မဟာဝန်ရှင်တော်မင်းကြီးနှင့်ကျွနုပ်

ဧပြီ ၈ ရက်နေ့က ကျွန်တော့်မွေးနေ့လေ။ မွေးနေ့ပွဲတွေကို အမြဲမှန်မှန်တော့မလုပ်နိုင်ပေမယ့် ဒီနှစ်တော့ လုပ်ဖြစ်ခဲ့တယ်။ မနှစ်ကတော့မလုပ်ဖြစ်ဘူး။ အမေ့ကို မနှစ်က သွားကတော့ခဲ့ပေမယ့် ဒီနှစ် မသွား ဖြစ်ဘူး။ တကယ်က မွေးနေ့ဆိုတာ အမေက သေမင်းနဲ့စစ်ခင်းပြီး ကျွန်တော့်ကိုလူ့လောကထဲ ချောမွေ့စွာရောက်ရှိလာဖို့ တိုက်ပွဲဝင်တဲ့နေ့ဖြစ်တယ်။ တကယ်ဆို မွေးနေ့တွေဆိုတာ အမေ့ကို မှတ်မှတ်ရရ ဂုဏ်ပြုထိုက်တဲ့ နေ့ပါဘဲ။

သူငယ်ချင်းတွေကို ဧပြီဖွားတွေဖြစ်တဲ့ ကျွန်တော်၊ အူးဖိနဲ့ ကိုကိုရဲတို့သုံးယောက်ပေါင်းပြီး ပွဲလေးကျင်းပပေးခဲ့ချင်ပေမယ့် ကိုကိုရဲကလဲမန်စီကပြန်မလာ၊ အူးဖိကလဲတောင်ကြီးသွားမှာမို့ တကိုယ်တော် ကျဲရမယ့်အနေအထားကိုရောက်သွားတယ်။ ပိုက်ဆံလဲမရှိတာနဲ့ လက်စွတ်ကလေးပေါင်ပြီး အခုပွဲလေးကို ကျင်းပလိုက်တယ်။ :)

အာရကေမလန်းတော့ သင်္ကြန်နားနီး အရက်တွေဈေးတက်နေချိန်ဆိုတော့ အားလုံး၀၀လင်လင်သောက်ရအောင် မဟာဝန်ရှင်တော်မင်းကြီး ၂ လီတာကို ၀ယ်ခဲ့တယ်။ ဖိတ်စာထဲကအတိုင်း ဘိုဝ ကိုတော့ ဘီယာဘဲတိုက်လိုက်တယ်။ ကိုညင်းဆက်က အမဲတံဆိပ်နဲ့ ဂလင်းလေဘယ် တွေယူလာလို့တော်တော်လေး အရက်စုံတဲ့ပွဲလေးဖြစ်ခဲ့တယ်။ အမဲတံဆိပ်ကိုတော့မသောက်ဖြစ်တော့ပေမယ့် ဂလင်းလေဘယ်အစိမ်းရောင်လေးတော့တီးပစ်ခဲ့တယ်။

လာရောက်ချီးမြင့်တဲ့သူငယ်ချင်းများ မင်္ဂလာပါ။

You can leave a response, or trackback from your own site.

4 Responses to “မဟာဝန်ရှင်တော်မင်းကြီးနှင့်ကျွနုပ်”

  1. 1010 says:

    i ko lae ma call bu .. :( a hint …
    ko zaw good to see that ……anyhow u should be proud ur self…because u got young pretty girl :) ..ur son is really sweet ….and charming ……I do wish …u will be get more and more success and ur dream will be come true……

  2. ကိုဇော်ဇော့်ကို လုံးဝမကျေနပ်ဘူး။

  3. admin says:

    ဘယ့်နှယ့်ငါ့ကို မကျေနပ်တာတုန်း ကြာညိုသွယ်ရဲ့ :)

  4. kom says:

    ဒီလိုဘဲအမြဲပျော်ရွှုင်နိုင်ပါစေ။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice