The taking of pelham 123

ဇာတ်ကားထွက်တာတော့ တနှစ်ကျော်လောက်ကြာခဲ့ပါပြီ။ အခုမှသေချာ ကြည့်ဖြစ်ပါတယ်။ ကြည့်ပြီးတဲ့သူများလဲ သိမှာပါ။ ဒီဇာတ်လမ်းလေးက ၁၉၇၄ ခုနှစ်တုန်းက ရိုက်ခဲ့ဘူးတဲ့ဇာတ်လမ်းဟောင်း လေး တခုဘဲဖြစ်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာမှပြန်ရိုက်လဲ လူ့သဘာဝ ကို ဖော်ကြူးပြနိုင်တဲ့ ဒီလို ဇာတ်လမ်းလေးတွေက အသုံးတော်ခံနေတုန်းပါဘဲ။

Top Gun နဲ့ Enemy of the state တို့လို ဇာတ်လမ်းတွေကို ရိုက်ခဲ့ဘူးတဲ့ ဒါရိုက်တာ Tony Scott စီစဉ်ရိုက်ကူးတဲ့ ဒီဇာတ်လမ်းမှာ နာမည်ကျော်မင်းသား John Travolta နဲ့ Denzel Washington တို့ ပါဝင်သရုတ်ဆောင်ထားပြီး တာဝန် ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းတွေနဲ့ သူတို့ အခက်အခဲ အတ္တတွေ လူသားဆန်မှုနဲ့ လှည့်ကွက်တွေကို နိုင်နင်းစွာ သရုပ်ဖော်သွားနိုင်ခဲ့ပါတယ်။

အဆန်းထွင် ရိုက်ထားတဲ့ အကွက်တွေသိပ်မပါဘဲ ရိုးရှင်းတဲ့ ရိုက်ချက်တွေနဲ့ ဟောင်းနွမ်းနေတဲ့ New York မြို့ကြီးကို ပေါ်လွင်အောင် တင်ဆက်သွားနိုင်ခဲ့ပါတယ်။ ပြသချိန် ၁၀၅ မိနစ်ကြာတဲ့ ဒီဇာတ်လမ်း ကို ၂၀၀၉ ခုနှစ် ဂျွန်လ ၁၂ ရက်နေ့က စတင်ရုံတင်ပြသခဲ့ပြီး ကုန်ကျစားရိတ် သန်း ၁၀၀ အကုန်အကျ ခံရိုက်ကူးထားတာဖြစ်ပါတယ်။

အရမ်းမအောင်မြင်ပေမယ့် ကြည့်ကောင်းတဲ့ ဇာတ်လမ်းတပုဒ်တော့ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice