ဒီခေတ်ထဲမှာ သွားသွားလာလာနဲ့ အလုပ်တွေလုပ်တဲ့အခါ ပေါ့ပါးပြီးစွမ်းဆောင်ရည်လဲမြင့် စတိုင်လဲကျ အမယ်စုံလဲသုံးနိုင်တဲ့ Digital device တစ်ခုလောက်တော့ လိုချင် တာအမှန်ဘဲ။ နည်းပညာတွေကလဲ တနေ့တနေ့အပြောင်းအလဲမြန်တယ်မဟုတ်လား။ လိုက်လို့မမှီနိုင်တဲ့ နည်းပညာနဲ့ဈေးနှုန်းတွေက ကိုယ့်အတွက် အကန့်အသတ် တော်တော်ဖြစ်တယ်။
ဒီလိုနဲ့ရှာဖွေလေတွေ့ရှိလေ ကိုယ်လိုချင်တာကို ဈေးနှုန်းရော အရည်အသွေးဘက်ပါ မျှကြည့်ရတော့ အခု Asus လေးတွေ့တယ်။ အရင်ကတော့ Asus ရဲ့ Eee PC တွေ တုန်းကတည်းက သိပ်ပြီး စိတ်ဝင်စားမှုမရှိခဲ့ဘူး။ သေးပေမယ့် စိတ်တိုင်းမကျဘူး။ အခု Tablet ခေတ်ကိုရောက်လာတော့ သူ့ရဲ့အားထုတ်မှုက သိပ်ကောင်းသွားတယ်။ ရှည်ကြာတဲ့ Battery life နဲ့ တခြားသော စွမ်းဆောင်ရည်မြင့်တဲ့ Hardware ပိုင်းက ဆွဲဆောင်မှုကောင်းတယ်။ Core i7 လောက်နီးနီး သုံးနိုင်တဲ့ Quad-core သုံးထားတဲ့ ပထမဦးဆုံး Tablet လဲဖြစ်သလို သူ့မှာပါဝင်တဲ့ အကြောင်းအရာတွေက ဒီဇိုင်းပိုင်းနဲ့မျှအောင်ကို ကောင်းလွန်းနေတယ်။
ပါးတယ် 8.3 mm ဘဲရှိတယ်။ ပေါ့တယ်။ စွမ်းဆောင်ရည်မြင့်တယ်။ စတိုင်ကျတယ်။ ဘက်စုံသုံးဖို့အဆင်ပြေတယ်။ ဒါက Asus ရဲ့ Transformer Prime ပါ။ Android 3.2 Hondycomb သုံးထားပြီး 4.0 Ice cream sandwich ကို တိုးနိုင်တယ်။ အခုတော့ တရားဝင် ထွက်နေပြီလို့သိရတယ်။ Mobile dock နဲ့တွဲသုံးရင် ၁၈ နာရီကျော် ခံတဲ့ Li-polymer battery သုံးထားတယ်။ Display ပိုင်းမှာလဲ အားရစရာ ၁၀.၁ လက်မရှိပြီး အစင်းမထင်နိုင်တဲ့ Gorilla glass သုံးထားလို့ နေ့စဉ်သုံးရာမှာ အား နာနေစရာမလိုတော့ဘူး။ အလေးချိန်ကလဲ သူ့ချည်းဘဲဆို 586g ဘဲရှိတယ်။ Memory 1G ရှိပြီး build in data storage 32 or 64 ကြိုက်ရာရွေးလို့ရတယ်။ နောက် တစ်ခု Asus ရဲ့ cloud storage အနေနဲ့ Life time 8G သိမ်းဆည်းနိုင်သေးတယ်။ Micro SD slot ပါတာကြောင့် data တွေထပ်တိုးသိမ်းဆည်းနိုင်မှာပါ။ HDMI out port ပါဝင်တဲ့အပြင် ကိုယ်ပိုင် wireless ပြန်လွှတ်နိုင်မှာဖြစ်ပြီး Bluetooth ပါဝင်ပါတယ်။ Wi-Fi သုံးနိုင်တဲ့ အတွက် ဘယ်သွားသွား ကိုယ့်အလုပ်တွေကို Polaris office tool နဲ့ web ပေါ်မှာဘဲသိမ်းသိမ်း အလုပ်မပျက် လုပ်ကိုင်နိုင်မှာပါ။
quad-core သုံးထားတာကြောင့် Game တွေကို အကောင်းဆုံးကစားနိုင်မှာဖြစ်ပြီး NVIDA Tegra တွေက ကောင်းကောင်း ထောက်ပံ့ပေးနိုင်ဖို့ပါဝင်ထားပါ သေး တယ်။ Camera ၂ လုံးပါဝင်ပြီး ရှေ့ဘက်မှာ 1.3Mp နဲ့ကျောဘက် 8Mp တွေ ကြောင့် ပုံရိပ်တွေအမှတ်တရ ကောင်းကောင်းရိုက်တဲ့အခါ စိတ်ပူစရာမလိုတော့ဘူး။ HD support လုပ်ထားတဲ့ 1080 အပြည့်အ၀ အတွက်စိတ်ချယုံကြည်စွာ ခံစားနိုင်ပါတယ်။ အသံထွက်ကောင်းမွန်တဲ့ Asus ရဲ့ sonic master က ကြည်လင်ပြတ်သား တဲ့ အသံထွက်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။
ကျွန်တော်တော့ သဘောတော်တော်ကျတယ်။ Ipad တွေကို သဘောကျပေမယ့် အခု Asus ကိုတော့ မယှဉ်နိုင်တာသေချာပါတယ်။ App တွေက ipad မှာပိုစုံတယ်လို့ဆိုနိုင်မေယ့် Android ကိုသုံးမယ်ဆိုရင်တော့ ဒါက အကောင်းဆုံးဖြစ်လိမ့်မယ်။ ဈေးနှုန်းကတော့ 600 usd ပတ်ချာလည်လောက်ရှိတယ်။ mobile dock နဲ့ cover တွေပါအကုန်ထည့်ရင် 700 usd ကျော်လောက်ကျသွားနိုင်တယ်။ ဘာဘဲဖြစ်ဖြစ်ဈေးနှုန်းကသင့်တော်ပါတယ်။ ကျွန်တော်တော့ မသုံးကြည့် ခင်မှာဘဲ အရမ်းသဘောကျသွားပြီး ဒါကြောင့် ဒီလအတွက်တော့ ဒါကိုရွေးချယ်လိုက်တယ်။ ဒါဘဲဝယ်တော့မယ် လို့ဆုံးဖြတ်လိုက်တယ်။
Samsung galaxy note နဲ့ Asus ရဲ့ ပြိုင်ပွဲမှာ Asus transformer prime ကနိုင်သွားပါပြီ။ သို့ပေမယ့် သူ့ရဲ့အားနည်းချက်ကတော့ 3G သုံးလို့မရတာဘဲ။ သို့ပေမယ့် GSM အတွက်တော့ နောက်ထွက်တဲ့ Galaxy S3 ကိုစောင့်လိုက်တော့မယ်။ Tablet အတွက်တော့ စိတ်အေးသွားပြီ။
သူ့ရဲ့ Spec တွေကိုအောက်မှာဖော်ပြထားပါတယ်။

![]() |
10.1″ LED Backlit screen with Super IPS+ (1280 x 800) 10 finger multi-touch, Corning® Gorilla® Glass |
![]() |
Android™ 3.2 Honeycomb (1) (Android™ 4.0 Ice Cream Sandwich upgradable) |
![]() |
NVIDIA® Tegra® 3 Quad-core CPU |
![]() |
1 GB |
![]() |
32GB / 64GB (2) EMMC + 8GB life time ASUS WebStorage (3) |
![]() |
802.11 b / g / n, Bluetooth 2.1 + EDR |
![]() |
1.2MP (front), 8MP Auto focus (rear) with flash / F2.4 large aperture |
![]() |
PAD: 2-in-1 Audio Jack (Headphone / Mic-in); 1× micro HDMI port 1 × Micro SD Card Reader; Internal Microphone & Stereo Speaker Mobile Dock: 1 × USB2.0 port ; 1 × SD Card Reader |
![]() |
G-Sensor, Light Sensor, Gyroscope, E-compass |
![]() |
Yes |
![]() |
Yes |
![]() |
ASUS launcher, @Vibe Music, ASUS WebStorage, MyLibrary, MyNet, MyCloud, File manager, ASUS sync, SuperNote, App Locker, App Backup, TegraZone, Polaris Office |
![]() |
12 hours; 25Wh Li-polymer Battery (4) 18 hours pad with dock ; 25Wh(pad) + 22Wh(docking) Li-polymer Battery (4) |
![]() |
263 × 180.8 × 8.3mm ; 586g (pad only) / 263 × 180.8 × 8~10.4mm ; 537g. (dock only) |
http://eee.asus.com/en/eeepad/transformer-prime/specification/ မှမှီငြှမ်းပါသည်။


















Posted in 







