ပြောပြမယ် ဒေါမထနဲ့

လှူတယ်တန်းတယ်ဆိုတာ ကောင်းပါတယ် ကျွန်တော်တို့ ဘာသာတရားမှမဟုတ်ပါဘူး ကမ္ဘာပေါ်မှာ ရှိတဲ့ဘာသာတိုင်းရဲ့ အဆုံးအမအောက်မှာ လှူတန်းတဲ့ အရာဟာ ထောက်ထားညှာတာမှုသဘော နဲ့ မျှဝေခံစားမှုဆိုတဲ့ လူ့ဘောင်အဖွဲ့အစည်းအတွက် အရေးပါအရာရောက်ပါတယ်။ ဘာသာရေးမျှော်မှန်းယုံကြည်ချက်နဲ့ လှူတန်းမှုတွေ အပြင် အခြားသော လူသားခြင်းဆိုင်ရာ ထောက်ပံ့ ကူညီမှု ဆိုတဲ့ ဘုံ အလှူအတန်းလုပ်တဲ့ စကားလုံးတွေပေါ်ပေါက်လာတဲ့ထိ ဘယ်လိုအကြောင်းပြချက်မျိုးနဲ့မဆို ပေးကမ်းလှူဒါန်းတယ်ဆိုတာ ဘုရားအဆုံးအမမှာတောင် မင်္ဂလာတရားတော်နဲ့ညီညွတ်ပါတယ်။

ရေဆိုတာ လူသားတွေအတွက်ရော အသက်ရှင်ရပ်တည်နေတဲ့ သတ္တ၀ါတွေအားလုံးအတွက် အရေးပါလှပါတယ်။ ကမ္ဘာကြီးရဲ့ သုံးပုံ၂ပုံဟာ ရေထုဖုံးလွှမ်းထားပါတယ်။ လူတယောက်မှာ တည်ဆောက် ထားတဲ့ ရုပ်ခန္တာမှာလဲ ရေဟာ ၇၀% ပါဝင်ပါတယ်။ ဒီတော့ ရေအသက်တမနက်ရယ်လို့ အားလုံးသိကြတဲ့ အရေးပါလှတဲ့ရေဟာ ကမ္ဘာကြီးမှာ ရှားပါးလာတယ်။ တကယ်က ဖောင်စီးရင်းရေငတ်နေတဲ့ ကျွန်တော်တို့ ကမ္ဘာ့လူထုဟာ ၆၀% သော လူတွေမှာ သန့်ရှင်းတဲ့ ရေကို သုံးစွဲခွင့်မရကြသေးပါဘူး။ လောဘရမက်ကြီးတဲ့စက်မှု ထိပ်သီးနိုင်ငံတွေရဲ့ မတော်မတရား စက်မှုစီးပွားတွေကြောင့် ကမ္ဘာကြီးက ပိုမိုပူနွေးလာတယ်လို့ သိလာကြပါတယ်။ ဒီအကျိုးကတော့ ကျွန်တော်တို့အားလုံးဟာ ရေချိုရှားပါးပြတ်လတ်မှုကို မျက်ဝါးထင်ထင်ရင်ဆိုင်လာကြရပါတယ်။

သဘာဝတရားကို ဖိအားပေးပြောင်းလဲပစ်နိုင်တဲ့ ဘေးထွက်ဆိုးကြိုးတွေကြောင့်မိုးခေါင်ရေရှား ရပ်ဝန်းတွေဟာ ပိုမိုကျယ်ပြန့်လာပါတယ်။ ကျွန်တော်တို့ နိုင်ငံကို ဒီနှစ်မှာ ဆိုးဆိုးရွားရွား ရင်ဆိုင်စေ ရတာကတော့ ပိုမိုပူပြင်းတဲ့နွေရာသီနဲ့ရှည်လျားတဲ့ မိုးခေါင်မှုဟာ ဒီရေချိုရရှိမှုအတွက် အခိုက်အတန့် ကြပ်တည်းမှုတွေကို ဖြစ်ပေါ်လာစေခဲ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်ခံစားနေရပြီ။ သောက်သုံး ရေရရှိရေးဟာ ပထမဦးစားပေးအနေအထားကိုရောက်လာပါတယ်။ မိုးမရွာပါဘူး။ မြေအောက်ရေတွေခန်းခြောက်ခဲ့သလို ရေချိုတွေမှာ ဓါတ်ဆားပျော်ဝင်မှုတွေ အားကောင်းလာပါတယ်။ ရေလှောင် ကန်တွေ အားလုံးခန်းခြောက်သွားပါတယ်။ မိုးကိုမျှော်နေသူတွေအတွက် စောင့်စားရင်ဆိုင်စရာ သောက်ရေ မရှိတော့ပါဘူး။ ရေမရတဲ့အတွက် ရောဂါဘယတွေပိုမိုထူပြောလာနိုင်ပါတယ်။ တဖက်က ပူလောင်မှု တဖက်က ရေရှားပါးပြတ်လပ်မှု။ ဒါတွေကို တင်းပြည့်ကျပ်ပြည့်ခံစားနေရသူတွေသောင်းသိန်းချီလာပါပြီ။ ရေ အတွက် ကျွန်တော်တို့တခုခုလုပ်ပေးဖို့လိုလာပါတယ်။ ကျွန်တော်တို့ သောက် ရေထောက်ပံ့မှုတွေလုပ်ပေးရမယ်။ ရေလှူတဲ့ အကျိုး၁၀ ပါးရှိတယ်တဲ့။ အကုန်လုံးအလွတ်မရပေမယ့် ရေဟာ ဆာလောင်သူတွေအတွက် အားတခုဖြစ်စေဖို့ အသက်ရှင်ရပ်တည်ဖို့ တန်ဖိုးရှိဆုံး အရာ ဆိုတာ ကျွန်တော်တို့အားလုံးသဘောပေါက်နားလည်ကြတဲ့အတိုင်း တာဝန်ဆိုတဲ့ စကားလုံးထက်ကျော်လွန်တဲ့ မေတ္တာနဲ့ ဆာလောင်သူတွေအတွက် ကိုယ်ချင်းစာတရားရှေ့ထားပြီး အတတ်နိုင်ဆုံးမျှဝေခံစားဖို့ရာ ရေလှူတန်းသူတွေ အများအပြား ဟာ ခြောက်သွေ့နေတဲ့ တာရိုးတွေကို ကျော်ဖြတ်၊ နေပူပူထဲက မြစ်ပြင်ကျယ်တွေကို ကူးခတ်၊ သူတို့တွေ အရောက်လာခဲ့ပါပြီ။

ရေငတ်တုန်းရေတွင်းထဲကျ၊ ဖန်ပြာခွက်နဲ့ကျောက်စက်ရေမဟုတ်သည့်တိုင်၊ ရွှေသမင်အလိုက်မလွဲဖို့ တန်လျပ်တွေကြားထဲကနေပြီး အလှူရှင်တွေ အင်နဲ့အားနဲ့ ၊ ကြည်ကြည်နူးနူး၊ ပူလှတဲ့ နေပြင်း ပြင်းအောက်မှာ အပြုံးတွေဆီးကြိုနေမယ့် ရေလိုသူတွေအတွက် ဖြည့်ဆည်းပေးနိုင်ဖို့ဖြည့်စွမ်းနိုင်ခဲ့ပါတယ်။ ဒါတွေကို စာနာထောက်ထားသူတွေ အများအပြားဆက်လက်ပေါ်ပေါက်လာဖို့လိုပါတယ်။ တခဏ ပြည့်စုံအောင် ဖြည့်ဆည်းပေးနိုင်ပေမယ့် လိုအပ်နေဆဲဖြစ်နေတာ ကတော့ ဆင့်ပါးစပ် နှမ်းပက်နေခဲ့သလိုပါဘဲ၊ သိမ်းထားပြီးမှ ပြန်ဖော်စားလို့ရတဲ့ ခေါက်ဆွဲခြောက်မဟုတ်ပါဘူး။ နေ့စဉ် လိုအပ်ချက်ဟာ အလုံးစုံ ပြည့်ဝစေအောင်ဖြည့်ပေးနိုင်ဖို့ စိန်ခေါ်ချက်ဖြစ်နေပါသေးတယ်။ ဒါကြောင့် အချက်အလက်တွေကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိဖို့လိုပါတယ်။ ဒါဟာ စာနာထောက် ထားမှုအတွက် လူသားအဆန်ဆုံးသော သတင်း ပေးပို့ချက်ဖြစ်ပါလိမ့်မယ်။ တာဝန်ရှိသူတွေ ရဲ့နေ့စဉ် သတင်းစာတွေ တီဗွီနဲ့ရေဒီယိုတွေမှာ ပါ သတင်းအချက်အလက်တွေ ဖော်ပြပေးနေပါတယ်။ သွားရောက်လှူဒါန်းလိုသူတွေ လဲ လွတ်လပ်စွာ သွားရောက်လှူဒါန်းနေကြပါတယ်။ ဒါဟာ သတင်းမှဟုတ်ရဲ့လား။

သတင်းအချက်အလက်တခုဖန်တီးဖို့အတွက် သွားရောက်လှူဒါန်းမှုတွေ ရှိလာတာဟာ တဖက်ကမီးစ တဖက်ကရေမှုတ်နဲ့ ပြသနာကို ကြီးထွားအေင်ဆောင်ရွက်နေတာနဲ့တူပါတယ်။ အချို့သော ကျင့်ဝတ်မရှိတဲ့ သတင်းသမားတွေဟာ သတင်း ဖန်တီးဖို့ လှူဒါန်းသူတွေရဲ့ ဖြုစင်မှုကို ခုတုန်းလုပ်ပြီး သတင်းတွေတည်ဆောက် ဓါတ်ပုံနဲ့ ဆောင်းပါးတွေတွင်တွင်ရေး အလှူငွေအတွက်တော့ လက် နှေးနေတာကိုတွေ့ရပြန်ပါတယ်။ ရေခန်းခြောက်တာ သဘာဝတရားကြောင့်ဖြစ်ပါတယ်။ ပေါ်လစီ မှားလို့ရေခန်းသွားတယ်ဆိုတာ ရာဇ၀င်မှာမရှိပါဘူး။ မဆိုင်တာတွေကို အတင်း ဆိုင်အောင် လုပ် ဆောင်ချင်တာနဲ့ လုပ်ပွဲတွေဖန်တီး တဲ့ သတင်းသမားတွေကြောင့် တကယ့်လိုအပ်တဲ့နေရာတွေမှာ အချိန်မှီလှူဒါန်းထောက်ပံ့ဖို့ခက်ခဲသွားသလို ဆက်လက်သွားရောက်လှူဒါန်းလိုသူတွေအတွက်လဲ သို့လောသို့လော ဒွိဟဖြစ်စရာတွေ တင်ကျန်ရစ်ခဲ့ပါတယ်။ ကျင့်ဝတ်မညီတဲ့ ရေးသားဖော်ပြချက်တွေကြောင့် ကာယကံရှင် လှူဒါန်းသူတွေအတွက် များစွာ အနှောက်အယှက်ဖြစ်စေခဲ့ရတာ တွေလဲ ဖြစ်လာပါတယ်။ ဒါကြောင်း ကျွန်တော်တို့လှူဒါန်းနေတာတွေဟာ လူအခြင်းခြင်း ကူညီထောက်ပံ့တာသာဖြစ်ပြီး ဘယ်သူ့ဘယ်သူတွေကိုမှ အပြစ်တင်ပြောဆိုဖို့ မဟုတ်ပါဘူး။ ကလေးကိုမုန့်ကျွေးပြီး အရိုက်ကြမ်းတဲ့သူ့မိဘအကြောင်း အတင်းတုတ်ဖို့မဟုတ်ပါဘူး။ ဒါတွေဟာ အရမ်းသိမ်ငယ်ကျဉ်းမြောင်းလွန်းပါတယ်။ ဖြစ်တတ်တဲ့ အချက်အလက်တွေကို ပိုမိုပြောဆိုမနေဘဲ တကယ်ဖြစ်နေတဲ့ အခြေအနေနဲ့ ဒေသဆိုင်ရာလိုအပ်ချက်တွေကို ဘယ်လိုဖြည့်ဆည်းပေးနိုင်မယ် ဖြည့်ဆည်းပေးနိုင်တယ် ဆိုတာကသာ ပြည်သူလူထုအတွက် တန်ဖိုးရှိတဲ့ သတင်းအချက်အလက်တွေဖြစ်ပါလိမ့်မယ်။

မဟုတ်မဟတ် တအိတ်ကိုတဆိတ်လုပ် မြောက်ပြဆန်တောင်းလုပ်မယ့် သတင်းအရင်းအမြစ်တွေဖန်တီးဖို့အတွက်တော့ တကိုယ်ရေတကာယကောင်းစားဖို့ သတင်းအချက်အလက်တွေ ဖန်တီးဖို့အ တွက်တော့ ကျွန်တော်တို့လှူဒါန်းသူတွေအနေနဲ့ အသုံးချခံ မော်ဒယ် မဖြစ်စေချင်လို့ဒီစာကိုရေးတာပါ။ လှူတန်းသူများအားလုံးရေလိုအေးလို့ပန်းလိုချမ်းမြေ့နိုင်ပါစေ။

You can leave a response, or trackback from your own site.

7 Responses to “ပြောပြမယ် ဒေါမထနဲ့”

  1. ပေးတဲ့ဆုနဲ့ ပြည့်ပါစေ..

  2. kyawhtin says:

    ကောင်းပါတယ် ဒေါမထပါဘူး သာဓု သာဓု သာဓု

  3. RITA says:

    သူများ တကူးတက ညွှန်းလို့ ရောက်လာပါတယ်။
    ပြောချင်နေတဲ့ စကားလုံးတွေ တထပ်တည်းပဲ။ အဲဒီလိုဟာတွေ အဲဒါမျိုးလုပ်စားနေလို့ ဘယ်သူကမှ အဖက်မလုပ်ချင်တာ ဆိုတာ သိဖို့ကောင်းပြီ။

  4. kom says:

    နညအပြီးလာဖတ်တာတို့ပါ.မရေးဘဲတိတ်တိတ်ကလေးပြန်သွားတာ.ရနကုန်ဘလော့ဂါတွေကြီးကျယ်တယ်ထင်လို့။ အဖက်မလုပ်မှာစိုးလို့။လာလည်တာကျေးဇူးကမ္ဘာ.။

  5. kom says:

    သကြန်တွုးကပုံတွေလည်းကြည့်ပြီးပြီ.ကြာလှပြီ။ ကလေးမအရမ်းချစ်စရာကောင်းတယ် ရွေဘုန်းပွင့်ပုံတွေရော ကလေးလေ့းပုံတွေရော.. အရင်တုံးကလို သင်္ကြန်ဘလော့မလုပ်တော့တာတော့လွမ်းစရာ..

  6. admin says:

    အို ဂလိုတော့မပြောပါနဲ့ တိုက မာန မကြီးပါဘူး :P

  7. kom says:

    အဲသဟာဆိုရင်နောက်ဆုံးပေါ်ပိုစ်ကကွန်မက်စိတ်မဆိုးကြေး။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice