Multi Culture on Tech Seminar


Multi Culture on Tech seminar ကို မေလ ၂၆ ရက်နေ့၂၀၁၂ ခုနှစ် မှာကျင်းပသွားမှာဖြစ်ပါတယ်။ ကျင်းပမယ့်နေရာကတော့ Myanmar Info-Tech room 205 မှာဖြစ်ပြီး All day open seminar ဖြစ်ပါတယ်။ မူလရည်ရွယ်ထားတာတော့ Park Royal Hotel မှာဖြစ်ပေမယ့် ဈေးနှုန်းများ ၃ ဆမကမြင့်တက်သွားတဲ့အတွက် နေရာ ပြောင်းလဲကျင်းပတာဖြစ်ပါတယ်။ ပြည်တွင်း အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အခုလို နည်းပညာဆိုင်ရာ အသိပညာ ဆိုင်ရာ မျှဝေတဲ့ ဟောပြောပွဲတွေ အလုပ်ရုံဆွေးနွေးပွဲတွေလို အပြန်အလှန် ဆွေးနွေးတာတွေကို အစဉ်တစိုက်ပြုလုပ်သွားဖို့လိုအပ်ပါတယ်။ နည်းပညာ ကဏ္ဍဖွံ့ဖြိုး တိုး တက်စေဖို့အတွက် ပြပွဲတွေ ဈေးရောင်းပွဲတွေ ကို ပြုလုပ်နေကြသလို ပွင့်ပွင့်လင်းလင်း တိုက်တွန်းရရင် လုပ်ငန်းရှင်တွေအနေနဲ့ အခုလို ဟောပြောပွဲတွေ သင်တန်းတွေ အလုပ်ရုံဆွေးနွေးပွဲတွေကျင်းပတဲ့အခါ မှာလဲ ၀ိုင်းဝန်း ပံ့ ပိုး ပေးကြဖို့လိုအပ်ပါတယ်။

ယခုဟောပြောပွဲရဲ့အဓိက ရည်ရွယ်ချက်ထဲမှာ မြန်မာပြည်တွင်းမှာ အမှန်တကယ်အသုံးဝင်မယ့် နည်းပညာဆိုင်ရာ တိုးတက်ပြောင်းလဲမှုတွေ၊ နည်းပညာဆိုင်ရာ လုံခြုံ ရေးအပြင်ကိုယ့်ရဲ့တီထွင်ဖန်တီးမှုများတွက်ရော စီပွားရေးဆိုင်ရာများအတွက် ဥပဒေဆိုင်ရာ ကာကွယ်မှုလိုအပ်တာတွေ၊ e-commence , mobile technology, open source ဆိုင်ရာဖြစ်ပေါ်တိုးတက်ပြောင်းလဲလာမှုတွေ၊ Cloud နှင့် web developing , experience of building own business ဆိုင်ရာ အကြောင်းအရာတွေစတဲ့ စုံစုံလင်လင်ဖြစ်အောင် ကြိုးစားထားပါတယ်။

ခေါင်းစဉ်ပေးထားတဲ့အတိုင်း နည်းပညာဆိုင်ရာယဉ်ကျေးမှု ပြောင်းလဲနေပုံကို လက်ရှိလုပ်ငန်းလုပ်နေတဲ့ လူငယ် ပညာ ရှင်တွေက သူတို့အတွေ့အကြုံနဲ့ အသိပညာမျှဝေပေးကြမှာဖြစ်ပါတယ်။ နားထောင်ပြီးတဲ့အခါ သူတို့ရဲ့နှစ်ပေါင်းများစွာလေ့လာမှုတွေကို တခဏခြင်း ကျွန်တော်တို့နားလည်သွားမှာ ဖြစ်ပြီး Idea သစ်တွေ Thinking flow တွေကျန်ရစ်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော့်ထက် တော်တဲ့ တတ်တဲ့ သူတွေကို အမြဲတမ်းစုစည်းပြီး အခုလိုပွဲတွေကို ကျင်းပလေ့ရှိပါတယ် ပြီးတော့ မကြာခဏတင်ဆက်ချင်တဲ့ဆန္ဒရှိလဲပါတယ်။ ဒါကြောင့်လဲ တစ်ဦးခြင်းဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ လက်လှမ်းမှီသလောက်နဲ့ တတ်နိုင်သလောက် အမြဲ မပြတ်ပြုလုပ်သွားနိုင်ဖို့လဲကြိုးစားနေပါတယ်။ အိုင်စီတီဖွံ့ဖြိုးမှုအတွက် အဓိက ကျတဲ့အကြောင်းအရာက အသိပညာတိုးတက်စေဖို့ဖြစ်ပါတယ်။ Information and Communication Technology ဖြစ်တဲ့အတွက် အသိပညာတိုးတက် လာမှ အတတ်ပညာကို ဆက်လက်ဆည်းပူးလိုချင်တဲ့စိတ်တွေ တိုးပွားလာမှာဖြစ်ပါတယ်။ အဲဒီအခါမှ သာ ကိုယ့်အတွက် ဘာတွေလိုအပ်နေတယ်ဆိုတာ ကို ခွဲခြား ဆုံး ဖြတ် နိုင်လာကြမယ်လို့ထင်ပါတယ်။ ကိုယ့်အတွက် အိုင်စီတီ နည်းပညာဆိုတာ ကိုယ့်လက်တကမ်းမှာရှိနေပြီး ကိုယ့်အတွက် အများအတွက် ဘယ်လောက်အရေးပါနေတယ်ဆိုတာ ကို သိလာတဲ့အခါမှာလိုအပ်တဲ့ နည်းပညာဆိုင်ရာ ပစ္စည်းတွေ၊ အသက်မွေးဝမ်းကျောင်းအတွက် သင်တန်းတွေ ကို လိုအပ်ချက်အလိုက်ဖြည့်ဆည်းနိုင်မှာဖြစ်ပါတယ်။

ပြိုင်တူတွန်းရင် ရွေ့နိုင်တယ်ဆိုပေမယ့် ကျွန်တော်တို့ တခါမှပြိုင်တူတွန်းဖို့ မကြိုးစားခဲ့ကြဘူးလို့ လဲထင်ပါတယ်။ တတ်နိုင်သလောက်ဝင်တွန်းနေတဲ့အထဲမှာတော့ ကျွန်တော်တို့အပါဝင်ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ဟောပြောပွဲကို တက်ရောက်ရင်း အသိပညာတွေအတွေ့အကြုံတွေကို ဖလှယ်နိုင်ကြဖို့ဖိတ်ခေါ်ပါတယ်။

0 comments: