IT Business Plan Contest 2012


၂၀၁၂ ခုနှစ်အတွက် IT Business plan ပြိုင်ပွဲကို ဒီနေ့သွားဖြစ်တယ်။ ဒါက ဒုတိယအကြိမ်မြောက်ဖြစ်တယ်။ တကယ်တမ်းတော့ လက်တွေ့နဲ့ကွာဟတဲ့ အိုင်ဒီယာတွေအများအပြားဖြစ်နေတယ်။ ၂၆ ခုဝင်ရောက်ယှဉ်ပြိုင် တဲ့အထဲက ပဏာမ ၁၅ ခုပြီးတော့ နောက်ဆုံးဇကာတင် ၁၀ ခုရွေးပြီးဒီနေ့ပြတယ်။ ရန်ကုန်က ၅ ခုနဲ့ မန်းက ၅ ခု။ ဒါက မျှတပါတယ်။ ၀င်ရောက်လာတဲ့ အစီအစဉ်တွေထဲက ကိုယ်နှစ်သက်တဲ့ plan ကို ပထမပေးလိုက်တဲ့အတွက် ထပ်တူဖြစ်ခဲ့တယ်။ အဲဒီထဲက ဒုတိယ ရတဲ့ easy ticket ဆိုတာကိုသဘောမကျဘူး။ တတိယဖြစ်တဲ့ Mobile wallet က ဖြစ်နိုင်ခြေ ရှိတယ်။ ပထမရသွားတဲ့ ဟာကတော့ အရင်းအနှီးအနည်းဆုံးနဲ့ လက်တွေ့အကျဆုံးဘဲ။ သူက မြန်မာ စာကို လက်နဲ့ရေးတာဖြစ်ဖြစ် pen နဲ့ရေးတာဘဲဖြစ်ဖြစ် touch ဖြစ်တဲ့ smart phone တွေမှာသုံးလို့ရတယ်။ SMS ပို့လို့ရတယ်။ email ပို့လို့ရမယ်။ ဒါက မထွက်လာသေးပေမယ့် ဖြစ်နိုင်ခြေရှိတယ်။ ဒါကြောင့် သူ့ကို ပထမပေးတာ သင့်တော်ပါတယ်။ အားလုံးထဲမှာတော့အကောင်းဆုံးပေါ့။ တခြားဟာတွေက အရင်းအနှီးငွေတွေဒေါ်လာ သိန်း နဲ့ သန်းနဲ့ချီနေတယ်။ အများအားဖြင့် cloud service တွေပါတယ်။ ဒါတွေကအရင်းများတယ်။ သူများနဲ့ယဉ်ရင် ဘယ်လိုမှအလုပ်မဖြစ်နိုင်ဘူး။ စိတ်ကူးယဉ်ဆန်တယ်။ ဒါကြောင့် နောင်နှစ်မှာတော့ ဒီလောက်ဆိုဝင်ပြိုင်လို့ ရမယ်လို့ထင်တယ်။ ပြောလို့ပြောတာမဟုတ်ဘူး။ လက်ရှိရေးထားတဲ့ business plan တွေတောင် ဒီနေ့ ကြည့် လာရတဲ့ဟာတွေနဲ့ယှဉ်ရင် လက်တွေ့ကျတယ်။ အရင်းအနှီးနည်းတယ်။ ငွေရမြန်တယ်။ ဒါကြောင့် နောက်နှစ် တော့ ကိုယ်တိုင်ဝင်ပြိုင်ဦးမယ်။

အခုတော့ ပထမရသွားတဲ့ သူကိုဝမ်းသာပါတယ်။ အောင်မြင်ပါစေ။ ပြိုင်ပွဲကျင်းပပေးတဲ့သူတွေအနေနဲ့လဲ နောင် နှစ် တွေမှာဆက်လက်လုပ်ဆောင်သွားနိုင်ပါစေ။ ပြိုင်ပွဲကို ကျင်းပပေးတဲ့ရည်ရွယ်ချက်ကကောင်းတယ်။ ပြင်ပလုပ်ငန်း ရှင် တွေနဲ့လဲ ထိတွေ့ပေးစေချင်တယ်။ ဒါပေမယ့်လုပ်ငန်းရှင်တွေက မလာဘူး။ ဒိုင်တွေကတော့ တော်တော်လေး စိတ်ပါလက်ပါ ကြိုးစားအကဲဖြတ်သွားကြပါတယ်။


ဒိုင်အဖွဲ့နဲ့ပထမဆုရတဲ့တယောက်

ကျွန်တော့် မှတ်ချက်တွေပေးရရင်

၁။ e-market

သူတို့တင်ပြချက်တွေမှာ လိုအပ်ချက်တွေရှိတယ်။ သူတို့အနေနဲ့ Alibaba လို ebay လိုလုပ်ချင်ပုံရတယ်။ ဒါပေမယ့် ဒါက အရင်းအနှီးများတယ်။ ငွေပြန်ရဖို့ တကယ်တမ်းမှာမလွယ်ကူးဘူး။ မြန်မာတွေအတွက် တခြားလိုအပ်ချက်တွေ ရှိတယ်။ ဘာသာစကား၊ နိုင်ငံတကာ ကုန်သွယ်ရေးဆိုင်ရာ၊ ငွေပေးငွေယူ။ စတာတွေအပြင်နည်းပညာ နဲ့ တကယ် လုပ်ဆောင်နိုင်ဖို့ လက်ရှိမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု။ ဒါတွေကြောင့် အဲဒီ plan ကိုသဘောမကျခဲ့ဘူး။

၂။ Faci Cloud

ဒါက Cloud service တစ်ခုဖြစ်တယ်။ အလုံးစုံသောအင်တာနက်မှာအသုံးပြုမှုတွေအတွက် သူက cloud service ပေးချင်တာ။ သူတို့က Amazon ကလုပ်တဲ့ နည်းပညာကိုထည့်သွင်းအသုံးပြုချင်တယ်။ ဒါပေမယ့် နာမည်ကြီး cloud တွေရှိနေတော့ ဒါက မြန်မာ့ဈေးကွက်တခုတည်းအတွက်ရည်ရွယ်ရင် စိတ်ကူးယဉ်ဆန်တယ်။ ပိုက်ဆံပေးပြီး ဒီ service ကြီးကိုယူပါ့မလား။

၃။ Health Care Cloud

သူကတော့ ကျန်းမာရေးနဲ့ဆိုင်တဲ့ Data တွေကို ဆရာဝန်တဦးတည်းရှိတဲ့ဆေးခန်းတွေကအစ သုံးနိုင်အောင် စီစဉ် ချင်တယ်။ သူတို့ဆော့ဝဲနဲ့ ဒါတွေကို ချိတ်ဆက်ထားချင်တယ်။ နောက်ကွယ်မှာ ရှုပ်ထွေးတဲ့ process တွေရှိ နေတယ်။ သူတို့တင်ပြတဲ့အရင်းအနှီးများတယ်။ ဆရာဝန်တယောက်က လူနာတစ်ဦးကို စမ်းသပ်ကုသပြီးတိုင်း ဒေတာတွေကို entry လုပ်နိုင်ပါ့မလား။ ဆေးရုံတွေကရော၊ နောက်ထပ် ဒီဒေတာတွေကို ဘယ်လိုမျှဝေသုံးစွဲ မှာလဲ၊ သိမ်းထားတဲ့အချက်အလက်တွေကို ဘယ်လိုအသုံးပြုမှာလဲ စတဲ့မေးခွန်းပေါင်းများစွာခေါင်းထဲကထွက်လာတယ်။ ဒါကိုသုံးဖို့အတွက် ပိုက်ဆံလဲပေးရဦးမယ် ဒေတာလဲပေးရဦးမယ် ဖြစ်ပါ့မလား။

၎။ PVEEP (Private oriented virtual education and business package)

သူ့မှာလဲရှုပ်ထွေးတဲ့ Process တွေရှိတယ်။ စာသင်ကြားတာတွေရော၊ စီးပွားရေးဆိုင်ရာမှာ အထက်ကနေအောက်ထိ အဆင့်ဆင့်တွေရော နားလည်နိုင်တဲ့ program တွေပါတယ်။ ဒီဆားဗစ်ကိုအသုံးပြုဖို့အတွက် ငွေပေးပြီးသုံးစွဲရမှာ ဖြစ်တယ်။ အဓိကအနေနဲ့ ဒါတွေကိုသုံးဖို့ ကျောင်းတွေ မှာအင်တာနက်မရှိနိုင်သလို ကွန်ပျုတာအစရှိတဲ့ လိုအပ် ချက်တွေများနေတယ်။ ဒီဝန်ဆောင်မှုက အရမ်းစိတ်ကူးယဉ်ဆန်တယ်။

၅။ Easy ticket

ဒါကတော့အများကြီးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဒုတိယဆုရပါတယ်။ ဒါပေမယ့်ဖြစ်နိုင်တယ်ဆိုပေမယ့် လက်တွေ့လုပ် ဖို့ခက်နေတယ်။ သူက ရန်ကုန်ကနေမန်းအထိ ဘက်စ်ကားလက်မှတ်တွေကို မိုဘိုင်းကနေတဆင့်ဝယ်လို့ရအောင် လုပ်ပေးချင်တယ်။ ခုံရွေးတာ ကျားမ ရွေးတာကအစလုပ်ပေးချင်တယ်ပေါ့။ လက်ရှိမှာ ios ကိုဘဲသူက အဓိကထား ပြောသွားတယ်။ နောက်တခုက ios သုံးတာ ဂုဏ်ရှိတဲ့ပုံစံပြောသွားတယ်။ ဒါကိုလက်မခံပါ။ နောက်တချက်က အလား အလာလဲကောင်းပြီး မြန်မာပြည်ဈေးကွက်ထဲမှာ အဓိကကျတဲ့ android ကိုနောက်မှလုပ်မယ်ပြောတယ်။ ငွေပေးချေ မှုနဲ့ကားဂိတ်တွေက ဒီအစဉ်အစီကိုပါဝင်ရင်ပြုပြင်ပြောင်းလဲရမယ့် အရာတွေ အရမ်းများတယ်။ တကယ်လက်တွေ့ လုပ်မယ်ဆို တဂိတ်ချင်းစီဘဲ တဖြေးဖြေးလုပ်လို့ရမယ်လို့ယူဆတယ်။ သို့ပေမယ့်လဲ ဒါကို modified လုပ်ပြီး အလုပ်ဖြစ်နိုင်ပါတယ်။ သူတင်ပြတဲ့အထဲမှာ အလုပ်လုပ်ဖို့က နည်းနည်း ရုံးဖွင့်ဖို့စရိတ်ကများတယ်။ စုစုပေါင်း သိန်း ၅၀၀ လောက်အရင်းပြပါတယ်။ သူကအဓိကပြောတာ ဖုံးကနေတဆင့်ဝယ်လိုက်တဲ့အတွက် အချိန်ကုန်ငွေကုန် သက်သာတယ်ပြောတယ်။ ဒါပေမယ့်ငွေပေးချေမှုစနစ်က အထိုင်မကျသေးဘူး။ လက်ရှိမှာ ဖုံးဆက်ပြီး ၀ယ်လို့ ရပါတယ်။ ငွေလဲကြိုမပေးရဘူး မဟုတ်လား။

အဲဒီစနစ်အတွက် ကားဂိတ်ရင်းတွေက လက်ရှိရောင်းပေးနေတဲ့ကိုယ်စားလှယ်တွေကိုဖယ်ထုတ်မလား။ မဖယ်ထုတ် ရင် data base နဲ့ချိတ်နိုင်အောင် ပစ္စည်းနဲ့အင်တာနက်ပံ့ပိုးမှာလား တော်တော်စဉ်းစားရကြပ်သွားတယ်။

၆။ MM wallet

ငွေပေးချေမှုအတွက် မိုဘိုင်းဖုန်းကနေတဆင့်လုပ်ချင်တာပါ။ ငွေးပေးချေမှုအမျိုးမျိုးအတွက်ပေါ့။ ချိတ်ဆက် ဆောင်ရွက် ရမယ့်အပိုင်းတွေများတယ်။ တကယ်တမ်းမြန်မာပြည်မှာ visa, master တွေဝင်လာရင် သူယှဉ် ပြိုင်ဖို့ခက်လိမ့်မယ်။ မိုဘိုင်းကနေငွေတခါသွင်း ဟိုဘက်ကိုငွေတခါချေ။ ဒါမှမဟုတ် ဘဏ်ကအကောင့် နေ တဆင့်ချေ စတဲ့လုပ်ရိုးလုပ်စဉ်မဟုတ်တာတွေအတွက်ယူဇာတွေ အနေနဲ့ စိတ်ဝင်စားဖို့ခက်တယ်။ အွန်လိုင်း ကနေ အရောင်းအ၀ယ်ကလဲမထွန်းကားသေးဘူး။ ဒါပေမယ့် အသေးစားငွေပေးချေမှုတွေအတွက် အလုပ်ဖြစ်နိုင်ပါတယ်။ တခြားတဖက်ကတွေးကြည့်ရင်ပေါ့။

၇။ Language package to Myanmar

ဒါကမိုဘိုင်းအတွက်အဓိကထားတယ်ပြောတယ်။ သူ့တင်ပြချက်ကတော့ မြန်မာတွေ အနေနဲ့တခြားဘာသာစကား တွေကို မိုဘိုင်းကနေတဆင့်သင်နိုင်ဖို့ရည်ရွယ်ပါတယ်။ လောလောဆည်မှာသူက အင်္ဂလိပ်စာကို အဓိကထား ပေး ထားတယ်။ သို့ပေမယ့် ဒါကို သင်ယူနိုင်ဖို့ သင်ကြားရေးစရိတ် အခကြေးငွေလဲပေးရမယ်။ အဓိကအချက်ကတော့  ဒီသင်ခန်းစာတွေကို ဒေါင်းလုပ်ဆွဲသင်ရမယ့်အနေအထားလား၊ တခါတည်းသင်မှာလား၊ စတာတွေမရှင်းဘူး။ သူ့ကို ဒိုင်တွေကမေးခွန်းထုတ်တယ်။ ဝေ့လည်ကြောင်ပတ်ဖြစ်တယ်။ အရင်းကလဲများတယ်။ ၂ နှစ်လောက်မှ ငွေစပေါ်မယ့် အနေအထားလဲဖြစ်တယ်။ စိတ်ကူးကိုကြိုက်တယ်။ လုပ်မယ့်စတိုင်လေးတွေသိပ်ဘ၀င်မကျဘူး။

၈။ School aided cloud

ထမင်းသွားစားနေတာနဲ့ဒီအပိုင်းကိုလွတ်သွားတယ်။

၉။ Hand writing (Pay Phoo Hlwar)

အဲဒီတင်ပြချက်ကလေးက တော်တော်လေးသဘောကျတယ်။ အပြင်မှာလဲဒါမျိုးတွေကထွက်နေပြီ ဒါပေမယ့် mobile version မဖြစ်တာတစ်ခုဘဲ။ မြန်မာစာတွေများနေသလို သေးကွေးတဲ့ ဖုံးမျက်နှာပြင်ကြောင့် ရေးရတာ ခက်ခဲ နေတာ တွေကိုသူကဖြေရှင်းချင်တယ်။ လက်နဲ့ရေးဖို့နေရာပေးထားတယ်။ ဒါမှမဟုတ် pen တစ်မျိုးနဲ့ရေးလိုရမယ်။ ဒီလက် ရေးတွေကို မြန်မာစာ စာလုံးအဖြစ်မှတ်သားထားနိုင်ပြီး txt ဖိုင်သိမ်းပေးမယ်။ နောက်တစ်ခုက Message ပို့လို့ရမယ်။ email ပို့လို့ရမယ်။ အရင်းကလဲနည်းတယ်။ သူက R&D အတွအတွက်အဓိကထားပြီး စဉ်းစားတယ်။ အချိန်ယူ တယ်။ သူ့အရင်းက ဒီ Plan တွေထဲမှာအနည်းဆုံးဘဲ ဒေါ်လာ ၇၂၀၀။ ဒါနဲ့ပတ်သက်ပြီး ဒေါက်တာထွန်းသူရသက် က မေးခွန်းထုတ်တယ်။ ရပါ့မလားလို့။ သူကပြန်ဖြေပါတယ်။ အမြတ်ကို ထွတ်ကုန်ပြီးရတဲ့ အမြတ်မှာခွဲမယ်တဲ့။ ဒါလေး ဆုရသွားတာ ကိုယ်လဲကြိုက်မိပါတယ်။ သူမမြင်မိတာလေးတွေတွေ့ပေမယ့် မကြာခင်သိသွားမယ် ထင်ပါတယ်။ ဒါကိုငွေအများကြီးရှာလို့ရအောင်လုပ်ပေးလို့ရတယ်။

၁၀။ Travel and tour mobile apps

သူတို့တင်ပြချင်က မိုဘိုင်းအတွက်ဆိုသိပ်ကြီးလွန်းတယ်။ update မဟုတ်ဘူး။ တခါတည်းထည့်ထားရမှာ။ မြေပုံ၊ လမ်းညွှန်၊ ဖုံးနံပတ်၊ သမိုင်းကြောင်းနဲ့ပုံတွေပါတယ်။ ရန်ကုန်လမ်းညွှန်လိုဖြစ်တော့မယ်။ အဒီအတွက် အချက် အလက်တွေသူဘယ်လိုရှာမယ်မပြောတတ်ဘူး။ ဘယ်လိုယူမလဲမပြောတတ်ဘူး။ ဒါပေမယ့် ဒါက ဖြစ်နိုင်ချေရှိ ပါတယ်။ နောက်တချက်က ဒါကိုတခုခြင်းခွဲထုတ်ပြီး apps ပေါင်းများစွာလုပ်လို့ရတယ်။ ဒါကိုဘာကြောင့်ဆုမပေးလဲ မပြောတတ်ဘူး။

အားလုံးမှာလိုနေတဲ့လိုအပ်ချက်က ကိုးကားတဲ့ အချက်အလက်တွေ ကတဦးနဲ့တစ်ဦးမတူဘူး။ အထူးသဖြင့် မြန်မာ နိုင်ငံမှာ မိုဘိုင်းသုံးနေတဲ့အချိုးကို တချို့က သိန်းဂဏန်းနဲ့ပြတယ်။ အချို့က ၃ သန်းလောက်ရှိပြီပြောတယ်။ ဘယ် ဟာကို အမှန်လဲမသိရဘူး။ ဒါ့အပြင် သူတို့မျှော်မှန်းထားတဲ့ ဈေးကွက်အနေအထားက သိပ်ပြီး ရဲတယ်။ Business plan မှာဒါမျိုးမျှော်မှန်းချက် ရှိသင့်ပေမယ့် Market research ပိုင်းမှာအားနည်းချက်တွေရှိတယ်။

တကယ်တမ်းမှာ Business plan မှာ အရင်းနဲနဲ ဖြစ်ပြီး ရေရှည်လုပ်နိုင်ရမယ်။ လက်တွေ့အလုပ်ဖြစ်မယ်။ ဆိုတဲ့ အကြောင်းအရာမျိုးကို ဖြစ်သင့်တယ်ထင်တယ်။ အရင်းများပြားတဲ့ plan တွေကိုဒီပွဲမှာလဲ တော်တော်လေး လွဲ သွားတာ တွေ့ပါတယ်။ မှန်ပါတယ်။ အရင်းနည်းနည်း အမြတ်များများမှ business plan ပီသာမှပါ။

ဒီနေ့ပွဲ့ကိုသွားကြည့်ပြီးတဲ့အခါမှာ ကိုယ့်အစီအစဉ်တွေက လုံးဝလုံးဝ ခေတ်နောက်မကျသလို အလုပ်တကယ် ဖြစ် နိုင်တယ်ဆိုတာသိသွားတယ်။ လက်ရှိမှာ investor မရှိပေမယ့် မကြာခင်မှာဘဲ အလုပ်ဖြစ်သွားမယ်လို့မျှော်လင့် ထားတယ်။

0 comments: