လျှပ်စစ်ကား (၄)

လျှပ်စစ်နှင့်လောင်စာအားပြိုင်မှု

Tesla Roadster ပြိုင်ကားများရဲ့ ကားဘီးကို ပလပ်ထိုးအသုံးပြုခြင်းသည် 280 W-h/mi ဖြစ်ပါတယ်။ မြောက် Californina ၏မြို့တွင်းရှိ PG8G လျှပ်စစ်ကုမ္ပဏီက လျှပ်စစ်ကားများကို ပြည်လည်လောင်စာ ဖြည့်ခြင်းနှင့် ၀ယ်ယူသုံးစွဲသူများက E9 နှုန်းသည် . . . ဖြစ်တယ်လို့ဆိုပါတယ်။ ၄င်းအချက်၂ ချက်ကိုပေါင်းစည်းခြင်းဖြင့် Tesla Roadstar ၏တစ်ရက်အတွက်မိုင်၄၀ ကို လျှပ်စစ်အား 11.2 kwh ဖြည့်တင်းရမှာဖြစ်ပြီး ကုန်ကျစရိတ်ကတော့ အားဖြည့်အကြိမ်ပေါ်မူတည်ပြီး US$0.56 မှ US$3.18 အတွင်းဖြစ်ပါတယ်။ အတွင်းပိုင်းလောင်ကျွမ်းယာဉ်များကို နှိုင်းယှဉ် ကြည့်ရာ ၄၀မိုင်အတွက် တွက်ချက်ရာမှာ 1US ဂါလံကို ၂၅ မိုင် စုစုပေါင်း US$4.80ကုန်ကျမည်ဖြစ်ပါတယ်။ Tesla Roadster လျှပ်စစ်ကားက 100km အတွက် 17.4 kw-hသုံးရာ၌ မူလလျှပ်စစ်ယာဉ်က 100 km အတွက် 11 kwh အသုံး ပြုခဲ့ပါတယ်။



စီတန်းပြီးရောက်ရှိလာမည့်ကိစ္စရပ်များ

တခါတရံမှာ လျှပ်စစ်ကားများဟာ လောင်စာသုံးကားများထက် အစီအစဉ်ကျနမှုပို၍ နည်းပါးပါတယ်။ လျှပ်စစ် ကားများဟာ စွမ်းအင်ပြန်လည်ဖြည့်ချိန်ကြာမြင့်ပါတယ်။ လျှပ်စစ်ကားများဟာ မြို့တွင်းခရီးထွက်ခြင်းနှင့် အခြားခရီးတို များအတွက် သင့်တော်သောကြောင့် စွမ်းအင်ကိုယ်တိုင်ဖြည့်သူများက ၄င်းကိုပုံမှန်နေ့စဉ်ယာဉ်ဟုတ် သတ်မှတ်ခဲ့ကြပါ တယ်။ ပျမ်းမျှအားဖြင့် အမေရိကန်နိုင်ငံသားများက တနေ့လျှင်မောင်းနှင်မိုင်နှုန်း ၄၀ထက်လျှော့နည်းပါတယ်။ ထို့ကြောင့် လည်း အမေရိကန်ရှိ လျှပ်စစ်ကားသုံးစွဲတာက လောက်ငှမှုရှိပါတယ်။ ဒါပေမယ့်လည်း အခြားသူများအတွက် ဘတ္ထရီစွမ်းအင် ကုန်ခမ်းခြင်းကို အာရုံစူးစိုက်ရခြင်းများ ရှိလာနိုင်ပါတယ်။ ထိုအရာကို အစဉ်လိုက်ဆက်တိုက်ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်ရမှုလို့ ဆိုပါတယ်။ Tesla Roadster မှကားများဟာ တခါငွေပေးချေတိုင်း ၂၄၅ မိုင်အတွက် စွမ်းအင်ရရှိပါတယ်။ ထို့ကြောင့် လမ်းမများပေါ်မှာလည်း ပုံစံအမျိုးမျိုးနှင့် လျှပ်စစ်ကားများစွာကိုတွေ့ရပါတယ်။ Roadster မှယာဉ်များကို 220-vott ဖြင့် ၃နာရီခွဲ စွမ်းအင်အပြည့်ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။ဘတ္ထရီကို ကိုယ်ပိုင်စွမ်းအင် ဖြည့်တင်းသောနည်းပညာ ကို အသုံးပြုခြင်းအားဖြင့် လျှပ်စစ်ကားများ၏ အစီအစဉ်ကျနအဆင်ပြေမှုကို ကျယ့်ပြန့်စေပါတယ်။ လျှပ်စစ်ကားများဟာ မိုင်၁၀၀အတွင်း စွမ်းအင်ကိုဖြည့်နိုင်ပါတယ်။ ထိုလုပ်ရပ်ဟာ ကားတိုင်ကီထံသို့ ဓါတ်ဆီဖြည့်ခြင်းထက် ပိုသန့်ရှင်းပြီး ပိုမြန်ဆန်ကာ ကားမောင်းသူလည်း ကားထဲမှာ အချိန်ပြည့်နေနိုင်ပါတယ်။ သို့သော် ကုန်ကျစရိတ်မြင့်မားသောကြောင့် စီးပွားရေးတွင် ဆိုးကျိုးရှိနိုင်ပါတယ်။ ၂၀၁၀နှောင်းပိုင်းတွင် လျှပ်စစ်ကားများအတွက် ပြည့်စုံသောဘတ္ထရီအားပြည့်ခြင်း အစီအစဉ်အတွက် ကုမ္ပဏီ၂ ခုသာရှိခဲ့ပါတယ်။ ၂၀၁၀ခုနှစ် အဆုံးပိုင်းမှာတော့ Better Place ကုမ္ပဏီဟာ ဂျပန်နိုင်ငံတွင် ဘတ္ထရီစွမ်းအင်ဖြည့်စခန်း တစ်ခုထားရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စု Sanfrancisco တွင် စွမ်းအင်ဖြည့်စခန်း ၄ ခုဖွင့်မှာ ဖြစ်ကာ Califarnia နိုင်ငံ San Joe သို့လည်း အလားတူဖြစ်စဉ်များရှိကြောင်းကြေငြာခဲ့ပါတယ်။ ၀ယ်ယူသုံးစွဲသူများက မိုင်၁၀၀ ဘတ္ထရီများကို မိနစ်၃၀ အတွင်း ၈၀% စွမ်းအင်ဖြည့်တင်းနိုင်ရန် အခြားနည်းလမ်းကတော့ DC fast Charging စွမ်းအင်ဖြည့်သုံးထပ်စခန်းတွင် ဘတ္ထရီစွမ်းအင်ဖြည့်ခြင်းဖြစ်ပါတယ်။ ဘတ္ထရီစွမ်းအားဖြည့်ခြင်းဟာ ၂၀၁၃ခုနှစ်၌ အမေရိကန်ပြည်ထောင်စု တခုလုံးပျံ့နှံ့လာမှာဖြစ်ပါတယ်။ DC Fastမှ စွမ်းအင်ဖြည့်စက်များကို ၂၀၁၁ခုနှစ် မတ်လမှာ အလွယ်တကူဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ လျှပ်စစ်ယာဉ်စီမံကိန်းဟာ မြို့ပေါင်း၁၆မြို့မှာ ပျံ့နှံ့လာမှာ ဖြစ်ပြီး အဓိက ပြည်နယ်၆ ခုမှာလည်းအလားတူ ပျံ့နှံ့လာမှာဖြစ်ပါတယ်။ Nissan ကလည်း ဂျပန်နိုင်ငံရှိ ၀ယ်သူ၂၀၀ကျော်အား ၂၀၁၀ ဒီဇင်ဘာတွင် ၄င်း၏ လျှပ်စစ်ကားများအတွက် လျင်မြန်သော ဘတ္ထရီအားဖြည့်ပစ္စည်းကို ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Nissan ၏ Leaf EV လျှပ်စစ်ယာဉ်များဟာ ဂျပန်နိုင်ငံရှိ မည်သည့်နေရာတွင်မဆို ၂၅ မိုင်တိုင်းတွင် တစ်ခါ လျှင်မြန်သော ဘတ္တရီအားဖြည့်ပစ္စည်းများရှိလာမှာဖြစ်ပါတယ်။



ညစ်ညမ်းစေခြင်း

လျှပ်စစ်ကားများဟာ ဓါတ်ဆီကားများကဲ့သို့ ပတ်ဝန်းကျင်လေထုညစ်ညမ်းမှု မဖြစ်စေသော်လည်း ဓါတ်အားလိုင်း အသစ်များ ထပ်မံရရှိရန် တောင်းဆိုမှုများတိုးပွားလာစေပါတယ်။ စွမ်းဆောင်ရည်မြင့်မားသောယာဉ်များက လျှပ်စစ် စွမ်းအင်ပြည့်လုပ်ငန်းများကို ဖြုန်းတီးဖြစ်နေသလို စွမ်းအင်အရင်းအမြစ်များ ကြီးထွားလာမှုပေါ်မူတည်ပြီး CO2 များလည်း များစွာထွက်ပေါ်ပျံ့နှံ့လာပါမယ်။

အဓိကလျှပ်စစ်စွမ်းအင်အတွက် တောင်းဆိုမှု၊ စွမ်းအင်အရင်းအမြစ်အသစ်များရရှိမှု၊ ဇီဝလောင်စာအသစ်များပြား လာမှုတို့ကြောင့် နိုင်ငံတစ်နိုင်ငံက ထူးခြားစွာပြောင်းလဲလာပါလိမ့်မယ်။ ၀ါယာကြိုးများဖြင့် စွမ်းအင်ဖြည့်ခြင်းက ကာဗွန် များ၏ စွမ်းအင်ကျမှုအပေါ် မသက်ရောက်နိုင်ပါ။ ၄င်းမှာဝါယာကြိုးများဖြင့် စွမ်းအင်ဖြည့်ခြင်းစနစ်ကို ထုတ်လုပ်နိုင်ရန် အတွက်သာဖြစ်ပါတယ်။ (ဥပမာ- လေဖြင့်လည်ပတ်စေသော အိမ်သုံးမော်တာ) လျှပ်စစ်ယာဉ်တစ်ခုဟာ အမေရိကန်ပြည်ထောင်စုတွင် ၀ါယာကြိုးသုံးလျှပ်စစ်ဓါတ်အားဖြင့်စွမ်းအင်ပြန်ဖြည့်မည်ဆိုလျှင် ၁ ကီလိုမီတာမောင်းနှင် အပြီးတွင် CO2 ၁၁၅ ဂရမ်ထွက်ရှိလာမှာဖြစ်ပါတယ်။ ဓါတ်ဆီယာဉ်များကတော့ ဓါတ်ဆီပိုက်များနှင့် ဓါတ်ဆီထုတ်လုပ်ခြင်း များမှတဆင့် CO2 ၂၅၀ဂရမ်ကို ထုတ်လွှတ်မှာဖြစ်ပါတယ်။ ဗြိတိသျှအစိုး၏ စမ်းသပ်မှုအရ ဒီဇယ်ကားများက ၁ ကီလိုမီတာ မောင်းနှင်လျှင် CO2 ထုတ်လုပ်မှုမှာ 149.5 ဂရမ်ရှိတယ်လို့ Scottland က စမ်းသပ်တွေ့ရှိပါတယ်။ လျှပ်စစ်ဓါတ်အား များစွာတောင်းဆိုသော အဆိုးရွားဆုံးကိစ္စရပ်အတွက် ကျောက်မီးသွေးနှင့် ပေါင်းစပ်ပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။ World Wide Fund နှင့် IZES ကလည်း အလတ်စားလျှပ်စစ်ယာဉ်များဟာ CO2 ၂၀၀ ဂရမ်ထုတ်လွှတ်တယ်လို့ ၂၀၀၉ ခုနှစ်တွင် လေလာ့တွေ့ရှိခဲ့ပါတယ်။ ဓါတ်ဆီကားများနှင့်နှိုင်းယှဉ်မည်ဆိုလျှင် ၄င်းဓါတ်ဆီကားတစ်စီးဟာ ပျမ်းမျှခြင်း CO2 ၁၇၀ဂရမ် ထုတ်လွှတ်ပါတယ်။ လျှပ်စစ်ကားအစီးရေ ၁ မီလီယံကိုလည်း ဂျာမနီသို့ မိတ်ဆက်ပေးမှာဖြစ်ပြီး အကယ်၍ လျှပ်စစ်စွမ်းအား မြှင့်တင်ရေးအတွက်လုပ်ဆောင်ချက်များ မလုပ်ဆောင်ခဲ့လျှင် CO2 ၀.၁% ကိုလျှော့ချပေးမည့် ကိစ္စရပ် ကောင်းများဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ သန့်ရှင်းသောဝါယာကြိုးစွမ်းအင်ရှိသည့် ပြင်သစ်မှာတော့ လျှပ်စစ်ကားများ၏ CO2 ထုတ်လုပ်မှုဟာ ၁ ကီလိုမီတာကို ၁၂ ဂရမ်ဖြစ်ပါတယ်။

၂၀၀၈ခုနှစ်တွင် အင်္ဂလန်၌လျှပ်စစ်ကားများဟာ CO2 ကိုဖြတ်ချနိုင်တယ်လို့ နိဂုံးချုပ်ပြောဆိုခဲ့ပါတယ်။ လျှပ်စစ်ကားများထုတ်လုပ်မှုနှင့် လျှပ်စစ်ယာဉ်များ စီမံခန့်ခွဲမှုတို့၏ ဆက်နွယ်မှုများအတွက် လျှပ်စစ်ယာဉ် အင်္ဂလန်နိုင်ငံ၏ လျှပ်စီးကြောင်းအသစ်များကို ဆောင်ရွက်ခဲ့မည်ဆိုလျှင်တောင် မှန်လုံအိမ်ဓါတ်ငွေ့၄၀%ကိုလျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမယ်
source:en.wikipedia.org/electric_car

0 comments: