Ninja assassin ဆိုတဲ့ကားကို တနေ့က ကြည့်ဖြစ်တယ်။ အသတ်အပုတ်တွေများတဲ့ ကိုရီးယားမင်းသား Rain ရဲ့ ဒီကားဟာ တော် တော်လေး ကောင်းတယ် လို့မဆိုသာပေမယ့် အပျင်းပြေကြည့်လို့ကောင်းတဲ့ ဇာတ်ကားအမျိုးအစားဖြစ်ပြီး အာရှအသဲကျော် ကိုရီးယား မင်းသားချောခမြာ ဟောလီးဝုဒ်က ဇတ်ပို့တယောက်နဲ့ မင်းသမီးလုပ်တွဲရတယ် ဆိုတာကတော့ ကိုရီးယားမင်းသား တွေ တရုတ်မင်းသားတွေဖြစ်တဲ့ ချောင်ရွန်ဖတ်တို့ ဂျက်ကီချန်းတို့ကိုမမှီသေးဘူးဆိုတာ ထင်ရှားတယ်။ နောက်တကားကတော့ ကားဟောင်း ကိုပြန်ရိုက်ထားတဲ့ Chicago ။ မင်းသားမင်းသမီးကောင်းကောင်းတွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကာားဟောင်း ကို ပြန်ရိုက်ထားတာကောင် ၁၀ စုနှစ်တခုလောက်ကြာတော့မယ်။ အဲဒီကားဟောင်းထဲက သဘာဝ တရားတွေဟာ ခုထိလဲ မပြောင်းလဲ သေးတာ ကိုတွေ့တယ်။ The avengers ကတော့ နာမည်ကြီး ကောမစ် တွေ ထဲက ပေါ်ထွက်လာတဲ့ ဇတ်ကားပါ။ သူလဲ ထွက်တာတော်တော်ကြာပါပြီ။ အခုပြန်တွေ့လို့ဝယ်ကြည့်မိတာ၊ ကားဟောင်းပေမယ့် ကြည့် လို့တော့အကောင်းသားပါဘဲ။ ဒါပေမယ့် ခပ်ပေါပေါ ဖြစ်နေတယ်လို့ အခုအသက်အရွယ်မှ ဒီကားအပေါ်သုံးသပ်မိတယ်။ Kevin Costner ရဲ့ Bodyguard ဇာတ်လမ်းကလဲ ရှားပါးခွေဖြစ်နေတာကြောင့်တွေ့တုန်းဝယ်လာလိုက်တာ အိမ်ရောက်တော့ ဟိုလူ ဒီလူ ယူကြည့်တာနဲ့ခွေကပျောက်သွားပြန်ရော၊ အဲဒါမကြည့်လိုက်ရဘူး။ ခုတလော ၀ယ်ပြီးမကြည့်ဖြစ်တဲ့ကားက များနေတယ်။နောက်ဆုံးကြည့်လိုက်တာ တော့ Avatar ဘဲ။ ရုံမှာလဲ ကြည့်ဖူးပေမယ့် အခု DVD ၀ယ်ပြီး ပြန်ကြည့် ဖြစ်တယ်။ ဒီ ၂ ပတ်အတွင်းတော့ ၁၅ ခွေလောက်ဝယ်ဖြစ်တယ်။ လောလောဆည်တော့ ၃ ခွေ ၄ ခွေလောက်ဘဲ ကြည့်ဖြစ်သေးတယ်။ ကိုယ်ပိုင် တိုက်ခန်းလေးရမှ ဇာတ်လမ်းကောင်းကောင်းလေးတွေကြည့်ရင်း ငြိမ့်ရမယ်ထင်ပါတယ်။ ခုတော့
ကြည့်ဖြစ်တဲ့ဇာတ်လမ်းများ
Posted by Zaw Zaw on April 3rd, 2010






Posted in 








To anyone nervous about the scenario in Thailands capital, let me advice you, avoit Bangkok!