Geovolution

အသိပညာ ဆိုသည်က အရေးကြီးသည့် အနေအထားတွင် အမြဲတမ်းရှိခဲ့သည်ဆိုခြင်းကို ကမ္ဘာ့သမိုင်းဖြစ်ပေါ်တိုးတက်ပြောင်းလဲခြင်းများအတွင်း ကျွန်တော်တို့ မြင်တွေ့ခဲ့ရပြီးဖြစ်ပါသည်။ တိုးတက်ပြောင်း လဲ နိုင်စွမ်း ရှိသော လူငယ်မျိုးဆက်သစ်များသည် အနာဂတ်ကမ္ဘာ အတွက် အရေးပါ လှတဲ့ အရင်းအမြစ်ဆိုခြင်းကို ဘယ်သူကမှ ငြင်းချက်ထုတ်မည်ဟု ကျွန်တော် ထင်ပါသည်။ လူတို့သည် လည်းကောင်း သဘာဝ ပတ်ဝန်း ကျင်သည်လည်းကောင်း သတ္တ၀ါတို့သည်လည်းကောင်း ဆင့်ကဲ တိုးတက်ပြောင်းလဲမှု ဖြင့် တဆင့်ထက်တဆင့်ကို တိုးတက်လာ ကြသည်သာဖြစ်ပါသည်။ လိုက်လျောညီထွေရှိသည့် အပြောင်းအလဲများကို ဖန်တီး နိုင် သော သက်ရှိတို့သည် ဒီကမ္ဘာလောကတွင် ဆက်လက်ရပ်တည်နေနိုင်သကဲ့သို့ မြင့်မားသော တိုးတက်ပြောင်းလဲမှုများကိုလဲ ဆောင်ကြဉ်းပေးနိုင်စွမ်းသော သူများဖြစ်လာခဲ့ပါသည်။ ကျွန်တော်တို့သည် မြောက်ဝံများ မဟုတ်ပါ။ ကျွန်တော်တို့သည် လူဟုခေါ်သော သတ္တ၀ါများသာဖြစ်ပါသည်။ ပေါ်ပေါက်လာသော အခွင့်အရေးနှင့် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို လိုက်လျောညီထွေ ပြုပြင်နေထိုင်နိုင်သော အဆင့်မြင့် အသိ ဥာဏ်ဖွံဖြိုးသည့် သတ္တ၀ါများဖြစ်ကြကြောင်း ကျွန်တော်တို့ သတ်မှတ် ထားကြသည်မဟုတ်ပါလော။

ပြောင်းလဲမှုတိုင်းတွင် အကျိုးသက်ရောက်မှုများရှိမည်မှာ မလွဲပင်ဖြစ်ပါသည်။ သို့သော် ထိုပြောင်းလဲမှုဖြစ်စဉ်သည် အဆိုးဘက်နှင့်အကောင်းဘက် ဆိုသော ဘက်နှစ်ဘက်မှ တဖက်ဖက်ကို အမြဲ တစေကျ ရောက် သွားလေ့ ရှိသည့် သဘောရှိပါသည်။ ပြောင်းလဲမှုကို လက်ခံ လိုက်သည်နှင့် တဖက်ဖက်သော အကျိုးခံစားမှုကို ကျွန်တော်တို့ ခံစားရမည်ဖြစ်ပါသည်။ လူမှုရေး ပြောင်းလဲမှု နှင့် လူနေထိုင်မှု၊ ဆက်သွယ်ရေး၊ ယဉ်ကျေး မှုစတဲ့ အပြောင်းအလဲများသည် အရင်လို ကြာရှည်စွာ ပြောင်းလဲသည့် ဆင့်ကဲဖြစ်စဉ် အတွင်းမှာမဟုတ်တော့ဘဲ ကျွန်တော်တို့ သည် revolution လဲမကျ evolution မမယ်တဲ့ Geovolution ထဲသို့ ကျွန်တော်တို့ ကျရောက်နေပြီဖြစ်ပါသည်။ Geovolution ဆိုသည်မှာ ပထ၀ီဝင် ဒေသဆိုင်ရာ ပြောင်းလဲ မှုဖြစ်စဉ်တရပ်အဖြစ် ကျွန်တော်တို့ ပဏာမ နားလည်ထားနိုင်ပါသည်။ ထိုပြောင်းလဲမှုသည် မြန်ဆန်မှုတွင် သာလွန်သကဲ့သို့ လေးလံမှုတွင်လဲ သာလွန်နိုင်စွမ်းရှိသည့် တဖက်ဖက်ကို ဒေသဆိုင်ရာ အလိုက်ပြောင်းလဲ မှုတိုးတက်ခြင်း နှေးကွေးခြင်းတို့ကို စံနှုန်း သတ်မှတ် ပေးနိုင်မည်မဟုတ်သော်လည်း ခန့်မှန်း တွက် ချက် နိုင်သော နည်းတခုဖြစ်ကောင်း ဖြစ်နိုင်မည်ဖြစ်ပါသည်။

မြေမျက်နှာသွင်ပြင် များသည် ကမ္ဘာ့မြေပုံ အတွင်းမှာ ဒီအတိုင်း ရှိနေနိုင်သော်လည်း ပြောင်းလဲမှုမြန်ဆန်လာသော သဘာဝ ဘေးအန္တရာယ် တို့နှင့် ပတ်ဝန်းကျင် နိုင်ငံများရဲ့ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ အပြောင်း အလဲ များအလိုက် ဒေသတွင်း နိုင်ငံတခုမှ လူတွေရဲ့ အပြောင်းအလဲဟာ ပြီးခဲ့တဲ့ ရာစုနှစ်နဲ့ မတူတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ရာမှာ အမြန်အဆန် ပြောင်းလဲ လိုက်ပါလာနိုင်သကဲ့သို့ တဟုန်ထိုး ကျဆင်းသွားနိုင်တဲ့ အနေ အထားကို ရောက်နေပြီဖြစ်ပါသည်။ ကမ္ဘာကြီးသည်၂၃ နှစ်ပိုင်းတပိုင်းနဲ့ တိမ်းစောင်းလည်ပတ်နေပေမယ့် နေ့ည တပတ်လည်ဖို့ ၂၄ နာရီ အချိန်ကြာတယ်လို့ ယခင်က သတ်မှတ်နိုင်ခဲ့သော်လည်း အခုအခါမှာ ကမ္ဘာ့ ရွာကြီးလို့ ခေါ်တဲ့ အဆင့်အနေအထားရောက်အောင် ကမ္ဘာ့လည်နိုင်စွမ်းဟာ စက္ကန့်နဲ့အမျှအမြဲပြောင်းလဲနေပါပြီ။ အဲဒီမှာ မှတ်သားဖို့ရာ အခုလို လည်ပတ်နိုင်ဖို့အတွက် အဲဒီသက်ဆိုင်ရာ တိုင်းပြည်နိုင်ငံရဲ့ လက် ခံနိုင်စွမ်းနဲ့ နိုင်ငံသားတွေရဲ့ အသိပညာ အတိမ်အနက်နဲ့ ခံယူချက်တွေ ကိုထည့်သွင်း ရတဲ့အခါမှာ အချို့ကမ္ဘာ့ နိုင်ငံတွေဟာ အလျှင်အမြန် လည်ပတ်နေတဲ့ စီးကြောင်းအတိုင်းလိုက်ပါနိုင်ပေမယ့် အချို့နေရာတွေမှာ တော့ ကမ္ဘာဟာ ပိုမိုနှေးကွေးစွာ လည်ပတ်နေတုန်း ဖြစ်နေပါတယ်။ ဒါဟာ Geovolution ရဲ့ အစိတ်အပိုင်းတွေထဲက တခုဖြစ်ပါတယ်။ တနေ့ရွှေ တနေ့ငွေလို့ဆိုတဲ့ အနေအထားကို ရောက်ရှိ လာတဲ့ ကမ္ဘာ့ ပြောင်းလဲမှုတွေဟာ မြေမျက်နှာသွင်ပြင်မှာတင်မကဘဲ သဘာဝ တရားရဲ့ မျက်နှာသာ ပေးမှုကိုပါ ထည့်သွင်း တွက်ချက် ရမယ့် အနေအထားဖြစ်လာပါတယ်။

အမေရိကန်ရဲ့ စူပါ ပါဝါ ကျဆင်းလာတဲ့ အကြောင်းတွေကို Geovolution နဲ့စဉ်းစားကြည့်ရင် သူ့ရဲ့ အာဏာ သက်ရောက်တယ်လို့ပြောလို့ရတဲ့ မြေပြင်အနေအထားဟာ ကမ္ဘာ အနှံ့မှာ ပျံ့ကျဲနေတာတွေ့ရပါ လိမ့် မယ်။ ဒီလို ပျံ့ကျဲနေတဲ့ မြေပြင်ရေပြင်တွေကို ထိန်းကျောင်းကွတ်ကဲရတဲ့ စားရိတ်ဟာ နှစ်စဉ်မှာ ကြောက်ခမန်းလိလိ တိုးတက်လာတာကို စပြီးတွေ့နိုင်ပါတယ်။ စစ်သုံးစားရိတ် ကျခံနေတဲ့ ဒေသတွေကို တွက်ချက် မယ်ဆို ထို့အတူ ပျံ့ကျဲနေတဲ့ အာရှဒေသ က စစ်မျက်နှာပြင်တွေ၊ အာဖရိက နဲ့ ကမ္ဘာတလွှားက စစ်အခြေစိုက်စခန်းတွေ နဲ့ ထိုအသုံးစားရိတ်များဖြစ်ပါတယ်။ ပျံ့ကျဲနေတဲ့ မြေပုံတွေကို ပိုင်ဆိုင်ခြင်းက တချိန်က နေမ၀င်အင်ပိုင်ယာ ဖြစ်တဲ့ ဗြိတိန် တို့ရဲ့ကျဆုံးခန်းနဲ့ သွားဆင်ပါတယ်။ အဲဒီလက်တံတွေ ရှည်လျားများပြားလာခြင်းဟာ တိုင်းပြည်ရဲ့ စီးပွားရေးကိုကျဆင်းစေပြီး ဘတ်ဂျက်လိုငွေပြမှုကို ဆက်လက် မြင့်တက် လာမှာ ဖြစ်ပြီး ပြိုင်ဘက်တွေအတွက် အားသာချက်တွေ ရရှိသွားနိုင်တဲ့ အခွင့်အလမ်းကိုဖော်ဆောင်ရာရောက်လာမှာဖြစ်ပါတယ်။ တချိန်တည်းမှာဘဲ ပြောင်းလဲလာတဲ့ သဘာဝဘေးအန္တရာယ်တွေ ကြောင့် အစိုးရရဲ့ ထုတ်ကုန်သုံးစွဲရတဲ့ ဘတ်ဂျက်တွေ ဆက်လက်မြင့်တက်လာနိုင်ပြီးအရေးပေါ်ဖြည့်ဆည်းရေး အစီအမံတွေကြောင့် နိုင်ငံရေးထိခိုက်မှုတွေကိုလဲ လက်ရှိအစိုးရအနေနဲ့ ရင်ဆိုင်လာရမယ့် အနေအထားကို ဦးတည် လာနိုင်ပါတယ်။ မတူညီတဲ့ကမ္ဘာ့ဒေသ တွေအတွက် ထားရှိတဲ့ အမေရိကန်ပြည်သူတွေရဲ့သဘောထားဟာ လက်ရှိအစိုးရနဲ့နောက်အစိုးရတွေအတွက် အကြပ်အတည်းကို အမြဲကြုံတွေ့ရလာနိုင်ပါတယ်။ မက္ကဆီကို ပင်လယ်ကွေ့မှာဖြစ်ပေါ်နေတဲ့ ရေနံ ဖိတ်စင်မှု ကို အခုအထိ ထိမ်းသိမ်းဆောင်ရွက်နိုင်ခြင်းမရှိသေးတဲ့ အတွက် ပတ်ဝန်းကျင်နိုင်ငံတွေ ဖြစ်တဲ့ လက်တင် အမေရိက နိုင်ငံတွေနဲ့ ပြသနာ အနည်းနဲ့အများရင် ဆိုင် ဖို့ တာဆူနေပါတယ်။ တဖက်မှာလဲ အာရှက မဟာမိတ်တွေနဲ့ သူတို့တွေဆီက အကြမ်းဖက်အဖွဲ့အစည်းတွေကြောင့် လည်းကောင်း ၊ အစ္စရေး အပေါ်ထားရှိတဲ့ အမေရိကန်သဘောထားကြောင့်လည်းကောင်း အရှေ့ အလည်ပိုင်းမှာ မိတ်ပျက်နေတဲ့အမေရိကန်အတွက် Geovolution အရ အမေရိကန်ရဲ့ လည်ပတ်နှုန်းဟာ လျော့ကျလာပါတယ်။

ဆက်လက်ဖော်ပြပါမည်။

You can leave a response, or trackback from your own site.

2 Responses to “Geovolution”

  1. getsuyoobi says:

    ကိုဇော်ရေ
    ကို၇ီးယား စာ တွေတင်ပြီးလို.ပျောက်နေတာ……..
    geovolution စာတမ်းရေးနေတာကိုး…..
    ဖတ်လို.ကောင်းပါတယ်ဗျာ…………

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice