စားပြီးနားမလည်

စားတိုင်းသောက်တိုင်းတော့ တော်တော်များများပုံတွေရိုက်ဖြစ်တယ်။ မတင်ဖြစ်တာလဲ အများကြီးပါဘဲ။ အခု တလောလဲစားသောက်တာများနေတော့ ပုံတွေ များနေပြီ။ ဒီတော့ ရွေးထုတ်ပြီး တင်လိုက် တာပါ။ ဗိုက်ဆာတဲ့အခါ ကြည့်ရတာပေါ့။ :) အချို့စားစရာတွေက စားသာစားလိုက်တယ် နာမည်ဘယ်လိုခေါ်မှန်းလဲမသိဘူး။ ဒါကြောင့်စားပြီးနားမလည်လို့ ဒီပိုစ်ကို အမည်တပ်လိုက်တယ်။

တနေ့ကအိမ်မှာလုပ်စားတဲ့ အကင်စုံ

YKKO က အာလူးထောင်း

အာလူးထောင်း ကအကြိုက်ဆုံး အစားအစာတွေထဲမှာပါတယ်။ အဲဒီကိုရောက်တိုင်းအမြဲစားဖြစ်တဲ့ အစားအသောက်တခုပေါ့။

YKKO ဆာတေး (၀က်)

ထိုင်းမှာစားတဲ့ တုန့်ယန်ကွမ် တခွက်

ပုစွန်သုတ်

စုံပလုံ ဘရိတ်ဖတ်

လှတပတ အစိမ်းကြော်

ဝက်ကုန်းဘောင်

ချစ်ဖို့ကောင်းတဲ့တို့စရာနဲ့ငါးပိရည်

အုန်းနို့ဟင်း (အမည်မသိ)

ပုဇွန်ကြော်

သီးစုံအချိုပွဲ

အသားများတဲ့ပင်လယ်ဂဏန်း

အုန်းသီးရေခဲမုန့်

အဲဒီရေခဲမုန့်တော့ တော်တော်လေးသဘောကျတယ်။ ဈေးကလဲ တန်တယ် စားလို့လဲကောင်းတယ်။ စားနေရင်းသတိရတာနဲ့ လက်တဖက်နဲ့အမြန်ရိုက်ထားလိုက်တာ :P

ဘဲပေါင်းနဲ့မှို

ကြက်ပေါင်ကြွတ်ကြွတ်

ပဲပုဇွန်နဲ့မှိုပုဇွန်

ငါးအသားကို အကြွတ်ကြော်

ဒီငါးအသားလွှာကို မုန့်နှစ်ပါးပါးနဲ့ အကြွတ်ကြော်ထားပြီး ငရုတ်သီးဆီသတ်လှိမ့်ထားတာလဲ တော်တော်လေးအရသာရှိတယ်။ အဲဒါမျိုးကို ဖိလစ်ပိုင်မှာတုန်းကလဲ စားဖူးတယ်။ ဒါပေမယ့် ဒါကပို စပ်တယ်လို့ ထင်ရတယ်။

ကြက်သားကြွတ်ကြော်ကို ဂျင်းအုပ်ထားတာ

အကြွတ်ကြော်စားတဲ့အထဲမှာ ကြက်သားဘဲဖြစ်ဖြစ် ၀က်သားဘဲဖြစ်ဖြစ် စားလို့မရဘူး၊ သွားကြားညပ်လို့လေ၊ အပေါ်က ဟင်းလဲ သိပ်တော့မစားဖြစ်ဘူး ။

ဂဏန်းအစိမ်းသုတ်

ကွေ့တီယို

တစ်တုံး ဘတ် ၂၀ တန်ကြက်ကြော်

အခုကြက်ကြော်တွေက ထိုင်းမှာတော့ စားရအဆင်ပြေတဲ့ လက်လွယ်အစားအစာတခုဘဲ KFC တို့လိုဈေးမကြီးဘူး။ အရိုးထိဝားလို့ရတယ်။ တစ်တုံးကို ဘတ် ၂၀ ဆိုတော့ မြန်မာငွေနဲ့ဆို ၆၀၀ လောက်ဘဲ။ ဒီမှာတော့ ဒီဈေးနဲ့မရဘူး :D

လယ်သမားဟင်းချို

လယ်သမားဟင်းချိုက မြန်မာစာဆိုတွေစပ်ခဲ့သလို မှိုနားတို ဆိုလား ပုံစံပေါ့။ ထိုင်းလိုအခေါ်တော့မသိဘူး။ အတော်ခံတွင်းတွေ့တယ်။ ဘူးညွန့်၊ ကညွှတ်၊ ဆူးပုတ်ရွက်၊ ကောက်ရိုးမှိုနဲ့ အခြား ခရမ်း သီးလို အသီးလေးတွေလဲ ထဲ့တတ်ကြတယ်။ တနေရာနဲ့တနေရာ လက်ရာနဲနဲကွဲပေမယ့် စားကောင်းတယ်။ ဈေးကလဲ သက်သာတယ် ဘတ် ၂၀။ အရွက်ပိုထည့်ရင် ၅ ဘတ်ပိုပေး။

စားလို့ကောင်းတဲ့ပိုးကောင် (အမည်မသိ)

ပုရစ်ကြော်

ပိုးကောင်ကြော်တွေ အစုံအလင်တွေ့နိုင်ပြီး စားဖို့ဝယ်တဲ့အခါမှာ အမွှေးနံ့သာတွေနဲ့ တခါပြန်ကြော်ပေးလိုက်တာမို့ ပူပူနွေးနွေးနဲ့ ဘီယာနဲ့မြည်းလို့အကောင်းဆုံး အဖြစ် သတ်မှတ်ပါတယ်။

ဖားကြွတ်ကြော်

အဏ္ဍ၀ါထမင်းကြော်

ဒါလဲ ခပ်စုံပလုံဘရိတ်ဖတ်

တို့ဟူးချဉ်စပ်ချက်

ဝက်နံရိုးကြွတ်ကြော်

ဝက်သားသုတ်

ဝက်သားနှမ်းကပ်ကြော်

Brakefast တမျိုး

chese roll

အဲဒီ cheese roll စားတာမှတ်မိသေးတယ်။ ကုန်တိုင်မှာ မနက်အစောကြီး  ဘယ်ဆိုင်မှာမဖွင့်သေးလို့ အဲဒါတွေမှာစားပြီး အားရပါးရတီးလိုက်တာ လျှာတောင်ကျက်သွားတယ် :) ပြောရင်းဆို ရင်း ပုံ တွေတင်လာရတာ ပျင်းလာပြီ။ နောက်နေ့မှဘဲ ဒုတိယပိုင်းဆက်တင်တော့မယ်။ မစားရ၀ခမန်းဆိုတာ ပေါ့ …………….:D

You can leave a response, or trackback from your own site.

4 Responses to “စားပြီးနားမလည်”

  1. kom says:

    များလှချည်လား. အေးလေ ဘိုက်ဆာရင်လာကြည့်လို့ရတာပေါ့။

  2. getsuyoobi says:

    ကိုဇော်ရေ.
    သွားရေယိုလာပြီဗျာ………….
    နာမည်မသိတဲ.အကောင်ဆိုတဲ.ဟာက “သင်ပေါင်းပိုး”လို.ခေါ်တယ်ကိုဇော်
    ရန်ကုန်ကတရုတ်တန်းမှာရှိတယ်….စားလို.ကောင်းတယ်။
    ပြန်လာရင်တော.တစ်ရက်ဆုံကြမယ်ဗျာ…..

  3. admin says:

    ဒီအကောင်လေးတွေက ရန်ကုန်မှာစားတဲ့ သင်ပေါင်းပိုးနဲ့မတူဘူးဗျ၊ သေးသေးကလေးတွေ :) ရန်ကုန်မှာ ဆုံရင် သောက်ဖို့ ချိန်းမယ်ဗျာ

  4. admin says:

    ဟုတ်တယ် ဗိုက်ဆာရင် အမြန်ကြည့်ရအောင် :D

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice