Bounty Hunter

ဒီကားလေးကို ဘန်ကောက်ရောက်တုန်း အချိန်အဆင်ပြေတာနဲ့ ၀င်ကြည့်ဖြစ်ပါတယ်။ အချိန်က ည ၈ ခွဲပွဲ လေ။ ညဈေးတွေလျောက်သွားချင်တာနဲ့ အချိန်ဖြုန်းလိုက်တာ။ ပထမတော့ သိပ်ကောင်း မယ် မထင်ဘူး။ နောက်တော့မှ အချစ်ဟာသ ဇတ်မြူးလေးတခုဆိုတာတွေ့တယ်။ စိတ်ထားကောင်းပြီး လောင်းကစားမက်တဲ့ ရဲ တဦးနဲ့ အရမ်းတက်ကြွတဲ့သတင်းထောက်မလေးတဦးရဲ့ အိမ်ထောင်ရေး အဆင်မပြေမှု ကို နောက်ခံထားပြီး တယောက်ကိုတယောက် သံယောဇဉ်တွေ ရှိလျက်နဲ့အယူအဆတွေကြောင့်ကွဲလွဲ နေတဲ့ အလွဲတွေကို ဟာသဆန်ဆန်ရိုက်ပြထားပြီး ကွဲအက်နေတဲ့အိမ် ထောင်ရေး က ဘယ်လို အဆုံးသတ်သွားတယ်ဆိုတာ ဆက်လက်ရှုစားဖို့တော့လိုမယ်နော်။ မကြာခင်ရန်ကုန်မှာ ရုံတင်မတင်တော့မပြောတတ်ဘူး။ ရန်ကုန်ပရိတ်သတ် ကြိုက်လောက်မယ်တော့ထင်ပါတယ်။

ဒီဇတ်လမ်းလေးကို Andy Tennant က ရိုက်ကူးထားတာဖြစ်ပြီး မင်းသား Gerard Butler နဲ့ နာမည်ကြီးမင်းသမီး Jennifer Aniston က သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ၁၀၆ မိနစ် ကြာမြင်တဲ့ ဒီကားကို ဒေါ်လာ သန်း ၄၀ အကုန်ခံပြီး ရိုက်ထားတယ်လို့ဆိုပါတယ်။ ကဲ ဒီအပတ် ရုပ်ရှင်ကြည့်မယ်ဆို ဒီကားလေးကြည့်ပါဦး။

နမူနာကို ဒီမှာ ကြည်ပါ။

နောက်တကားအနေနဲ့ Prince of Parsia ပါ။

You can leave a response, or trackback from your own site.

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice