Archive for February, 2012

My choice Asus transformer Prime

ဒီခေတ်ထဲမှာ သွားသွားလာလာနဲ့ အလုပ်တွေလုပ်တဲ့အခါ ပေါ့ပါးပြီးစွမ်းဆောင်ရည်လဲမြင့် စတိုင်လဲကျ အမယ်စုံလဲသုံးနိုင်တဲ့ Digital device တစ်ခုလောက်တော့ လိုချင် တာအမှန်ဘဲ။ နည်းပညာတွေကလဲ တနေ့တနေ့အပြောင်းအလဲမြန်တယ်မဟုတ်လား။ လိုက်လို့မမှီနိုင်တဲ့ နည်းပညာနဲ့ဈေးနှုန်းတွေက ကိုယ့်အတွက် အကန့်အသတ် တော်တော်ဖြစ်တယ်။ ဒီလိုနဲ့ရှာဖွေလေတွေ့ရှိလေ ကိုယ်လိုချင်တာကို ဈေးနှုန်းရော အရည်အသွေးဘက်ပါ မျှကြည့်ရတော့ အခု Asus လေးတွေ့တယ်။ အရင်ကတော့ Asus ရဲ့ Eee PC တွေ တုန်းကတည်းက သိပ်ပြီး စိတ်ဝင်စားမှုမရှိခဲ့ဘူး။ သေးပေမယ့် စိတ်တိုင်းမကျဘူး။ အခု Tablet ခေတ်ကိုရောက်လာတော့ သူ့ရဲ့အားထုတ်မှုက သိပ်ကောင်းသွားတယ်။ ရှည်ကြာတဲ့ Battery life နဲ့ တခြားသော စွမ်းဆောင်ရည်မြင့်တဲ့ Hardware ပိုင်းက ဆွဲဆောင်မှုကောင်းတယ်။ Core i7 လောက်နီးနီး သုံးနိုင်တဲ့ [...]

Barcamp Yangon 2012

barcamp Yangon တော့ပြီးသွားပြန်ပါပြီ။ တက်မညီလက်မညီဘဲဖြစ်ဖြစ် တက်ညီလက်ညီဘဲဖြစ်ဖြစ် အောင်မြင်တဲ့ပွဲတစ်ခုအဖြစ် အစဉ်အလာကို ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒီနှစ်က အလွန်ဘဲထူးခြားပါတယ်။ အပြောင်းအလဲတွေနဲ့စတင်လာခဲ့တဲ့ ၂၀၁၂ ဖြစ်တဲ့အတိုင်း ကျွန်တော်တို့ဘားကမ်းမှာလဲ အပြောင်းအလဲတွေ ဆက်တိုက်ဆက်တိုက် ပါဘဲ။ အန်တီဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဖွင့်ပွဲကို တက်ရောက်ချီးမြင့်ပေးခဲ့တာ အပြင် မြန်မာ့ဆက်သွယ်ရေးက တရားဝင် ပံ့ပိုးသူအဖြစ်ပါဝင်လာတာကလဲ အကြီးမားဆုံး ဖြစ်ပေါ်တိုးတက်မှုပါဘဲ။ အရင်က ဘားကမ့်ကို ဖုတ်လေတဲ့ငါးပိ ရှိတယ်လို့မထင်ရတဲ့ အဖွဲ့အစည်းများမှ လူကြီးမင်းများလဲ တက်ရောက်လာခဲ့သလို စပွန်ဆာ တွေလဲ အများအပြားတိုးတက်လာခဲ့ပါတယ်။ ဟောပြောမယ့်အခန်းတွေကိုလဲ ၁၈ ခန်းအထိဖွင့်လှစ်ပေးထားနိုင်ခဲ့တာဖြစ်သလို မြန်မာအင်ဖိုတက်(Myanmar Info-Tech) ကလဲ အခန်းများအတွက် စပွန်ဆာပေးခဲ့ပါတယ်။ ဒါက IT sector အတွင်း ပထမဆုံး ပြောင်းလဲမှုပါ၊ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း ဦးဆုံးသော မြန်မာ့အိုင်တီလောက [...]

3th barcamp Yangon

Tomorrow, the barcamp Yangon will start again. The Yangon barcamp is the very first time in Myanmar. This time is 3th time on Yangon. I’m really hoped our barcamp will just like old time. Have a success, have hot topics and have a powerful in town. Let meet barcamp within 24 hour. Warmly welcome.

လျှပ်စစ်ကား (၅)

အမြန်နှုန်းမြင့်လာခြင်းနှင့်မောင်းနှင်မှုပုံစံ             လျှပ်စစ်မော်တာတွေက မြင့်မားသောစွမ်းရည်နှင့် အလေးချိန်တို့၏အချိုးတို့ကို ဖြည့်စွက်ပေးနိုင်ပြီး မော်တာများကို ထောက်ပံ့ပေးမည့် ဘတ္ထရီကိုလည်း ပုံစံရေးဆွဲနိုင်ပါတယ်။ အချို့လျှပ်စစ်ယာဉ်တွေမှာ 15KWနှင့် ၄င်းအောက် အနည်းငယ်ကျဆင်းသော သေးငယ်သည့်မော်တာများရှိသော်လည်း အရည်အသွေးမြင့်အမြန်နှုန်းမြှင့်တင်ခြင်းရှိပါတယ်။ များသောအားဖြင့် လျှပ်စစ်ယာဉ်များမှာကြီးမားသော မော်တာများရှိပြီး ရွေ့လျားမှုနှုန်းမြင့်မားပါတယ်။ ဒါ့အပြင် လျှပ်စစ်ကားများဟာ အမြန်နှုန်းနိမ့်သွားခဲ့လျှင်လည်း အတွင်းပိုင်းလောင်ကျွမ်းယာဉ်များနည်းတူ အမြန်နှုန်းပြန်လည် မြှင့်တင်နိုင်ပါတယ်။ အခြားစိတ်ဝင်စားစရာကောင်တဲ့ အချက်တစ်ချက်ကတော့ အမေရိကန်မော်တာများရဲ့ လိုအပ် သလိုအမြန်နှုန်းမြှင့်လို့ရသော ဘတ္ထရီဖြစ်ပါတယ်။ လျှပ်စစ်ကားများမှာ မော်တာမှကားဘီးသို့ တိုက်ရိုက်အစီစဉ် ကူးပြောင်းနိုင်ခြင်းက ရရှိလာမည့်စွမ်းအင်ကို မြှင့်တင်ပေးပါတယ်။ မော်တာများကဘီးများကို ဘရိတ်အတွက် တိုက်ရိုက် ဆက်သွယ်ထားပါတယ်။ တခါတရံမှာ မော်တာများကို Wisphering Wheel ကဲ့သို့ ဒီဇိုင်းများ၏မျက်နှာပြင်တွင် တိုက်ရိုက် တပ်ဆင်ခြင်းအားဖြင့် ရွေ့လျားရသော အပိုင်းများကို လျော့ချပေးပါတယ်။ ၀င်ရိုးနှင့် အသေမတပ်ဆင်ထားသောအခါများ [...]

Onda tablet

မနေ့က သားလေးဆော့ဖို့အတွက် tablet လေးတလုံးဝယ်ဖြစ်တယ်။ လွန်ခဲ့တဲ့ အပတ်ထည်းက T-land ဆိုင်မှာတွေ့ခဲ့တာ။ အဲဒီမှာတော့ အဲဒီပစ္စည်းလေးကို ၁၈၀၀၀၀ နဲ့ရောင်းတယ်။ ipad ၀ယ်ပေးဖို့ကျတော့လဲ မတတ်နိုင်ဘူး။ ဒီဘက်ခေတ်ကလေးတွေအဖို့တော့ကံကောင်းတယ်ဆိုရမှာဘဲ သူတို့မှာ အသိဥာဏ်တိုးတက်ဖို့အတွက် အထောက်အကူပစ္စည်းတွေက တမျိုးပြီးတမျိုးထွက်လာတယ်။ ဒါနဲ့ဘဲ Onda အမှတ်တံဆိပ် tablet လေးကို ကျွန်တော်ရှာဝယ်ခဲ့တယ်။ ဈေးကတော့ အပြင်မှာရောင်းတဲ့ ဈေးထက် သက် သာသွားတယ်။ မိတ်ဆွေတယောက်အဆက်အသွယ်နဲ့ပါ။ အပြင်ကထက် ၃ သောင်းလောက်သက်သာပါတယ်။ ဘူးအခွံအပြင်အဆင်ကလဲ သပ်ရပ်တယ်။ အပိုပစ္စည်းတွေအနေနဲ့ battery charger, USB cable 2 port , ear phone တို့ပါဝင်ပါတယ်။ China made ဖြစ်တာကြောင့် user manual မှတော့ တရုတ်လိုဘဲရေးထားပါတယ်။ [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice