ကျွန်တော် Facebook ကိုသုံးနေရသောအကြောင်းရင်း

မနက် အိပ်ရာက ထလို့ အင်တာနက်သုံးပြီဆိုတာနဲ့ facebook and gmail က ချက်ခြင်းဖွင့်ဖြစ်တဲ့ ဆိုဒ် ၂ ခုဘဲ။ မေးကတော့ လုံးဝကို လိုအပ်တဲ့ ကျွန်တော့် ရဲ့ အဆက်အသွယ်နဲ့အလုပ်ကိစ္စတွေ အတွက် တခုတည်းသော ဆက်သွယ်ရန် ဖြစ်လို့ သူ့ကို မှီခိုမှုက တကယ့်ကို ပုံမှန် ဖြစ်လွန်းနေတယ်။ facebook ကျတော့ အရင်ဆို blog မှာ ရေးပြီး တင်နေတဲ့ အလေ့အထကနေ သူငယ်ချင်း ဘယ်သူ တွေ ဘာတွေလုပ်နေတယ်။ သူတို့ ဘယ်ကိုသွားကြတယ် ဘာကိုစားကြတယ်ဆိုတာ နေရာအနှံ့က သူငယ်ချင်းမိတ်ဆွေတွေရဲ့ အချက်အလက်တွေကို သိချင်တဲ့ စပ်စုချင်တဲ့ လူ့သဘောက မနေနိုင် မထိုင် နိုင်နဲ့ သွားကို သွားသုံးဖြစ်နေတယ်။

အရင်ဆို blog မှ blog ဘဲ။ တနေ့မှာ တခါလောက်မှ blog ကိုမရေးဖြစ်ရင် ခေတ်မမှီတော့သလို ဖြစ်နေရာက အခုဆို facebook ကိုတရက်လောက် မ၀င်ဖြစ်လိုက်ရင် အနေအထားတွေက ဝေးကုန်ရော။ နောက်တော့ ပုံတွေ စာတိုထွာတွေ နဲ့ ကောမန့်တိုက်ပွဲတွေ ပြင်းထန်လာတဲ့အထိ facebook က ကျွန်တော်တို့ ရဲ့အချိန်တော်တော်များများကို ၀င်ယူလိုက်တယ်။ မသိလိုက်မသိ ဘာသာနဲ့ အလိုလို facebook ကို ကျွန်တော်တို့ မှီခိုမှုတွေ က ပြင်းထန်လာတယ်။ ဒါကို ကျွန်တော်သတိပြန်ထား လာမိတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ပါစင်နယ် အချက်အလက်တွေရဲ့လုံခြုံမှုတွေ အတွက် ဘယ်လို ကာကွယ်မယ်ဆိုတာကို တွေးမိတယ်။ သဘောက အရင်က ဘလောက်မှာတုန်းက မတင်ဖြစ်ခဲ့တဲ့ အနေအထားအတော်များများ facebook ထဲကို တင်ဖြစ်နေတယ်။ လှုပ်ရှားမှုတွေ ပုံရိပ်တွေ အချက်အလက်နဲ့ အတွေးအခေါ်အယူအဆ တွေ။ ဒါတွေက ဘာကိုဖော်ပြနေလဲဆိုတော့ လူတယောက်ရဲ့ စိတ်နေစိတ်ထား ပတ်ဝန်းကျင်နဲ့ သူ့ အလုပ်အကိုင် ၀င်ငွေစတာတွေကို မှန်းခြေ တွက် ချက်လို့ရတဲ့ အထိ ဖြစ်လာနိုင်တယ်။

ဒါနဲ့ဘဲ ကျွန်တော်တို့တွေ မသိတဲ့သူတော်တော်များကို facebook friend list ထဲကနေ ဖြုတ်ပစ်လိုက်ကြတယ်။ ဒါလဲ ကျန်နေဦးမယ်ထင်ပါတယ်။ နောက်တခုက ကိုယ့် စာသားတွေ ပုံတွေကို သူငယ်ချင်းတွေ ကသာ သိမြင်တွေ့နိုင်တဲ့ setting တွေပြန်ချိန်လိုက်တယ်။ ဒါတောင် ကိုယ့်ကိုယ် ကို လုံခြုံတယ်လို့ မထင်သေးပါဘူး။ ဒါပေမယ့် ဘာလို့ facebook ကို သုံးနေရသေးလဲ ဆိုတာ ကိုယ့် ကို ကိုယ် ပြန်မေးကြည့်လိုက်တော့ ဒီကွန်ယက်အပေါ်မှာ ကျွန်တော့် မှီခိုမှု ဥပမာ သူငယ်ချင်းတွေနဲ့အဆက်အဆံလုပ်ချင်လို့။ ကျွန်တော့် လူမှုရေး နက်ဝေါ့ကို ကျယ်ပြန့်စေချင်လို့ စတဲ့ အနေအ ထားတွေကို ရပ်တန့်အောင် မလုပ်နိုင်သမျှ ကျွန်တော် သုံးနေမိမယ်ထင်ပါတယ်။

ခေတ်နဲ့လျော်ညီတဲ့ အနေအထားတရပ်လဲ ဖြစ်၊ ကောင်းကျိုးလဲ ရှိနေတယ်။ ဆိုးကျိုးလဲ တ၀က်ရှိနေတဲ့ ဒီနက်ဝေါ့တွေကို ကျွန်တော်သုံးနေသမျှ ကာလပတ်လုံး ကျွန်တော့် ပါစင်နယ် အချက် အလက် အချို့ဟာ ဒီလိုနေရာတွေမှာ ရှိနေတယ်လို့ ဖြစ်တည်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ ဟာ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ကားလမ်းဖြတ်ကူးနေတဲ့ သူတွေနဲ့တူနေဦးမှာပါ။

You can leave a response, or trackback from your own site.

One Response to “ကျွန်တော် Facebook ကိုသုံးနေရသောအကြောင်းရင်း”

  1. getsuyoobi says:

    “ခေတ်နဲ့လျော်ညီတဲ့ အနေအထားတရပ်လဲ ဖြစ်၊ ကောင်းကျိုးလဲ ရှိနေတယ်။ ဆိုးကျိုးလဲ တ၀က်ရှိနေတဲ့ ဒီနက်ဝေါ့တွေကို ကျွန်တော်သုံးနေသမျှ ကာလပတ်လုံး ကျွန်တော့် ပါစင်နယ် အချက် အလက် အချို့ဟာ ဒီလိုနေရာတွေမှာ ရှိနေတယ်လို့ ဖြစ်တည်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ ဟာ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ကားလမ်းဖြတ်ကူးနေတဲ့ သူတွေနဲ့တူနေဦးမှာပါ။”
    ဒီစာကြောင်းလေးက အရမ်းမှန်တယ် ကိုဇော်

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice