Onda tablet

မနေ့က သားလေးဆော့ဖို့အတွက် tablet လေးတလုံးဝယ်ဖြစ်တယ်။ လွန်ခဲ့တဲ့ အပတ်ထည်းက T-land ဆိုင်မှာတွေ့ခဲ့တာ။ အဲဒီမှာတော့ အဲဒီပစ္စည်းလေးကို ၁၈၀၀၀၀ နဲ့ရောင်းတယ်။ ipad ၀ယ်ပေးဖို့ကျတော့လဲ မတတ်နိုင်ဘူး။ ဒီဘက်ခေတ်ကလေးတွေအဖို့တော့ကံကောင်းတယ်ဆိုရမှာဘဲ သူတို့မှာ အသိဥာဏ်တိုးတက်ဖို့အတွက် အထောက်အကူပစ္စည်းတွေက တမျိုးပြီးတမျိုးထွက်လာတယ်။ ဒါနဲ့ဘဲ Onda အမှတ်တံဆိပ် tablet လေးကို ကျွန်တော်ရှာဝယ်ခဲ့တယ်။ ဈေးကတော့ အပြင်မှာရောင်းတဲ့ ဈေးထက် သက် သာသွားတယ်။ မိတ်ဆွေတယောက်အဆက်အသွယ်နဲ့ပါ။ အပြင်ကထက် ၃ သောင်းလောက်သက်သာပါတယ်။






ဘူးအခွံအပြင်အဆင်ကလဲ သပ်ရပ်တယ်။ အပိုပစ္စည်းတွေအနေနဲ့ battery charger, USB cable 2 port , ear phone တို့ပါဝင်ပါတယ်။ China made ဖြစ်တာကြောင့် user manual မှတော့ တရုတ်လိုဘဲရေးထားပါတယ်။ ဘာဘဲဖြစ်ဖြစ် ကားမောင်းတဲ့ ဂိမ်းတွေ၊ fruit ninja ၊ angry birds လို game တွေကို ipad မှာလဲဘဲပေါ့ပေါ့ပါးပါး သုံးနိုင်ပါတယ်။



အသေအချာ သုံးကြည့်တော့လဲ လျှင်မြန်စွာနဲ့လုပ်ဆောင်နိုင်တာတွေ့ရတယ်။ battery life ကလဲ တောက်လျောက် ဂိမ်းကစားကြည့်တာ ၇၅% အားသွင်းထားတာကို ၃၊ ၄ နာရီလောက်ထိ သုံးနေလို့ရပါတယ်။   ဈေးနှုန်း သက်သာစွာနဲ့ အသုံးပြုနိုင်ပြီး စွမ်းဆောင်ရည်မှာလဲ ကောင်းမွန်တဲ့ ဒီ tablet လေးကိုအသုံးပြုချင်ရင်  ၁၅၃၀၀၀ နဲ့ကျွန်တော့်ကို ဆက်သွယ်ပြီးမှာယူနိုင်ပါတယ်။ ပစ္စည်းအရေအတွက်တော့ ကန့်သတ်ထားပါတယ်။ အမှန်ကတော့ ဒီဈေးနဲ့ရလိုက်လို့ ကြိုတင်ပြီးမှာထားလိုက်တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ လာမည့် Barcamp Yangon 2012 မှာ အများသူငှာတွေကလဲ tablet တွေနဲ့ Barblet လုပ်နေချိန်မှာ ကိုယ်တွေလဲ ၀င်ပြီးနွှဲနေနိုင်ဖို့ပါ။ ဈေးနှုန်းသက်သာတယ် အရည်အသွေးလဲကောင်းတယ်ဆိုတဲ့ စကားလိုပေါ့။ တခုတော့ရှိတယ် သူ့အားနည်းချက်လို့ဆိုရ မလားဘဲ အပူချိန်တော့တက်လာတာတွေ့ပါတယ်။ သို့ပေမယ့် စိုးရိမ်စရာတော့မဟုတ်ပါဘူး။ ပူလာရင် ယပ်ခပ်ပေးလိုက်တာပေါ့ :P

Android 2.3 သုံးထားတဲ့ သူ့ရဲ့ Specifications ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ online ဈေးနှုန်းကို ဒီနေရာက နေလေ့လာနိုင်ပါတယ်။

CPU RK2918 Cortex-A8
GPU GC800 Support OpenGL2.0
OPERATING SYSTEM Android 2.3
RAM 512MB DDR3
STORAGE 8 GB
STORAGE OTHER TF card expansion is up to 32GB
CAMERA 1.3MP
SCREEN SIZE 8 Inch Touch Screen
SCREEN RESOLUTION 1024×768
SCREEN TYPE Capacitive screen (support 5-point touch operation)
SCREEN OUTPUT HDMI
VIDEO HD SUPPORT 1080P, 1920×1080
INTERNET CONNECTIONS 3G
WIFI Yes
3G Yes(external)
GPS None
BATTERY Li-Poly
MUSIC AROUND THE STATE more than 5 hours
ABOUT THE VIDEO MODE 3-4 hours
VIDEO FORMATS H.264, VC- 1, MPEG-2, MPEG4, XviD / DivX, Real 8 9 10, AVI, RM, RMVB, PMP, FLV, MP4, M4V, VOB, WMV, 3GP, MKV
MUSIC FORMATS MP1, MP2, MP3, WMA, OGG, APE, FLAC, WAV, AC3, AAC, AMR, DTS, RA, M4A, etc
PICTURE FORMATS JPEG, BMP, PNG, GIF
E-BOOK FORMATS TXT/LRC/PDF/Html/Htm/EPUB
LANGUAGE Multilangual
SCREEN CALIBRATION Support
CLOCK FUNCTION Support
CALENDAR FUNCTION Support
REMOTE CONTROL FUNCTIONS Bluetooth 2.1+EDR
G-SENSOR FUNCTION Support
TRANSMISSION INTERFACE High speed USB 2.0, OTG port
OTHER FUNCTIONS OTG, 3.5MM earphone jack, 2.5MM DC charge port

0 comments: