understanding to e-gov part-1

အမှန်ကတော့ ကျွန်တော် ဒီအကြောင်းကို ဂျုလိုင် ၁ ရက်နေ့ကျရင် Park Royal မှာလုပ်မယ့် workshop မှာ ပြောမလို့ပါ။ နောက်တော့ စိတ်ဝင်စားလာတာနဲ့လက်စမသတ်နိုင်တော့တာ တကြောင်း ၊ ဓိထက်ပိုပြီး ထဲထဲဝင်ဝင် သိချင်လာတာဖြစ်တာတကြောင်း၊ တခြား speaker တွေကိုနေရာပေးချင်တာတကြောင်း စတဲ့အကြောင်းကြောင်းကြောင့် ခုတလော နေပြည်တော်မှာ e-government နဲ့ ပတ်သတ်တဲ့ အကြောင်းတွေကို ပြန်စတော့မယ်ဆိုတာကို သိရတာနဲ့ သတင်းအချက်အလက် အမြန်အဆန်စီးဆင်းစေချင်တဲ့ဆန္ဒနဲ့ Internet Journal မှာဖော်ပြပေးဖို့ ကိုသောင်းစုငြိမ်းကို စာပို့ ပေးပြီး editor တွေတည်းဖြတ်ပေးနိုင်ဖို့ ပို့ပေးဖြစ်ခဲ့ပါတယ်။ လက်ရှိတော့ ပို့ထားတဲ့အထဲက အစိတ်အပိုင်းတခုကို အွန်လိုင်းမှာတင်ဖြစ်ခဲ့တယ်။ နောက်ပိုင်းတွေလဲ ဆက်ရေးဖို့ ကြိုးစားနေပါတယ်။

e-government အကြောင်းတစေ့တစောင်း

E-government ဆိုတဲ့ အသုံးအနှုန်းကို အင်တာနက်သို့မဟုတ် world wide web မှတဆင့် အများပြည်သူတွေ အတွက် အစိုးရရဲ့သတင်းအချက်အလက်နဲ့ဝန်ဆောင်မှုတွေကို အသုံးပြုခွင့်ပေးတယ်လို့အဓိပ္ပါယ်ဖွင့်ဆိုကြပါတယ်။

တကယ်တော့ E-government သိုမဟုတ် electronic government ဆိုတဲ့ လုပ်ဆောင်ချက်တွေဟာ ပြည်သူလူထု အတွက် အစိုးရနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေနဲ့ဝန်ဆောင်မှုတွေ ဆက်စပ်လုပ်ဆောင်ရာမှာ online or offline လုပ်ဆောင်မှု အားလုံးအတွက် အကျုံးဝင်ပါတယ်။ ကမ္ဘာတလွှားက အစိုးရတွေအနေနဲ့ e-government အသုံးပြုမှုတွေကို ဆယ်စုနှစ်ပေါင်းများစွာကြာကတည်းက စတင်အသုံးပြုလာခဲ့ကြပြီး ယနေ့ကမ္ဘာ့ နိုင်ငံအများစုဟာ e-government နဲ့ပတ်သက်ပြီး အတော်လေးရှေ့တန်းရောက်နေပြီဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ တော့ ၂၀၀၃ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့မှာ e-government အစီအစဉ်ကိုစတင်လုပ်ဆောင်ဖို့ ကြေငြာခဲ့ပါတယ်။

Why e-government

e-government ဟာယနေ့ခေတ်မှာ အလွန်အရေးပါ အရာရောက်တဲ့အနေအထားကိုရောက်ရှိလို့နေပါတယ်။ e-government လို့ဆိုလိုက်တာနဲ့ ဒါဟာ အစိုးရတရပ်အတွက် အသုံးပြုဖို့ရာ တီထွင်ဖန်တီးထားတယ်လို့ အမြင် ရှိ ကြပါတယ်။ တကယ်တော့ e-government ဟာ Public sector အတွက် ဘယ်လောက်အရေးပါတဲ့ နေရာမှာ ရှိနေတယ်ဆိုတဲ့ အတွေးအမြင်ကို အသေအချာမတွေ့နိုင်သေးပါဘူး။ အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ e-governmentဆိုင်ရာလုပ်ဆောင်ချက်တွေဟာ အတိုင်းအတာတရပ်အထိ အားနဲနေဆဲဖြစ်ပြီး တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရာမှာ အဓိက ကျတဲ့လူ့စွမ်းအားအရင်းအမြစ်တွေ အလဟသ ကုန်ဆုံးနေဆဲဖြစ်ပါတယ်။ e-government စနစ် အသေအချာပေါ်ထွန်းလာမှုဟာ တိုင်းပြည်တခုရဲ့ အချက်အလက်အရင်းအမြစ်တွေ စုဆောင်းထားရှိပြီး အစိုးရရဲ့ လုပ်ငန်းဆောင်တာတွေ လွယ်ကူချောမွေ့မှုတခုတည်းတင်မဟုတ်ဘဲ တိုင်းပြည်အတွင်းနေထိုင်နေကြတဲ့ ပြည်သူ တွေရဲ့နေ့စဉ်ဆောင်ရွက်နေတဲ့ လုပ်ငန်းဆောင်တာတွေပါ လျှင်မြန်စွာပြီးမြောက်စေနိုင်ပြီး နေထိုင်မှုဘ၀ ပိုမိုတိုး တက်ရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာရှိပါတယ်။ အသိအမြင်နဲ့နည်းပညာ ပိုမိုဖွံ့ဖြိုးစေပြီး တိုးတက်တဲ့ လူ့ဘောင်အဖွဲ့အစည်းအတွက် စီးပွားရေး နိုင်ငံရေးနဲ့ ပညာရေးကဏ္ဍများစွာအတွက် အလျှင်မြန်ဆုံးတိုးတက် စေမယ့် အထောက်အကူပြုလုပ်ငန်းတခုလဲဖြစ်ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် စိမ်းလမ်းစိုပြည်ရေးအတွက်လဲ e-government စနစ်တွေကို ထဲထဲ ၀င်ဝင် အသုံးပြုမှုဟာ ထိရောက်စွာပါဝင်ပတ်သတ်နေပြန်ပါတယ်။ နောက်တချက်အနေနဲ့ လူ့စွမ်းအားအရင်း အမြစ်တွေကို အကျိုးရှိရှိထိထိရောက်ရောက်ခန့်ခွဲအသုံးပြုနိုင်ပြီး တိုင်းပြည်အတွက် အရေးပါတဲ့ အခွန်ဘဏ္ဍာ ကောက်ခံမှုတွေ၊ တိုင်းပြည်တွင်းလည်ပတ်စီးစင်းနေတဲ့ ငွေကြေးနဲ့စီးပွားရေးဆိုင်ရာအချက်အလက်၊ ကျန်းမာ ရေး ဆိုင်ရာ၊ ရာဇ၀တ်မှုနဲ့ လုံခြုံရေးဆိုင်ရာ ကိုင်တွယ်လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ ပါကျယ်ပြန့်စွာပါဝင်ပတ်သတ် နေတယ်ဆိုတာတွေ့နိုင်ပါတယ်။ အမေရိကန်အနေနဲ့ဒီဇင်ဘာ ၁၇ ရက်နေ့ ၂၀၀၂ ခုနှစ်မှာ e-government act 2002 ကိုထုတ်ပြန်ကြေငြာခဲ့ပြီး ပိုမိုထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။ e-government အသုံးဝင်မှုဟာ အပြောနဲ့တင်မဟုတ်ဘဲ ယနေ့ကမ္ဘာကြီးမှာရှိတဲ့ တိုင်းနိုင်ငံတိုင်းမှာ e-government ရဲ့အခန်းကဏ္ဍ ဘယ်ရွေ့ဘယ် မျှ အရေးပါတဲ့အနေအထားမှာ ရောက်ရှိနေတယ်ဆိုတာ နိုင်ငံတိုင်းက တွင်တွင် ကျယ်ကျယ်အသုံးပြုနိုင်ရေးအတွက် ကြိုးစားအားထုတ်နေမှုက သက်သေခံလျက်ရှိနေပါတယ်။ internet ဟာတမ္ဘာလုံးလွှမ်းခြုံဖြန့်ကျက်သွားနိုင်မှုဟာ e-government လုပ်ဆောင်မှုတွေကို အရှိန်အဟုန်နဲ့တိုးတက်သွား စေခဲ့ပါတယ်။

e-government ကို သုံးစွဲရခြင်းရဲ့အဓိက ရည်ရွယ်ချက်တွေကတော့ information and technology ဆိုတဲ့ သတင်း အချက်အလက်နဲ့နည်းပညာပေါင်းစပ်အသုံးပြုခြင်းဖြင့် အစိုးရအနေနဲ့ တိုင်းပြည်ရဲ့အချက်အလက်တွေကိုအချိန် တိုအတွင်းစုဆောင်းထားနိုင်ဖို့အတွက်လည်းကောင်း၊

အစိုးရလုပ်ငန်းဆောင်တာများနဲ့အစိုးရလက်အောက်ခံအဖွဲ့အစည်းများ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းများရဲ့ အချက်အလက်များကို စုစည်း ထားနိုင်ပြီး ပေါင်းစပ်လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့လည်းကောင်း

အစိုးရပေါ်လစီနဲ့လုပ်ဆောင်ချက်တွေကို ပြည်သူလူထုထံအချိန်တိုနဲ့ထိရောက်စွာချပြနိုင်ရေး၊ အစိုးရနှင့်ပတ်သတ် သည့်လုပ်ငန်းဆောင်တာများ အတွက် အများပြည်သူတွေချိတ်ဆက်လုပ်ကိုင်ရာမှာ အချိန်တိုတိုဖြင့်ပြီးမြောက်စေရေး၊ ပြည်သူတဦးခြင်းအချက်အလက်များမှတဆင့်နိုင်ငံတွင်းမှီတင်းနေထိုင်နေကြတဲ့ပြည်သူလူထုရဲ့စီးပွားရေး၊ ကျန်းမာရေး လူမှုရေးဆိုင်ရာအချက်အလက်များအားစုဆောင်းထားရှိနိုင်ရေး စတဲ့အချက်အလက်တွေအတွက်ရည်ရွယ်လုပ်ဆောင် လေ့ရှိကြပါတယ်။

အထက်ပါအချက်အလက်တွေကို အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့လိုအပ်တဲ့အခြေခံအချက်အလက်ကတော့အစိုးရ အနေနဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ သတင်းအချက်အလက်ထုတ်ပြန်ဆောင်ရွက်နိုင်ခြင်းရဲ့အကျိုးဆက်ဘဲဖြစ်ပါတယ်။ ဒါမှ သာ ပြည်သူလူထုအနေနဲ့ e-government လုပ်ဆောင်ချက်တွေအပေါ်ယုံကြည်စွာနဲ့အကျိုးရှိရှိ ၀င်ရောက် ဆောင်ရွက်လုပ်ကိုင်ကြမှာဖြစ်ပါတယ်။

e-government အောင်မြင်ရေးအတွက် ပထမဦးဆုံးနဲ့နောက်ဆုံး အရေးပါမှုကတော့ ပြည်သူလူထုကပူးပေါင်း ဆောင်ရွက် နိုင်ဖို့ဘဲဖြစ်ပါတယ်။

ဖြန့်ကျက်ဆက်နွယ်မှုအစီအစဉ်များ

e-government ဆိုင်ရာဖြန့်ကျက်မှုတွေမှာ G2C, G2B, G2G, G2E, G2R စသဖြင့် အမျိုးအစားများ ခွဲထုတ် လေ့လာနိုင်မှာဖြစ်ပါတယ်။

G2C ( Government to Citizen )

အစိုးရအနေနဲ့ မိမိရဲ့ပြည်သူပြည်သားတွေနဲ့တိုက်ရိုက်ထိတွေ့ဆက်ဆံတဲ့အနေထားဖြစ်ပါတယ်။ Management သဘော တရားမှာ CRM လို့ဆိုတဲ့ စားသုံးသူဆက်ဆံရေးစီမံခန့်ခွဲမှု လို့ဆိုတဲ့အပိုင်းနဲ့တိုက်ရိုက်ပတ်သတ်နေတယ် လို့ဆိုကြပါတယ်။ သဘောက ဒီအစီအစဉ်မှာ သက်ဆိုင်ရာအစိုးရတရပ် ( ပြည်နယ်အစိုးရသော်လည်းကောင်း၊ ပြည်ထောင်စုအစိုးရသော်လည်းကောင်း) အနေနဲ့ သုံးစွဲသူ တဖြစ်လဲ ပြည်သူလူထုနဲ့တိုက်ရိုက်ဆက်ဆံရတဲ့ အစိတ် အပိုင်းတွေဖြစ်တဲ့ နိုင်ငံသားမှတ်ပုံတင်ခြင်းဆိုင်ရာ၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဆိုင်ရာ၊ ဖွား/သေ ဆိုင်ရာလက်မှတ်၊ ပညာရေးဆိုင်ရာအသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေ

0 comments: