August Events
ဒီလအစောပိုင်းတွေမှာတော့ Barcamp X ကို Myanmar ICT မှာကျင်းပခဲ့တယ်။ ကိုယ်တိုင်လဲ Organizer အဖြစ်ပါဝင်ခဲ့သလို သုံးရက်မှာတော့ ၂ ရက်တက်ဖြစ်ခဲ့တယ်။ ဘာအကြောင်းမှ ထွေထွေထူးထူးဝင်မဆွေးနွေးခဲ့ဘူး။ R&D လိုမျိုး Hub တွေ အာရှနိုင်ငံတွေမှာ ဆက်လက်တိုးတက်လာ ဖို့ ဆွေးနွေး တာမှာတော့ ပါဝင်ခဲ့တယ်။
လလည်ပိုင်း ၁၉ ရက်နေ့မှာတော့ မိုဘိုင်း Apps တွေ ပိုပြီးတိုးတက်စေချင်တဲ့ ဆန္ဒနဲ့ workshop တစ်ခုကို အခက်အခဲတွေကြားထဲက စီစဉ်ဖြစ် ခဲ့တယ်။ ဒါပေမယ့် တကယ့် ပညာရှင်တွေ ထင်သလောက်မတက်ရောက်လာခဲ့ဘဲ၊ ၀ါသနာရှင်နဲ့ Developer အချို့တက်ရောက်ခဲ့ပြီး ရှေ့လုပ်ဆောင်ချင်တာတွေနဲ့ လက်ရှိအခြေ အနေ တွေကိုဆွေးနွေးခဲ့ကြတယ်။ အဓိကအချက်နေနဲ့ Apps store တွေ ဖြစ်တည်လာတာ၊ နောက်တစ်ခုက စိတ်ချလုံခြုံတဲ့ payment နဲ့ စားသုံးသူ အလေ့အထ တွေ ကို မျှချိန်ပြီး တကယ်အလုပ်ဖြစ်မယ့် အနေအထားတွေကို စဉ်းစားဆွေးနွေးခဲ့တယ်။ R&D အသေးစားလေးတွေပေါ်ပေါက်လာရေးနဲ့ လုပ်ငန်းသေးတွေစုစည်ပြီး အများ ပိုင်လုပ်ငန်းကြီးတစ်ခု ဖြစ်တည်လာဖို့ ဆုံးဖြတ်ခဲ့ကြတယ်။
![]() |
workshop အကြောင်းရှင်းလင်းနေတာပါ |
တက်ရောက်ဆွေးနွေးသူ ၅၉ ဦးရှိခဲ့ပြီး စာနယ်ဇင်းက သူတွေလဲပါဝင်ပါတယ်။ MRTV-4 ကလာရောက်သတင်းယူသွားပေမယ့် ဖော်ပြတာ မတွေ့မိလိုက်ပါဘူး။
![]() |
MRTV-4 သတင်းယူနေတာဖြစ်ပါတယ် |
![]() |
payment တစ်ခုအကြောင်းဆွေးနွေးနေတာဖြစ်ပါတယ်။ |
တနေကုန်ဖြစ်တာကြောင့် အကြွေးအမွေးနဲ့လဲဧည့်ခံခဲ့ပါတယ်။ လာရောက်ဆွေးနွေးကြသူများ၊ ကူညီပံ့ပိုးပေးတဲ့ GoThere Myanmar ထုတ်လုပ်တဲ့ Giga Gate မှ ကိုမိုးသန့် ဦး ကိုလဲအထူးကျေးဇူးတင်ပါတယ်။ MICTDC မှ မအေးမြတ်မွန်နဲ့ ၀န်ထမ်းများကိုလဲ ကျေးဇူးတင်ပါတယ်။ စင်္ကာပူကနေ တကူးတက ၀င်ရောက်ဆွေးနွေး ပေးတဲ့ ညီလေး စေတန်ဂေါ့ အားလဲ အထူးကျေးဇူးတင်ပါတယ်။
![]() |
နေ့လည်စာ ကော်ဖီနဲ့မုန့် |
တနေကုန်ဖြစ်တာကြောင့် အကြွေးအမွေးနဲ့လဲဧည့်ခံခဲ့ပါတယ်။ လာရောက်ဆွေးနွေးကြသူများ၊ ကူညီပံ့ပိုးပေးတဲ့ GoThere Myanmar ထုတ်လုပ်တဲ့ Giga Gate မှ ကိုမိုးသန့် ဦး ကိုလဲအထူးကျေးဇူးတင်ပါတယ်။ MICTDC မှ မအေးမြတ်မွန်နဲ့ ၀န်ထမ်းများကိုလဲ ကျေးဇူးတင်ပါတယ်။ စင်္ကာပူကနေ တကူးတက ၀င်ရောက်ဆွေးနွေး ပေးတဲ့ ညီလေး စေတန်ဂေါ့ အားလဲ အထူးကျေးဇူးတင်ပါတယ်။
![]() |
ပွဲမစခင် ပြင်ဆင်ထားမှု |
လကုန်ပိုင်း ၂၅-၂၆ မှာတော့ ကိုညီလင်းဆက်နဲ့ အတူ ပြည်ဘားကမ့်ကို တက်ရောက်ခဲ့တယ်။ ပြည်မှာ ဘားကမ့်စလုပ်ဖို့ စတင်ကူညီပေးနိုင်ခဲ့ပေမယ့် နောက်ပိုင်း အလုပ် များနေတာနဲ့ တော်တော်လေး လစ်ဟင်းခဲ့တယ်။ ဘာဘဲဖြစ်ဖြစ် ပြည်ဘားကမ့်က ရန်ကုန်နဲ့ မန်းပြီးရင် သူ့မြို့အနေအထားနဲ့အောင်မြင်တဲ့ ဘားကမ့် တစ်ခု လို့မြင်တယ်။ နွေးနွေးထွေးထွေးနဲ့ လိုအပ်တာတွေကို ကူညီပေးတဲ့ ပြည်က ဘားကမ့်စီစဉ်သူများနဲ့မြို့ခံများကို တကယ်လေးစားမိပါတယ်။ ရန်ကုန်ဘားကမ့်ကိုလဲ နောက်နှစ်မှာ အခုထက်ပိုမိုတဲ့ ဧည်ခံကြိုဆိုမှုတွေ ပြုလုပ်ပေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
![]() |
ကျွန်တော်၊ ကိုညီလင်းဆက်နဲ့ ကိုသုကာ |
ဟိုရောက်တော့ ရန်ကုန်ကလူတော်တော်စုံပါတယ်။ အားလုံး ပျော်ပျော်ပါးပါးနဲ့ဝင်နွှဲခဲ့တယ်။ ပထမ တော့ မိုဘိုင်း နဲ့ပတ်သက်တဲ့ဈေးကွက်၊ တီထွင်မှု၊ အလားအလာ တွေကို ရှဲမလို့ပါဘဲ။ ဒါပေမယ့် မြို့ခံတွေကို အချိန်ပေးချင်တာကြောင့် သူတို့အတွက် နောက်ဆုတ်ပေးခဲ့ပါတယ်။ ဘာမှမပြောဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် အထက (၁) ကျောင်းအုပ်ကြီးနဲ့ နောက်ပိုင်းပြည်မြို့မှာ လူငယ်တွေကို နည်းပညာဟောပြောပွဲတွေ လာရောက် ဟောပြောပေးနိုင်ဖို့ ဆွေးနွေးဖြစ်ခဲ့ပါတယ်။ နောက် တချက်က ကိုညီလင်းဆက်ကို အဲဒီမြို့က ရွှေဘုန်းပွင့်စာကြည့်တိုက်က အကူအညီတောင်းတာနဲ့ စာကြည့်တိုက်ကို နည်းပညာဘယ်လိုအကူအညီပေးကြမယ်ဆိုတဲ့ အနေနဲ့ ၀င်ဆွေးနွေးဖြစ်ပါတယ်။ ထဲထဲဝင်ဝင်မဟုတ်ပေမယ့် ပြန်ခါ နီးမှာတော့ အဲဒီ စာကြည့်တိုက်ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးဖို့ အမည်စာရင်း ပေးခဲ့ဖြစ်ပါတယ်။ ပြည်ရောက်တိုင်းစိတ်ဝင်စားတဲ့ သရေခေတ္တရာမြို့ဟောင်းနဲ့ အနီးကဘုရားတွေဘက်သွားဖြစ်တယ်။ တနင်္လာနေ့မှာတော့ ဆရာဦးနေဦးက လိုက်ပါပြီးး ရှင်း လင်းပြောကြားပေးတဲ့အတွက် အချို့အချက်တွေ သိခဲ့ရတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ဗိသုကာပညာနဲ့ လျှို့ဝှက်ဆန်းကျယ်မှုအပြည့်နဲ့ သချိုင်းဟောင်းတစ်ခုကို တွေ့ခဲ့ရတယ်။ အဲဒီအကြောင်း ရေးဖို့စဉ်းစားထားပေမယ့် လက်စမသတ်ဖြစ်သေးဘူး။ ဘာဘဲဖြစ်ဖြစ် ပြည်ကို ဘယ်အချိန်ရောက်ရောက် ကြည်နူးမိတယ်၊ ပျော်ရွှင်မိတယ်။
![]() |
ဘုရားမာ |
အဲဒီနားမှာ ကိုညီလင်းဆက်နဲ့ကိုသုကာတို့ ဓါတ်ပုံတွေ ရိုက်ကြတယ်။ ဘုရားမာ ကို အခုခေတ်အုတ်တွေနဲ့ပြန်လည်ပြုပြင်ထားတာကြောင့် လက်ရာတွေ ပျက်ယွင်း သွားတာတွေ့ရတယ်။ အရမ်းနှမြောဖို့ကောင်းပေမယ့် မြန်မာတွေအလိုအရ ဘုရားပျက်ကိုပြင်တာက ကုသိုလ်ရတဲ့အတွက် ပြန်ပြီး သုံးသပ်သင့်တဲ့အတွေးအခေါ် ဖြစ်လာ တယ်။ ဗိုလ်ချုပ်ကြီးနေ၀င်းနဲ့ သူ့မိသားစုဝင်တွေ လှူတန်းထားတဲ့ ဇရပ်တွေနဲ့ အခြား အဆောက်အဦးတွေကို အဲဒီဘုရားမာ နားမှာအများအပြားတွေ့ခဲ့ရတယ်။
![]() |
ကိုသခင်ကြီးပုံပုံရိုက်ဖို့ပြင်နေတယ် |
![]() |
လှည်းလမ်းပေါ်ကားမမောင်းရ |
ဘောဘောကြီးဘုရားကိုရှာရင်း လမ်းပျောက်နေရာက ဒေသခံတို့အကူအညီနဲ့ ကားဘီးနစ်လိုက်သေးတယ်။ သုံးယောက်ထဲ ကွင်းလယ်ခေါင်နေပူ ထဲမှာ တော်တော် လေး ဒွတ်ခရောက်သွားတယ်။ ဘုရားတွေနဲ့ပတ်သတ်တဲ့ အချက်အလက်တွေကို ဦးနေဦးပြောပြချက်အရ မြို့ပြင်မှာ သုံးပွင့်ဆိုင်တည်ထားတဲ့ အတွက်ရယ်။ ဘုရားတွေက အထဲမှာ လိုင်ဂူတွေ အဖြစ်တည်ထားတယ်။ ပြီးတော့ ပြတင်းပေါက်လိုအပေါက်တွေကို မြို့ထဲဘက်ကိုလှည်ထားတာတွေ့ရတာကြောင့် ကိုးကွယ်ယုံကြည် မှုတင်မကဘဲ ကာကွယ်ရေးအရပါ အဆိုပါဘုရားတွေကိုတည်ထားတယ်လို့ ယူဆကြတယ်လို့ပြောပါတယ်။ ကျွန်တော်တို့ဒီတခါ အဲဒီမြို့ဟောင်းကြီးထဲမှာ တော်တော် လေး သွားလာမိတဲ့အတွက် အချို့နေရာတွေမှာ အတွင်းမြို့ရိုး တွေကို အကောင်းအတိုင်း ရှိနေတာကို မြင်တွေ့ခဲ့ရတယ်။ တံတိုင်း တွေက သုံးထပ်ရှိပြီး လက်ရှိပြည်မြို့ထဲအထိပါ မြို့ဟောင်းက ကျယ်ပြန့်တယ်လို့လဲ သိရပါတယ်။
![]() |
ပြည်ဘားကမ့်အောက်ဂနိုက်ဇာများနဲ့အမှတ်တရ |
![]() |
ပြည်ဘားကမ့်အဖွဲ့တွေက တည်ခင်းတဲ့ ညစာ |
နေ့တိုင်းနေ့တိုင်း သောက်ဖြစ်ကြတယ်။ အစာပိတ်လိုက်တဲ့ ဘီယာတွေလဲမနည်းလှဘူး။ ဘားကမ့်ဒုတိယနေ့အပြီးမှာတော့ ပြည်ဘားကမ့် အော်ဂနိုက်ဇာတွေက အကောင်းဆုံး တည်ခင်းဧည့်ခံတဲ့ ညစာ စားပွဲကိုတက်ရောက်ကြပြီး တယောက်နဲ့တယောက် ရင်းနှီးစွာနဲ့ အတွေ့အကြုံတွေ ဖလှယ်ကြတယ်။ ပျော်ဖို့လဲကောင်း တယ်။
Comments