Pattaya

The 3 king

ကိုယ့် ပြည်တွင်းက ကမ်းခြေတွေအကုန်စုံအောင်မရောက်ဖူးပါဘူး။ ဒီတခါတော့ သူငယ်ချင်းတွေ အဲအေးရှားလက်မှတ် ဈေးကျတာနဲ့ စုပေါင်းစပ်ပေါင်းပြီး ပတ်တ္တရား ကမ်းခြေကို ရောက်ခဲ့ကြတယ်။ ရှိတဲ့ သူက များများစိုက် ပေါ့ ၊ အခြေအနေ အရ သိပ်တော့ နေရာများများမသွားနိုင်ပေမယ့် ပတ္တရား ကမ်းခြေ နဲ့ ခပ်လှမ်းလှမ်းက ကျွန်းတကျွန်းပေါ်ကို ရောက်ခဲ့တယ်။ အဲဒီကို သွားတော့မှဘဲ ပတ္တရား ဘယ် လောက် ကျယ်တယ် လှတယ်ဆိုတာ သိရတော့တယ်။ ကျွန်တော်တို့ သွားတဲ့ ကျွန်းက ခန့်မှန်းခြေ အရ ကမ်းမကြီးကနေ ၅ မိုင်ထက်မနဲတော့ဝေးတယ်။ အဲဒီကျွန်းကို သွားဖို့ အတွက် speed boat ကို အဖွဲ့လိုက်စီးလုံး ငှားစီးတာ အသွားအပြန် ဘတ် ၃၀၀၀ လောက်ကျတယ်။ မြန်မာငွေ ၁သိန်းနီးပါးဘဲ။ သူက ကျွန်တော်တို့ ရေကူးအနားယူဖို့ ၂ နာရီကျော်ကျော်လောက်စောင့်ပေးတယ်။ သွားရတဲ့ ခရီးက မကြာပေမယ့် ပထမဆုံး အမြန်သွားတဲ့ ဘုတ်ကို စီးရတော့ အတော်လေး ကသိကအောက်ဖြစ်တယ်။ အဓိက ကတော့ လှေဝမ်းများ ကွဲ သွားမလားဆိုတဲ့ စိုးရိမ်စိတ်ဘဲ။ လှိုင်းတွေက ကြီး လိုက် သေးလိုက်ဘဲ။ အပေါ်ကို မြောက်တက်သွားလိုက်ပြန်ကျလိုက်နဲ့ နောက်ကထိုင်စီးတဲ့ ကိုကျော်ကြီးနဲ့ ရွှေဖြိန်း တို့တော့ သင်္ကြန်မှာ လည်သလို ရေရွှဲသွားတယ်။ ပါလာတဲ့ ကင်မရာတွေ ထုတ် ပြီး မရိုက် ရဲ တော့ဘူး။ ကိုယ့် ဟာကိုယ် ပြုတ်မကျအောင် မနဲကိုင်ထားရတယ်။ လှေသာစီးနေရတယ် တကယ်က ဘုရားပွဲက ရဟတ် စီးနေရသလိုဘဲ အတော်လေး အသဲယား ဖို့ ကောင်းတယ်။ တက်လိုက်ကျလိုက်နဲ့ နာရီဝက် မပြည့်ခင်မှာဘဲ ပတ္တရား ကမ်းခြေက နေ ကျွန်းပေါ်ရောက်ကြတယ်။

ရေတွေစိုကုန်ဘီ

ကျွန်းပေါ်မှာတော့ အတော်လေး စုံတယ်။ ဆိုင်ခန်းအများအပြားက လက်ဆောင်ပစ္စည်းနဲ့ အစားအစာတွေရောင်ကြတယ်။ ရေက အရမ်းကြည်တယ်။ လှိုင်း သေးတယ်။ သဲက အရမ်းနုတယ်။ တခုက ကမ်းခြေမှာ ပုလင်းကွဲတွေ တော်တော်တွေ့ရတော့ အန္တရာယ်များတယ်လို့ ထင်မိတယ်။ ဘီယာ ၀ယ်သောက်တာ ပတ္တရားကမ်းခြေက နာမည်ကျော် walking street က ဆိုင်တွေထက်ဈေးသက်သာ တာကို တွေ့တယ်။ တပုလင်းမှ ၇၀ ထဲ။ တနေ့က walking street က ကလပ်တခုမှာ ဘီယာ တလုံးကို ဘတ် ၉၀ နဲ့ ၉လုံး သောက်လာတာကို တွေးပြီး သက်သာတယ်ဆိုတာ သတိထားမိတယ်။ နောက် တော့ မထိုက်နဲ့ ကျွန်တော်က ဂဏာန်း စားချင်တာနဲတကီလို ကို ဘတ် ၇၀၀ တန်တဲ့ ဂဏာန်း တပွဲ ကို မှာစားတယ်။ ၃ ကောင်ပါတယ်။ အရမ်းစားလို့ကောင်းပါတယ်။ ရန်ကုန်မှာ လဲ စားဖူး ပေမယ့် ဒီမှာ ဈေးနဲနဲပိုများတယ် လို့ထင်တယ်။ နောက်ပြီး ဂုံး ပြုတ်တွေနဲ့ ရှဲလ် လို့ခေါ်တဲ့ ကနုကမာ လို ဟာတွေလဲ မှာစားတယ်။ အစားအသောက်ဘဲ ဘီယာဖိုးမပါဘဲ ဘတ် ၂၀၀၀ လောက် ကုန်သွားရော။ စားလို့လဲပြီးရော ၀မ်းသွားမှာ ကြောက်သွားတယ်။ အခပ်မသင့်ရင် ပင်လယ်အူနာလို့ခေါ်တဲ့ ၀မ်းကိုက်တဲ့ရောဂါတမျိုးဖြစ်တတ်တယ်လေ။

ran way

သဲနုနုလေးတွေ

BB with me

စားကြမယ်ဟေ့ ဇွတ်

ပထမတော့ ရေမကူးဘူးဆိုတဲ့ အမျိုးသမီးများဖြစ်တဲ့ နီညန်းနဲ့မထိုက်တို့တော့ နောက်ဆုံး ရေဆင်းဆော့ကြတာဘဲ။ နီညန်းကတော့ သဲရဲတိုက်လေး ဆောက်နေရင်း ရေထဲဆင်းသွားတယ်။ ကျွန်တော် တို့က တော့ဘောလုံးကန်တယ်။ အရမ်းကို ခံနိုင်ရည်ရှိတော့ ၅ မိနစ်ကျော်လောက်ကန်လိုက်တာ နာရီဝက်လောက်နားယူလိုက်ရတယ်။ ရေလဲ ဆင်းစိမ်ရုံလောက်ဘဲ။ စားလိုက်သောက်လိုက် နေပူ မှာ ဆိုးလို့ ထိုင်နေလိုက်တာနဲ့ဘဲ အချိန်ကုန်သွားပါတယ်။

ကိုမျက်စေ့ကတော့ ပုံပုံတွေရိုက်နေပြီး တက်သစ်စ ပုံပုံဆရာ ရောင်းသူတကောင်တော့ လက်စွမ်းပြနေလိုက်တာ ၀က်ဝက်ကွဲ၊ ရိုက်ပြီးသမျှပုံတွေ ပေါ်မလာတတ်လို့ စိုးဇေယျလို ပုံမလာ ရောင်းသူ ဆိုပြီး အမည်ပေးရလိုဖြစ်နေတယ်။

ကိုမျက်စေ့နဲ့ Hai

ဘယ်ကိုချိန်ပြီး ဘာကိုချောင်းနေတာလဲမသိ

ရွှေဖြိန်းကတော့ ထုံးစံအတိုင်း ဘောလုံးကန်လိုက်၊ ဘီယာလာသောက်လိုက်၊ ရေကူးလိုက်ဘဲ။ နောက်တော့ ကိုကျော်ကြီး နဲ့ကိုမျက်စေ့ စီးတဲ့ ရေပေါ် မော်တိုဆိုက်ကယ် ပေါ်လိုက်စီးတယ်။ ဓါတ်ပုံတွေလဲ တဖြတ်ဖြတ်ဘဲ။ ဘာဘဲဖြစ်ဖြစ်ပျော်စရာကောင်းပါတယ်။

ပဲ အဲအဲ အဲအဲ............

ဝက်တကောင်ဘဲ ပဲများပုံပုံတွေရိုက် ဘီယာသောက် ဘောကန်၊ အမြည်းစား။

You can leave a response, or trackback from your own site.

2 Responses to “Pattaya”

  1. getsuyoobi says:

    ကိုဇော်
    အမြဲတမ်းအခုလိုပျော်ရွှင်တဲ.ရက်တွေကို
    ငွေကြေးလုံလောက်စွာနဲ.ဖြတ်သန်းနိုင်ပါစေလို.
    ဆန္ဒပြုလိုက်ပါတယ်………….

  2. nice photos of Pattaya.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice