the meeting for BCY2011

ဒီနေ့တော့ ကျွန်တော်တို့ Barcamp Yangon 2011 အတွက် organizer team အသစ်ပြန်လည်ဖွဲ့စည်းရေးနဲ့ ပွဲဖြစ်မြောက်ရေးအတွက် စီစဉ် မှုတွေကို စတင်ဆောင်ရွက်ဖို့အတွက် စည်းဝေးပွဲ တခု ကို Myanmar Info-teach အခန်းအမှတ် ၂၀၅ မှာကျင်းပခဲ့ပါတယ်။ ပွဲစီစဉ်ချိန် အရမ်းနီးကပ်တဲ့အတွက် တက်ရောက်သူနည်းသွားပါတယ်။ ဒါပေမယ့် အစီအစဉ်အတိုင်း ကျင်းပနိုင်ခဲ့ပြီး ရှေ့ဆက် မယ့် လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်ခဲ့ပါတယ်။ စိတ်ပါဝင်စားသူမည်သူမဆို နောက်ပိုင်းပြုလုပ်မယ့် ဘားကမ့် ဖြစ်မြောက်ရေးအစည်းဝေးတွေနဲ့တွေ့ဆုံပွဲတွေကို တက်ရောက်နိုင်ဖို့ဖိတ်ခေါ်ချင်ပါတယ်။

အချက်အလက်များကို www.barcampyangon.org မှာ ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်။ စီစဉ်ဆောင်ရွက်ဆဲအနေအထားသာဖြစ်ပြီး အတည်ပြုပြောကြားခြင်းတော့ လောလောဆည် မရှိ သေးပါဘူး။ မကြာခင်မှာတော့ သေချာတဲ့ အချက်အလက်တွေ ပေါ်ထွက်လာနိုင်မယ်လို့မျှော်လင့်နိုင်မှာဖြစ်ပြီး ဒုတိယအကြိမ်ကျင်းပမည့် အစည်းအဝေးမှာတော့ organizer အမည်စာရင်းသစ်များ ကိုတင်သွင်းကြမှာဖြစ်ပြီး ယခင် တာဝန်ယူခဲ့ကြသူများမှ အတွေ့အကြုံနှင့်အချက်အလက်များကို လက်ဆင့်ကမ်း မျှဝေပေးမှာဖြစ်ပါတယ်။

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice