The seminar and workshop named “Etiquette & Technics” was  held in Yangon at Myanmar inf0-tech from13 to 14 September. It is organize by Myanmar Blogger Society(MBS) and with the help of Myanmar Computer Professional Association (MCPA) . Discussions were made about social media ethics , intellectual property on internet  and about the  development of web 2.0 technology in Myanmar, etc with Myanmar’s prominent senior journalists.
Myanmar Blogger Society(MBS) is the team which is  active for the movement of technology development in Myanmar. We also organized the first Barcamp Yangon in 2010 January.

ကျွန်တော်ဟာ မြန်မာနိုင်ငံသားတဦးဖြစ်ပါတယ်။ ယခင်ပြဌာန်းထားတဲ့ အခြေခံဥပဒေတွေအရရော၊ ၂၀၀၈ ခုနှစ်က အတည်ပြု ခဲ့တဲ့ အခြေခံဥပဒေကြောင့် အရရော ကျွန်တော်တို့မှာ နိုင်ငံသားတယောက်ရဲ့ရပိုင်ခွင့်တွေရှိတယ်ဆိုတာကတော့ လုံးဝအသေအခြာဘဲဖြစ်ပါတယ်။ အခုဆိုရင် ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အတည်ပြုပြီး တဲ့ ရလဒ်အဖြစ် ပါတီစုံရွေးကောက်ပွဲကို လာမည့် နိုဝင်ဘာ ၇ ရက်နေ့မှာ သတ်မှတ်ထားတဲ့ မဲဆန္ဒနယ်တွေအတိုင်း ရွေးချယ်ခံပိုင်ခွင့်ရရှိသူတွေကို ပြည်သူတွေက ရွေးချယ်တင်မြောက်ကြရတော့မှာ ဖြစ်ပါ တယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း၊ မြန်မာနိုင်ငံသားဖြစ်တဲ့ သူတိုင်းဟာ အခြေခံဥပဒေအရ မိမိကြိုက်နှစ်သက်တဲ့ သူကို ဆန္ဒမဲပေးပိုင်ခွင့် အပြည့်အ၀ရှိပါတယ်။ ဒီလိုအခွင့်အရေးတွေကို ကာကွယ် စောင့်လျောက်ပေးဖို့ ရွေးကောက်ပွဲကော်မရှင်ကို နိုင်ငံတော်ကဖွဲ့စည်းပေးခဲ့ပြီး သက်မှတ်ထားတဲ့ ဥပဒေ တွေနဲ့အညီ ၀င်ရောက်ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်နေတဲ့အချိန်လဲဖြစ်ပါတယ်။

အထက်ပါအကြောင်းအရာတွေဟာ ကျွန်တော့် သဘောနဲ့ပြောတာမဟုတ်ဘဲ နိုင်ငံတော်ပိုင်သတင်းစာများမှ ထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်တွေကို ကိုးကားပြီးဖော်ပြထားတာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်အခြေခံဥပဒေကို သဘောတူလက်ခံ ခဲ့ကြတယ်ဆိုရင် လာမည့်ရွေးကောက်ပွဲကို လက်ခံရမှာဖြစ်ပါတယ်။ ဒီလို ရွေးကောက်ပွဲကိုလက်ခံရင် သတ်မှတ်ထားတဲ့ ဥပဒေ တွေကိုလဲလေးစားလိုက်နာရမှာဖြစ်ပါတယ်။ ဘယ်သို့ပင်ဖြစ်ပါစေ နိုင်ငံသားတယောက်ရဲ့တာဝန်အရ ကျွန်တော်တို့ဟာ မိမိတို့ တာဝန်ကိုကျေပွန်အောင် ထမ်းဆောင်ရမှာဖြစ်ပါတယ်။ ရွေးကောက် ပွဲ အကြိုကာလမှာ နိုင်ငံတော်ရဲ့စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာ ဟာ အရေးပါတဲ့ အခြေအနေမှာရှိပါတယ်။ ဒါကိုလဲ နိုင်ငံတော်သတင်းစာတွေမှာ မကြာခဏဖော်ပြတာကိုတွေ့ပါတယ်။ သတင်းသမားတွေ အနေနဲ့ ဘက်လိုက်မှုမရှိဘဲ ပြည်သူလူထု သိသင့်သိထိုက်တဲ့သတင်း၊ သိဖို့လိုအပ်တဲ့ သတင်းတွေကို တင်ပြရမှာဖြစ်သလို တင်ပြခွင့်လဲရရှိမှဖြစ်ပါမယ်။

ကျွန်တော်တို့ နိုင်ငံတော်သစ်ရဲ့ အနာဂတ်ကို ဦးဆောင်မယ့်သူတွေအကြောင်းသိသင့်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ဝင်ရောက်ယှဉ်ပြိုင်သူများရဲ့ စာရိတ္တကိုထင်ဟတ်မယ့် သူ့ရဲ့နောက်ကြောင်းရာဇ၀င် ကို သိသင့်ပါတယ်။ ၀င်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေရဲ့ အကြောင်းနဲ့ ပါတီခေါင်းဆောင်တွေအကြောင်း၊ သူတို့ရဲ့နိုင်ငံရေးရည်မှန်းချက်နဲ့ အနာဂတ်အစီအစဉ်စတာ တွေကို ပြည်သူလူထုက ကျယ် ကျယ်ပြန့်ပြန့်သိဖို့လိုပါတယ်။ ဒါမှသာ နိုင်ငံတော်ကို ဦးဆောင်မည့် သူတွေကို ပြည်သူလူထုက အမှန်ကန်ဆုံးရွေးချယ်ဖို့ ဆုံးဖြတ်ရာမှာ ချိန်ဆနိုင်မှာဘဲဖြစ်ပါတယ်။

အခြေခံဥပဒေဆိုတာ တည်ငြိမ်တဲ့ အစိုးရအဖွဲ့ဖြစ်လာဖို့ နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ပြည်ထောင်စုကို ကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ နိုင်ငံတော်ရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ ဘယ်လောက် ကောင်းတဲ့ အခြေခံဥပဒေဖြစ်ပါစေ၊ ကျင့်သုံးတဲ့ သူတွေရဲ့ ဆောင်ရွက်မှုသည်က ဒီဥပဒေရဲ့ အနှစ်သာရကို ဖော်ဆောင်ပေးမှာဖြစ်ပါတယ်။ နိုင်ငံတခုနဲ့တခုရဲ့ အခြေခံဥပဒေတွေဟာ လုံးဝမတူညီ နိုင်ပါဘူး။ ကျွန်တော်တို့ ကြားဖူးပါတယ်။ “လူတွေက သူတို့နဲ့ထိုက်တန်တဲ့ အစိုးရကို အမြဲရရှိကြတယ်” ဆိုတဲ့ စကားပါ။ ကျွန်တော်တို့ အတွက် ထိုက်တန်မှုတခု၊ သဘောက တန်ဖိုးပါ။ ဒီမိုကရေ စီ ဆိုတဲ့ စကားလုံးသက်သက်ဟာ ကျွန်တော်တို့ကို ဘယ်လိုအခွင့်အလမ်းမှ မပေးနိုင်ဘူးဆိုတာလဲကျွန်တော်တို့ သိကြပါတယ်။ ဒီမိုကရေစီဆိုတာ ကျင့်သုံးသူတွေအတွက်သာ ထိုက်သင့်တဲ့ ရသင့်တဲ့ အကျိုးခံစားခွင့်ရှိတဲ့အရာဖြစ်ပါတယ်။ ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် ကျွန်တော်တို့တွေဟာ ရွေးကောက်ပွဲဆိုတာကို ရှောင်လွဲဖို့ မလိုအပ်ပါဘူး။ ဒီတော့ တန်ဖိုးရှိအောင် ကျွန်တော်တို့ လုပ် သင့် တာက တန်ဖိုးထားတတ်ဖို့ဖြစ်ပါတယ်။

စည်းကမ်းပြည့်ဝပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို တည်တည်ငြိမ်ငြိမ်နဲ့ ပြောင်းလဲနိုင်ဖို့ အဓိက ကျတဲ့ ပြည်သူတွေရဲ့ဆန္ဒအမှန်ကို ဖော်ထုတ်ဆောင်ရွက်နိုင်ဖို့ လွတ်လပ်ပြီး တရားမျှတ တဲ့ရွေးကောက်ပွဲကိုကျင်းပမှာဖြစ်တယ်လို့ ကျွန်တော်တို့ အားလုံးသိထားကြပါတယ်။ ဒီမိုကရေစီစနစ်ရဲ့ မောင်းနှင်အားဖြစ်တဲ့ ဒီရွေးကောက်ပွဲတွေရဲ့ ရလဒ်အပေါ် ပြည်သူလူထု ကျေနပ်လက်ခံမှု ဘယ် လောက်ရှိတယ်ဆိုတာ အင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ မျိုးဆက်တဆက်လောက်ဟာ ရွေးကောက်ပွဲဆိုတဲ့ စကားလုံးနဲ့အင်မတန် ရင်းနှီးပေမယ့် ရင်းနှီးသလောက်ကို ဘယ်လို လဲ ဆောင်ရွက်ကြတယ်ဆိုတာ သိရှိဖို့ လဲ အဆမတန်ဝေးပါတယ်။ ယနေ့အချိန်ထိပါမှ မဲရုံထဲမှာ အမှန်ခြစ် ပေးရမှာလား အမှားခြစ်ပေးရမှာလားဆိုတဲ့ အခြေခံကျတဲ့ ရွေးကောက်ပွဲဆိုင်ရာ ဆန္ဒမဲပေး သူ တွေသိသင့်တဲ့ အချက်အလက်တွေ၊ ဗဟုသုတတွေ ရရှိမှုအားနည်းနေလို့မဖြစ်ပါဘူး။ မဲဆန္ဒပေးလိုသူတယောက်ရဲ့ ရပိုင်ခွင့်အရ ကျွန်တော်တို့ဒါကို ကျယ်ကျယ်ပြန့်ပြန့်သိဖို့လေ့လာ စုံစမ်းသင့် သလို ရွေးကောက်ပွဲဆိုင်ရာ တာဝန်ရှိသူတွေကနေလဲ ဆက်လက်ဖြန့်ဝေဖို့ လိုပါတယ်။ လွတ်လပ်ပြီး တရားးမျှတမှုရှိတဲ့ ရွေးကောက်ပွဲဆိုတာက မဲပေးသူတွေတဦးခြင်းရဲ့စိတ်ကျေနပ် နှစ် သိမ့်မှုလဲ လိုပါတယ်။ လူတဦးခြင်းစီဟာ မိမိပေးတဲ့ ဆန္ဒမဲပေးရာမှာ လွတ်လပ်ရဲ့လား တရားမျှတရဲ့လား ဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်။

အဓိကကျတဲ့ အချက်ကတော့ ကျွန်တော်တို့ အနေနဲ့ ကိုယ်စားလှယ်တွေရဲ့အချက်အလက်တွေကို သိရှိမှုအားနည်းပါတယ်။ ပါတီတွေရဲ့ မူဝါဒဆိုင်ရာတွေကို လုံးဝမသိသလောက်ပါဘဲ၊ နောက် တခုက အခြေခံအကျဆုံးဖြစ်တဲ့ ကျွန်တော်တို့ ဘယ်လိုဆန္ဒမဲပေးရမယ်ဆိုတာ တောင် ကျွန်တော်တို့မသိရသေးပါဘူး၊ ဒါတွေအတွက် မီဒီယာတွေ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့လိုသလို လုပ်ပိုင်ခွင့်ရဖို့ လဲလိုပါတယ်။ အခြေခံဥပဒေ နဲ့မဆန့်ကျင်သမျှ၊ တည်ဆဲဥပဒေများ၊ ရွေးကောက်ပွဲဆိုင်ရာ ချမှတ်ပေးထားတဲ့ စည်းကမ်းချက်တွေကို မဆန့်ကျင်သမျှ မီဒီယာ လုပ်ပိုင်ခွင့်ကို ယခုထက်ပိုမို ပွင့်လင်း လွတ်လပ်ခွင့်ရှိဖို့လိုပါတယ်။ မီဒီယာ ဆိုတာ ရုပ်မြင်သံကြား၊ ရေဒီယို၊ ဂျာနယ် စတဲ့ နည်းလမ်းပေါင်းစုံဖြစ်ပါတယ်။

ကျွန်တော်ကသတင်းသမားတယောက်တော့မဟုတ်ပါဘူး၊ စာနယ်ဇင်းကျင့်ဝတ်တွေလဲ အပြည့်အ၀နားမလည်ပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ နိုင်ငံသားတဦးအနေနဲ့ မိမိပတ်ဝန်းကျင်ပို မိမိတတ် နိုင် သလောက်စွမ်းပကားနဲ့ အသိပညာပေးနိုင်တဲ့ အခွင့်အရေးအပြည့်အ၀ရှိတယ်လို့ထင်ပါတယ်။ ကျွန်တော့် တဦးတယောက်အနေနဲ့ လာမည့်ရွေးကောက်ပွဲ ကိုကြိုဆိုပါတယ်။ ဖြစ်ပေါ်လာမည့် နိုင်ငံ တော်သစ်ကို မျှော်လင့်ပါတယ်။ ဒီမိုကရေစီ ရရှိဖို့အတွက် ပထမဆုံးဟာ ရွေးကောက်ပွဲဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော် လွတ်လပ်စွာ တွေးခေါ်ဆုံးဖြတ်ခွင့်ရဖို့တော့လိုပါတယ်။ ဒီတော့ ကျွန်တော် ဒီထက်ပိုပြီး အချက်အလက်တွေ ရရှိနိုင်ဖို့လိုပါတယ်။

ရိုးသားပွင့်လင်းတဲ့ တည်ငြိမ်တဲ့ တရားမျှတတဲ့ လူ့အဖွဲ့အစည်းအကူးအပြောင်းဖြစ်လာဖို့ မျှော်လင့်ထားပါတယ်။ အခုအချိန်ဟာ ယုံကြည်မှုတွေကို တည်ဆောက်နေတဲ့ အချိန်ကာလ လဲဖြစ်ပါတယ်။ ယုံကြည်မှုမရှိဘဲ ကျွန်တော်တို့ ဘယ်အရာကိုမှရှေ့ဆက်ဖို့မဖြစ်နိုင်ပါဘူး။ ကျွန်တော့်အနေနဲ့တော့ ရွေးကောက်ပွဲမှသည်သာ ကျွန်တော်တို့ မျှော်လင့်ထားတဲ့ ယုံကြည်ထားတဲ့ အနေအထားတွေကို စတင် ဖော်ဆောင်မယ့် အစဦးပိုင်းလို့ထင်မြင်ပါတယ်။ တစုံတရာကို ရွေ့စေဖို့ ကျွန်တော်တို့ညီညာကြဖို့လိုပါတယ်။ လူများ လို့ ဤ ကနေ ကျွဲ ဖြစ်ရတဲ့ စကားရှိပါတယ်။ ဒါဟာ ဒီမိုကရေစီရဲ့ အနှစ် သာရကို ပျက်ယွင်းစေနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ရွေးကောက်ပွဲကို ရှောင်လွဲမယ့် အစား ဖြစ်မြောက်အောင် ၀ိုင်းဝန်းကြိုးပမ်း သင့်တယ်လို့ထင်ပါတယ်။ တညီတညာထဲမရင် အရွေ့ ဆိုတဲ့ မျှော်လင့်ချက်ကို ထင်ဟပ်စေမှာပါ။

အခုဆို မကြာခင်မှာ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေရဲ့ သဘောထားဆန္ဒတွေ၊ မူဝါဒတွေနဲ့ အခြားသူတို့ ပြည်သူလူထုကို ပြောဆိုချင်တာတွေကို ရုပ်မြင်သံကြားလိုင်းတွေကနေ ပါတီတခုချင်းစီအတွက် ၁၅ မိနစ်စာ ပရိုဂရမ်တွေ ခွင့်ပြုပေးထားပါပြီ။ အရင် ၁၉၉၀ ရွေးကောက်ပွဲ ကာလမှာတုန်းက ရခဲ့တဲ့အချိန်က ၁၁ မိနစ်ပါ။ ဘာဘဲဖြစ်ဖြစ် အချိန်နီးကပ်လာတာနဲ့အမျှ လူထု အနေနဲ့ ဘယ်လို ကိုယ်စားလှယ်လောင်း ဘယ်လို ပါတီတွေကို ရွေးချယ်ပေးသင့်တယ်ဆိုတာ ပိုမိုသိမြင်လာဖို့ အတွက် မီဒီယာ ကဏ္ဍရဲ့ နောက်ထပ် ပွင့်လင်းလာမှုအဖြစ် မြင်ပါတယ်။ ဒီအတွက်လဲ ကျွန်တော်ပြည်သူတယောက်အနေနဲ့ကြိုဆိုပါတယ်။ အဲဒီ ရွေးကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းတွေ ဘာတွေ ပြောမယ် ဘယ်လို ဆောင်ရွက်မယ်ဆိုတာတော့ မကြာခင်သိရပါတော့မယ်။

ရွေးကောက်ပွဲ မှာ မဲပေးရမယ့် သူစာရင်းတွေလဲ ထုတ်ပြန်ပြီးပါပြီး ၊ တကယ်လို့ ကိုယ်ဆန္ဒမဲပေးရမယ့် ကော်မရှင်အဖွဲ့ရုံးတွေမှာ ကိုယ့်နာမည် မပါဝင်သေးဘူး၊ ဒါမှမဟုတ် အခြား သောနေရာတွေမှာ ကိုယ့်အမည် ထပ်နေတယ် စတဲ့ ကွဲလွဲမှုများ ရှိရင် အခုလ ၂၆ ရက်နေ့မတိုင်ခင် လာရောက်အကြောင်းကြားနိုင်တယ်လို့ ညဘက်တွေမှာ သက်ဆိုင်ရာ ရက်ကွက် ကော်မရှင်တွေက လိုက်ပြီး ကြေ ငြာ  ပါတယ်။ ဒါက ကျွန်တော်တို့လို တနေကုန်တနေခန်း မအားမလပ်သွားလာနေရတဲ့ သူတွေအတွက် အကောင်းဆုံး သတင်းပေးပို့ချက် ဖြစ်နိုင်ပါတယ်။ :)

ဒါ့အပြင် သက်ဆိုင်ရာမဲဆန္ဒနယ် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ဆန္ဒမဲရေတွက် တဲ့အချိန်မှာရော ဆန္ဒမဲ ကောက်ခံနေချိန်မှာပါ လွတ်လပ်စွာ ကြည့်ရှုခွင့်ရှိတယ်လို့ ကော်မရှင်က ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဒီတော့ ဘာမှသဘောထားကွဲလွဲနေစရာမလိုဘဲ ရက်ပေါင်း ၄၀ ကျော်လောက်ဘဲ လိုတော့တဲ့ ရွေးကောက်ပွဲမှာ ကိုယ့် ဆန္ဒအတိုင်း မဲပေးကြစေချင်ပါတယ်။

ကျွန်တော့်အမြင်ဖြစ်ပါတယ်။

2010 blogfest.asia will held in Penang, Malaysia on 1st October. The last year, my friend Kyaw Zaya and Ko Thet Htoo were attended to Blogfest.asia(Hong Kong), they who member of MBS. And their presentation was ” Activity of MBS” about the movement of MBS in Myanmar. Now the time is come again for us. Me and some friends will attend to Blogfest.asia(Penang). The dream come true.Me , Ko Kyaw Zaya and Ma Tin Myat Htet have the fully subsidy from Blogfest.asia. I have the idea of going  Blogfest, already before.

We and some member will attend together they-self. And we will present about our movement and activity on Myanmar for IT development. We decide about the next Blogfest.asia will held in Yangon like Barcamp Yangon 2010. That is our destination and our vision.
သိကြမှာ ပါ။ ပတ်ပျိုးယိုးဒယား ဆို ကျွန်တော်တို့ မြန်မာစကားထဲမှာ ထည့်ထည့်သုံးနေတတ်တဲ့ ရင်းနှီးပြီးသားစကား တခုပါဘဲ။ ပတ်ပျိုး တီးတယ်ဆိုတာက ဆိုင်းဝိုင်းကြီးတွေမှာ ပါတဲ့ အလည်ဝိုင်းက ပတ်လုံးလေးတွေကို သာသာယာယာနဲ့အလောတော်လေး တီးခပ်ပေးတဲ့ နားဝင်ပီယံ ကောင်းတဲ့ သံစဉ်တခုပါ။ အဲ… နားဝင်ချိုတယ်ပေါ့။ ဒါပေမယ့် တခါလာလဲ ဒီတီးလုံး၊ တခါလာလဲ ဒီကကွက်နဲ့ အသုံး တော်ခံနေသမျှတော့ ရိုးအီလာယုံတင်မကဘဲ သောက်မြင်ကပ်လာရော။ အရင်က နားဝင်ပီယံပေမယ့် ခဏခဏ လဲကြားလာရော ဒေါသကထွက်လာရော၊ ဘာတီးမယ် ဘယ်လိုကမယ်ဆိုတာ ကလဲ သိနေ၊ တီထွင်ဆန်းသစ်မှုကလဲ မရှိ၊ တခါလာလဲ ဒီလိုဒီလို နဲ့။ တခေါက်လောက် အစမ်းထွင်မယ် ကြံဆမယ်ဆိုတာလေးတွေလဲ ရှိလာဖို့လိုလာပြီလို့ထင်တယ်။

ကျွန်တော်တို့ အိုင်တီ ကဏ္ဍမှာလဲ ထိုနည်းလည်းကောင်းဘဲ၊ ဂျာနယ်တွေ ၊ အင်တာနက်သတင်းတွေမှာ ဘာပွဲဟေ့ဆို ဘယ်လိုလုပ်တော့မယ်ဆိုတာ ကြိုသိနေတယ်။ ဘယ်လို အကြောင်းအရာ နဲ့ဘဲ ခေါင်းစဉ်တပ်တပ် နားဝင်ပီယံလှတဲ့ ပတ်ပျိုးလိုဘဲ၊ ချိုနေတာဘဲ၊ မုန့်ဆီကြော်ကဘယ်နေမှန်းမသိ၊ မစားရ၀ခမန်း တွေ ခပ်ထွားထွားပြောပြီး အင်တာနက်ကြီးကလေ–သိလား၊ ဟိုနိုင်ငံမှာတော့ ဘယ်လို ဆော့ဝဲကို သုံးပြီး ဘယ်လိုထုတ်လိုတာ… သိလား၊ ဟိုပစ္စည်းဟာလေ ဈေးကြီးတာလဲ မပြောနဲ့ သိပ်ဆန်းတာဘဲ…သိလား။ အဲဒီလိုတွေနဲ့ဘဲ အချိန်ကုန်နေတာဘဲ။ ကိုယ့်ဟာကိုတော့ ဒီနေ့ အထိ ဂဏန်းပေါင်းစက်တောင် မထွင်နိုင်ဘူး။

အဆန်းထွင်တာတွေလဲရှိပါတယ်၊ လက်တော့တွေကို အကအဖွဲ့တွေနဲ့ပွဲထုတ်တာတို့၊ keyboard ပေါ်မှာ မြန်မာစာ စာလုံးတွေကပ်တာတို့၊ ၀က်ဆိုဒ် တမျက်နှာကို လေးငါးထောင်နဲ့ဆွဲပြမယ် ဆိုတာ တို့၊ တော်သေးတယ် mouse မှာ လက်ခလယ်၊ လက်ညှိုးဆိုတာတွေ ရေးမကပ်ကြတာ။ ကျွန်တော်တို့အပါအ၀င်ပေါ့ အင်တာနက်ထဲမှာ မြန်မာလို တကယ့်အသုံးတည့်တဲ့ စာတွေ ရေးတဲ့ နေရာ အားနည်းတယ်။ ဒီနေရာမှာ အားရစရာအကောင်းဆုံးကတော့ အိုင်တီနည်းပညာနဲ့ပတ်သတ်တဲ့ မြန်မာလိုအရေးအသားက အရင်ကတည်းးက အခုထိ ထိပ်ဆုံမှာရှိပြီး ၈၀% လောက်အသုံးတည့် တဲ့ စာပေတွေကို အွန်လိုင်းကနေရှာဖွေနိုင်တယ်။ စိတ်မကောင်းစရာက အခြား ကဏ္ဍတွေဖြစ်တဲ့ သမိုင်း၊ ယဉ်ကျေးမှု၊ အခြားအနုပညာ ဆိုင်ရာတွေနဲ့ အသိပညာ ပိုင်းဆိုင်ရာ မြန်မာလိုရေးသားတဲ့ ဆောင်းပါး တွေ ၀တ္တုတွေက အားနည်းနေတဲ့ အနေအထားမှာ ရှိနေတုန်းပါဘဲ။ ဒါတွေကတော့ နည်းပညာပိုင်းနဲ့မဆိုင်ပေမယ့် တကယ့်ကို ကောင်းပါတယ်ဆိုတဲ့ မြန်မာလို ရှာနိုင်ပါတယ်ဆိုတဲ့ search engine တွေ ပေါ်လာရင် ဘဲဖြစ်ဖြစ်၊ (လိုပါသေးတယ်- uni code တောင်စံမငြိမ်သေးဘူး)၊ တကယ်လိုအပ်လို့ google ကနေတဆင်ရှာတာဘဲဖြစ်ဖြစ်၊ ကိုးကားလေ့လာစရာ မြန်မာလို ရေးတဲ့ စာတွေ ကရှားပါးနေဆဲဘဲ။ အဲ- အခုကျွန်တော်ပြောနေတာလဲ ထူးမခြားနား ပတ်ပျိုးဘဲ၊ ခဏခဏ ပြောနေလို့လေ။ သူများတွေလဲပြောကြတယ်၊ သူငယ်ချင်းတွေလဲပြောကြတယ်၊ ဆရာကြီး တွေလဲ ပြောကြတယ်၊ နောက်ဆုံးတော့

ထူးမခြားနား — ပတ်ပျိုးမှာတော့ ………………………..ယိုးဒယားဘဲ :D
မနေ့က မြန်မာအိုင်စီတီပတ်ထဲမှာ ပြပွဲလုပ်နေတဲ့ မြန်မာကိုရီးယား အိုင်စီတီရှိုး ( Myanmar-Korea ICT Show) ကိုသွားတယ်။ ကိုရီးယား ပြခန်းတခုဘဲ တွေ့တယ်။ ကွန်ဖန့်ဟောမှာ တော့ဘာ တွေလုပ်တယ်မပြောတတ်ဘူး။ မအားတဲ့ကြားထဲက လာလိုက်တာဆိုတော့ မရောက်လိုက်တော့ဘူး။ ကျန်တဲ့ပြခန်းတွေကတော့ မြန်မာပြည်က ပြခန်းတွေဘဲ၊ သုံးရက်လုပ်မှာတဲ့ လာတဲ့လူကတော့ ခြောက်တီးခြောက်ကပ်ဘဲ။ သတင်းစာထဲမှာ ရေးထားတာတွေ့ တော့ Korea company တွေကလာပြတဲ့ နောက်ဆုံးပေါ်နည်းပညာတွေဆိုလို့လေ။

ဒီလိုဘဲ ဟိုနိုင်ငံက ပြပွဲ ဒီနိုင်ငံက ပြပွဲဆိုတာင်း ပြည်တွင်းလုပ်ငန်းတွေကလိုက်ပြရ၊ နောက်တော့ဘာမှလဲမဟုတ်၊ ဈေးရောင်းပွဲတွေကလဲ စိတ်စိတ်ကလေးနဲ့ ဒိတ်ဒိတ်ကျဲ ရောင်းချနေလိုက်တာ လိုက်ကို မမှီတော့ဘူး။ ပြည်တွင်းလုပ်ငန်းရှင်တွေလဲ ဖတ်ဖတ်မော၊ ကျွန်တော်တို့လို အိုင်စီတီ တိုးတက်ပြန့်ပွားရေးဟောပြောပွဲလေးတွေ လှုပ်ရှားမှုလေးတွေက ဒီပွဲတွေစိတ်နေတာနဲ့ လုပ်ငန်းရှင်တွေက ဘတ်ဂျက် တွေကြပ်နေတာနဲ့ ထောက်ပံ့မှုမပေးနိုင်။ ကျွန်တော်တို့ဆီမှာတော့ အိုင်တီပစ္စည်းတွေ ရောင်းတာနဲ့ နည်းပညာက တိုးတက်လွန်းလို့လိုက်မမှီတော့ဘူး။ ရောင်းကောင်းကြပါစေဗျာ။

ဒါနဲ့ ကိုရီးယား သီချင်းတခု သွားသတိရမိတယ်။ ဘာတဲ့ nobody nobody ဆိုတဲ့စာသားလေး။ :) ဘယ်သူမှလဲ မရှိဘူး :P
တခုတည်းသော ကိုတွေယားပြခန်း

အဲဒါ ကိုရီးယားကလား :D

ကိုရီးယားပစ္စည်းတွေသုံးတာထင်တယ်
တခါတရံကျရင် ဖြစ်တတ်တဲ့သဘောရှိတယ်လေ။ အမြဲတမ်းအတွက်တော့ မဟုတ်ဘူး။ ဒါပေမယ့် တခါတရံတွေ အမြဲဆက်လာတဲ့အခါ ဘယ်လိုပြောကြမလဲ။ တကယ်ပါ။  တခါတလေ ဆိုလဲ ဖြစ်နိုင်ပါ တယ်။ တခါတည်းနဲ့ လေထွက်သွားတာ။ တခါတရံ ကျတော့ စဉ်းစားမိတယ်။ ကိုယ့် အကြောင်း ကိုပြန်တူးဆွကြည့်တဲ့အခါ မှာ မြင်ယောင်လာတတ်တယ်။ ဘာအတွက် ဘယ်ကြောင့် ဆိုတဲ့ သံယောဇဉ် တွေကြားက ဆင်ခြေခပ်ပြင်းပြင်းနဲ့ မျှော်လင့်မှုတွေ ထားပြီး လုပ်ကိုင်နေတဲ့ ကိုယ့် အလုပ်တွေ၊ တခါတရံကျတော့လဲ တွေးတောကြည့်တယ်၊ ရှာဖွေတာတွေက တရက်နဲ့တရက် အလျှင်မှီအောင် ပြည့်ဝ ဖို့ကလွဲပြီး ဘာမှ ထူးထူးထွေထွေ ပြောင်းလဲမလာတော့ဘူးလားလို့။ စိတ်ချမ်းသာမှုဆိုတာ စိတ်ကို အေးချမ်းအောင် ထားနိုင်ရင် ဖြစ်မယ်ထင်ပါတယ်။ ပူလောင်မှုတွေနဲ့ လောင်မြိုက်နေတဲ့ ဒီသောက ဝေ နေတဲ့ အားအင်တွေကို နေ့စဉ်နေ့တိုင်း လောင်ကျွမ်းပစ်လိုက်တာ ခမ်းခြောက်ဖို့တော့ နီးလာပြီ။

သံသရာဆိုတာ တကျော့ပြီး တကျော့ လည်နေတဲ့ အသစ်အဟောင်း၊ ဟောင်းနဲ့အသစ် ပြန်ပြန်ဖြစ်နေဦးမှာဘဲ၊ ဥပက္ခာ ဆိုတဲ့ စကားလုံးကိုလေးလေးနက်နက်စဉ်းစားကြည့် ပြန်တော့ ကိုယ့် အားနည်း ချက် ကိုတွေ့ပြန်တယ်။ တာဝန်ဆိုတာ အသိစိတ်ထဲမှာ အဖန်တလဲလဲ ကြားယောင်နေတဲ့ သိက္ခာတဖက် နဲ့ကိုယ့်ကို ကိုယ်ဦးပြန်မော့ထားရတယ်။ ခေါင်းငုံ့ပြီးစဉ်းစားကြည့် ပြန်တော့ အရှက်ရစရာ ကိုယ့်ကိုကိုယ် လိမ်ညာမှုတွေကို အတိုင်းသားပြန်မြင်ရတယ်။ တစ်နေ့ရွှေ တနေ့ငွေ ဆိုတာ တောင့်တမှုနဲ့ဘဲ လိုက်ဖက်ညီတဲ့စကားဖြစ်လာတယ်။

ပြည့်စုံတယ်ဆိုတာ ဘာကို ပြောတာလဲ၊ ပညာ၊ ရာထူး၊ ဂုဏ်၊ ငွေကြေး ဥစ္စာ၊ ဘယ်တုန်းက ပြည့်စုံပြီး ပြည့်ဝပြီး သေသွားခဲ့တယ်ဆိုတာ မကြားမိဘူး၊ ဒီလိုဘဲ တဖြုတ်ဖြုတ်ကြွေသွားကြတာဘဲ။ ငါ့မှာလဲ ပြည့်ဝဖို့ ပြည့်စုံဖို့ ဘာကိုမျှော်လင့်ကြဦးမလဲ။ နောက်နေ့မနက်ဖန်မှာ ငါမျက်လုံး အစုံ ပွင့်တာနဲ့ ပြသနာတွေနဲ့ပြီးပြည့်စုံတဲ့ လောက က လှမ်းကြိုတာဘဲ ကြုံရမယ်။ ဒါတွေကို အေးငြိမ်းရာ ဘယ်မှာ ရှာ ကြမလဲ။

ကိုယ့်စိတ်ထဲမှာ ပြန်ရှာကြည့်တယ်။ တွေဝေမှုနဲ့ထမ်းပိုးထားတာတွေကို ခါချဖို့ကြိုးစားကြည့်တယ်၊ အမှန်ဆိုတာလဲ မရှိဘူး မှားတာဆိုတာလဲ မရှိတဲ့ ပညတ်တွေ ကိုရှောင်ရှားလိုက်နဲ့ လွတ်လပ်တယ်ဆိုတာ ကိုယ့် ရင်ထဲမှာ လွတ်လပ်မှ တန်ဖိုးရှိမယ်ထင်ပါတယ်။ စိတ်ကိုဖွင့်ပြီး ငါနိုးထကြည့်လိုက်တယ်။ မနက်ဖန်ဟာ ဒီအတိုင်းဘယ်တော့မှလဲမရှိဘူး။ ဒါပေမယ့် ဒီအတိုင်းစောင့်နေမယ့် အရာတွေတော့ရှိတယ်။ အတောင်ပံ တချက်ကို ခတ်မယ်လုပ်ကာမှ ခြေနှစ်ချောင်းကို ကြိုးတုတ်ထားတယ်။ ငါဟာ ပိုက်ကွန် ပေါ်မှာ ရှိသည့်တိုင် ပျံသန်းဖို့ဘယ်တော့မှ ကြိုးစားမိမယ်မသိသေးဘူး။

တခါတလေကျတော့ ကျွန်တော်တို့သတိမထားမိဘဲမေ့နေတဲ့ အကြောင်းတွေထဲက အရေးကြီးတဲ့တခုက ကျန်းမာရေးပေါ့။ ကျန်းမာချင်းသည်လာဒ်တပါးလို့ စာမှာလဲရှိတယ်။ ကျွန်တော်တို့ ၀ယ်ယူလို့ မရတဲ့ အရာထဲမှာ ကျန်းမာခြင်းဟာ တခုပါဝင်ပါတယ်။ ဒါပေမယ့် ဒီဘက်ခေတ်တွေမှာတော့ ကျန်းမာရေးအတွက် ငွေကအရေးပါလာတဲ့ အနေအထားဖြစ်လာပြန်ပါတယ်။ တနေ့တနေ့ ကျွန်တော်တို့ စား သောက်နေထိုင်ရေးအတွက် ရုန်းကန်နေရချိန်တွေမှာ အသေးအဖွားလို့ထင်တဲ့ ရောဂါတွေကို ဆေးမှီးတိုတွေနဲ့ဘဲ ရှင်းခဲ့ကြတယ်။ ဆေးခန်းဆိုတာ ဘာမှန်းမသိ၊ ကျန်းမာရေး စစ်ဆေးမှုဆိုတာ ဝေးရောဘဲ။ မှတ်မှတ်ရရ ကျွန်တော့်အနေနဲ့လဲ တခါမှ medical check up မလုပ်ဘူးပါဘူး၊ ဒါပေမယ့် ကျွန်တော့်အမျိုးသမီးကိုယ်ဝန်ရှိတော့ SSC မှာ သွားပြတယ်၊ အဲဒီနေ့မှာဘဲ ဆေးစစ်တာ ၈သောင်း ကျော်ကျသွားလို့ နောက်ပိုင်းအဲဒီမှာ ဆေးခန်းမပြတော့ဘဲ ဂျင်မခန်ဒါလို့ခေါ်တဲ့ ဗဟိုအမျိုးသမီးဆေးရုံကြီးမှာဘဲ သွားပြလိုက်တယ်။ အဲဒီမှာလဲ medical check up ပြန်လုပ်တာ ၁သောင်းလောက်ဘဲ ကျပါတယ်။ ကွာဟမှုတွေကတော့အဲဒီလိုပါ။ ဒါနဲ့ဘဲ ကျွန်တော်တို့ အနေနဲ့ အမြဲတမ်းအတွက် ကျွန်တော်တို့ကျန်းမာရေးကို ဂရုမစိုက်နိုင်ဘဲ လစ်လျှုရှုခဲ့ကြတာဘဲ။

ကျွန်တော်အခု သွေးတိုးတာတွေ စိပ်လာပါတယ်။ နဂိုက နှလုံးရောဂါရှိတော့ သွေးတိုးက အနောက်ကလိုက်လာတာပေါ့။ ဒါပေမယ့် အရင်က အဲဒီလောက် မဖြစ်ပါဘူး၊ ဆေးမှီးတိုနဲ့ဘဲရှင်းလိုက်တာပါ။ ဆေးခန်းလဲ မပြဖြစ်တာ ကြာပါပြီ၊ နှလုံးအနေအထားပြန်ကောင်းတယ်ဆိုတာနဲ့ နှလုံးရောဂါနဲ့ပတ်သက်တဲ့ဆေးခန်းမပြဖြစ်တာ ၁၀ နှစ်လောက်ရှိပါပြီ။ မတည့်ဘူးဆိုတဲ့ အရက်နဲ့ကွမ်းယာကလဲ မပျက်မှီဝဲနေ။ အခုတော့ ကျွန်တော်ထင်တယ်၊ တခုခုကို အလွန်အမင်း စိတ်ဝင်စားလိုက်တာနဲ့ ခေါင်းအရမ်းကိုက်လာတယ်။ သဘောက သွေးတိုးလာတာဘဲ။ တိုးလာလိုက်ကျသွားလိုက် အရက်သောက် လိုက် ဘီယာသောက်လိုက်နဲ့ဘဲ ချာလည်နေတာ အခုတော့မရတော့ဘူး၊ တခုခုတော့ သေချာ ဂရုစိုက်ပြီး ကုသမှဖြစ်တော့မယ်ဆိုတာသိလာတယ်။ ဒါပေမယ့် ကုန်ကျစားရိတ်တွေကို ပြန်တွက်လိုက်တိုင်း ဆေးခန်းနဲ့ပြန်ဝေးဝေးလာတယ်။ နောက်တခုက သွားရောဂါ။ ကျွန်တော်အမြဲသွားကြားထိုးတယ်။ သွားကြားထိုးတာများလာတော့ သွားနဲ့သွားဖုံးကြားက ဟဟ လာတယ်။ အဲဒါ ကအသက် ၃၀ ကျော်ရင် ပြန်ပြီးမကပ်တော့ဘူး။ လွန်ခဲ့တဲ့ ၄ နှစ်လောက်ကတည်းက ဆရာဝန်က ကွမ်းဖြတ်ခိုင်းတာ ကျွန်တော် နားမထောင်ဘဲဆက်စားလာတာ အခုအခြေအနေကတော်တော် ဆိုးလာ တယ်။ တလကို တခါလောက်တော့ သွားဆေးခန်းပြေးနေရတယ်။ တလောကဆို ရေတောင်သောက်လို့မရအောင်သွားတွေက နာကျင်ကိုက်ခဲနေတယ်။ သွားဆေးခန်းကတော့ ဝေးလို့ မဖြစ်ဘူး ဆိုပေမယ့် တလကို တခါမနဲရောက်အောင်သွားရတယ်။ သွားဆေးခန်းတခါသွားရင် သောင်းချီကုန်တော့ တခါတလေ နာလဲကျိတ်မှိတ်နေလိုက်ပါတယ်။

အိမ်မှာက ရေဖိုးမီးဖိုးစားရေးသောက်ရေး သွားလာ စားရိတ်နဲ့အခြားဗာရီယ တွေကြောင့် ကျွန်တော်တို့မှာ အပိုဝင်ငွေမရှိလေတော့ကျန်းမာရေးမှာ ဂရုမပြုနိုင်ဘူး။ ကျွန်တော့်လိုဘဲ လူငယ်တော် တော်များမျာလဲ ဒီလို ဖြစ်နေတာ ကျွန်တော့်ဝန်းကျင်မှာတွေ့ရတယ်။ သူတို့တွေမှာလဲ ကျိတ်ခံစားနေရတဲ့ ရောဂါအသေးအမွှားလေးတွေရှိတယ်။ ငွေကြေးကြောင့် ဒါတွေကို ကျွန်တော်တို့ မေ့လျော့ ပေး လိုက်ကြရတယ်။ ဒါကြောင့် ကျွန်တော်တို့လူမျိုးတော်တော်များများဟာ သက်တမ်းတိုလာကြတယ်။ မဖြစ်စလောက်ရောဂါတွေနဲ့သေကြရတယ်။ စိတ်ချရမှုမရှိတဲ့ ကျန်းမာရေး ကုသမှုတွေကို ဈေးသက်သာဖို့ရွေးချယ်ရင်း ကူးစက်ရောဂါတွေ ပျံ့နှံ့မှုကို ခံစားရတယ်။ ဒီအကြောင်းတွေပြောရင် ဒေါက်တာဘွဲကျမ်းတခုလောကို တင်ဖို့ဖြစ်သွားနိုင်တယ်။ စားရိတ်မျှပေးကျန်းမာရေး လို့ ကျွန်တော်တို့တွေရဲ့ ပြည်သူ့ဆေးရုံတွေမှာရေးထားတာ တွေ့နိုင်မှာပါ။ ဆေးရုံတခုကိုရောက်တိုင်း မြင်ရတာတွေပြောရရင် နာကျင်မှုတွေနဲ့မကျေနပ်မှုတွေဘဲ ထွက်ကျလာလိမ့်မယ်။ စားရိတ်မျှပေး ဆိုတာ အဲဒီဆေးရုံစောင့်နေတဲ့ ၀န်ထမ်းနဲ့ သူနာပြုတွေကို ပြောတာလားမပြောတတ်တော့ဘူး။ ကျွန်တော်တို့တွေရဲ့အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေကို မူဝါဒ နဲ့တင်မက လက်တွေ့ကျကျ တိုးတက်အောင် လုပ်ပေးဖို့တော့လိုနေတာ အမှန်ပါဘဲ။ တနေ့တော့ ဖြစ်လာမှာပါလို့မျှော်လင့်ပါတယ်။ ကျွန်တော်တို့က လောလောဆည် ရှာနိုင်ဖွေနိုင်တော့ ဆေးခန်းမှာ ရှင်းလို့ရပေမယ့် အများစု ဟာ ပြည်သူ့ဆေးရုံတွေကို အားကိုးနေရတာပါ။ ပြည်သူတွေကျန်းမာမှ တိုင်းပြည်လဲချမ်းသာလာမှာပါ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာဖို့ ဘာဘဲဖြစ်ဖြစ် ကိုယ့် ကို ကိုယ်ဂရုစိုက်ကြဖို့တော့ လိုတယ် ဆိုတာ ငြင်းလို့မရပါဘူး။

ကံ၊ စိတ်၊ ဥတု၊ အဟာရ လို့ခေါ်တဲ့ အရာတွေညီညွတ်ပါမှ ကျန်းမာချင်းသည်လာဒ်တပါးဖြစ်မှာပါ။ ဒါတွေ ကို လက်တွေ့ကျကျမညီညွတ်နိုင်ရင်တော့ လာဒ်တွေပါမှကျန်းမာရ ဖြစ်နေမှာပါ။
မနက် အိပ်ရာက ထလို့ အင်တာနက်သုံးပြီဆိုတာနဲ့ facebook and gmail က ချက်ခြင်းဖွင့်ဖြစ်တဲ့ ဆိုဒ် ၂ ခုဘဲ။ မေးကတော့ လုံးဝကို လိုအပ်တဲ့ ကျွန်တော့် ရဲ့ အဆက်အသွယ်နဲ့အလုပ်ကိစ္စတွေ အတွက် တခုတည်းသော ဆက်သွယ်ရန် ဖြစ်လို့ သူ့ကို မှီခိုမှုက တကယ့်ကို ပုံမှန် ဖြစ်လွန်းနေတယ်။ facebook ကျတော့ အရင်ဆို blog မှာ ရေးပြီး တင်နေတဲ့ အလေ့အထကနေ သူငယ်ချင်း ဘယ်သူ တွေ ဘာတွေလုပ်နေတယ်။ သူတို့ ဘယ်ကိုသွားကြတယ် ဘာကိုစားကြတယ်ဆိုတာ နေရာအနှံ့က သူငယ်ချင်းမိတ်ဆွေတွေရဲ့ အချက်အလက်တွေကို သိချင်တဲ့ စပ်စုချင်တဲ့ လူ့သဘောက မနေနိုင် မထိုင် နိုင်နဲ့ သွားကို သွားသုံးဖြစ်နေတယ်။

အရင်ဆို blog မှ blog ဘဲ။ တနေ့မှာ တခါလောက်မှ blog ကိုမရေးဖြစ်ရင် ခေတ်မမှီတော့သလို ဖြစ်နေရာက အခုဆို facebook ကိုတရက်လောက် မ၀င်ဖြစ်လိုက်ရင် အနေအထားတွေက ဝေးကုန်ရော။ နောက်တော့ ပုံတွေ စာတိုထွာတွေ နဲ့ ကောမန့်တိုက်ပွဲတွေ ပြင်းထန်လာတဲ့အထိ facebook က ကျွန်တော်တို့ ရဲ့အချိန်တော်တော်များများကို ၀င်ယူလိုက်တယ်။ မသိလိုက်မသိ ဘာသာနဲ့ အလိုလို facebook ကို ကျွန်တော်တို့ မှီခိုမှုတွေ က ပြင်းထန်လာတယ်။ ဒါကို ကျွန်တော်သတိပြန်ထား လာမိတဲ့အခါမှာ ကျွန်တော်တို့ရဲ့ ပါစင်နယ် အချက်အလက်တွေရဲ့လုံခြုံမှုတွေ အတွက် ဘယ်လို ကာကွယ်မယ်ဆိုတာကို တွေးမိတယ်။ သဘောက အရင်က ဘလောက်မှာတုန်းက မတင်ဖြစ်ခဲ့တဲ့ အနေအထားအတော်များများ facebook ထဲကို တင်ဖြစ်နေတယ်။ လှုပ်ရှားမှုတွေ ပုံရိပ်တွေ အချက်အလက်နဲ့ အတွေးအခေါ်အယူအဆ တွေ။ ဒါတွေက ဘာကိုဖော်ပြနေလဲဆိုတော့ လူတယောက်ရဲ့ စိတ်နေစိတ်ထား ပတ်ဝန်းကျင်နဲ့ သူ့ အလုပ်အကိုင် ၀င်ငွေစတာတွေကို မှန်းခြေ တွက် ချက်လို့ရတဲ့ အထိ ဖြစ်လာနိုင်တယ်။

ဒါနဲ့ဘဲ ကျွန်တော်တို့တွေ မသိတဲ့သူတော်တော်များကို facebook friend list ထဲကနေ ဖြုတ်ပစ်လိုက်ကြတယ်။ ဒါလဲ ကျန်နေဦးမယ်ထင်ပါတယ်။ နောက်တခုက ကိုယ့် စာသားတွေ ပုံတွေကို သူငယ်ချင်းတွေ ကသာ သိမြင်တွေ့နိုင်တဲ့ setting တွေပြန်ချိန်လိုက်တယ်။ ဒါတောင် ကိုယ့်ကိုယ် ကို လုံခြုံတယ်လို့ မထင်သေးပါဘူး။ ဒါပေမယ့် ဘာလို့ facebook ကို သုံးနေရသေးလဲ ဆိုတာ ကိုယ့် ကို ကိုယ် ပြန်မေးကြည့်လိုက်တော့ ဒီကွန်ယက်အပေါ်မှာ ကျွန်တော့် မှီခိုမှု ဥပမာ သူငယ်ချင်းတွေနဲ့အဆက်အဆံလုပ်ချင်လို့။ ကျွန်တော့် လူမှုရေး နက်ဝေါ့ကို ကျယ်ပြန့်စေချင်လို့ စတဲ့ အနေအ ထားတွေကို ရပ်တန့်အောင် မလုပ်နိုင်သမျှ ကျွန်တော် သုံးနေမိမယ်ထင်ပါတယ်။

ခေတ်နဲ့လျော်ညီတဲ့ အနေအထားတရပ်လဲ ဖြစ်၊ ကောင်းကျိုးလဲ ရှိနေတယ်။ ဆိုးကျိုးလဲ တ၀က်ရှိနေတဲ့ ဒီနက်ဝေါ့တွေကို ကျွန်တော်သုံးနေသမျှ ကာလပတ်လုံး ကျွန်တော့် ပါစင်နယ် အချက် အလက် အချို့ဟာ ဒီလိုနေရာတွေမှာ ရှိနေတယ်လို့ ဖြစ်တည်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ ဟာ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ ကားလမ်းဖြတ်ကူးနေတဲ့ သူတွေနဲ့တူနေဦးမှာပါ။


ဇာတ်ကားထွက်တာတော့ တနှစ်ကျော်လောက်ကြာခဲ့ပါပြီ။ အခုမှသေချာ ကြည့်ဖြစ်ပါတယ်။ ကြည့်ပြီးတဲ့သူများလဲ သိမှာပါ။ ဒီဇာတ်လမ်းလေးက ၁၉၇၄ ခုနှစ်တုန်းက ရိုက်ခဲ့ဘူးတဲ့ဇာတ်လမ်းဟောင်း လေး တခုဘဲဖြစ်ပါတယ်။ ဒါပေမယ့် နှစ်တွေကြာမှပြန်ရိုက်လဲ လူ့သဘာဝ ကို ဖော်ကြူးပြနိုင်တဲ့ ဒီလို ဇာတ်လမ်းလေးတွေက အသုံးတော်ခံနေတုန်းပါဘဲ။

Top Gun နဲ့ Enemy of the state တို့လို ဇာတ်လမ်းတွေကို ရိုက်ခဲ့ဘူးတဲ့ ဒါရိုက်တာ Tony Scott စီစဉ်ရိုက်ကူးတဲ့ ဒီဇာတ်လမ်းမှာ နာမည်ကျော်မင်းသား John Travolta နဲ့ Denzel Washington တို့ ပါဝင်သရုတ်ဆောင်ထားပြီး တာဝန် ထမ်းဆောင်နေကြတဲ့ ၀န်ထမ်းတွေနဲ့ သူတို့ အခက်အခဲ အတ္တတွေ လူသားဆန်မှုနဲ့ လှည့်ကွက်တွေကို နိုင်နင်းစွာ သရုပ်ဖော်သွားနိုင်ခဲ့ပါတယ်။

အဆန်းထွင် ရိုက်ထားတဲ့ အကွက်တွေသိပ်မပါဘဲ ရိုးရှင်းတဲ့ ရိုက်ချက်တွေနဲ့ ဟောင်းနွမ်းနေတဲ့ New York မြို့ကြီးကို ပေါ်လွင်အောင် တင်ဆက်သွားနိုင်ခဲ့ပါတယ်။ ပြသချိန် ၁၀၅ မိနစ်ကြာတဲ့ ဒီဇာတ်လမ်း ကို ၂၀၀၉ ခုနှစ် ဂျွန်လ ၁၂ ရက်နေ့က စတင်ရုံတင်ပြသခဲ့ပြီး ကုန်ကျစားရိတ် သန်း ၁၀၀ အကုန်အကျ ခံရိုက်ကူးထားတာဖြစ်ပါတယ်။

အရမ်းမအောင်မြင်ပေမယ့် ကြည့်ကောင်းတဲ့ ဇာတ်လမ်းတပုဒ်တော့ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။