ယာယီနတ်ဆိုးများ

ခဏတဖြုတ်နဲ့ တဖြုတ်ထဲ ခဏခဏ၊ ပျက်သွားတာတွေရော၊ ဖြစ်သွားတာတွေအတွက်ပါ စိတ်ဝင်စားကြည့်တော့ ကိုယ့်ကိုကိုယ် စုန်ဆန် တွေးကြည့်ဖို့အညမည ရဲ့ဝိရောဓိဖြစ်စဉ် မှာအစာစားလို့ မကြေ ညက်တဲ့ ခံစားမှုတ၀က်။

မျှော်လင့်ခြင်းနဲ့ရည်မှန်းချက် အတွက် ဆန္ဒတွေကို ရှင်းရှင်းလင်းလင်းသိဖို့ရာ ငါ့အတွက် filter ခံထားတဲ့ စုတ်ခွက်ထဲက ဘက်တီးရီးယား တွေလို သေလွယ်ကာ ပျောက်လွယ်ကာ။

ရိုင်းစိုင်းလွန်းတဲ့ စိတ်နဲ့သည်းခံလိုတဲ့ ဖြစ်အင်မှာ လွန်ဆွဲလဲ မိုးမရွာမယ့်အတူတူ ငါ့ပျိုးခင်းက ပေါင်းသင်မြေနှုတ် လုပ်စရာ မလိုတော့။

မတရားမှုကို တိုင်းတာဖို့ တရားသဖြင့် တွေကို အမြဲပြောလေ့ရှိတဲ့ ဓမ္မကထိကလဲ လိုမယ်၊ အလုပ်နဲ့ အပြောက တထပ်ထဲကျဖို့ ပါးကိုဘယ်ပြန်ညာပြန်ရိုက်မယ့် နီပွန်မာစတာကြီးလဲလိုမယ်။

ငကန်းသေမှ ငဆွေလာတာမဟုတ်ပါဘူး၊ ငဆွေတွေအတွက် ငကန်းကသေပေးရတာလဲ ဖြစ်မှာပေါ့။

ခြောက်ပြစ်ကင်းသဲလဲ စင်ဖို့ အတွက် ရပ်ကွက်ထောက်ခံစာယူခဲ့ပါ၊ ရဲစခန်းထောက်ခံစာယူခဲ့ပါ၊ မူရင်းနဲ့မိတ္တူအပြင် ဓါတ်ပုံ ၂ ပုံပါဆောင်လာခဲ့၊ မှတ်ပုံတင်လဲ မမေ့ ခဲ့နဲ့တဲ့၊ ခေါက်ရိုးကြိုးကြေနေတဲ့ သန်းခေါင်စာရင်းလဲ သမ၀ါယမဆိုင်မသွားရတော့။

အရောင်းစာရေး အလိုရှိလို့ အရေးမှာ စရောင်းတာ ကြော်ငြာ ကြော်ငြာ၊ မိန်းကလေးသာလာခဲ့လေ၊ ချောမောပြေပြစ်မှုမှာ အတွေ့အကြုံမလိုဘူး၊ မင်းလက်မှတ်တွေသိမ်းထားလိုက်ပါ။ စကားပြော ကောင်းတဲ့အခါ။

အွန်လိုင်းမှာ တင်ရောင်းပစ်လိုက်မယ်၊ ဟာသကာတွန်းတပုဒ်လို ကွန်မြုနစ်နယ်က တံတားတစင်း မဖြစ်ချင်သူရဲ့ အခါခါ အိပ်မက်အတွက်၊ ကမ္ဘာဟာ ရွာကြီးဆိုရင်တောင် မီးမလာရေပျက် နေသမျှ မြို့နဲ့ တူနေဦးမယ်။

စကပ်တိုဝတ်တဲ့ ကောင်မလေးရေ၊ ဘီယာအရောင်းမြင့်တင်ရေး၊ ပရိုမိုးရှင်းရှိုးအတွက် ကိုယ့်ကိုကိုယ်လဲ ပြစားနေရတယ်၊ ငါဟာ တချိန်က ဆပ်ကပ်တခုကို သွားသတိရမိတယ်။ အိပ်ငိုက်နေတဲ့ ကျား အိုကြီးက မီးကွင်းထဲကိုတောင် ၀င်ပြနိုင်သတဲ့။

ဂလိုဘယ်လိုက်ဇေးရှင်းခေတ်မှာ မင်းက နူထရွန်ဗုံးတလုံးကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တောင် ၀ယ်သုံးလို့ရနိုင်မယ်။ ဒါပေမယ့် အလှပန်းအိုးကြီးထဲက အောင်သပြေတွေလို ဟိုထိုးဒီထောင်နဲ့ ကြည့် မကောင်းပါဘူးကွယ်။

အီးမေးထဲက ဖော်ဝေါ့ရသလို တောင်စဉ်ရေမရ စကားလုံးတွေနဲ့ ကောလဟာလကို အမှန်ဖြစ်ဖို့ ၊ ကမ္ဘာ့လှိုင်းကို စီးကြည့်ပါ၊ အင်တာနက်မှန်မှန်သုံးပါ၊ မော်ရင်ဟိုလဲ မသိခဲ့၊ ပီလီလဲ မကြည့်ခဲ့တဲ့ ရိုးရာ ဘောလုံးပွဲက သတင်းတွေကို ရပ်ကွက်ထဲ ထိုင်ပြောရင်း ဆေးလိပ်တလိပ်နဲ့ငြိမ့်လိုက်ဦး၊ ကွမ်းတံတွေးထွေးလိုက်ဦး။

အိမ်ပြန်လာမှသိရတဲ့ သတင်းအတွက် နေ့စဉ်သတင်းစာမလိုဘူး၊ ဂျာနယ်တွေမလိုဘူး၊ အွန်လိုင်းလဲမလိုဘူး၊ ပြောမယ့်သူရှိမှသတင်းဖြစ်တာ ဒုက္ခခံနိုင်တဲ့ စတုတ္ထမဏ္ဍိုင် သမားဆိုတာ အလုပ်က မပြန် နိုင်ခဲ့ရင် အဆုံးက …………………..ဘဲ။

You can leave a response, or trackback from your own site.

One Response to “ယာယီနတ်ဆိုးများ”

  1. getsuyoobi says:

    ပေါက်ကွဲသံစဉ်တွေကဖတ်လို.ကောင်းတယ်……
    ပြောမယ့်သူရှိမှသတင်းဖြစ်တာ ဒုက္ခခံနိုင်တဲ့ စတုတ္ထမဏ္ဍိုင် သမားဆိုတာ အလုပ်က မပြန် နိုင်ခဲ့ရင် အဆုံးက …အောင်မြင်မှာမကြာခင်………………..ဘဲ။
    ဖြည်.ရေးပေးလိုက်တယ်ကိုဇော်ရေ.
    *မေကနေပို.ပေးမယ်ဆိုလို.တောင်းထားတာဘာမှလည်းမရဘူးဗျာ….

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice