ယဉ်နဲ့လမ်း စည်းနဲ့ကမ်း

၁။ တနေ့က ဇ၀နစီးတီးမတ်ကနေ အိမ်ပြန်တော့ဆိုက်ကားငှားစီးလာတယ်။ လမ်းပြင်နေတော့လမ်းကြပ်နေတဲ့အခါ ဒီအစီအစဉ်က အမြန်ဆုံးအိမ်ရောက်တယ်။ လမ်းကောင်းသွားရင်တော့ ဇွတ်သရမ်းမောင်းနေတဲ့ ဘတ်စ်ကားတွေကြောင့်စီးရဲမှာမဟုတ်ဘူး။ ဒါနဲ့ နံပတ်ပြားမတပ်ထားတဲ့ မတ်တူးကားသစ်တစီးက လမ်းပြောင်းပြန်မောင်းလာပြီး ဆိုက်ကားနဲ့မျက်နှာခြင်းဆိုင် တော့ ဖယ်မပေးရကောင်းလားနဲ့ လမ်းကြပ်ကြပ်ကြီးထဲမှာကို ဆိုက်ကားသမားကို ဘုကြည့်ကြည့်သွားတယ်။ ဘယ်သူမှန်တာလဲ။ နံပတ်ပြားမတပ်ဘဲ ဒီယဉ်တွေဟာ အများသူငှာသွားလာတဲ့လမ်းတွေမှာ မောင်းနှင်ခွင့်ရှိနေသလား။ မတော်တဆ ယဉ်တိုက်မှုဖြစ်တဲ့အခါ ဘယ်လိုမှတ်သားအရေးယူနိုင်မလဲ။

၂။ လျှပ်စစ်စက်ဘီးလိုလို ဆိုက်ကယ်လိုလိုဟာတွေ အများအပြားစီးနင်းလာကြတော့ အမှန်တကယ်မော်တော်ဆိုက်ကယ်တွေကလဲ ရောင်တော်ပြန်နဲ့ရောလွှတ်နေကြလို့ ညညဆို ဆိုက်ကယ် သံတွေနားမခံနိုင်ရတဲ့ကြား မနေ့ကဘဲ အဲဒီဆိုက်ကယ်နဲ့လျှပ်စစ်မျိုးမစစ်စက်ဘီးတစီး တိုက်မိကြရော၊ ဦးထုတ်တွေလဲမဆောင်းထားတော့ ထိပ်ပေါက်ခေါင်းကွဲနဲ့ မသေကုန် တာကံကောင်းတယ်။ ဘယ်သူကမှားတာလဲ။ လျှပ်စစ်စက်ဘီးဆိုက်ကယ်တွေက တရားဝင်စီးနင်းခွင့်ရှိသလား၊ သူလဲလူတွေကိုတိုက်မိတဲ့အခါ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရစေနိုင်ပါတယ်။ အဆိုးဆုံးကတော့ မောင်းနှင်ခွင့်မပြုထားတဲ့ ဆိုက်ကယ်တွေ မဆင်မချင် ပြန်လည်မောင်းနှင်နေကြတာ။

၃။ မြေနီကုန်းမှာ မျဉ်းဝါ ကြားပေါ်ကနေလမ်းဖြတ်ကူးတာပါဘဲ၊ ဘယ်ယဉ်တွေကမှမရပ်ပေးသလို အရှိန်တောင်လျော့မပေးကြဘူး။ ဒီတော့ ဒီခြောက်လမ်းသွား၊ ရှစ်လမ်းသွားလိုဟာ ကြီးတွေမှာ လမ်းကူးသူတွေက အသတ်ကိုဖတ်နဲ့ထုတ်ပြီးကူးနေရတယ်။

၎။ မီးပွိုင့်တိုင်းမှာ မျဉ်းဝါ နှစ်လိုင်းကန့်ထားတဲ့ နောက်မှာသာ ယဉ်တွေရပ်တန့်ရမှာဖြစ်ပေမယ့် ဘယ်ကားကမှ အဲဒီနောက်မှာ မရပ်ကြဘဲ မျဉ်းဝါပေါ်မှာဘဲရပ်ထားကြတော့ လမ်းကူး တဲ့ သူက လမ်းလည်လောက်ကနေဖြတ်ကူးနေရတယ်။

၅။ ခြောက်လမ်းသွားအပါအ၀င် လမ်းမကြီးတွေမှာ ယဉ်တွေကြာရှည်စွာရပ်တန့်ခွင့်မရှိသလို မြို့တွင်းလမ်းတွေမှာလဲ မနက် ၆ ည ၆ အတွင်း ကြာရှည်ရပ်လို့မရပါဘူး။ ဒါပေမယ့် စည်း ကမ်းမဲ့ ရပ်နားမှုတွေကြောင့် ယဉ်ကြော ၂ ခုထက်မနည်းပိတ်နေကြတယ်။ ဒါ့အပြင် မြို့တွင်းကကျောင်းတွေ ဆင်းချိန်မှာ ကျောင်းကြိုကားတွေက ၂ ထပ် ၃ ထပ် ရပ်ကြလို့ လမ်းတွေ မဖြစ်သင့်ဘဲပိုပိတ်သွားတယ်။

၆။ ကိုယ့်လမ်းကြောင်းကိုယ်မမောင်းတာ ရိုးရာဖြစ်သွားပြီ။ တစီးလောက်အကိုရေဆိုတဲ့ စကားသံက လမ်းသွားရင် မကြားချင်မှအဆုံး၊ ဒါကြောင့်လဲ မဖြစ်သင့်တဲ့ယဉ်တိုက်မှုနဲ့ ယဉ်ကြောပိတ်ဆို့မှုတွေဖြစ်ရတယ်။ ဒါကိုအသေအချာအရေးယူမှုလဲမရှိသလောက်ဘဲ၊ ကင်မရာတပ်ထားတဲ့ ရွှေဂုံတိုင်ပွိုင့်မှာတောင် ဒီလိုဖြစ်နေရင် ကျန်တဲ့နေရာတွေ မစဉ်းစားနဲ့။

၇။ လက်ယာကပ်မောင်းရတဲ့ယဉ်ကြောစနစ်ကြောင့် လက်ဝဲကပ်လျောက်ရတဲ့ လမ်းသွားလမ်းလာစနစ်ရှိတယ်။ ထားပါတော့ ပလပ်ဖောင်းတွေပေါ်လျောက်မရလို့အပြင်ထွက်လျောက် ရတဲ့ တာမွေလို မြေနီကုန်းလိုနေရာတွေဟာ ဒီလိုအချက်တွေကြောင့် ယဉ်တွေပိုပို ပိတ်ကြပ်သွားရတယ်။

၈။ ကားမှတ်တိုင်မှာ ကားကြီးတွေက အထပ်ထပ်ရပ်လို့၊ ရပ်တဲ့အခါမှာလဲ ဘေးကပ်မရပ်ဘဲ ယဉ်ကြော ၂ လမ်းစာလောက် ကန့်လန့်ရပ်တာတွေ၊ ထပ်ရပ်တာတွေကြောင့်လဲ ယဉ်တိုက် မှုနဲ့ယဉ်ကြောပိတ်ရတာတွေရှိတယ်။

၉။ ဈေးကြီးတွေရှိတဲ့ အနီးတ၀ိုက်က ကားလမ်းမတွေပေါ်မှာ အမှိုက်တွေပုံထားကြလို့ ယဉ်ကြောတကြောဟာ သက်သက်မဲ့ပိတ်နေရသလို အမြင်မတင့်တယ်တာနဲ့ ပတ်ဝန်းကျင် ကျန်း မာရေးထိခိုက်မှုတွေဖြစ်နေဆဲဘဲ။

၁၀။ အများကြီးရှိပါသေးတယ်။ ယဉ်စည်းကမ်းလမ်းစည်းကမ်းကောင်းမွန်ဖို့ လှည့်ကင်းလုပ်ပြီး လိုက်ဖမ်းတာတွေဒဏ်ငွေရိုက်တာတွေ ကမထိရောက်ပါဘူး။ အသေးစားဖောက်ဖြတ် မှုတွေအတွက် လူမှုရေး လုပ်ငန်းတွေဝင်ရောက်လုပ်ကိုင်ဖို့ နဲဒဏ်ငွေအနည်းငယ်သာချမှတ်ဖို့လိုပါတယ်။ ဥပမာ လူကူးမျဉ်းကြားက လမ်းဖြတ်မကူးတဲ့သူတွေကို ဒဏ်ရိုက်မယ့် အစား တနေကုန် အဲဒီမျဉ်းကြားနားမှနေပြီးလမ်းကူးမယ့်သူတွေကို မျဉ်းကြားက ကူးစေဖို့လိုက်လံကူညီပေးခိုင်းတာမျိုး ဖြစ်သင့်တယ်။ အခုက ငွေပေးလိုက်ရင်ပြီးသွားရောဆိုတဲ့ အသိအမြင် ကနေတိုးတက်မလာသေးဘူး။ ကျန်တာတွေလဲပြင်သင့်တယ်။ မီးပွိုင့်တွေကနေ ပြီးလိုင်းကားတွေကို ဆက်ကြေး ကောက်သလိုလုပ်နေတာတွေကို ရပ်သင့်ပြီ၊ မီးပွိုင့်ခလုပ်ကို ကိုင်ထားပြီး သူတို့လိုသလိုကစားနေတဲ့ ဖြစ်စဉ်တွေဟာ ကြီးမားတဲ့ ယဉ်တိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဆက်ကြေးပေးထားတဲ့ယဉ်တွေဟာ မီးပွိုင့်ရောက်ရင် အရှိန်မလျော့တော့ ဘူး။ ယဉ်စည်းကမ်းအရ မီးပွိုင့်နားရောက်ရင် အရှိန်လျော့ရမှာကို ဒီမှာတော့ ပွိုင့်ဖြတ်မယ် ကိုင်ထားဆိုတဲ့ သတိပေးချက်နဲ့ ဒီမီးပွိုင့်တွေကို အရှိန်နဲ့ကျော်လွှားနေတာတွေဟာ ဒါတွေ ကြောင့်ဖြစ်နေတာ။

0 comments: