ဖယောင်းတိုင်တိုတစ်ချောင်း

အမှိုက်သရိုက်တွေနဲ့ ပြည့်နှက်နေတဲ့ အခန်းကျယ်တခုမှာ ဖယောင်းတိုင်တိုတစ်ချောင်းက ကြပ်ခိုးတွေသိုင်းချုံရင်း လဲလျောင်းအိပ်စက်နေတယ်။ တချိန်က သူ့စွမ်းအားတွေက ဘေးတဖက်တချက်စီမှာ အေးခဲကပ်တွယ်။

မှောင်မဲနေပြီး ဒီအမှိုက်တွေကြားထဲမှာ ကြာရှည်စွာလဲလျောင်းနေရတဲ့ ဖယောင်းတိုင်တိုကတော့ တချိန်မှာ ပြန်ပြီးထွန်းလင်းနိုးအချိန်တွေစောင့်စား တဖြည်းဖြည်းနဲ့ ပါးပါးသွားတော့မလား။

ကြာတော့ကြာခဲ့ပြီ ကြာလဲကြာနေပြီ တနေ့မှာတော့ လူတယောက်က အဲဒီအခန်းထဲဝင်လာတယ်။ အမှောင်ထုရဲ့ ရိုက်ပုတ်မှုက သူ့အမြင်ကိုေ၀၀ါးစေတယ်။ ဒါနဲ့သူက အလင်းရောင်တခုကို ဖန်တီးခဲ့ ချင်တယ်။

သူ့မှာ ပါလာတဲ့ မီးခြစ်နဲ့ အခန်းထဲမှာ အလင်းရောင်ရရှိဖို့ကြိုးစားခဲ့သေးတယ်။ ဒါပေမယ့် ကြာရှည်မခံဘူး။ အဲဒီအချိန်မှာ သူတစုံတခုကို တက်နင်းမိလို့ အောက်ကိုငုံ့ကြည့်မိတယ်။ ဖယောင်းတိုင် တို တစ်ချောင်းကိုတွေ့သွားတယ်။

မျှော်လင့်ချက်မီးတပွင့်ကို ဒီဖယောင်းတိုင်တိုပေါ်မှာ ကူးညှိလိုက်တယ်။

အလင်းရောင်နောက်ကို သူလိုက်ရင်း သူလိုချင်တာကိုရှာတွေ့သွားခဲ့တယ်။

ပြီးတော့ သူ့ဖယောင်းတိုင်တိုလေးကို မီးငြှိမ်းပြီး ပြန်ပစ်ချထားခဲ့တယ်။

ဖယောင်းတိုလေးကတော့ အရင်အတိုင်းဆက်လက်လှဲလျောင်းရင်း နောက်တချိန်ပြန် ထွန်းလင်းခွင့် ကိုစောင့်နေပြန်တယ်။

သူကတော့ ဘယ်အချိန်ဖြစ်ဖြစ် အစွမ်းကုန်ထွန်းလင်းတောက်ပနေချင်ခဲ့တာ။

တကယ်တမ်းက ကိုယ်ပိုင်တောက်ပခွင့်မရှိမှန်း၊ မီးစာကုန်ရေခန်းချိန် မရောက်သမျှသူ နားလည်ဦးမယ် မသိဘူး။

ဒါပေမယ့် ဖယောင်းတိုင်တိုလေးပေမယ့် အသုံးဝင်ခွင့်က တချိန်မဟုတ်တချိန် တိုက်ဆိုင်မှုရှိရင်တော့ မျှော်လင့်လို့ရဦးမယ်။

Comments

Popular posts from this blog

"ဖွင့်ဆိုချက်"

ဖြေရှင်းချက်

Hostoric meeting of US & North Korea contact