secure Socket Layer (SSL)
SSL က ဒေတာ အသွားအလာ လမ်းကြောင်းကို encrypt လုပ်ပေးပါတယ်။ Netscape က နေ develop လုပ်ထားတဲ့ SSL စနစ်က အတန်အသင့်လုံခြုံမှုကောင်းတယ်လို့ဆိုပါတယ်။ ဒါပေမယ့် လက်ရှိကမ္ဘာတစ်ဝှမ်းမှာသုံးနေတဲ့ SSL စနစ်က တော့ အားနည်းတဲ့ 40 bit အမျိုးအစားဖြစ်ပြီး သို့ပေမယ့် သာမန် hack လုပ်တာမျိုးကိုတော့ ကာကွယ်ပေးနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ code တစ်ခုကို ဖြည်ဖို့ရာ ၁ နာရီလောက်အချိန်ယူရတတ်လို့ပါ။
SSL စနစ် support လုပ်တဲ့ Browsers တွေမှာ dialogue box သို့မဟုတ် taskbar အောက်ခြေမှာ အပြာရောင်သော့ခလောက်ပုံစံ၊ သို့မဟုတ် အပြာရောင် သော့ပုံစံလေးတွေပြထားခြင်းဖြင့် secure session ဖြင့် ချိတ်ဆက်နေကြာင်းပြသထားလေ့ရှိပါတယ်။
Secure Electronic Transaction (SET)
ဒီစနစ်ကတော့ Mastercard တို့ Visa card တို့နှစ်ဦးပေါင်းပြီး ထုတ်လုပ်သုံးစွဲတဲ့နည်းပညာဖြစ်လို့ ကမ္ဘာအနှံ့မှာ ယုံကြည်စိတ်ချပြီးသုံးစွဲနေဆဲဖြစ်ပါတယ်။ payment card တွေရဲ့ ဖြတ်သန်းသွားတဲ့ဒေတာအချက်အလက်တွေကို encrypt ပြုလုပ်ပေးတဲ့အပြင် ဒီ encrypt တွေက သူတို့စနစ်ကနေအလုပ်လုပ်တာ ဟုတ်မဟုတ်ကို ပြန်စစ်ပေးတဲ့ အပြန်အလှန် စနစ်ကို သုံးထားပါတယ်။ ပြီးတဲ့အခါမှာ ကဒ်သုံးစွဲသူရဲ့ ကုဒ်တွေနဲ့ encrypt လုပ်ပြီးသား သူ့ရဲ့ အခြားအချက်အလက် တွေကို အပြန်အလှန်စီစစ်ပေးပါတယ်။ အားကောင်းတဲ့စနစ်တခုဖြစ်ပါတယ်။
Public Key Software Infrastructure (PKI)
ဒါကတော့ပုံမှန်သမရိုးကျ သုံးစွဲတဲ့စနစ်ဘဲဖြစ်ပါတယ်။ အသုံးပြုသူရဲ့ လျှို့ဝှက်သော့နဲ့ ဘဲအလုပ်လုပ်တဲ့ ရိုးရှင်းတဲ့ စနစ်ဖြစ်ပါတယ်။ အီးမေးသုံးသလို username password အသုံးချ စနစ်နဲ့တူပါတယ်။ ဒါကလဲ အထိုက်အလျောက် လုံခြုံမှုရှိတဲ့စနစ်ဖြစ်ပါတယ်။ ထပ်ဆင့် ပြောင်းလဲပေးတဲ့ စနစ်တွေအသုံးမချထားပါဘူး။ system ကထုတ်ပေးတဲ့ ခိုင်မာတဲ့ လျှို့ဝှက်ကုဒ်တွေ နဲ့ အကာအကွယ်ပေးထားနိုင်တဲ့စနစ်ရိုးရိုးလေးဖြစ်ပါတယ်။
ဒီတော့ဘယ်စနစ်တွေကို အသုံးပြုသည်ဖြစ်စေအခြေခံကျတဲ့သုံးစွဲသူတဦးအနေနဲ့ ကဒ်စနစ်သုံး ငွေသွင်းငွေထုတ် အရောင်းအ၀ယ် ငွေလွှဲတွေလုပ်တော့မယ်ဆိုရင် အောက်ပါအချက်အလက်တွေကို မမေ့သင့်ပါဘူး။
၁။ မိမိကဒ်ကို သေချာစွာသိမ်းဆည်းပါ။
၂။ လျှို့ဝှက်ကုဒ်ကို စက်အတွင်းရိုက်သွင်းတော့မယ်ဆိုရင် ဂဏန်းနှိပ်မယ့်လက်တွေအပေါ်မှာ သတင်းစာ၊ ပိုက်ဆံအိတ်၊ ဒါမှမဟုတ်တခုခုကို အပေါ်ကနေဖုံးကွယ်ပြီး နှိပ်ပါ။
၃။ လုပ်ငန်းဆောင်ရွက်မှုပြီးတိုင်းမိမိကဒ်ကို သေချာစွာ ပြန်ယူလာနိုင်ဖို့သတိမမေ့ပါနှင့်။
၎။ လျှို့ဝှက်နံပတ်များအားတလလျှင် ၁ကြိမ်နှင့် လိုအပ်ပါက ၂ ကြိမ်ခန့်အပြောင်းအလဲလုပ်ပါ။
၅။ ပြောင်းလဲသည့် လျှို့ဝှက်နံပတ်များ ခိုင်မာ စေရန် အတွက် အားကောင်းသည့် password ပြုလုပ်နည်းကို အင်တာနက်ပေါ်တွင် လေ့လာပါ။
၆။ ဖြစ်နိုင်လျှင် ၂ ရက်လျှင်တစ်ကြိမ်ခန့်မိမိဘဏ်စာရင်းကို check in ၀င်ကြည့်ပြီး ကွဲလွဲချက်ရှိမရှိ စစ်ဆေးပါ။
၇။ ငွေသွင်းငွေထုတ်စာရင်းပြောင်း စသည်တို့လုပ်ပြီးတိုင်း စက်မှထွက်လာသော voucher အား (ရရှိခဲ့လျှင်) သေချာစွာသိမ်းဆည်းထားပါ။
၈။ မိမိအသုံးပြုသည့် ဈေးဝယ်ကဒ်၊ ငွေထုတ်ကဒ်၊ အကြွေးဝယ်ကဒ်၊ ဘဏ်စာရင်းကဒ် စသည့် မည်သည့်ကဒ်များကို မဆို သံလိုက်စက်ကွင်းထွက်သောနေရာများမှဝေးရာတွင်ထားသိုပါ။ ဥပမာ၊ မိုဘိုင်းဖုံး၊ ကွန်ပျုတာ၊ တယ်လီဗီးရှင်း
၉။ မိမိအသုံးပြုနေသော ကဒ်(သို့) စာအုပ် ပျောက်ဆုံးသွားပါက တာဝန်ရှိသူထံသို့ ချက်ခြင်းအကြောင်းကြားပြီး မိမိဘဏ်စာရင်းအား လုံခြုံရန်ကာကွယ်ပါ။
ပျောက်ဆုံးသွားသော ကဒ်ရှိခဲ့ပါက လည်းကောင်းကဒ်တွင်အသုံးပြုခဲ့သည့်မည်သည့်လျှို့ဝှက်ကုဒ်ကိုမဆို ပြန်သုံးဖို့ မကြိုးစားဘဲ အသစ်ပြောင်းလဲအသုံးပြုသင့်ပါတယ်။
၁၀။ ကိုယ်တိုင်အသုံးပြုနေသည့်ကဒ်သည် မည်သည့်ကဒ်အမျိုးအစားမျိုးဖြစ်သည်ကို ကောင်းစွာသိရှိနားလည် နိုင်ပြီးနောက် ကဒ်သက်တမ်းများနှင့် စာရင်းအမှတ်များမှတ်သားထားခြင်း၊ ကဒ် ဘဏ်သို့မဟုတ် သက်ဆိုင်ရာလုပ်ငန်းမှ ထုတ်ပြန်သော ညွှန်ကြားချက်များအား တိကျစွာ လိုက်နာစေနိုင်ဖို့ကြိုးစားပါ။
ဇော်ဇော်မျိုးလွင်
၆ နိုဝင်ဘာ ၂၀၁၀

0 comments:
Post a Comment