ကြည့်လုပ်

ပြောပေါင်းလဲများပါပြီ။ ဒီတခါတော့ ဘယ်လိုမှ ကိုးကားပြောမနေချင်ပါဘူး။ သူများပုံတွေယူသုံးတဲ့ကိစ္စ ၊ သူများ ဖန်တီးထားတာကို ဖြတ်ကနဲဖြတ်ကနဲ ယူသုံးတာ ဘာနဲ့တူလဲဆိုတော့ လက်ဆော့ တဲ့ ကလေးတွေလိုဘဲ။ ကိုညီလင်းဆက်တယောက် ဘဲ ဒီလိုယူသုံးတဲ့ အကြောင်း မကောင်းပြောနေတာ မဟုတ်သေးဘူး။ ကျွန်တော်တို့လဲသေချာ ပြောကြသင့်တယ်။ စီးပွားရေးလုပ်ငန်းလုပ်နေတဲ့ သူတွေ ယူသုံးရင် သိပ်အကျည်းတန်တယ်။ ကျင့်ဝတ်တွေအကြောင်းတော့မပြောဘူး။ လူလိုနားလည်ရင် သူများဟာ ဒီလို လက်လွတ်ဆံပယ် မပြောဖို့မလုပ်ဖို့လိုတယ်။ တခါမက တွေ့ခဲ့ကြတာတွေ များတော့ ဘယ်လိုဘာလိမ့်လို့တောင်ထင်မိတယ်။ ကြုံဖူးပါတယ်။ သူများဟာလဲ ယူသုံးတယ်ပြောတော့လဲမကြိုက်ဘူး။ အဲလိုလူမျိုးသာဆိုးတယ်။ ပြတ်ပြတ်ပြောရရင် တပါးသူဖန်တီးထားတာကို စီးပွားရေးအရ အသုံးချဖို့ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ ဘယ်လိုရည်ရွယ်ချက်များကိုနဲ့မဆို မပြောဘဲယူသုံးရင် ခိုးတယ်လို့သတ်မှတ်တယ်။ အင်တာနက်ခေတ်မှာ ပြောဖို့မေ့သွားလို့ပါတို့၊ နောက်မှပြောမလို့ ဆိုတာ အလကားဆင်ခြေဖြစ်တယ်။ တခါတည်းပြောလို့ရတယ်။ အတည်ပြုပေးဖို့လိုရင် စောင့်ပေါ့။ ဂျာနယ်များလဲ သူတို့ ပရင့်တင်တဲ့ အမှီဘဲ အသုံးခံရမယ့် သူက အချိန်မှီခွင့်ပြုပေးရမယ့်ပုံ။ သောက်ပြား တပြားမှမရဘဲ သူတို့ သုံးလိုက်တာကြောင့် ပြသနာ တက်လာနိုင်တာကို နားမလည်တဲ့ နာမည်ဝှက် နဲ့နိုင်ငံရေး လိုလို သူရဲကောင်းလိုလို ရေးနေတဲ့ ကောင် တွေက တမျိုး ။  အမှန်ဆို ဖန်တီးတည်ဆောက်ထားမှုဆိုတာတွေက ရင်ထဲကလာတဲ့ သူ့ရဲ့ အနုပညာ တခုဘဲ၊ ဒါကို လွယ်လွယ် အသုံးချပြစ်တာက မကောင်းတဲ့ ကိစ္စ၊ ကိုးကား တာကတော့ လက်ခံချင်စရာ ကောင်းပေမယ့် အကိုးအကားကို ဘယ်က ယူတယ်ဆိုတာ ဖော်မပြပေးနိုင်တာကတော့ ရိုးသားမှုမရှိတာဘဲ၊ စာဘဲဖြစ်ဖြစ် ပုံဘဲဖြစ်ဖြစ် သူများဟာကို ယူသုံးရင် အသိပေးအကြောင်းကြားသင့်တယ်ဆိုတာထက် ကာယကံရှင်က တကယ်အသုံးပြုစေချင်စိတ်ရှိမရှိကို သေချာအောင်မေးဖို့လိုတယ်။ အင်တာနက်မှာ ရှိနေတိုင်း ဇွတ်တရွက် ယူသုံးလို့ရတယ်လို့ ဆိုတဲ့ အမြင်မျိုးတွေ လျော့ချသင့်တယ်။ ဒါနဲ့ နောက်တခု က တလောက ဖြစ်တဲ့ ပါးရိုက်ခံရတဲ့ ပြသနာလို ဟာတွေ အခုကျွန်တော်ပြောနေတဲ့ ကျင့်ဝတ်တွေကို နားလည်မှု အားနည်းလာ တာတွေက အဲဒီ ဂျာနယ်တွေ ဂျာနယ်လစ်တွေရဲ့ လေ့လာမှုအားနည်းတာနဲ့ တအားငယ်သေးတဲ့ သူတွေကို အရေးပါတဲ့ သတင်းအချက်အလက်တွေ လိုက်ရာမှာ သေချာအောင် ပြောဆိုသင်ကြားပေးမှုတွေ မရှိဘူးဆိုတဲ့အချက်ဘဲ။ တနေ့ကလဲ တွေ့လိုက်ပါတယ်၊ ကဗျာဆရာကြီးတွေ ပန်းချီဆွဲတဲ့နေ့မှာ ကင်မရာ အကြီးကြီးတွေနဲ့သတင်းယူနေတဲ့ ကလေးလေးတွေ၊ သူတို့ကိုငယ်တာကြီးတာ ခွဲခြားတာမဟုတ်ပေမယ့် အတွေ့အကြုံမရှိသေးတဲ့ ကလေးတွေကို သီးသန့်လွှတ်ပြီး နာမည်ကြီးပြီးသား ဘိုးအေ တွေဘွားအေတွေကို မေးမြန်းအင်တာဗျုးခိုင်းတာ အန္တရာယ်များတဲ့ အလုပ်တခုဘဲ ဆိုတာ အယ်ဒီတာတွေသိသင့်သလို၊ အတန်းအစားတရပ်ရှိနေတဲ့ နာမည်ကျော်သူတွေနဲ့ အင်တာဗျူး ကို ဒီလို သတင်းရရင် ဖြစ်တဲ့အနေအထားနဲ့ ကလေးတွေကို မြေစမ်းခရမ်းပျိုး လွှတ်တာတွေ လဲ ဆင်ခြင်သင့်တယ်။  ကဲပါဗျာ ထားလိုက်ပါတော့ ၊ မပြောမဆို ကိုယ့်စာတွေ ပုံတွေ ကို အသုံးခံရတဲ့ သူတွေကတော့ ဒီလိုဖြစ်လိမ့်မယ်

အေသင်ချိုဆွေ ဆိုတဲ့ ဟိုသီချင်းထဲက လိုဆိုရရင်တော့

တင်းတယ် တင်းတယ် တင်းတယ် တင်းတယ်ဟေ့

You can leave a response, or trackback from your own site.

2 Responses to “ကြည့်လုပ်”

  1. kom says:

    ပါသွားလို့လားဟင်။

  2. getsuyoobi says:

    ကိုဇော်
    ဒီလိုပါဘဲဗျာကျနော်ကတော.အခုရိုက်ထားတဲ.ဓါတ်ပုံတွေမှာနာမည်လေးတွေပေးထားခဲ.ပါတယ်…တချို.ကျတော.လဲတကယ်မသိတာပါ
    တချို.ကတော.လုပ်စားကြတာပေါ.ဒါပေမယ်.
    ဓါတ်ပုံတပုံ(သို.)ပုံကောင်းတစ်ပုံ၇ဖို.ဆိုတာ
    မလွယ်ပါဘူး…အောင်မြင်ပါစေလို.ဆုတောင်းပေးပါတယ်….။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice