Barcamp Yangon 2012

ဖွင့်ပွဲအမှတ်တရ

barcamp Yangon တော့ပြီးသွားပြန်ပါပြီ။ တက်မညီလက်မညီဘဲဖြစ်ဖြစ် တက်ညီလက်ညီဘဲဖြစ်ဖြစ် အောင်မြင်တဲ့ပွဲတစ်ခုအဖြစ် အစဉ်အလာကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီနှစ်က အလွန်ဘဲထူးခြားပါတယ်။ အပြောင်းအလဲတွေနဲ့စတင်လာခဲ့တဲ့ ၂၀၁၂ ဖြစ်တဲ့အတိုင်း ကျွန်တော်တို့ဘားကမ်းမှာလဲ အပြောင်းအလဲတွေ ဆက်တိုက်ဆက်တိုက် ပါဘဲ။ အန်တီဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွင့်ပွဲကို တက်ရောက်ချီးမြင့်ပေးခဲ့တာ အပြင် မြန်မာ့ဆက်သွယ်ရေးက တရားဝင် ပံ့ပိုးသူအဖြစ်ပါဝင်လာတာကလဲ အကြီးမားဆုံး ဖြစ်ပေါ်တိုးတက်မှုပါဘဲ။ အရင်က ဘားကမ့်ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင်ရတဲ့ အဖွဲ့အစည်းများမှ လူကြီးမင်းများလဲ တက်ရောက်လာခဲ့သလို စပွန်ဆာ တွေလဲ အများအပြားတိုးတက်လာခဲ့ပါတယ်။ ဟောပြောမယ့်အခန်းတွေကိုလဲ ၁၈ ခန်းအထိဖွင့်လှစ်ပေးထားနိုင်ခဲ့တာဖြစ်သလို မြန်မာအင်ဖိုတက်(Myanmar Info-Tech) ကလဲ အခန်းများအတွက် စပွန်ဆာပေးခဲ့ပါတယ်။ ဒါက IT sector အတွင်း ပထမဆုံး ပြောင်းလဲမှုပါ၊ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဦးဆုံးသော မြန်မာ့အိုင်တီလောက အပြောင်းအလဲဖြစ်ပါတယ်။ ပိုပြီး ပွင့်လင်းမြင်သာမှုရှိလာဖို့ မျှော်လင့် သလို ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အိုင်တီလောကသများအချင်းချင်း အခုထက်ပိုပြီး နီးစပ်လာဖို့လဲယုံကြည်ထားပါတယ်။

ကျိတ်ကျိတ်တိုးအားပေးပါတယ်။

PR group ဖြစ်ပါတယ်

Organizer တွေလဲ တယောက်ကိုတယောက်မသိတဲ့အထိများပြားခဲ့ပြီး Volunteer များလဲ ၁၄၀ ကျော်ဝိုင်းကူခဲ့ကြပြီး တက်ရောက်လာသူတွေကို ကင်းတဲမီးလောင် တစ်လုံးကိုလဲ ကံစမ်းမဲ ဖောက် ပေးနိုင်ခဲ့ပါတယ်။ Topic တွေလဲ အရင်ကထက်ပိုပြီး နယ်ပယ်များလာသလို အငြင်းအခုန်တွေလဲ အတိုင်းအဆမသိ ကျဆင်းလာခဲ့ပါတယ်။ Organizer တွေလက်ဆောင် မရခဲ့သလို မှတ်တမ်းတင်လက်မှတ်ကိုလဲ ပထမနှစ်က ဘောင်နဲ့၊ ဒုတိယနှစ် နောက်ခံကတ္ထူ စက္ကူမှသည် ယခုနှစ် စာရွက်အတိုင်းဘဲ ပေး အပ်နိုင်တဲ့အထိ ပြောင်းလဲလာခဲ့ပါတယ်။

ပြစ်ပြစ်နှစ်နှစ်ဝေဖန်မှုများဖြင့် နောက်ကွယ်မှာဆဲခံထိတဲ့ topic

ှSOPA SOPA

၂ နှစ်ဆက်တိုက် မအားမလပ်နဲ့ဘာမှမယ်မယ်ရရမပြောဖြစ်ခဲ့ပေမယ့် ဒီနှစ်တော့ တော်တော်လေးဝင်ရောက်ဆွေးနွေးဖြစ်နိုင်ခဲ့တယ်။ ဝေဖန်မှုတွေ များများနဲ့ဆူညံ ဆူညံ အချို့ကြားရသည်မှတပါး အားလုံးအဆင်ပြေသလိုလိုပါဘဲ။ မန်းလေးဘာကမ့်ပါများ အများဆုံးတက်ရောက်တဲ့နှစ်ဖြစ်ပြီး နိုင်ငံတကာဘာကမ့်ပါများလဲ အစဉ်အလာအ တိုင်း တက်ရောက်လာခဲ့ပါတယ်။

စောင့်ရတာအိပ်တောင်ငိုက်တယ်။

ပိတ်ပွဲအခန်းအနားတွေထဲမှာ အကြာမြင့်ဆုံးစံချိန်တင်နိုင်ခဲ့ပြီး ဘီယာကမ့်ကိုလဲ မြန်မာစည်ဘီယာ ၄ လုံးနှင့် ခေါက်ဆွဲကြော်၊ အချိုရည် စားဖွယ် snack အချို့နဲ့ ကျင်းပ နိုင်ခဲ့ပြီး မြန္ဒာ သီဆိုပြီး ပွဲမသိမ်းခင် အသံချဲ့စက်ပျက်သွားခဲ့တယ်။

နှစ်ရက်လုံး ပင်ပင်ပန်းပန်းနဲ့ စိတ်ရှည်လက်ရှည် အင်တာနက်သုံးပြီး ပုံတွေတင်ပေးတဲ့ PR တွေ နဲ့ barcampers တွေကိုလဲ လေးစားပါတယ်။ ၂ ရက်လုံး e-mail မစစ် လိုက်ရဘဲ laptop ကိုအလေးခံသယ် လာခဲ့ရတဲ့နှစ်လဲဖြစ်ပါတယ်။ အခုမှ ပုံတွေကို Facebook ကနေပြန်ယူရတယ်။ Tag ပေးတဲ့သူငယ်ချင်းမိတ်ဆွေတွေအားလုံး ကိုကျေးဇူးတင်ပါတယ်။ ရိုက်ပေးထားတဲ့ သူတွေကိုလဲကျေးဇူးတင်ပါတယ်။

အစီအစဉ်မကျတာကိုက ဘားကမ့်ပါ။ လူများပြီးပွဲမစည် တာကိုတော့မလိုလားပါဘူး။နာင်နှစ်နောင်နှစ်တွေလဲ အောင်မြင်စွာနဲ့တိုးတက်ပါစေကြောင်း။ IT industry ကြီးလဲ အမှန်တကယ်တိုးတက်ပါစေကြောင်း ဆန္ဒပြုလျက်။

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice