ပါဖောင်းမန့်ပြဿနာ – ၂

တကယ်တော့ ကျွန်တော်တို့အနေနဲ့ ဒီဈေးကွက်အကြောင်း သိဖို့ဆိုတာထက် ကိုယ်ကလဲ ဘယ်လိုရှေ့ဆက်သွားမယ်ဆိုတာ လဲရှင်းရှင်းလင်းလင်းသိဖို့လိုတယ်။ နိုင်ငံတကာမှာတိုးတက် နေတဲ့ ဒီဘက်ခေတ်ကြီးမှာ ပိုလို အပ်တာကတော့ အခွင့်အလမ်းဘဲ၊ စီးပွားရေးအခွင့်အလမ်း၊ နည်းပညာအခွင့်အလမ်းစတဲ့ အကြောင်းအရာတွေ အတွက် တော်တော်လေး ကျွန်တော်တို့မျက်ချေမပြတ်သွားကြရတယ်။ အခုဖြစ်နေတာလဲ အခွင့်အလမ်း တခုဘဲဖြစ်မယ်ထင်ပါတယ်။ ဒီတော့ ဒါဟာ software လောကအတွက်တော့ တကယ့်အခွင့်အလမ်းတခုပါဘဲ။ ၀မ်းသာစရာကောင်းပေမယ့် ကိုယ့်ဘက်ပိုင်းကို ပြန်ကြည့်လိုက်တော့ အားနည်းချက်တွေ အများအပြား တွေ့နေရတယ်။ ပြည်တွင်း software လိုအပ်ချက်ကို ပြည့်မှီအောင် လုပ်နိုင်စွမ်း ရာနှုန်းပြည့်ရှိပါတယ်လို့ ကျွန်တော်တို့ ကိုယ်တိုင်အာမခံနိုင်တဲ့အနေအထားရှိမရှိဆန်းစစ်ဖို့လဲ လိုပါတယ်။ တကယ့် အကျိုးအမြတ် အများ အပြားကို ဖော်ဆောင်ပေးမယ့်ဈေးကွက်ကြီးဟာ ပြင်ပမှာရှိနေပြီး လုပ်သားစွမ်းအင်အများစုဟာ ပြည်တွင်းမှာ ရှိနေနိုင်ပါသေးတယ်။ ဒါကြောင့် ဒီအင်အားတွေကိုလက်တွေ့အသုံးချနိုင်အောင် ဖော်ဆောင်ရာမှာ လက်ရှိ လုပ်ဆောင်နေတဲ့ ဦးဆောင်အသင်းအဖွဲ့တွေအနေနဲ့ ပိုမိုတဲ့ အနေအထားနဲ့ဆောင်ရွက်ချက်တွေကို အရင်ကထက်ပိုပြီး လုပ်ဆောင်ရပါလိမ့်မယ်။ သဘောကတော့ လုပ်ငန်းတခုချင်းစီကနေ ပြင်ပကရရှိလာတဲ့ out source လုပ်ငန်းတွေကို တဦးတယောက် တည်း ကျိတ်ပြီး ဆောင်ရွက်နေတဲ့အနေအထားတွေအစား ပိုပြီး ကျယ်ပြန့်တဲ့ အနေအထားရောက်လာအောင် လုပ်ပေးနိုင်ဖို့အတွက် တကယ်လို အပ်တဲ့ ဘာလဲဆိုတဲ့အချက်ကို အားလုံးသိကြမယ်ထင်ပါတယ်။တကယ်ပါ ကျွန်တော်တို့ တွေမကြာမကြာပြောဖြစ်ကြတဲ့ ဘုံလိုအပ်ချက်တခုပါဘဲ။ ဇာတ်တူသားစားကြရင်တော့ ဟင်္သာ ကိုးသောင်းဇာတ်ထဲက လို ဒီလောက ကလုံးပါးပါးသွားမှာဖြစ်ပါတယ်။

နောက်တခုက ဒီပွဲနဲ့ပတ်သက်တဲ့ Generation gap ပါဘဲ။ ကျွန်တော်တချို့အပိုင်းကို ဒီခေါင်းစဉ်အတိုင်းလက်ခံပေးမယ့် အချို့အပိုင်းကိုလက်မခံချင်ပါဘူး။ ဘာလို့လဲဆိုတော့ သက်ကြီးစကားသက်ငယ်ကြားပါ။ ဒီလော ကမှာ ဦးဆောင်လာခဲ့တဲ့ သက်ကြီး ပုဂ္ဂိုလ်များကို ကျွန်တော်လေးစားပါတယ်။ သူတို့ဖြတ်သန်းခဲ့ရတဲ့အနေအထားက အခုလက်ရှိထက်ပိုမို ကြမ်းတမ်းခဲ့မယ်ထင်ပါတယ်။ ဒီလို ပုဂ္ဂိုလ်တွေသာ မရှိခဲ့ ရင် ကျွန်တော်တို့ လဲ အခုလို အဆင်သင့် သုံးစွဲ နိုင်တဲ့ နည်းပညာတွေ၊ သင်တန်းကျောင်းတွေ၊စတဲ့ အခြေခံ လိုအပ်ချက်တွေကို သုံးနိုင်မှာမဟုတ်ပါဘူး။ လက်ရှိက ကျွန်တော်တို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ နောက်က တက်လာမယ့် ညီအကိုမောင်နှမတွေအတွက် ကျွန်တော်တို့လဲ ဒီလို ပြဿနာ တွေနဲ့မကြုံနိုင်ဘူးလို့ မပြောနိုင်ပါဘူး။ ဒီတော့ ဒီအပိုင်း ကလဲ ကျွန်တော်တို့ ဆင်ချင်ရမယ့်အပိုင်းတွေဖြစ်ပါတယ်။ အခုက social media တွေတိုးတက်လာတော့ ပြဿနာ ဖောင်းပွမှုဒဏ်ကို အားလုံးက တညီတညာထဲ ခံကြရမှာပါ။ ဒီတော့ comment တွေလဲ အတိုင်းထက်အလွန်ဖြစ်ပြီး ၀ိရောဓိ တွေဖြစ်လာနိုင်ပါတယ်။

ပုဂ္ဂိုလ်ရေးအရ ထိပါးရန်အကြောင်းမရှိသော်လည်း လိုအပ်လာတယ်လို့ထင်တဲ့ အကြောင်းများအတွက် ကျွန်တော်တို့ဘက်ကပြောဆို ထားခြင်းများကိုနားလည်ပေးနိုင်မယ်ထင်ပါတယ်။ MCPA မှာကျွန်တော်တို့ ထဲက ဆိုလို့ ကိုညီလင်းဆက် တယောက်ရှိပါတယ်။ ကျန်တဲ့ ကျွန်တော်တို့အဖွဲ့တော်တော်များများဟာ MCPA အသင်းဝင်များမဟုတ်ကြပါဘူး။ ဒါပေမယ့် အဲဒီအသင်းမ၀င်ထားတဲ့သူတွေ တော်တော်များများက ဘဲ ဒီ ဘက်ခေတ်ထဲမှာ များပြားတဲ့ event တွေ activities တွေကို ခပ်စိပ်စိပ်လုပ်လာကြတာကို သေသေချာချာကြီးတွေ့နိုင်ပါတယ်၊  MBS, MZ, MyanmarITpro, နဲ့ Myanmar Gamer Club တွေဟာ နည်းပညာ ပြန့်ပွားရေးအတွက် ခပ်စိပ်စိပ် နဲ့ သူတို့သန်ရာ နည်းလမ်းတွေကို နောက်ပိုင်းလူငယ်မျိုးဆက်သစ်များကို ချပြပေးနေတယ်ဆိုတာ ငြင်းချင်တဲ့သူတွေရှိရင် ငြင်းပါလို့ ဒီကနေဘဲ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်တို့ သိထားသလောက်မှာတင် MCF နဲ့ MCPA မှာတင် Generation gap က ရှိနေတယ်ဆိုတာပါဘဲ၊ ကျွန်တော်တို့ မတိမ်းမယိမ်းတွေမှာတောင် ဒီလို ပြဿနာတွေ အမြင်မတူတာတွေရှိနေတာဘဲ။ ဒါဆို လိုအပ်တာ က ပြုပြင်ပြောင်းလဲမှုဘဲဖြစ်မယ်ထင်ပါတယ်။ ဒီပြဿနာကို သိလျက်နဲ့ ပြုပြင်ပြောင်းလဲမှုမရှိရင် နောင်လဲဒီလို ပြဿနာတွေဆက်ဖြစ်နေဦးမှာဖြစ်ပါတယ်။ ဒီတော့ ကျွန်တော်တို့အားလုံး ဒီလောကို ဆက်လက် တိုးတက်ဖို့လိုတယ်ဆိုရင် အတွေ့အကြုံရှိတဲ့ လူကြီးတွေက ဦးဆောင်ပြီး လူငယ်တွေအတွက် နေရာပေးမှုတွေ ကိုလိုအပ်ပါတယ်။ ဒါပေမယ့် ဒီ Generation gap ကလုံးဝပျောက်ဆုံးသွားမှာတော့မဟုတ် ပေမယ့် တော်တော်လေးတော့ ကျဉ်းမြောင်းသွားမှာဖြစ်ပါတယ်။

လိုအပ်တဲ့ ဈေးကွက်အတွင်းက လွတ်လပ်တဲ့ပြိုင်ဆိုင်မှုတွေဖြစ်ပေါ်လာအောင်အားပေးဆောင်ရွက်ပါ။ တစုံတယောက်ကနေဦးဆောင်ချုပ်ကိုင်တဲ့ စနစ်ဟာဈေးကွက်စီးပွားရေးစနစ်ရဲ့အနှစ်သာရကိုပျက်ပြားစေပါ တယ်။ နောက်တခုက အဆင့်ဆင့် တင်းကြပ်ထားတဲ့ အခွင့်အလမ်းထွက်ပေါ်လာမှုတွေကို လျော့ပေါ့ဆောင်ရွက်ပေးပါ။ အင်တာနက်အသုံးပြုမှုပိုမိုတိုးတက်စေဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦးများဖွံ့ဖြိုးစေ ဖို့ဆိုတာ ကွန်ပျုတာပစ္စည်းတွေကို 0% ထိ အခွန်လျော့ပေးယုံနဲ့ဖြစ်လာမှာမဟုတ်ပါဘူး၊ PAC လိုင်စင်လျှောက်ထားမှုရဲ့ ၀န်ဆောင်မှုတွေနဲ့နှစ်စဉ်လစဉ်ကြေးတွေကအစ ဒီထပ် ပိုပြီးလျော့ပေါ့ဆောင်ရွက်ပေးရမှာဖြစ်သလို ပိုမိုတဲ့ဝန်ဆောင်မှုကိုလဲပေးရမှာပါ။ သမရိုးကျသွားနေတဲ့ပုံစံတွေကနေ ပိုမိုပြီး ပွင့်လင်းရိုးသားတဲ့ ပေါ်လစီနဲ့ အတူ လူငယ်တွေနဲ့ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုတွေကိ လုပ်ဆောင်ရာမှာ ဒီထက်အားကောင်းတဲ့ လုပ်နိုင်စွမ်းရည်ရှိတဲ့ လူငယ်အများအပြားကို ဦးဆောင်အဖွဲ့အစည်းတွေအတွင်းမှာ အပြောင်းအလဲနဲ့အစားထိုးဆောင်ရွက်ပေးဖို့လိုပါတယ်။ စာမေးပွဲတွေ စစ်ဆေးပေးတဲ့ အနေအထား၊ သင်တန်းများပေးတဲ့အနေအထားမှာလဲ သတ်မှတ်စံချိန်စံညွှန်းနဲ့အညီဖြစ်စေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်း များတိုးတက်လာစေဖို့ လုပ်ငန်းရှင်များဘက်ကလဲ ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ win to win အနေအထားဖြစ်အောင်ပိုပြီးစဉ်းစားလုပ်ဆောင်သင့်ပါတယ်။ ဈေးရောင်းပွဲကြီးတွေ ခြိမ့်ခြိမ့်သဲသဲ ကျင်းပနေမယ့်အစား robot technology တွေ၊ apply technology တွေ ထွက်ပေါ်လာစေမယ့် ပြပွဲ ပြိုင်ပွဲ တွေကို ကျင်းပနိုင်ဖို့နဲ့  R&D ထောက်ပံ့ပေးနိုင်မယ့် project ပြိုင်ပွဲတွေကို ဖြစ်တည်လာအောင် လုပ်ပေးနိုင်ရင် အကောင်းဘက်ကိုတိုးတက်ဦးတည်လာမယ်ထင်ပါတယ်။ အပြောလွယ်သလောက်အလုပ်ခက်ပါတယ်။ အလုပ်မလုပ်ဘဲနဲ့လဲ ပြောနေလို့မရပါဘူး။ ကျွန်တော်တို့ ဒီကျောက်တုံးကိုရွှေ့လို့မရရင် ရိုက်ခွဲပစ်မယ် ဆိုတဲ့နည်းနဲ့ တွန်းပြီးဆောင်ရွက်သွားကြမယ်။

ဆက်ပါဦးမည်။

You can leave a response, or trackback from your own site.

One Response to “ပါဖောင်းမန့်ပြဿနာ – ၂”

  1. moezaw says:

    အကို့အမြင်တွေ မိုက်တယ်။ နောက်ဆုံးစာသားကို ကြိုက်တယ်။
    ကျေးဇူးဗျာ။ ဆက်ရေးပါဦးဗျ။

Leave a Reply

Powered by WordPress | New cell phones free at BestInCellPhones.com | Thanks to Best T-Mobile Deals, Facebook Games and Debt Advice