Archive for April, 2010

အတာ၂၀၁၀

ဒီလိုဘဲပျော်ဖြစ်လိုက်ပါတယ်။

မဟာဝန်ရှင်တော်မင်းကြီးနှင့်ကျွနုပ်

ဧပြီ ၈ ရက်နေ့က ကျွန်တော့်မွေးနေ့လေ။ မွေးနေ့ပွဲတွေကို အမြဲမှန်မှန်တော့မလုပ်နိုင်ပေမယ့် ဒီနှစ်တော့ လုပ်ဖြစ်ခဲ့တယ်။ မနှစ်ကတော့မလုပ်ဖြစ်ဘူး။ အမေ့ကို မနှစ်က သွားကတော့ခဲ့ပေမယ့် ဒီနှစ် မသွား ဖြစ်ဘူး။ တကယ်က မွေးနေ့ဆိုတာ အမေက သေမင်းနဲ့စစ်ခင်းပြီး ကျွန်တော့်ကိုလူ့လောကထဲ ချောမွေ့စွာရောက်ရှိလာဖို့ တိုက်ပွဲဝင်တဲ့နေ့ဖြစ်တယ်။ တကယ်ဆို မွေးနေ့တွေဆိုတာ အမေ့ကို မှတ်မှတ်ရရ ဂုဏ်ပြုထိုက်တဲ့ နေ့ပါဘဲ။ သူငယ်ချင်းတွေကို ဧပြီဖွားတွေဖြစ်တဲ့ ကျွန်တော်၊ အူးဖိနဲ့ ကိုကိုရဲတို့သုံးယောက်ပေါင်းပြီး ပွဲလေးကျင်းပပေးခဲ့ချင်ပေမယ့် ကိုကိုရဲကလဲမန်စီကပြန်မလာ၊ အူးဖိကလဲတောင်ကြီးသွားမှာမို့ တကိုယ်တော် ကျဲရမယ့်အနေအထားကိုရောက်သွားတယ်။ ပိုက်ဆံလဲမရှိတာနဲ့ လက်စွတ်ကလေးပေါင်ပြီး အခုပွဲလေးကို ကျင်းပလိုက်တယ်။ အာရကေမလန်းတော့ သင်္ကြန်နားနီး အရက်တွေဈေးတက်နေချိန်ဆိုတော့ အားလုံး၀၀လင်လင်သောက်ရအောင် မဟာဝန်ရှင်တော်မင်းကြီး ၂ လီတာကို ၀ယ်ခဲ့တယ်။ ဖိတ်စာထဲကအတိုင်း ဘိုဝ ကိုတော့ ဘီယာဘဲတိုက်လိုက်တယ်။ ကိုညင်းဆက်က [...]

ကြည့်ဖြစ်တဲ့ဇာတ်လမ်းများ

Ninja assassin ဆိုတဲ့ကားကို တနေ့က ကြည့်ဖြစ်တယ်။ အသတ်အပုတ်တွေများတဲ့ ကိုရီးယားမင်းသား Rain ရဲ့ ဒီကားဟာ တော် တော်လေး ကောင်းတယ် လို့မဆိုသာပေမယ့် အပျင်းပြေကြည့်လို့ကောင်းတဲ့ ဇာတ်ကားအမျိုးအစားဖြစ်ပြီး အာရှအသဲကျော် ကိုရီးယား မင်းသားချောခမြာ ဟောလီးဝုဒ်က ဇတ်ပို့တယောက်နဲ့ မင်းသမီးလုပ်တွဲရတယ် ဆိုတာကတော့ ကိုရီးယားမင်းသား တွေ တရုတ်မင်းသားတွေဖြစ်တဲ့ ချောင်ရွန်ဖတ်တို့ ဂျက်ကီချန်းတို့ကိုမမှီသေးဘူးဆိုတာ ထင်ရှားတယ်။ နောက်တကားကတော့ ကားဟောင်း ကိုပြန်ရိုက်ထားတဲ့ Chicago ။ မင်းသားမင်းသမီးကောင်းကောင်းတွေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ကာားဟောင်း ကို ပြန်ရိုက်ထားတာကောင် ၁၀ စုနှစ်တခုလောက်ကြာတော့မယ်။ အဲဒီကားဟောင်းထဲက သဘာဝ တရားတွေဟာ ခုထိလဲ မပြောင်းလဲ သေးတာ ကိုတွေ့တယ်။  The avengers ကတော့ နာမည်ကြီး ကောမစ် တွေ [...]

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice