Nobody, Nobody

မနေ့က မြန်မာအိုင်စီတီပတ်ထဲမှာ ပြပွဲလုပ်နေတဲ့ မြန်မာကိုရီးယား အိုင်စီတီရှိုး ( Myanmar-Korea ICT Show) ကိုသွားတယ်။ ကိုရီးယား ပြခန်းတခုဘဲ တွေ့တယ်။ ကွန်ဖန့်ဟောမှာ တော့ဘာ တွေလုပ်တယ်မပြောတတ်ဘူး။ မအားတဲ့ကြားထဲက လာလိုက်တာဆိုတော့ မရောက်လိုက်တော့ဘူး။ ကျန်တဲ့ပြခန်းတွေကတော့ မြန်မာပြည်က ပြခန်းတွေဘဲ၊ သုံးရက်လုပ်မှာတဲ့ လာတဲ့လူကတော့ ခြောက်တီးခြောက်ကပ်ဘဲ။ သတင်းစာထဲမှာ ရေးထားတာတွေ့ တော့ Korea company တွေကလာပြတဲ့ နောက်ဆုံးပေါ်နည်းပညာတွေဆိုလို့လေ။

ဒီလိုဘဲ ဟိုနိုင်ငံက ပြပွဲ ဒီနိုင်ငံက ပြပွဲဆိုတာင်း ပြည်တွင်းလုပ်ငန်းတွေကလိုက်ပြရ၊ နောက်တော့ဘာမှလဲမဟုတ်၊ ဈေးရောင်းပွဲတွေကလဲ စိတ်စိတ်ကလေးနဲ့ ဒိတ်ဒိတ်ကျဲ ရောင်းချနေလိုက်တာ လိုက်ကို မမှီတော့ဘူး။ ပြည်တွင်းလုပ်ငန်းရှင်တွေလဲ ဖတ်ဖတ်မော၊ ကျွန်တော်တို့လို အိုင်စီတီ တိုးတက်ပြန့်ပွားရေးဟောပြောပွဲလေးတွေ လှုပ်ရှားမှုလေးတွေက ဒီပွဲတွေစိတ်နေတာနဲ့ လုပ်ငန်းရှင်တွေက ဘတ်ဂျက် တွေကြပ်နေတာနဲ့ ထောက်ပံ့မှုမပေးနိုင်။ ကျွန်တော်တို့ဆီမှာတော့ အိုင်တီပစ္စည်းတွေ ရောင်းတာနဲ့ နည်းပညာက တိုးတက်လွန်းလို့လိုက်မမှီတော့ဘူး။ ရောင်းကောင်းကြပါစေဗျာ။

ဒါနဲ့ ကိုရီးယား သီချင်းတခု သွားသတိရမိတယ်။ ဘာတဲ့ nobody nobody ဆိုတဲ့စာသားလေး။ :) ဘယ်သူမှလဲ မရှိဘူး :P

တခုတည်းသော ကိုတွေယားပြခန်း

အဲဒါ ကိုရီးယားကလား :D

ကိုရီးယားပစ္စည်းတွေသုံးတာထင်တယ်

You can leave a response, or trackback from your own site.

2 Responses to “Nobody, Nobody”

  1. getsuyoobi says:

    ခက်တယ် ကိုဇော် ရေ.
    ကျနော်တို.တိုင်းပြည်လဲကိုရီးယား(ကိုတွေယား)ရူးနေကြတော.
    ဒီကောင်တွေလာလိမ်နေကြပြီလေ…လူတွေကလဲကိုရီးယားလို.ပြောမှ
    ရောက်လာကြမယ်ထင်ပါရဲ.
    အခုပိုစ်နဲ.ဓါတ်ပုံတွေကိုအပြည်.အ၀ ထောက်ခံပါတယ်။
    ပြောရရင်ပြောစရာတွေအများကြီးဘဲ ကိုဇော်………….!

  2. admin says:

    တကယ်ဘဲဗျာ၊ ကျွန်တော်တို့မှာ အထင်တကြီးနဲ့သွားကြည့်လိုက်တာ နားကားကုန်ရော :)

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice