နိုင်ငံတကာတွင် နှစ်စဉ်ကျင်းပလေ့ရှိသော သြဂုတ်လ ၃၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဘလော့ဂ်ဒေး အထိမ်းမှတ်အဖြစ် ရန်ကုန်မြို့ မြန်မာအင်ဖိုတက်ခ် အဆောက်အဦ တွင် စက်တင်ဘာ ၁၃၊ ၁၄ရက်များတွင် MCPA နှင့် MBS မှ ပူးပေါင်းစီစဉ်သည့် နည်းပညာဆိုင်ရာ ဟောပြောပွဲ နှင့် နှီးနှောဖလှယ်ပွဲများအား နံနက်၉နာရီမှ ညနေ ၅နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။ ထို့ကြောင့် တက်ရောက်နားထောင်လိုသူ နည်းပညာ ရပ်ဝန်းမှ မိတ်ဆွေများအား သိစေရန် ဖိတ်ကြားအပ်ပါသည်။ အောက်ပါလင့်မှ ကူးယူဖော်ပြပါသည်။ http://www.myanmarbloggersociety.asia/
Archive for August, 2010
ပြန်ရေးကြည့်ပါ
ကျွန်တော်တို့ Facebook ပေါ်ကာစက သိပ်မသုံးဖြစ်ကြဘူး။ သူလိုကိုယ်လိုဘဲ။ အရင် friendstar တို့ Hi5 တို့တွေကို လဲ ထိုနည်းလည်းကောင်းဘဲ သိပ်မသုံးဖြစ်ဘူး။ နောက်တော့ သူငယ်ချင်း တော် တော်များများက facebook ကိုသုံးလာကြတော့ ကိုယ်လဲ မနေနိုင်ဘဲ သုံးဖြစ်လာတယ်။ ပထမတော့ အဲဒီက ဂိမ်းလေးတွေကို ကစားချင်တာလဲပါတယ်။ နောက်တော့လဲ ကွန်နက်ရှင် ကြောင့် သိပ်မကစား ဖြစ်တော့ပြန်ဘူး။ နောက်တခုက twitter။ သူ့ကိုလဲ ယနေ့အထိ အချိန်တော်တော်များများဟာ မ၀င်ဖြစ်ဘူး။ အဲဒီတခါဝင်မယ်ဆိုတိုင်း ပတ်စဝေါ့ ပြန်ပြန်တောင်းရတယ်။ ဒီလောက်အထိ စိမ်းစိမ်းကားကားဖြစ်ခဲ့တာ။ အခုတော့ သူ့ကို ပြန်သုံးမလားစဉ်းစားမိပါတယ်။ ဒါပေမယ့် facebook ကိုသုံးဖြစ်တော့ နေ့တိုင်းလိုလိုဝင်ဖြစ်တယ်။ အရင်လိုလဲ ကိုယ့်ဘလောက်မှာကိုယ်စာသိပ်မရေးဖြစ်တော့ဘူး။ လူ့သဘာဝအရ အာလ္လပ သလ္လာပ [...]
ယာယီနတ်ဆိုးများ
ခဏတဖြုတ်နဲ့ တဖြုတ်ထဲ ခဏခဏ၊ ပျက်သွားတာတွေရော၊ ဖြစ်သွားတာတွေအတွက်ပါ စိတ်ဝင်စားကြည့်တော့ ကိုယ့်ကိုကိုယ် စုန်ဆန် တွေးကြည့်ဖို့အညမည ရဲ့ဝိရောဓိဖြစ်စဉ် မှာအစာစားလို့ မကြေ ညက်တဲ့ ခံစားမှုတ၀က်။ မျှော်လင့်ခြင်းနဲ့ရည်မှန်းချက် အတွက် ဆန္ဒတွေကို ရှင်းရှင်းလင်းလင်းသိဖို့ရာ ငါ့အတွက် filter ခံထားတဲ့ စုတ်ခွက်ထဲက ဘက်တီးရီးယား တွေလို သေလွယ်ကာ ပျောက်လွယ်ကာ။ ရိုင်းစိုင်းလွန်းတဲ့ စိတ်နဲ့သည်းခံလိုတဲ့ ဖြစ်အင်မှာ လွန်ဆွဲလဲ မိုးမရွာမယ့်အတူတူ ငါ့ပျိုးခင်းက ပေါင်းသင်မြေနှုတ် လုပ်စရာ မလိုတော့။ မတရားမှုကို တိုင်းတာဖို့ တရားသဖြင့် တွေကို အမြဲပြောလေ့ရှိတဲ့ ဓမ္မကထိကလဲ လိုမယ်၊ အလုပ်နဲ့ အပြောက တထပ်ထဲကျဖို့ ပါးကိုဘယ်ပြန်ညာပြန်ရိုက်မယ့် နီပွန်မာစတာကြီးလဲလိုမယ်။ ငကန်းသေမှ ငဆွေလာတာမဟုတ်ပါဘူး၊ ငဆွေတွေအတွက် ငကန်းကသေပေးရတာလဲ ဖြစ်မှာပေါ့။ ခြောက်ပြစ်ကင်းသဲလဲ စင်ဖို့ အတွက် [...]
blog times ပြန်လာပြီ
ကျွန်တော်တို့ရဲ့ နာမည်ကြော်ထွား လူကြိုက်များခဲ့တဲ့ တချိန်က ဘလောက်ဂါလောကမှာ ဖလန်းဖလန်းထအောင် နာမည်ရခဲ့တဲ့ ဘလောက်တိုင်း(Blog Times Journal)ဂျာနယ်ရှော်ကြီးအား။ အယ်ဒီချာ မင်းယွန်းသစ်(မေမေ့မေတ္တာ) မှပြန်လည်ထုတ်ဝေမည်ဖြစ်ပါသည်။ အဲဒီတာရှုပ် မောင်ဂေါက်၊ သတင်းထောက်ရှုပ် ဘာညာ၊ ဒီဇိုင်း နီညန်း၊ မာကတင် မန်နေချာ ရောင်းသူ တို့မှ ဂျာနယ်ရှော်ကြီး အားချောမွေ့ညီညာစွာ ထုတ်ဝေမည်ဖြစ်ပြီး စာမျက်ခွက် ပိုများဝေေ၀ဆာဆာဖြင့် မျက်မှောက်ခေတ် ဘလောက်ရေးရာ များစွာကို မဟုတ်မဟတ် လုပ်ဇာတ်များဖန်တီးတင်ဆက်သွားမှာဖြစ်ပါတယ်။
3 commects
မနေ့က ရေးထားတဲ့ ပိုစ်နဲ့ပတ်သက်ပြီး ပြောချင်ပါတယ်။ တကယ်က ပါစင်နယ် အတွက်ပါ။ ဒါပေမယ့် အများသူငါ ဖတ်တဲ့အခါမှာ ၀ိဝါဒ ကွဲစရာတွေရှိသွားသလို၊ တိုက်ဆိုင်မှုရှိတဲ့ သူတွေရဲ့ အားပေးမှု တွေနဲ့အတူ ကျွန်တော့်ရဲ့ ကြမ်းတမ်းသော အရေးအသားကြောင့် မိတ်ဆွေများက ပြန်လည် ဖြတ်သိမ်းသင့်ကြောင်း အကြံပေးလာသလို ကျွန်တော်ကိုယ်တိုင်လဲ မသင့်တော်ဘူးထင်တာကြောင့် ပြန် ဖြုတ် လိုက်ပါတယ်။ ဒါပေမယ့် မှတ်ချက်ပေးကြတဲ့ မိတ်ဆွေတွေကို လေးစားမှုဖြင့် ဖြုတ်သိမ်းခြင်းမပြုဘဲ ဒီမှာ ပြန်လည်တင်ပြပေးပါတယ်။ မူရင်းဖတ်လိုသူများ အီးမေးမှတဆင့် တောင်းခံနိုင်ပါတယ်။ လေးစားစွာဖြင့် Author : kom (IP: 220.255.7.158 , 220.255.7.158) E-mail : khinoomay77@gmail.com URL : http://khinoomay77.blogspot.com/ Whois : [...]
အကုစတစ်နဲ့စက္ကုအညစ်
မနေ့က သုဝဏ္ဍအားကစားရုံ (၁) မှာ ဟစ်ဟော့အကော့စတစ် ပွဲကို သွားကြည့်တယ်။ ကျွန်တော်ရယ် ၀က်လေးမင်းယွန်းရယ်၊ ရောင်းသူနဲ့ နီညန်းရယ်။ ဟစ်ဟော့ကို ဝေဖန်တာတော့မဟုတ်ပေမယ့် ပွဲနဲ့ပတ်သတ်တာကိုဝေဖန်ချင်တာ။ အကော့စတစ်(ငယ်ငယ်ကတည်းကခေါ်နေတာ ဒီအသံထွက်ဘဲ) acoustic (အခုတော့ အကုစတစ်ဆိုလား) ပွဲလက်မှတ်က ၅၀၀၀တန်းနဲ့၇၀၀၀ တန်းရှိတယ်။ ပွဲအ၀င်လဲကျရော ၅၅၀၀ ဖြစ်သွားတယ်။ ထားလိုက်တော့ပေါ့။ ဒါနဲ့ နန်းညီက ရေတဘူးဝယ်လိုက်တယ်။ ခြေလှမ်းငါးလှမ်းလောက်လဲရောက်ရော အဲဒီ ရေဘူးကို ယူမရဘူးဆိုပြီး ၀င်ပေါက်မှာပြောတယ်။ ဒါဆို အစကတည်းက အိတ်နဲ့ထည့်ပေးဖို့ ပြောထားသင့်တာ။ ဒါနဲ့ အိတ်အပေါက်ထဲ ရေထည့်မရတာနဲ့ မကုန် ကုန်အောင် လေးယောက်သား ဇွတ် သောက်ပစ်လိုက်ရော။ ရုံထဲဝင်မယ်လဲဆိုတော့ ၀င်ပေါက်မှာ ၅၀၀၀ တန်းက ဒီဘက် ၇၀၀၀ တန်းက ဒီဘက်ဝင် ဆိုပြီးပြောပြန်ရော။ [...]


Posted in
Tags:








